ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ ကို စိုးရိမ္လို႔ အိႏၵိယ နဲ႔ သီရိလကၤာ အျပင္မထြက္ရ အမိန္႔ထုတ္ နဲ႔ ႏိုင္ငံတကာ ဗိုင္းရပ္စ္ သတင္းမ်ား

 လူေတြကို အိမ္ထဲမွာသာ ေနၾကဖို႔ အစိုးရ က တိုက္တြန္း ထား
(Zawgyi)⤵⤵⤵
ကိုဗစ္ ၁၉ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မွာ ကို စိုးရိမ္တဲ့ အတြက္ အိႏၵိယ ႏိုင္ငံမွာ လည္း လူေတြကို အိမ္ထဲမွာသာ ေနၾကဖို႔ အစိုးရ က တိုက္တြန္း ထားပါတယ္။

ဒါ့အျပင္ အမ်ားျပည္သူသုံး ပို႔ေဆာင္ဆက္သြယ္ေရး ျဖစ္တဲ့ ဘတ္စ ကား လိုင္း ေတြ၊ ရထား လိုင္းေတြ နဲ႔ ျပည္တြင္း ေလေၾကာင္း ခရီးစဥ္ေတြ ကိုလည္း ၁၄ နာရီ ၾကာ မေျပးဆြဲဘဲ ေနၾကဖို႔ အစိုးရ က ကာဖ်ဴး အမိန႔္ထုတ္ျပန္ထားပါတယ္။

ကိုယ့္ဘာသာကိုယ္ ေနေကာင္းတယ္လို႔ ထင္ၿပီး ေဈးထဲမွာ ေလွ်ာက္သြား ေနမယ္ ဆိုရင္ ဒါဟာ အမွားႀကီးမွားတာပဲ၊ ဒီလို အခ်ိန္မွာ ဘယ္သူမွ ဗိုင္းရပ္စ္ မရွိဘူးလို႔ မေျပာ ႏိုင္ဘူးလို႔ ဝန္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီက ကေျပာဆို ထားပါတယ္။

ေန႔စဥ္ လူ ႏွစ္ဆယ့္ငါးသန္း ေက်ာ္ အသုံးျပဳေနၾကတဲ့ အိႏၵိယ မီးရထား လိုင္း ေတြကို လည္း မတ္လ ကုန္ပိုင္း အထိ ေျပးဆြဲမႈေတြ ရပ္နား ထားမယ္လို႔ အစိုးရ တာဝန္ရွိသူ က ေျပာပါတယ္။

အိႏၵိယမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူ ၃၂၄ ဦး ရွိေနၿပီး ၅ ဦး ေသဆုံး သြားတယ္လို႔ အစိုးရက ထုတ္ျပန္ထားပါတယ္။
 ကာဖ်ဴး အမိန္႔ ထုတ္ထားတဲ့ ကိုလံဘို ၿမိဳ႕

သီရိလကၤာ ႏိုင္ငံဟာလည္း ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေတြကို စိုးရိမ္တဲ့ အတြက္ ေလေၾကာင္း နဲ႔ ေရေၾကာင္း သြားလာမႈေတြကို ထိန္းခ်ဳပ္ လိုက္ၿပီ ျဖစ္ပါတယ္။

ႏိုင္ငံအတြင္း ကို လာေရာက္တဲ့ ေလေၾကာင္း ခရီးစဥ္ ေတြကိုလည္း ပိတ္ပင္ လိုက္ပါၿပီ။ ဒါေပမယ့္ ႏိုင္ငံကေန ထြက္ခြာမယ့္ ခရီးစဥ္ေတြကို ေသခ်ာ စိစစ္ ၿပီးမွ ထြက္ခြာခြင့္ ေပးမယ္လို႔ သမၼတ႐ုံး တာဝန္ရွိသူက ေျပာပါတယ္။

သီရိလကၤာမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူ ၇၇ ဦး ရွိေနၿပီး၊ ေလာေလာဆယ္ အခ်ိန္အထိ ေသဆုံးသူ ေတာ့ မရွိေသးပါဘူး။

