
(Zawgyi)⤵⤵⤵
မာန်အောင် မတ် ၁၈



သိန်းဖေ(ပြန်/ဆက်)
Myanmaalinn
---------------
(Unicode)⤵⤵⤵
မာန်အောင်မြို့နယ် စမုံတဲအုပ်စု နတ်ပြင်ကျေးရွာအနီး လူသေအလောင်းတစ်လောင်းတွေ့ရှိ

မာန်အောင် မတ် ၁၈
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် စမုံတဲကျေးရွာအုပ်စု နတ်ပြင်ကျေးရွာအနီးတွင် မတ်၁၇ရက်ညနေ၈နာရီခွဲက လူသေ အမျိုးသားအလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာစမုံတဲကျေးရွာအုပ်စု၊နတ်ပြင်ကျေးရွာ အနောက်ဘက်(၂)ဖာလုံခန့်အကွာ၊ကြာချောင်း(ရေမရှိ)ထဲတွင်ပုတ်ပွရုပ်ပျက်နေသောလူသေအမျိုးသားအလောင်းတစ်လောင်း တွေ့ရှိကြောင်းစမုံတဲကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဦးတင်ရွှေမှ ဖုန်းဖြင့်သတင်းပို့သဖြင့်မာန်အောင်မြို့၊မြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ဆန်းဝင်း၊တာဝန်မှူးဒုရဲအုပ်ကျော်ကျော်ဝင်းနှင့် ရဲတပ်ဖွဲ့ဝင်များသည်သက်သေများနှင့်အတူသွားရောက်စစ်ဆေးရာသေဆုံးသူမှာအမည်၊နေရပ်လိပ်စာ(စုံစမ်းဆဲ)ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိပုတ်ပွရုပ်ပျက်သေဆုံးနေသောအမျိုးသားအလောင်းတစ်လောင်းတွေ့ရှိရသဖြင့်ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊မဟုတ်ရင်ခွဲစစ်ဆေးနိုင်ရန်မာန်အောင်မြို့၊ပြည့်သူ့ဆေးရုံသို့ ရဲဆေးစာဖြင့်ပေးပို့ထားပြီးသေဆုံးသူအားမာန်အောင်၊မြို့မရဲစခန်းမှသေမှုသေခင်းအမှတ်စဉ်(၂/၂၀)ဖြင့်ရေးဖွင့်ဆောင်ရွက်လျက်ရှိ ကြောင်းမြို့မရဲစခန်းမှသိရသည်။

သိန်းဖေ(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မာန်အောင်မြို့နယ် စမုံတဲအုပ်စု နတ်ပြင်ကျေးရွာအနီး လူသေအလောင်းတစ်လောင်းတွေ့ရှိ မာန်အောင်မြို့နယ် စမုံတဲအုပ်စု နတ်ပြင်ကျေးရွာအနီး လူသေအလောင်းတစ်လောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 00:55 Rating: 5
Powered by Blogger.