သၽွမ္းျပည္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္တြင္ ထိုင္းျပန္ ကိုရိုနာ သံသယလူနာ တစ္ဦးေတြ႕ရွိ

(Zawgyi)⤵⤵⤵
မတ္လ ၂၆ ရက္ ၂၀၂၀

သၽွမ္းျပည္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕တြင္ ထိုင္းနိုင္ငံမွ ျပန္လာေသာ အမ်ိဳးသားတစ္ဦးသည္ လည္ေခ်ာင္း နာျခင္း ၊ ေခ်ာင္းဆိုးျခင္း စေသာ အသက္ရွူလမ္းေၾကာင္းဆိုင္ရာ Covid 19 ေရာဂါသံသယ လကၡဏာျဖစ္ေပၚေနသည္ဟု နမ့္စန္ၿမိဳ႕နယ္ကုသေရး ဦးစီးဌာနက ၿပီးခဲ့သည့္ရက္ပိုင္းက ထားသည္။

နမ့္စန္ၿမိဳ႕နယ္၊ ေနာင္ဟီးအုပ္စု၊ ေက်ာက္တိုင္ေက်းရြာေန ဦးလာေဗြ (၂၃) ႏွစ္သည္ ၂၀၂၀ မတ္ ၁၉ ရက္ေန႔တြင္ ထိုင္းနိုင္ငံမွျပန္ေရာက္ၿပီး လည္ေခ်ာင္းနာျခင္း၊ ေခ်ာင္းဆိုးျခင္းစသည့္ ကိုရိုနာေရာဂါ သံသယလကၡဏာျဖစ္ေပၚေသာေၾကာင့္ ေက်ာက္တိုင္ေက်းရြာရွိ ၎၏ ေနအိမ္တြင္ ၂ ပတ္ ၁၄ရက္အတြင္း ျပင္ပသို႔ ထြက္ခြာျခင္းမရွိေစေရး ထိန္းသိမ္းထားလၽွက္ရွိေၾကာင္း သိရသည္။

နမ့္စန္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွူး ဦးညီညီေအာင္က - " ေနာင္ဟီးအုပ္စု နမ့္တိန္းေခ်ာင္းတစ္ဘက္ကမ္းမွာ ရွိတဲ့ ေက်ာက္တိုင္ရြာမွာ ထိုင္းကေနျပန္လာတဲ့ တစ္ေယာက္ ပအိုဝ္းလူမ်ိဳး ဦးလာေဗြေပါ့ သူကေခ်ာင္း ဆိုးတယ္ လည္ေခ်ာင္းနာတယ္ ဒီလကၡဏာေလးေတြေတြ႕လို႔ သူ႔ကိုေတာ့ သူ႔ရြာမွာသီးသန႔္ အိမ္ထဲက အိမ္ျပင္လုံးဝေပးမထြက္ပဲ သံသယလူနာအျဖစ္ထားရွိတယ္။ လက္ရွိအခ်ိန္မွာ သူကေတာ့ က်န္းမာေရးေကာင္းေနတယ္။" - ဟု ေျပာပါသည္။
ယေန႔အခ်ိန္တြင္ ထိုင္းနိုင္ငံမွ ျပန္လည္ေရာက္ရွိလာသူ ၃၀၀ နီးပါး ရွိၿပီဟု ၎ကေျပာသည္။
အဆိုပါ ဦးလာေဗြအား နမ့္စန္ၿမိဳ႕နယ္ကုသေရးဌာနမွ စနစ္တက်ေစာင့္ၾကည့္ေစေရး ၾကပ္မတ္ေဆာင္ရြက္ေနေၾကာင္းႏွင့္ ထူးျခားမွုရွိပါက အခ်ိန္ႏွင့္တေျပးညီ တင္ျပမည္ျဖစ္ေၾကာင္း နမ့္စန္ၿမိဳ႕နယ္ကုသေရးဌာန အေၾကာင္းၾကားစာေစာင္အရ သိရသည္။