ဒါ့အျပင္ ဒီတပတ္ စေန တနဂၤေႏြေန႔ေတြမွာ အျပင္မထြက္ဖို႔ အစိုးရ က ကာဖ်ဴး အမိန႔္ ထုတ္ထားပါတယ္။ အဲဒီ အမိန႔္ ကို ခ်ိဳးေဖာက္တဲ့ လူ ၃၀၀ ေက်ာ္ ကိုလည္း ဖမ္းဆီး ၿပီး အေရးယူမႈေတြ လုပ္ထားပါတယ္။
 အက်ဥ္းသား တစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထား ရ

အေမရိကန္ ႏိုင္ငံက အက်ဥ္းသား တစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထား ရတယ္လို႔ ေထာင္ အာဏာပိုင္ေတြက ထုတ္ေဖာ္ ေျပာၾကား လိုက္ပါတယ္။

အဲဒီ အက်ဥ္းသားဟာ ရင္ဘတ္ေအာင့္တယ္လို႔ ေျပာတဲ့ အတြက္ သူ႔ကို ေဆး႐ုံ ကိုပို႔ၿပီး စစ္ၾကည့္ ရာမွာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရေၾကာင္း သိရွိခဲ့ရတာပါ။

ေလာေလာဆယ္မွာေတာ့ သူ႔ကို အက်ဥ္းေထာင္ထဲမွာပဲ သီးသန႔္ ထားထားၿပီး ၂၄ နာရီ အတြင္း သူနဲ႔ ဆက္ႏြယ္ ပတ္သက္ခဲ့သူေတြကို ေျခရာခံ လိုက္ေနရပါတယ္။

ေနာက္ၿပီး အေမရိကန္ က အက်ဥ္းေထာင္ ၁၂၂ ေထာင္ ကိုလည္း ဧည့္ေတြ႕ခြင့္ ပိတ္ထားပါတယ္။

နယူးေယာက္ ၿမိဳ႕က အက်ဥ္းေထာင္ မွာေတာ့ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရတဲ့ အက်ဥ္းသား ၃၈ ဦး ရွိတယ္လို႔ အာဏာပိုင္ေတြက သတင္းထုတ္ျပန္ ထားပါတယ္။

ရစ္ယာန္ ဘုရားေက်ာင္း တခ်ိဳ႕ဟာ အဲဒီ တားျမစ္ခ်က္ကို လိုက္နာ ခဲ့ျခင္း မရွိ

ေတာင္ကိုရီးယား ႏိုင္ငံမွာေတာ့ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မွာ ကို စိုးရိမ္လို႔ လူစု လူေဝး မလုပ္ဖို႔ အစိုးရ က တားျမစ္ ထားေပမယ့္ ခရစ္ယာန္ ဘုရားေက်ာင္း တခ်ိဳ႕ဟာ အဲဒီ တားျမစ္ခ်က္ကို လိုက္နာ ခဲ့ျခင္း မရွိဘူးလို႔ သိရပါတယ္။

ယြန္ဟတ္ သတင္း ဌာန ရဲ႕ သတင္းထဲမွာေတာ့ ဒီကေန႔ တနဂၤေႏြ ေန႔မွာ ႏိုင္ငံ တဝန္း က ဘုရားေက်ာင္း တစ္ရာ ခန႔္ဟာ ဝတ္ျပဳ ဆုေတာင္းပြဲေတြး လုပ္ခဲ့ ၾကတယ္လို႔ ဆိုပါတယ္။

ဘုရားေက်ာင္း လာတတ္ သူေတြကို တစ္ေယာက္နဲ႔ တစ္ေယာက္ တစ္မီတာ အကြာမွာ ေနၾကဖို႔ နဲ႔ မ်က္ႏွာဖုံး ဝတ္ၾကဖို႔ ႏႈိးေဆာ္ၿပီးမွ ဝတ္ျပဳပြဲေတြ လုပ္ ခဲ့တာလို႔ ဘုရားေက်ာင္း ေခါင္းေဆာင္ တခ်ိဳ႕ က ေျပာပါတယ္။

ဒါေပမယ့္ အစိုးရ ရဲ႕ ထုတ္ျပန္ခ်က္ေတြကို မလိုက္နာတဲ့ အတြက္ ပိုမို တင္းက်ပ္ တဲ့ စည္းကမ္း ေတြ ခ်မွတ္ဖို႔ ေတာင္ကိုရီးယား အာဏာပိုင္ေတြက ျပင္ဆင္ ေနပါတယ္။
 ကိုဗစ္ ႏိုင္တင္း ကူးစက္ ခံထားရ ႏိုင္တယ္လို႔ ယူဆလို႔ ရတဲ့ လူ ၄၀၀၀ ေက်ာ္ကို အစိုးရ တာဝန္ရွိသူ ေတြက လိုက္လံ စုံစမ္း

