တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးေ႐ြးခ်ယ္တဲ့ ျပင္ဆင္ခ်က္ ၇၅ ရာႏႈန္းေက်ာ္ေထာက္ခံ

(Zawgyi)⤵⤵⤵
တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးေတြကို လႊတ္ေတာ္ ကိုယ္စားလွယ္ေတြထဲကမဟုတ္ဘဲ အရည္အခ်င္းရွိသူတိုင္း ခန႔္အပ္ႏိုင္ခြင့္ ျပင္ဆင္တဲ့ ဖြဲ႕စည္းပုံပါ ပုဒ္မကို ဒီေန႔ ျပည္ေထာင္စုလႊတ္ေတာ္က မဲခြဲဆုံးျဖတ္ရာမွာ ကိုယ္စားလွယ္မဲ ၇၅% ေက်ာ္က ေထာက္ခံတဲ့အတြက္ ဒီပုဒ္မကို ျပင္ဆင္ဖို႔ လႊတ္ေတာ္က သေဘာတူ ဆုံးျဖတ္လိုက္ပါတယ္။

ဒါဟာ ခုႏွစ္ရက္ၾကာ ဖြဲ႕စည္းပုံျပင္ဆင္ေရး မဲခြဲရာမွာ တပ္နဲ႔ NLD ပါတီအၾကား ျပင္ဖို႔ သေဘာထားတူညီခဲ့တဲ့ သုံးခုေျမာက္ ပုဒ္မလည္း ျဖစ္ပါတယ္။

ဒီေန႔ မဲခြဲဆုံးျဖတ္ခဲ့တဲ့ ပုဒ္မေပါင္း ၁၉ ခုထဲမွာ ထူးျခားခ်က္အေနနဲ႔ ဝန္ႀကီး ေ႐ြးခ်ယ္ျခင္းဆိုင္ရာ ပုဒ္မ ၂၆၂ (က) (၁) ျပင္ဆင္ေရးနဲ႔ ပတ္သက္ၿပီး NLD ပါတီက ဦးထြန္းထြန္းဟိန္ ဦးေဆာင္တင္သြင္းတဲ့ မူၾကမ္းနဲ႔ ဗိုလ္မႉးခ်ဳပ္ ေအာင္ဆန္းခ်စ္ တင္သြင္းတဲ့ မူၾကမ္း တူညီေနခဲ့တဲ့အတြက္ အခုလို ၇၅ ရာခိုင္ႏႈန္းေက်ာ္ၿပီး ျပင္ဆင္ဖို႔ ဆုံးျဖတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

NLD ပါတီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ျမတ္ဉာဏစိုးကေတာ့ ဒီထက္ပိုၿပီး ေမွ်ာ္လင့္ခဲ့တယ္လို႔ ဒီကေန႔ မဲခြဲအၿပီး မွတ္ခ်က္ျပဳပါတယ္။

"ဖြဲ႕စည္းပုံ အေျခခံဥပေဒ ၄၃၆(ခ) မွာ အခ်က္တစ္ခ်က္ဟာ ေအာင္သြားၿပီ။ ဒါဟာ ျပည္သူ႔ဆႏၵ ခံယူစရာေတာင္မလိုဘူး ။ ၄၃၆ (က) လိုေတာင္မဟုတ္ဘူးေပါ့။ ဆိုေတာ့ ဒါက်ေနာ္တို႔ေတာ္ေတာ္ကို ေပ်ာ္႐ႊင္ဝမ္းေျမာက္ရမွာ။ ျပည္သူလူထုကလည္း ေပ်ာ္႐ႊင္ဝမ္းေျမာက္ရမွာ။ မေပ်ာ္ဘူးလားဆိုေတာ့ မေပ်ာ္ဘူးလည္း မဟုတ္ပါဘူး။ သို႔ေသာ္ ဒီအခ်က္တစ္ခ်က္ဟာ ဒါ ဖြဲ႕စည္းပုံအေျခခံဥပေဒထဲမွာလည္း ျပဌာန္းၿပီးသားပဲ ။ လႊတ္ေတာ္ ကိုယ္စားလွယ္ထဲကပဲျဖစ္ျဖစ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ မဟုတ္သူထဲကပဲ ျဖစ္ျဖစ္ လက္ေတြ႕လည္း ေဆာင္႐ြက္ေနတဲ့အခ်က္ပဲ၊ ဒီအခ်က္ထက္ေပါ့ေနာ္ အမ်ားႀကီး က်ေနာ္က ေမွ်ာ္လင့္ထားတာ၊ အမ်ားႀကီးေမွ်ာ္မွန္းထားတာ။ အဲေတာ့ ကိုယ္ေမွ်ာ္မွန္းတဲ့ အတိုင္းေတာ့ မရရွိခဲ့ဘူးလို႔ ေျပာခ်င္ပါတယ္။"

၂၆၂ (က) (၁) မူလျပဌာန္းခ်က္မွာ ျပည္နယ္ ဒါမွမဟုတ္ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထဲက ျဖစ္ေစ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ မဟုတ္သူမ်ားထဲကျဖစ္ေစ၊ ပုဒ္မ ၂၆၁ ပုဒ္မခြဲ (က) ပါ ျပဌာန္းခ်က္မွာ သတ္မွတ္ထားတဲ့ အရည္အခ်င္းေတြနဲ႔ ျပည့္စုံတဲ့ ပုဂၢိဳလ္ကို ေ႐ြးခ်ယ္ရမယ္လို႔ ေဖာ္ျပထားပါတယ္။