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွူး ဦးညီညီေအာင္က - " သံသယလူနာ တစ္ကယ္လို႔မ်ား ရွိခဲ့ရင္ ေဆး႐ုံမွာ ကုသနိုင္ဖို႔အတြက္ သံသယလူနာ ၈ ေယာက္စာ ကုတင္ ၈ လုံးကို သံဃာေဆာင္မွာ ျပင္ထားတယ္။ ေနာက္တစ္ခုက အဲနားမွာ ဝန္ထမ္းအိမ္ယာအသစ္ ၄ ခန္း ၄ ထပ္ အခန္း ၁၆ ခန္းကို ကုတင္ ၁၆ လုံးကိုခ်ထားၿပီးျပင္ဆင္ထားတယ္။ " - ဟုေျပာသည္။
အမွတ္ ၂ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွူး ဉီးေနေသာ္ ကလည္း - “က်ေနာ္တို႔ ၿမိဳ႕ေပၚ ရပ္ကြက္မွာက လူစုလူေဝး အလွူေတြအကုန္ဖ်က္ထားတယ္။ လက္ေဆးစင္ေတြစီစဥ္ထားေပးတယ္ ” - ဟု ေျပာသည္။

ျမန္မာနိုင္ငံတြင္ ကိုရိုနာ ဗိုင္းရပ္စ္ ကူးစက္ခံရသူ ၃ ဦး ရွိၿပီး ယင္းဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ယေန႔အခ်ိန္ထိ တစ္ဦးမွ မေတြ႕ရွိေသးေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္မ်ားအရ သိရသည္။

ကိုရိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားရာ ျမန္မာနိုင္ငံ၏ အိမ္နီးခ်င္းတ႐ုတ္နိုင္ငံတြင္ ေသဆုံးသူ ၃၂၈၇ ဦး၊ ကူးစက္ခံရသူ ၈ ေသာင္းေက်ာ္ ရွိေၾကာင္း ေရာဂါကူးစက္မွု ထိန္းခ်ဳပ္နိုင္ၿပီ ျဖစ္ေၾကာင္း တ႐ုတ္အစိုးရက ထုတ္ျပန္ေသာ္လည္း လက္ရွိ တြင္ ကမၻာတလႊား ၁၉၆ နိုင္ငံ ကူစက္ပ်ံ႕ႏွံ့ေနေသာေၾကာင့္ ကမၻာ့ က်န္းမာေရးဌာန WHO ကူးစက္လြယ္ ကပ္ေရာဂါ အျဖစ္သတ္မွတ္ထားပါသည္။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
--------------
(Unicode)⤵⤵⤵
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်တွင် ထိုင်းပြန် ကိုရိုနာ သံသယလူနာ တစ်ဦးတွေ့ရှိ

သျှမ်းသံတော်ဆင့် - ယိင်းယိင်း
မတ်လ ၂၆ ရက် ၂၀၂၀

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့တွင် ထိုင်းနိုင်ငံမှ ပြန်လာသော အမျိုးသားတစ်ဦးသည် လည်ချောင်း နာခြင်း ၊ ချောင်းဆိုးခြင်း စသော အသက်ရှူလမ်းကြောင်းဆိုင်ရာ Covid 19 ရောဂါသံသယ လက္ခဏာဖြစ်ပေါ်နေသည်ဟု နမ့်စန်မြို့နယ်ကုသရေး ဦးစီးဌာနက ပြီးခဲ့သည့်ရက်ပိုင်းက ထားသည်။

နမ့်စန်မြို့နယ်၊ နောင်ဟီးအုပ်စု၊ ကျောက်တိုင်ကျေးရွာနေ ဦးလာဗွေ (၂၃) နှစ်သည် ၂၀၂၀ မတ် ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံမှပြန်ရောက်ပြီး လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းစသည့် ကိုရိုနာရောဂါ သံသယလက္ခဏာဖြစ်ပေါ်သောကြောင့် ကျောက်တိုင်ကျေးရွာရှိ ၎င်း၏ နေအိမ်တွင် ၂ ပတ် ၁၄ရက်အတွင်း ပြင်ပသို့ ထွက်ခွာခြင်းမရှိစေရေး ထိန်းသိမ်းထားလျှက်ရှိကြောင်း သိရသည်။