မေလးရွား ႏိုင္ငံမွာလည္း ဗလီမွာ ဝတ္ျပဳ ဆုေတာင္း ခဲ့ၾကသူ အေတာ္မ်ားမ်ား ထဲက ကိုဗစ္ ႏိုင္တင္း ကူးစက္ ခံထားရ ႏိုင္တယ္လို႔ ယူဆလို႔ ရတဲ့ လူ ၄၀၀၀ ေက်ာ္ကို အစိုးရ တာဝန္ရွိသူ ေတြက လိုက္လံ စုံစမ္း ေနပါတယ္။

ၿပီးခဲ့တဲ့ လ တုန္းက ကြာလာလမ္ပူ ၿမိဳ႕အစြန္က ဗလီ တစ္ခုမွာ က်င္းပတဲ့ ဘာသာေရး ပြဲေတာ္ ကို လူေပါင္း ေျခာက္ေထာင္ေလာက္ တက္ေရာက္ ခဲ့ၾကၿပီး အဲဒီလူေတြထဲ က ငါးရာေက်ာ္ေလာက္ပဲ ေဆးစစ္ခံ ဖို႔ လာေရာက္ ခဲ့ၾကပါတယ္။

မေလးရွား မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံထားရသူ တစ္ေသာင္း ႏွစ္ေထာင္ ေလာက္ ရွိေနၿပီး အဲဒီ အထဲ က လူ ၉ ဦး ေသဆုံး ခဲ့ရပါတယ္။

ႏိုင္ငံ ေနရာ အႏွံ႔အျပား ကိုလည္း စစ္တပ္ ကို ေစလႊတ္ထားၿပီး ႏွစ္ပတ္ၾကာ လူစု လူေဝး မလုပ္ၾကဖို႔ တင္းက်ပ္တဲ့ စည္းကမ္းေတြ ခ်မွတ္ ထားပါတယ္။
လူသားခ်င္း အကူအညီ ေပးဖို႔ ဆိုတဲ့ အေမရိကန္ ရဲ႕ ကမ္းလွမ္း မႈ ကိုေတာ့ ထိပ္တန္း ေခါင္းေဆာင္ အယာတိုလာ ခါေမနီက ပယ္ခ်

အီရန္ ႏိုင္ငံမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေတြ ေၾကာင့္ ေသဆုံးသူေတြ မ်ားျပား ေနေပမယ့္လည္း လူသားခ်င္း အကူအညီ ေပးဖို႔ ဆိုတဲ့ အေမရိကန္ ရဲ႕ ကမ္းလွမ္း မႈ ကိုေတာ့ ထိပ္တန္း ေခါင္းေဆာင္ အယာတိုလာ ခါေမနီက ပယ္ခ် လိုက္ပါတယ္။

သူ႔ ႏိုင္ငံအေနနဲ႔ အေမရိကန္ ဆီကို နည္းလမ္းမ်ိဳးစုံနဲ႔ ခ်ည္းကပ္ ခဲ့ေပမယ့္ အခုမွ တုန႔္ျပန္လာတဲ့ အေမရိကန္ ရဲ႕ လုပ္ရပ္ဟာ ထူးျခား တယ္လို႔ အီရန္ ထိပ္တန္း ေခါင္းေဆာင္ က ဆိုပါတယ္။

ဗိုင္းရပ္စ္ ကို အေမရိကန္ ဟာ လွ်ိဳ႕ဝွက္ ဖန္တီး ခဲ့တာ ျဖစ္ႏိုင္တယ္ ဆိုၿပီးေတာ့ လည္း သူ႔ရဲ႕ အယူအဆ တခ်ိဳ႕ကိုလည္း သူက ႐ုပ္ျမင္ သံၾကား ကေန ေျပာဆို ခဲ့ပါတယ္။

