ကို႐ိုနာဗိုင္းရပ္စ္အေရးေၾကာင့္ အိႏိၵယ-ျမန္မာ နယ္စပ္ဂိတ္မ်ားပိတ္


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈကို ကာကြယ္ဖုိ႔အတြက္ အိႏိၵယႏိုင္ငံက နယ္စပ္ကုန္သြယ္ေရးရဲ့ အဓိက ၀င္ေပါက္ျဖစ္တဲ့ မိုးေရး-တမူး နယ္စပ္ဂိတ္ေတြကို အိႏိၵယႏိုင္ငံဘက္ ဒီကေန႔က စတင္ၿပီး ရက္အကန္႔အသတ္မရိွ ပိတ္လိုက္ပါတယ္။ မိုးေရး-တမူး နယ္စပ္ဂိတ္ ပိတ္လိုက္တာေၾကာင့္ နန္႔ဖာလံုေစ်းဟာ အေရာင္းအ၀ယ္ ရပ္တန္႔ခဲ့သလို တမူးၿမိဳ႕က နယ္စပ္ကုန္သြယ္ေရးလုပ္ငန္းေတြလည္း ရပ္ဆုိင္းခဲ့ပါတယ္။ ဒီသတင္းကိုေတာ့ ဗီြအုိေအျမန္မာပိုင္းရဲ့ သတင္းေထာက္ ကိုမိုးေဇာ္က တင္ျပထားပါတယ္။

COVID-19 ကို တိုင္ၾကားရမယ့္ ကူးစက္ေရာဂါအျဖစ္ ျမန္မာ သတ္မွတ္တဲ့ သတင္းကိုလည္း ဖတ္ရႈႏို္င္ပါၿပီ။

ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားတာကို ၾကိဳတင္ကာကြယ္တဲ့အေနနဲ႔ အိႏိၵယႏိုင္ငံဘက္က တရားမ၀င္ ၀င္ေပါက္ေတြကို လံုး၀ ပိတ္ပင္ထားခဲ့သလို တရား၀င္ ၀င္ထြက္ ခြင့္ျပဳထားတဲ့ ဂိတ္ေတြမွာလည္း က်န္းမာေရးစစ္ေဆးတာေတြ တင္းတင္းၾကပ္ၾကပ္ ေဆာင္ရြက္ခဲ့တာပါ။

ဒီကေန႔မနက္မွာေတာ့ တရား၀င္ ဂိတ္၂ ဂိတ္လံုးကို အိႏိၵယ အာဏာပိုင္ေတြက ပိတ္လုိက္တယ္လို႔ တမူးခရိုင္အုပ္ခ်ဳပ္ေရးမႈးရံုးက တာ၀န္ရိွသူ တဦးက ဗီြအုိေအကို အခုလို ေျပာပါတယ္။

“ဒီေန႔ ပိတ္ထားတယ္ခင္ဗ်။ ဟုတ္ကဲ့ အိႏိၵယဘက္ကပါ။ ၂ ဂိတ္လံုးပိတ္တာပါဗ်။ သူတို႔ကေတာ့ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြေၾကာင့္လုိ႔ ေျပာပါတယ္။ ကူးစက္မႈေတြ ျဖစ္လာမွာ စိုးလို႔ေပါ့ေနာ္။”

တမူးၿမိဳ႕ခံ တဦးျဖစ္တဲ့ ဦးျမင့္ေဇာ္ကလည္း နယ္စပ္အ၀င္အထြက္ ပိတ္ပင္တဲ့အေၾကာင္းကို အခုလို ေျပာပါတယ္။

