ျမဝတီမွာ ထိုင္းကလြဲၿပီး အျခားျပည္ပႏိုင္ငံသားေတြ ဝင္ခြင့္မျပဳေတာ့

(Zawgyi)⤵⤵⤵

ကိုဗစ္ -၁၉ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါ ကာကြယ္တားဆီးႏိုင္ေရးအတြက္ ဒီကေန႔ မတ္ ၁၉ ရက္ေန႔က စၿပီး ျမဝတီနယ္စပ္ဂိတ္ကေန ထိုင္းႏိုင္ငံသားနဲ႔ျမန္မာႏိုင္ငံ သားေတြကလြဲၿပီး က်န္ျပည္ပႏိုင္ငံသားေတြကို ဝင္ထြက္ခြင့္ပိတ္ပင္လိုက္ၿပီလို႔ ျမဝတီၿမိဳ႕၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ဦးသန႔္ဇင္ေအာင္က ဘီဘီစီ ကို ေျပာပါတယ္။

'' အခုအေျခအေနေတြအရ ေဒသခံေတြကလည္း စိုးရိမ္ၾကတယ္။ ထိုင္းႏိုင္ငံသားေတြကေတာ့ နယ္စပ္ ျဖတ္ခြင့္စာအုပ္ရွိရင္ ဝင္ထြက္ လို႔ရမယ္။ ဟိုဘက္က ျမန္မာႏိုင္ငံသားေတြကလည္း သၾကၤန္ကာလ ျပန္လာ တာ သြားတာရွိတယ္။ တျခားႏိုင္ငံသားေတြကေတာ့ ပတ္စပို႔ေတြဘာေတြရွိလည္း ဒီကေန ဝင္ခြင့္ မေပးေတာ့ဘူး။ ရန္ကုန္၊မႏၲေလး ၊ ေနျပည္ေတာ္ စတဲ့ေလဆိပ္ ဝင္ေပါက္ေတြကေနပဲ သြားရမယ္။''လို႔ ဦးသန႔္ဇင္ေအာင္က ေျပာျပပါတယ္။

ဒီသတ္မွတ္ခ်က္ဟာ မတ္ ၁၉ ရက္ေန႔မွာ စတင္က်င့္သုံးတာျဖစ္ၿပီး ဘယ္အခ်ိန္ထိပိတ္ထားမယ္လို႔ သတ္မွတ္ခ်က္မရွိေသးဘဲ ကိုဗစ္ -၁၉ ကူးစက္ျပန႔္ပြားမႈအေျခအေနေပၚမူတည္တယ္ လို႔လည္း သိရပါတယ္။
 နယ္စပ္ဝင္ေပါက္တစ္ခုျဖစ္ေနတာေၾကာင့္ ေဒသခံေတြအေနနဲ႔ ျပည္ပကဝင္ေရာက္လာသူေတြကတဆင့္ ေရာဂါကူးစက္မွာကို စိုးရိမ္ေနၾက

ျမဝတီၿမိဳ႕ဟာ နယ္စပ္ဝင္ေပါက္တစ္ခုျဖစ္ေနတာေၾကာင့္ ေဒသခံေတြအေနနဲ႔ ျပည္ပကဝင္ေရာက္လာသူေတြကတဆင့္ ေရာဂါကူးစက္မွာကို စိုးရိမ္ေနၾကတယ္လို႔လည္း ေဒသခံေတြထံကသိရ ပါတယ္။

ဒါေၾကာင့္လည္း မတ္ ၁၆ ရက္ေန႔က ျမဝတီၿမိဳ႕ကေန အျခားေဒသေတြကို ေျပးဆြဲေနတဲ့ ခရီးသည္တင္ ယာဥ္လိုင္းေတြအေနနဲ႔ တ႐ုတ္ႏိုင္ငံသားအပါအဝင္ ႏိုင္ငံျခားသားေတြ တင္ေဆာင္တာ ေတြ႕ပါက ယာဥ္လိုင္းကို ပိတ္သိမ္းမယ္ဆိုတဲ့ ေၾကညာခ်က္ကို ျမဝတီၿမိဳ႕ ေမာ္ေတာ္ယာဥ္ လိုင္းေပါင္းစုံစည္းကမ္းထိန္းသိမ္းေရး ႀကီးၾကပ္မႈေကာ္မတီကေန ထုတ္ျပန္ခဲ့ပါေသးတယ္။

' 'အဲဒီအမိန႔္စာကေတာ့ ၁၆ ရက္ေန႔ တစ္ရက္ပါပဲ။ ေနာက္ရက္ေတာ့ ျပန္႐ုပ္သိမ္းလိုက္ပါတယ္။ဒါကေတာ့ ဒီမွာရွိတဲ့လူေတြရဲ႕ စိုးရိမ္ပူပန္မႈေပါ့။ ေနာက္ရက္ေတြေတာ့ အႀကဳံးမဝင္ပါ ဘူး။''လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ေျပာျပပါတယ္။