အီရန္ အစိုးရ ရ ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ၂၄ နာရီ အတြင္းမွာ ကို႐ိုနာ ဗိုင္းရပ္စ္ ေၾကာင့္ ေသဆုံးသူ ၁၂၉ ဦး ရွိခဲ့ၿပီး ဗိုင္းရပ္စ္ စတင္ ေတြ႕ရွိခဲ့ၿပီး ေနာက္ လက္ရွိ အခ်ိန္အထိ ေသဆုံးသူ ဦးေရ ဟာ ၁၆၀၀ ေက်ာ္ ရွိေနၿပီ ျဖစ္ပါတယ္။
 ႐ုရွား စစ္တပ္ က ဆရာဝန္ေတြ၊ ပိုးမႊားကင္းစင္ေရး အတြက္ အသုံးျပဳတဲ့ စစ္ကား ေတြနဲ႔ ေဆးပစၥည္းေတြကို ပို႔ေဆာင္ ေပး

အီတလီ ႏိုင္ငံက ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈေတြကို ကူညီဖို႔ အတြက္ ႐ုရွား စစ္တပ္ က ဆရာဝန္ေတြ၊ ပိုးမႊားကင္းစင္ေရး အတြက္ အသုံးျပဳတဲ့ စစ္ကား ေတြနဲ႔ ေဆးပစၥည္းေတြကို ပို႔ေဆာင္ ေပးခဲ့ပါတယ္။

မေန႔က ႐ုရွား သမၼတ ဗလာဒီမီယာ ပူတင္ နဲ႔ အီတလီ ဝန္ႀကီးခ်ဳပ္ ဂူဆက္ပီ ကြန္ေတ တို႔ တယ္လီဖုန္း ဆက္သြယ္ ေျပာၾကားခဲ့ၿပီးေနာက္မွာ ႐ုရွား က အခုလို ကူညီေထာက္ပံ့ေရး ေစလႊတ္ လိုက္တာ ျဖစ္ပါတယ္။

ဥေရာပ မွာ ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္ ခံရမႈ မ်ားျပား ေနတဲ့ အီတလီ ႏိုင္ငံမွာ လူ ေလးေထာင္ ေက်ာ္ ေသဆုံး ခဲ့ရၿပီး၊ ဒီ ဗိုင္းရပ္စ္ေၾကာင့္ ကမာၻမွာ လူေသဆုံးမႈ အမ်ားဆုံး ႏိုင္ငံလည္း ျဖစ္ေနပါတယ္။

အီတလီ က ဗိုင္းရပ္စ္ ကူးစက္မႈေတြကို ကူညီအတြက္ က်ဴးဘား ႏိုင္ငံက ဆရာဝန္ေတြလည္း ေစလႊတ္ ထားသလို၊ တ႐ုတ္ ႏိုင္ငံကလည္း ဆရာဝန္ေတြ သူနာျပဳ ေတြကို ေစလႊတ္ ထားပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု ကို စိုးရိမ်လို့ အိန္ဒိယ နဲ့ သီရိလင်္ကာ အပြင်မထွက်ရ အမိန့်ထုတ် နဲ့ နိုင်ငံတကာ ဗိုင်းရပ်စ် သတင်းများ

ဓာတ်ပုံ မူပိုင် AFP
Image caption လူတွေကို အိမ်ထဲမှာသာ နေကြဖို့ အစိုးရ က တိုက်တွန်း ထား

ကိုဗစ် ၁၉ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှာ ကို စိုးရိမ်တဲ့ အတွက် အိန္ဒိယ နိုင်ငံမှာ လည်း လူတွေကို အိမ်ထဲမှာသာ နေကြဖို့ အစိုးရ က တိုက်တွန်း ထားပါတယ်။

ဒါ့အပြင် အများပြည်သူသုံး ပို့ဆောင်ဆက်သွယ်ရေး ဖြစ်တဲ့ ဘတ်စ ကား လိုင်း တွေ၊ ရထား လိုင်းတွေ နဲ့ ပြည်တွင်း လေကြောင်း ခရီးစဉ်တွေ ကိုလည်း ၁၄ နာရီ ကြာ မပြေးဆွဲဘဲ နေကြဖို့ အစိုးရ က ကာဖျူး အမိန့်ထုတ်ပြန်ထားပါတယ်။