“က်ေနာ္တုိ႔ သိသေလာက္ဆုိရင္ေတာ့ ေရာဂါပိုးျဖစ္လို႔ မဟုတ္ဘူးဗ်။ ၾကိဳတင္ကာကြယ္တာေပ့ါေနာ။ ၾကိဳတင္ကာကြယ္တဲ့အေနနဲ႔ သူက ပိတ္လိုက္ၿပီးမွ အဲဒီမွာ ေဆးစစ္မယ္။ က်န္းမာေရးေဆးစစ္မယ္။ အဲဒီတာ၀န္ရိွသူေတြကလည္း round လွည့္မယ္လို႔ သူတုိ႔ရဲ့ ေၾကညာခ်က္ထဲမွာေတာ့ ေတြ႔တယ္ဗ်။ ေနာက္ တစ္ခု ေၾကညာတာေလ။ ရက္အကန္႔အသတ္ မရိွဘူးဗ်။ အရွည္အၾကာေလး ပိတ္မယ့္ သေဘာရိွတယ္။”

အိႏိၵယႏိုင္ငံ မိုးေရးၿမိဳ႕နဲ႔ ျမန္မာႏိုင္ငံ တမူးၿမိဳ႔ကို ၀င္ထြက္ႏိုင္တဲ့ ဂိတ္ ၂ ဂိတ္ရိွတာ ျဖစ္ပါတယ္။

အမွတ္ ၂ ဂိတ္အနီးရိွတဲ့ နန္႔ဖာလံုေစ်းေတာ့ နယ္စပ္ကုန္သြယ္ေရးအတြက္ အေရးပါတဲ့ ေစ်းလည္း ျဖစ္ပါတယ္။

ဒီကေန႔မွာေတာ့ လူအ၀င္အထြက္ မရိွလို႔ နန္႔ဖာလံုေစ်းကဆိုင္ေတြ ပိတ္ကုန္ေၾကာင္း ကုန္စံုဆုိင္ပိုင္ရွင္ တဦးက ေျပာပါတယ္။

“သူတုိ႔ဘက္ကလူ လံုး၀မလာေတာ့ မေရာင္းရဘူးေလ။ အဲဒါေၾကာင့္ ဆုိင္ေတာင္မွ သိမ္းခဲ့ၿပီ။”

တမူးၿမိဳ႕က အျခား ကုန္သည္ တဦးကလည္း အခုလို ဂိတ္ေတြ ပိတ္လိုက္တာေၾကာင့္ နယ္စပ္ကုန္သြယ္ေရးဟာ ရပ္ဆိုင္းသြားတယ္လို႔ ေျပာပါတယ္။

“နယ္စပ္ကုန္သြယ္ေရးက အခုေလာေလာဆယ္ေတာ့ ဘာမွ သြားလုိ႔ လာလုိ႔ မရဘူးေနာ္။ အကုန္လံုး ပိတ္လိုက္တယ္။ ၀မ္းဂိတ္ေရာ၊ တူးဂိတ္ေရာ။ အဓိက ထိခိုက္တာကေတာ့ က်ေနာ္တုိ႔ ေစ်းသူ၊ ေစ်းသားေတြ ထိခိုက္တာေပါ့ေနာ္။ ဟိုဘက္ကမ္းကလည္း ထိခုိက္တာေပါ့။ အဓိက က်ေနာ္တို႔ ဒီေစ်းကို မွီခိုၿပီးမွ အေရာင္းအ၀ယ္ လုပ္ေနၾကတဲ့လူ သူတုိ႔လည္း ထိခိုက္တာပဲ။ သူတို႔ ရက္အကန္႔အသတ္မရိွပိတ္ထားတယ္။”

အိႏိၵယ-ျမန္မာနယ္စပ္က ေနာက္ထပ္ ကုန္သြယ္ေရးနဲ႔ ဝင္ထြက္ဂိတ္တခုျဖစ္တဲ့ ရေခါဒါ-မီဇိုရမ္ နယ္စပ္ဂိတ္ကိုလည္း ဒီကေန႔ ညေနပိုင္းမွာပဲ ပိတ္လိုက္ပါတယ္။