နမ့်စန်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က - " နောင်ဟီးအုပ်စု နမ့်တိန်းချောင်းတစ်ဘက်ကမ်းမှာ ရှိတဲ့ ကျောက်တိုင်ရွာမှာ ထိုင်းကနေပြန်လာတဲ့ တစ်ယောက် ပအိုဝ်းလူမျိုး ဦးလာဗွေပေါ့ သူကချောင်း ဆိုးတယ် လည်ချောင်းနာတယ် ဒီလက္ခဏာလေးတွေတွေ့လို့ သူ့ကိုတော့ သူ့ရွာမှာသီးသန့် အိမ်ထဲက အိမ်ပြင်လုံးဝပေးမထွက်ပဲ သံသယလူနာအဖြစ်ထားရှိတယ်။ လက်ရှိအချိန်မှာ သူကတော့ ကျန်းမာရေးကောင်းနေတယ်။" - ဟု ပြောပါသည်။
ယနေ့အချိန်တွင် ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ၃၀၀ နီးပါး ရှိပြီဟု ၎င်းကပြောသည်။
အဆိုပါ ဦးလာဗွေအား နမ့်စန်မြို့နယ်ကုသရေးဌာနမှ စနစ်တကျစောင့်ကြည့်စေရေး ကြပ်မတ်ဆောင်ရွက်နေကြောင်းနှင့် ထူးခြားမှုရှိပါက အချိန်နှင့်တပြေးညီ တင်ပြမည်ဖြစ်ကြောင်း နမ့်စန်မြို့နယ်ကုသရေးဌာန အကြောင်းကြားစာစောင်အရ သိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က - " သံသယလူနာ တစ်ကယ်လို့များ ရှိခဲ့ရင် ဆေးရုံမှာ ကုသနိုင်ဖို့အတွက် သံသယလူနာ ၈ ယောက်စာ ကုတင် ၈ လုံးကို သံဃာဆောင်မှာ ပြင်ထားတယ်။ နောက်တစ်ခုက အဲနားမှာ ဝန်ထမ်းအိမ်ယာအသစ် ၄ ခန်း ၄ ထပ် အခန်း ၁၆ ခန်းကို ကုတင် ၁၆ လုံးကိုချထားပြီးပြင်ဆင်ထားတယ်။ " - ဟုပြောသည်။
အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဉီးနေသော် ကလည်း - “ကျနော်တို့ မြို့ပေါ် ရပ်ကွက်မှာက လူစုလူဝေး အလှူတွေအကုန်ဖျက်ထားတယ်။ လက်ဆေးစင်တွေစီစဉ်ထားပေးတယ် ” - ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဦး ရှိပြီး ယင်းဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ယနေ့အချိန်ထိ တစ်ဦးမှ မတွေ့ရှိသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားရာ မြန်မာနိုင်ငံ၏ အိမ်နီးချင်းတရုတ်နိုင်ငံတွင် သေဆုံးသူ ၃၂၈၇ ဦး၊ ကူးစက်ခံရသူ ၈ သောင်းကျော် ရှိကြောင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ပြီ ဖြစ်ကြောင်း တရုတ်အစိုးရက ထုတ်ပြန်သော်လည်း လက်ရှိ တွင် ကမ္ဘာတလွှား ၁၉၆ နိုင်ငံ ကူစက်ပျံ့နှံ့နေသောကြောင့် ကမ္ဘာ့ ကျန်းမာရေးဌာန WHO ကူးစက်လွယ် ကပ်ရောဂါ အဖြစ်သတ်မှတ်ထားပါသည်။

SHAN News (Burmese Version)
https://www.facebook.com/shannewsburmese
သၽွမ္းျပည္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္တြင္ ထိုင္းျပန္ ကိုရိုနာ သံသယလူနာ တစ္ဦးေတြ႕ရွိ သၽွမ္းျပည္ေတာင္ပိုင္း နမ့္စန္ၿမိဳ႕နယ္တြင္ ထိုင္းျပန္ ကိုရိုနာ သံသယလူနာ တစ္ဦးေတြ႕ရွိ Reviewed by THITHTOOLWIN on 22:20 Rating: 5
Powered by Blogger.