ကိုယ့်ဘာသာကိုယ် နေကောင်းတယ်လို့ ထင်ပြီး ဈေးထဲမှာ လျှောက်သွား နေမယ် ဆိုရင် ဒါဟာ အမှားကြီးမှားတာပဲ၊ ဒီလို အချိန်မှာ ဘယ်သူမှ ဗိုင်းရပ်စ် မရှိဘူးလို့ မပြော နိုင်ဘူးလို့ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက ကပြောဆို ထားပါတယ်။

နေ့စဉ် လူ နှစ်ဆယ့်ငါးသန်း ကျော် အသုံးပြုနေကြတဲ့ အိန္ဒိယ မီးရထား လိုင်း တွေကို လည်း မတ်လ ကုန်ပိုင်း အထိ ပြေးဆွဲမှုတွေ ရပ်နား ထားမယ်လို့ အစိုးရ တာဝန်ရှိသူ က ပြောပါတယ်။

အိန္ဒိယမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၃၂၄ ဦး ရှိနေပြီး ၅ ဦး သေဆုံး သွားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption ကာဖျူး အမိန့် ထုတ်ထားတဲ့ ကိုလံဘို မြို့

သီရိလင်္ကာ နိုင်ငံဟာလည်း ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို စိုးရိမ်တဲ့ အတွက် လေကြောင်း နဲ့ ရေကြောင်း သွားလာမှုတွေကို ထိန်းချုပ် လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံအတွင်း ကို လာရောက်တဲ့ လေကြောင်း ခရီးစဉ် တွေကိုလည်း ပိတ်ပင် လိုက်ပါပြီ။ ဒါပေမယ့် နိုင်ငံကနေ ထွက်ခွာမယ့် ခရီးစဉ်တွေကို သေချာ စိစစ် ပြီးမှ ထွက်ခွာခွင့် ပေးမယ်လို့ သမ္မတရုံး တာဝန်ရှိသူက ပြောပါတယ်။

သီရိလင်္ကာမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ ၇၇ ဦး ရှိနေပြီး၊ လောလောဆယ် အချိန်အထိ သေဆုံးသူ တော့ မရှိသေးပါဘူး။

ဒါ့အပြင် ဒီတပတ် စနေ တနင်္ဂနွေနေ့တွေမှာ အပြင်မထွက်ဖို့ အစိုးရ က ကာဖျူး အမိန့် ထုတ်ထားပါတယ်။ အဲဒီ အမိန့် ကို ချိုးဖောက်တဲ့ လူ ၃၀၀ ကျော် ကိုလည်း ဖမ်းဆီး ပြီး အရေးယူမှုတွေ လုပ်ထားပါတယ်။
Image caption အကျဉ်းသား တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရ

အမေရိကန် နိုင်ငံက အကျဉ်းသား တစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထား ရတယ်လို့ ထောင် အာဏာပိုင်တွေက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အဲဒီ အကျဉ်းသားဟာ ရင်ဘတ်အောင့်တယ်လို့ ပြောတဲ့ အတွက် သူ့ကို ဆေးရုံ ကိုပို့ပြီး စစ်ကြည့် ရာမှာ ဗိုင်းရပ်စ် ကူးစက် ခံထားရကြောင်း သိရှိခဲ့ရတာပါ။

လောလောဆယ်မှာတော့ သူ့ကို အကျဉ်းထောင်ထဲမှာပဲ သီးသန့် ထားထားပြီး ၂၄ နာရီ အတွင်း သူနဲ့ ဆက်နွယ် ပတ်သက်ခဲ့သူတွေကို ခြေရာခံ လိုက်နေရပါတယ်။

နောက်ပြီး အမေရိကန် က အကျဉ်းထောင် ၁၂၂ ထောင် ကိုလည်း ဧည့်တွေ့ခွင့် ပိတ်ထားပါတယ်။

နယူးယောက် မြို့က အကျဉ်းထောင် မှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရတဲ့ အကျဉ်းသား ၃၈ ဦး ရှိတယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန် ထားပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption ရစ်ယာန် ဘုရားကျောင်း တချို့ဟာ အဲဒီ တားမြစ်ချက်ကို လိုက်နာ ခဲ့ခြင်း မရှိ