အိႏိၵယ- ျမန္မာနယ္စပ္ဂိတ္ေတြကို ျဖတ္သန္းသြားလာရာမွာေတာ့ ႏွစ္ႏိုင္ငံစလံုးက က်န္းမာေရးစစ္ေဆးတာေတြ ေဆာင္ရြက္ၿပီးမွ ၀င္ခြင့္ေပးထားတာလည္း ျဖစ္ပါတယ္။

အိႏိၵယႏိုင္ငံမွာ လူ ၅၀ ေက်ာ္ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရေၾကာင္း တာဝန္ရွိသူေတြက သတင္းထုတ္ျပန္ထားေပမဲ့ မိုေရးဘက္မွာ ကူးစက္ထားသူ ရွိ၊ မရွိ ဆိုတာကိုေတာ့ အတိအက်မသိရေသးပါဘူး။ ျမန္မာႏိုင္ငံကေတာ့ ကူးစက္သူမရိွေၾကာင္း ထုတ္ျပန္ထားပါတယ္။

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့် အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်များပိတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ်ဖို့အတွက် အိန္ဒိယနိုင်ငံက နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ဝင်ပေါက်ဖြစ်တဲ့ မိုးရေး-တမူး နယ်စပ်ဂိတ်တွေကို အိန္ဒိယနိုင်ငံဘက် ဒီကနေ့က စတင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပါတယ်။ မိုးရေး-တမူး နယ်စပ်ဂိတ် ပိတ်လိုက်တာကြောင့် နန့်ဖာလုံဈေးဟာ အရောင်းအဝယ် ရပ်တန့်ခဲ့သလို တမူးမြို့က နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေလည်း ရပ်ဆိုင်းခဲ့ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

COVID-19 ကို တိုင်ကြားရမယ့် ကူးစက်ရောဂါအဖြစ် မြန်မာ သတ်မှတ်တဲ့ သတင်းကိုလည်း ဖတ်ရှုနိုင်ပါပြီ။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံဘက်က တရားမဝင် ဝင်ပေါက်တွေကို လုံး၀ ပိတ်ပင်ထားခဲ့သလို တရားဝင် ဝင်ထွက် ခွင့်ပြုထားတဲ့ ဂိတ်တွေမှာလည်း ကျန်းမာရေးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်ဆောင်ရွက်ခဲ့တာပါ။

ဒီကနေ့မနက်မှာတော့ တရားဝင် ဂိတ်၂ ဂိတ်လုံးကို အိန္ဒိယ အာဏာပိုင်တွေက ပိတ်လိုက်တယ်လို့ တမူးခရိုင်အုပ်ချုပ်ရေးမှုးရုံးက တာဝန်ရှိသူ တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီနေ့ ပိတ်ထားတယ်ခင်ဗျ။ ဟုတ်ကဲ့ အိန္ဒိယဘက်ကပါ။ ၂ ဂိတ်လုံးပိတ်တာပါဗျ။ သူတို့ကတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့်လို့ ပြောပါတယ်။ ကူးစက်မှုတွေ ဖြစ်လာမှာ စိုးလို့ပေါ့နော်။”

တမူးမြို့ခံ တဦးဖြစ်တဲ့ ဦးမြင့်ဇော်ကလည်း နယ်စပ်အဝင်အထွက် ပိတ်ပင်တဲ့အကြောင်းကို အခုလို ပြောပါတယ်။

“ကျနော်တို့ သိသလောက်ဆိုရင်တော့ ရောဂါပိုးဖြစ်လို့ မဟုတ်ဘူးဗျ။ ကြိုတင်ကာကွယ်တာပေ့ါနော။ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူက ပိတ်လိုက်ပြီးမှ အဲဒီမှာ ဆေးစစ်မယ်။ ကျန်းမာရေးဆေးစစ်မယ်။ အဲဒီတာဝန်ရှိသူတွေကလည်း round လှည့်မယ်လို့ သူတို့ရဲ့ ကြေညာချက်ထဲမှာတော့ တွေ့တယ်ဗျ။ နောက် တစ်ခု ကြေညာတာလေ။ ရက်အကန့်အသတ်မရှိဘူးဗျ။ အရှည်အကြာလေး ပိတ်မယ့် သဘောရှိတယ်။”