ဒီအျပင္ ျမန္မာ- ထိုင္းနယ္စပ္က ခ်စ္ၾကည္ေရးတံတားအမွတ္ ၁ နဲ႔ ၂ကို ယာယီပိတ္ထားမယ္ဆိုတဲ့သတင္းေတြလည္းထြက္ေပၚေနၿပီး ဒီအတြက္ ဒီကေန႔မတ္ ၁၉ ရက္ေန႔က မယ္ဆိုင္ၿမိဳ႕မွာ ထိုင္းႏိုင္ငံဘက္က တာဝန္ရွိသူအခ်ိဳ႕နဲ႔ တာခ်ီလိတ္ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ တာဝန္ရွိသူေတြ အလြတ္သေဘာေတြ႕ဆုံေဆြးေႏြးခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ဒီေဆြးေႏြးပြဲမွာ ဘာေတြေဆြးေႏြးခဲ့ၾကတယ္၊ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရးတံတားပိတ္ဖို႔ရွိမရွိဆိုတာကိုေတာ့ တာခ်ီလိတ္ခ႐ိုင္နဲ႔ ၿမိဳ႕နယ္အဆင့္အုပ္ခ်ဳပ္ေရးမႉးေတြကို ဘီဘီစီကဆက္သြယ္ ေမးျမန္းခဲ့ေပမယ့္ ေျဖဆိုဖို႔ျငင္းဆန္ခဲ့ၾကတဲ့အတြက္ အတည္ျပဳႏိုင္ျခင္းေတာ့မရွိပါဘူး။

' ' တရားမဝင္နယ္စပ္ဂိတ္ေတြလည္း ပိတ္မယ္လို႔ ၾကားသိရတယ္။ ခ်စ္ၾကည္ေရးတံတား ၁၊၂ ကေတာ့ တရားဝင္ဂိတ္ေပါ့ေလ။ တျခားကင္းစခန္းေလးေတြလည္းရွိတယ္။ ဒါေတြကို ပိတ္မယ္လို႔လည္း ၾကားေန ရတယ္။''လို႔လည္း ျမဝတီၿမိဳ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးသန႔္ဇင္ေအာင္က ဘီဘီစီကို ေျပာပါတယ္။

ျမဝတီ၊ တာခ်ီလိတ္စတဲ့ၿမိဳ႕ေတြဟာ ထိုင္း၊တ႐ုတ္ စတဲ့ႏိုင္ငံသားေတြအျပင္ အျခားႏိုင္ငံသားေတြလည္း ဝင္ေရာက္သြားလာေနတဲ့ နယ္စပ္ဝင္ေပါက္ေတြျဖစ္ပါတယ္။

ကိုဗစ္ -၁၉ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္အခုလို နယ္စပ္ဝင္ထြက္ခြင့္ပိတ္ပင္တာကို ျမန္မာႏိုင္ငံအျပင္ ႏိုင္ငံအေတာ္မ်ားမ်ားမွာလည္း ျပည္ပႏိုင္ငံသားေတြ ဝင္ေရာက္ခြင့္မျပဳဘဲ ယာယီပိတ္ပင္ထားၾကၿပီျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
မြဝတီမှာ ထိုင်းကလွဲပြီး အခြားပြည်ပနိုင်ငံသားတွေ ဝင်ခွင့်မပြုတော့

ဓာတ်ပုံ မူပိုင် ThantZinAung'Facebook
Image caption ထိုင်းကလွဲပြီး အခြားပြည်ပနိုင်ငံသားတွေ ဝင်ခွင့်မပြုတော့

ကိုဗစ် -၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်တားဆီးနိုင်ရေးအတွက် ဒီကနေ့ မတ် ၁၉ ရက်နေ့က စပြီး မြဝတီနယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံသားနဲ့မြန်မာနိုင်ငံ သားတွေကလွဲပြီး ကျန်ပြည်ပနိုင်ငံသားတွေကို ဝင်ထွက်ခွင့်ပိတ်ပင်လိုက်ပြီလို့ မြဝတီမြို့၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဦးသန့်ဇင်အောင်က ဘီဘီစီ ကို ပြောပါတယ်။

'' အခုအခြေအနေတွေအရ ဒေသခံတွေကလည်း စိုးရိမ်ကြတယ်။ ထိုင်းနိုင်ငံသားတွေကတော့ နယ်စပ် ဖြတ်ခွင့်စာအုပ်ရှိရင် ဝင်ထွက် လို့ရမယ်။ ဟိုဘက်က မြန်မာနိုင်ငံသားတွေကလည်း သင်္ကြန်ကာလ ပြန်လာ တာ သွားတာရှိတယ်။ တခြားနိုင်ငံသားတွေကတော့ ပတ်စပို့တွေဘာတွေရှိလည်း ဒီကနေ ဝင်ခွင့် မပေးတော့ဘူး။ ရန်ကုန်၊မန္တလေး ၊ နေပြည်တော် စတဲ့လေဆိပ် ဝင်ပေါက်တွေကနေပဲ သွားရမယ်။''လို့ ဦးသန့်ဇင်အောင်က ပြောပြပါတယ်။