တောင်ကိုရီးယား နိုင်ငံမှာတော့ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှာ ကို စိုးရိမ်လို့ လူစု လူဝေး မလုပ်ဖို့ အစိုးရ က တားမြစ် ထားပေမယ့် ခရစ်ယာန် ဘုရားကျောင်း တချို့ဟာ အဲဒီ တားမြစ်ချက်ကို လိုက်နာ ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

ယွန်ဟတ် သတင်း ဌာန ရဲ့ သတင်းထဲမှာတော့ ဒီကနေ့ တနင်္ဂနွေ နေ့မှာ နိုင်ငံ တဝန်း က ဘုရားကျောင်း တစ်ရာ ခန့်ဟာ ဝတ်ပြု ဆုတောင်းပွဲတွေး လုပ်ခဲ့ ကြတယ်လို့ ဆိုပါတယ်။

ဘုရားကျောင်း လာတတ် သူတွေကို တစ်ယောက်နဲ့ တစ်ယောက် တစ်မီတာ အကွာမှာ နေကြဖို့ နဲ့ မျက်နှာဖုံး ဝတ်ကြဖို့ နှိုးဆော်ပြီးမှ ဝတ်ပြုပွဲတွေ လုပ် ခဲ့တာလို့ ဘုရားကျောင်း ခေါင်းဆောင် တချို့ က ပြောပါတယ်။

ဒါပေမယ့် အစိုးရ ရဲ့ ထုတ်ပြန်ချက်တွေကို မလိုက်နာတဲ့ အတွက် ပိုမို တင်းကျပ် တဲ့ စည်းကမ်း တွေ ချမှတ်ဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြင်ဆင် နေပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ကိုဗစ် နိုင်တင်း ကူးစက် ခံထားရ နိုင်တယ်လို့ ယူဆလို့ ရတဲ့ လူ ၄၀၀၀ ကျော်ကို အစိုးရ တာဝန်ရှိသူ တွေက လိုက်လံ စုံစမ်း

မလေးရှား နိုင်ငံမှာလည်း ဗလီမှာ ဝတ်ပြု ဆုတောင်း ခဲ့ကြသူ အတော်များများ ထဲက ကိုဗစ် နိုင်တင်း ကူးစက် ခံထားရ နိုင်တယ်လို့ ယူဆလို့ ရတဲ့ လူ ၄၀၀၀ ကျော်ကို အစိုးရ တာဝန်ရှိသူ တွေက လိုက်လံ စုံစမ်း နေပါတယ်။

ပြီးခဲ့တဲ့ လ တုန်းက ကွာလာလမ်ပူ မြို့အစွန်က ဗလီ တစ်ခုမှာ ကျင်းပတဲ့ ဘာသာရေး ပွဲတော် ကို လူပေါင်း ခြောက်ထောင်လောက် တက်ရောက် ခဲ့ကြပြီး အဲဒီလူတွေထဲ က ငါးရာကျော်လောက်ပဲ ဆေးစစ်ခံ ဖို့ လာရောက် ခဲ့ကြပါတယ်။

မလေးရှား မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံထားရသူ တစ်သောင်း နှစ်ထောင် လောက် ရှိနေပြီး အဲဒီ အထဲ က လူ ၉ ဦး သေဆုံး ခဲ့ရပါတယ်။

နိုင်ငံ နေရာ အနှံ့အပြား ကိုလည်း စစ်တပ် ကို စေလွှတ်ထားပြီး နှစ်ပတ်ကြာ လူစု လူဝေး မလုပ်ကြဖို့ တင်းကျပ်တဲ့ စည်းကမ်းတွေ ချမှတ် ထားပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption လူသားချင်း အကူအညီ ပေးဖို့ ဆိုတဲ့ အမေရိကန် ရဲ့ ကမ်းလှမ်း မှု ကိုတော့ ထိပ်တန်း ခေါင်းဆောင် အယာတိုလာ ခါမေနီက ပယ်ချ

အီရန် နိုင်ငံမှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေ ကြောင့် သေဆုံးသူတွေ များပြား နေပေမယ့်လည်း လူသားချင်း အကူအညီ ပေးဖို့ ဆိုတဲ့ အမေရိကန် ရဲ့ ကမ်းလှမ်း မှု ကိုတော့ ထိပ်တန်း ခေါင်းဆောင် အယာတိုလာ ခါမေနီက ပယ်ချ လိုက်ပါတယ်။