အိန္ဒိယနိုင်ငံ မိုးရေးမြို့နဲ့ မြန်မာနိုင်ငံ တမူးမြို့ကို ဝင်ထွက်နိုင်တဲ့ ဂိတ် ၂ ဂိတ်ရှိတာ ဖြစ်ပါတယ်။

အမှတ် ၂ ဂိတ်အနီးရှိတဲ့ နန့်ဖာလုံဈေးတော့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ဈေးလည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လူအဝင်အထွက် မရှိလို့ နန့်ဖာလုံဈေးကဆိုင်တွေ ပိတ်ကုန်ကြောင်း ကုန်စုံဆိုင်ပိုင်ရှင် တဦးက ပြောပါတယ်။

“သူတို့ဘက်ကလူ လုံးဝမလာတော့ မရောင်းရဘူးလေ။ အဲဒါကြောင့် ဆိုင်တောင်မှ သိမ်းခဲ့ပြီ။”

တမူးမြို့က အခြား ကုန်သည် တဦးကလည်း အခုလို ဂိတ်တွေ ပိတ်လိုက်တာကြောင့် နယ်စပ်ကုန်သွယ်ရေးဟာ ရပ်ဆိုင်းသွားတယ်လို့ ပြောပါတယ်။

“နယ်စပ်ကုန်သွယ်ရေးက အခုလောလောဆယ်တော့ ဘာမှ သွားလို့ လာလို့ မရဘူးနော်။ အကုန်လုံး ပိတ်လိုက်တယ်။ ဝမ်းဂိတ်ရော၊ တူးဂိတ်ရော။ အဓိက ထိခိုက်တာကတော့ ကျနော်တို့ ဈေးသူ၊ ဈေးသားတွေ ထိခိုက်တာပေါ့နော်။ ဟိုဘက်ကမ်းကလည်း ထိခိုက်တာပေါ့။ အဓိက ကျနော်တို့ ဒီဈေးကို မှီခိုပြီးမှ အရောင်းအဝယ် လုပ်နေကြတဲ့လူ သူတို့လည်း ထိခိုက်တာပဲ။ သူတို့ ရက်အကန့်အသတ်မရှိပိတ်ထားတယ်။”

အိန္ဒိယ-မြန်မာနယ်စပ်က နောက်ထပ် ကုန်သွယ်ရေးနဲ့ ဝင်ထွက်ဂိတ်တခုဖြစ်တဲ့ ရခေါဒါ-မီဇိုရမ် နယ်စပ်ဂိတ်ကိုလည်း ဒီကနေ့ ညနေပိုင်းမှာပဲ ပိတ်လိုက်ပါတယ်။

အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်တွေကို ဖြတ်သန်းသွားလာရာမှာတော့ နှစ်နိုင်ငံစလုံးက ကျန်းမာရေးစစ်ဆေးတာတွေ ဆောင်ရွက်ပြီးမှ ဝင်ခွင့်ပေးထားတာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ လူ ၅၀ ကျော် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရကြောင်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပေမဲ့ မိုရေးဘက်မှာ ကူးစက်ထားသူ ရှိ၊ မရှိ ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ မြန်မာနိုင်ငံကတော့ ကူးစက်သူမရှိကြောင်း ထုတ်ပြန်ထားပါတယ်။

ကိုမိုးေဇာ္/VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္အေရးေၾကာင့္ အိႏိၵယ-ျမန္မာ နယ္စပ္ဂိတ္မ်ားပိတ္ ကို႐ိုနာဗိုင္းရပ္စ္အေရးေၾကာင့္ အိႏိၵယ-ျမန္မာ နယ္စပ္ဂိတ္မ်ားပိတ္ Reviewed by THITHTOOLWIN on 21:44 Rating: 5
Powered by Blogger.