ဒီသတ်မှတ်ချက်ဟာ မတ် ၁၉ ရက်နေ့မှာ စတင်ကျင့်သုံးတာဖြစ်ပြီး ဘယ်အချိန်ထိပိတ်ထားမယ်လို့ သတ်မှတ်ချက်မရှိသေးဘဲ ကိုဗစ် -၁၉ ကူးစက်ပြန့်ပွားမှုအခြေအနေပေါ်မူတည်တယ် လို့လည်း သိရပါတယ်။
ဓာတ်ပုံ မူပိုင် ThantZinAung'Facebook
Image caption နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ပြည်ပကဝင်ရောက်လာသူတွေကတဆင့် ရောဂါကူးစက်မှာကို စိုးရိမ်နေကြ

မြဝတီမြို့ဟာ နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်နေတာကြောင့် ဒေသခံတွေအနေနဲ့ ပြည်ပကဝင်ရောက်လာသူတွေကတဆင့် ရောဂါကူးစက်မှာကို စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေထံကသိရ ပါတယ်။

ဒါကြောင့်လည်း မတ် ၁၆ ရက်နေ့က မြဝတီမြို့ကနေ အခြားဒေသတွေကို ပြေးဆွဲနေတဲ့ ခရီးသည်တင် ယာဉ်လိုင်းတွေအနေနဲ့ တရုတ်နိုင်ငံသားအပါအဝင် နိုင်ငံခြားသားတွေ တင်ဆောင်တာ တွေ့ပါက ယာဉ်လိုင်းကို ပိတ်သိမ်းမယ်ဆိုတဲ့ ကြေညာချက်ကို မြဝတီမြို့ မော်တော်ယာဉ် လိုင်းပေါင်းစုံစည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီကနေ ထုတ်ပြန်ခဲ့ပါသေးတယ်။

' 'အဲဒီအမိန့်စာကတော့ ၁၆ ရက်နေ့ တစ်ရက်ပါပဲ။ နောက်ရက်တော့ ပြန်ရုပ်သိမ်းလိုက်ပါတယ်။ဒါကတော့ ဒီမှာရှိတဲ့လူတွေရဲ့ စိုးရိမ်ပူပန်မှုပေါ့။ နောက်ရက်တွေတော့ အကြုံးမဝင်ပါ ဘူး။''လို့ လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပြပါတယ်။

ဒီအပြင် မြန်မာ- ထိုင်းနယ်စပ်က ချစ်ကြည်ရေးတံတားအမှတ် ၁ နဲ့ ၂ကို ယာယီပိတ်ထားမယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပြီး ဒီအတွက် ဒီကနေ့မတ် ၁၉ ရက်နေ့က မယ်ဆိုင်မြို့မှာ ထိုင်းနိုင်ငံဘက်က တာဝန်ရှိသူအချို့နဲ့ တာချီလိတ်ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူတွေ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဒီဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးခဲ့ကြတယ်၊ နှစ်နိုင်ငံချစ်ကြည်ရေးတံတားပိတ်ဖို့ရှိမရှိဆိုတာကိုတော့ တာချီလိတ်ခရိုင်နဲ့ မြို့နယ်အဆင့်အုပ်ချုပ်ရေးမှူးတွေကို ဘီဘီစီကဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ငြင်းဆန်ခဲ့ကြတဲ့အတွက် အတည်ပြုနိုင်ခြင်းတော့မရှိပါဘူး။

' ' တရားမဝင်နယ်စပ်ဂိတ်တွေလည်း ပိတ်မယ်လို့ ကြားသိရတယ်။ ချစ်ကြည်ရေးတံတား ၁၊၂ ကတော့ တရားဝင်ဂိတ်ပေါ့လေ။ တခြားကင်းစခန်းလေးတွေလည်းရှိတယ်။ ဒါတွေကို ပိတ်မယ်လို့လည်း ကြားနေ ရတယ်။''လို့လည်း မြဝတီမြို့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ဘီဘီစီကို ပြောပါတယ်။

မြဝတီ၊ တာချီလိတ်စတဲ့မြို့တွေဟာ ထိုင်း၊တရုတ် စတဲ့နိုင်ငံသားတွေအပြင် အခြားနိုင်ငံသားတွေလည်း ဝင်ရောက်သွားလာနေတဲ့ နယ်စပ်ဝင်ပေါက်တွေဖြစ်ပါတယ်။

ကိုဗစ် -၁၉ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက်အခုလို နယ်စပ်ဝင်ထွက်ခွင့်ပိတ်ပင်တာကို မြန်မာနိုင်ငံအပြင် နိုင်ငံအတော်များများမှာလည်း ပြည်ပနိုင်ငံသားတွေ ဝင်ရောက်ခွင့်မပြုဘဲ ယာယီပိတ်ပင်ထားကြပြီဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ျမဝတီမွာ ထိုင္းကလြဲၿပီး အျခားျပည္ပႏိုင္ငံသားေတြ ဝင္ခြင့္မျပဳေတာ့ ျမဝတီမွာ ထိုင္းကလြဲၿပီး အျခားျပည္ပႏိုင္ငံသားေတြ ဝင္ခြင့္မျပဳေတာ့ Reviewed by THITHTOOLWIN on 20:05 Rating: 5
Powered by Blogger.