သူ့ နိုင်ငံအနေနဲ့ အမေရိကန် ဆီကို နည်းလမ်းမျိုးစုံနဲ့ ချည်းကပ် ခဲ့ပေမယ့် အခုမှ တုန့်ပြန်လာတဲ့ အမေရိကန် ရဲ့ လုပ်ရပ်ဟာ ထူးခြား တယ်လို့ အီရန် ထိပ်တန်း ခေါင်းဆောင် က ဆိုပါတယ်။

ဗိုင်းရပ်စ် ကို အမေရိကန် ဟာ လျှို့ဝှက် ဖန်တီး ခဲ့တာ ဖြစ်နိုင်တယ် ဆိုပြီးတော့ လည်း သူ့ရဲ့ အယူအဆ တချို့ကိုလည်း သူက ရုပ်မြင် သံကြား ကနေ ပြောဆို ခဲ့ပါတယ်။

အီရန် အစိုးရ ရ ရဲ့ ထုတ်ပြန်ချက်မှာတော့ ၂၄ နာရီ အတွင်းမှာ ကိုရိုနာ ဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၁၂၉ ဦး ရှိခဲ့ပြီး ဗိုင်းရပ်စ် စတင် တွေ့ရှိခဲ့ပြီး နောက် လက်ရှိ အချိန်အထိ သေဆုံးသူ ဦးရေ ဟာ ၁၆၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption ရုရှား စစ်တပ် က ဆရာဝန်တွေ၊ ပိုးမွှားကင်းစင်ရေး အတွက် အသုံးပြုတဲ့ စစ်ကား တွေနဲ့ ဆေးပစ္စည်းတွေကို ပို့ဆောင် ပေး

အီတလီ နိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှုတွေကို ကူညီဖို့ အတွက် ရုရှား စစ်တပ် က ဆရာဝန်တွေ၊ ပိုးမွှားကင်းစင်ရေး အတွက် အသုံးပြုတဲ့ စစ်ကား တွေနဲ့ ဆေးပစ္စည်းတွေကို ပို့ဆောင် ပေးခဲ့ပါတယ်။

မနေ့က ရုရှား သမ္မတ ဗလာဒီမီယာ ပူတင် နဲ့ အီတလီ ဝန်ကြီးချုပ် ဂူဆက်ပီ ကွန်တေ တို့ တယ်လီဖုန်း ဆက်သွယ် ပြောကြားခဲ့ပြီးနောက်မှာ ရုရှား က အခုလို ကူညီထောက်ပံ့ရေး စေလွှတ် လိုက်တာ ဖြစ်ပါတယ်။

ဥရောပ မှာ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက် ခံရမှု များပြား နေတဲ့ အီတလီ နိုင်ငံမှာ လူ လေးထောင် ကျော် သေဆုံး ခဲ့ရပြီး၊ ဒီ ဗိုင်းရပ်စ်ကြောင့် ကမ္ဘာမှာ လူသေဆုံးမှု အများဆုံး နိုင်ငံလည်း ဖြစ်နေပါတယ်။

အီတလီ က ဗိုင်းရပ်စ် ကူးစက်မှုတွေကို ကူညီအတွက် ကျူးဘား နိုင်ငံက ဆရာဝန်တွေလည်း စေလွှတ် ထားသလို၊ တရုတ် နိုင်ငံကလည်း ဆရာဝန်တွေ သူနာပြု တွေကို စေလွှတ် ထားပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ ကို စိုးရိမ္လို႔ အိႏၵိယ နဲ႔ သီရိလကၤာ အျပင္မထြက္ရ အမိန္႔ထုတ္ နဲ႔ ႏိုင္ငံတကာ ဗိုင္းရပ္စ္ သတင္းမ်ား ကို႐ိုနာ ဗိုင္းရပ္စ္ ကူးစက္မႈ ကို စိုးရိမ္လို႔ အိႏၵိယ နဲ႔ သီရိလကၤာ အျပင္မထြက္ရ အမိန္႔ထုတ္ နဲ႔ ႏိုင္ငံတကာ ဗိုင္းရပ္စ္ သတင္းမ်ား Reviewed by THITHTOOLWIN on 01:26 Rating: 5
Powered by Blogger.