ဦးထြန္းထြန္းဟိန္နဲ႔ ဗိုလ္မႉးခ်ဳပ္ ေအာင္ဆန္းခ်စ္တို႔ရဲ႕ ျပင္ဆင္ခ်က္ေတြမွာေတာ့ ျပည္နယ္ ဒါမွမဟုတ္ တိုင္းလႊတ္ေတာ္ ကိုယ္စားလွယ္မ်ားထဲက ျဖစ္ေစ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ မဟုတ္သူမ်ားထဲကျဖစ္ေစ ဆိုတဲ့ အခ်က္ကို ဖ်က္ၿပီး ျပဌာန္းခ်က္ပါ အရည္အခ်င္းေတြနဲ႔ ျပည့္စုံတဲ့ ပုဂၢိဳလ္ကို ေ႐ြးခ်ယ္ရမယ္လို႔ ျပင္ထားၾကတာ ျဖစ္ပါတယ္။

ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအးက ဖြဲ႕စည္းပုံ ျပင္ဆင္ေရး ဒီထက္မက ေအာင္ျမင္လိုရင္ မဲမခြဲခင္ကတည္းက ႏွစ္ဘက္ သေဘာထားေတြကို အေၾကအလည္ ညႇိႏႈိင္းဖို႔လိုတယ္လို႔ ေဝဖန္ပါတယ္။

"ေအာင္ျမင္သြားတယ္ဆိုတဲ့ ပုဒ္မ သုံးခုရွိၿပီေပါ့။ ဒါေတြကလည္းပဲ ဘာပဲေျပာေနေန ဒါ ဟိုဘက္ဒီဘက္ မညႇိႏႈိင္းေပမယ့္လည္း တူညီတဲ့ အယူအဆတစ္ခုရလို႔ ဒါေအာင္ျမင္သြားတာပါပဲ။ ဒီေတာ့ အဲလို ေအာင္ျမင္လိုရင္ ဒီဟာေတြကို သင္ခန္းစာယူရမယ္။ ဒီလိုေအာင္ျမင္မႈရွိတဲ့ေနာက္ေတာ့ ေတြ႕ဆုံၿပီးေတာ့ ညႇိႏႈိင္းၿပီးေတာ့လုပ္ရင္ ဒီထက္မက မေအာင္ျမင္ဘူးလားဆိုေတာ့ အေတြးကို ေတြးၾကည့္ၾကပါလား။ အဲလိုမဟုတ္ဘဲနဲ႔ တစ္ဖြဲ႕နဲ႔တစ္ဖြဲ႕ ၊ တစ္ေယာက္နဲ႔တစ္ေယာက္ ဘယ္သူက ကန႔္လန႔္တိုက္ေနတယ္။ ဘယ္သူက မဟုတ္တာလုပ္ေနတယ္လို႔ အျပစ္ေျပာေနျခင္းအားျဖင့္ေတာ့ ဒီရည္မွန္းခ်က္ကို မေရာက္ႏိုင္ဘူး ။ ဖြဲ႕စည္းပုံ အေျခခံဥပေဒျပင္ေနတာ ခုၿပီးသာၿပီးေတာ့မယ္ တကယ့္ ပီပီျပင္ျပင္ ျပင္ႏိုင္မလားဆိုေတာ့ ျပင္ႏိုင္မယ့္ အေနအထားမရွိဘူး။"

တစ္ဆက္တည္းမွာပဲ တိုင္းရင္းသားေတြလိုလားေနတဲ့ ဗဟိုအစိုးရဆီက အာဏာခြဲေရး ျပင္ဆင္ခ်က္တစ္ခုျဖစ္တဲ့  ျပည္နယ္နဲ႔တိုင္း ဝန္ႀကီးခ်ဳပ္ကို သက္ဆိုင္ရာ လႊတ္ေတာ္ေတြက ေ႐ြးခ်ယ္ခန႔္အပ္ပိုင္ခြင့္ ဖြဲ႕စည္းပုံပါ ပုဒ္မ ၂၆၁ နဲ႔ သက္ဆိုင္တဲ့ ပုဒ္မေတြကို မဲခြဲဆုံးျဖတ္ခဲ့ေပမယ့္ အာဏာရ NLD ပါတီ ကိုယ္စားလွယ္ေတြက ကန႔္ကြက္ခဲ့ၾကတဲ့အတြက္ ျပင္ဆင္ေရးအဆို  ရႈံးနိမ့္သြားပါတယ္။

ပုဒ္မ ၂၆၁ ( ဂ ) အဆိုမူၾကမ္းကို ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရးပါတီက ဦးသိန္းထြန္း တင္သြင္းတာျဖစ္ၿပီး ႏိုင္ငံေတာ္ သမၼတအေနနဲ႔ တိုင္း ဒါမွမဟုတ္ ျပည္နယ္လႊတ္ေတာ္က ဆႏၵမဲနဲ႔ ေ႐ြးခ်ယ္ထားတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ကို တိုင္း ဒါမွမဟုတ္ ျပည္နယ္ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ရမယ္လို႔ ျပင္ဆင္ထားတဲ့ ပုဒ္မျဖစ္ပါတယ္။

မူလျပဌာန္းခ်က္က ႏိုင္ငံေတာ္ သမၼတအေနနဲ႔ တိုင္း ဒါမွမဟုတ္ ျပည္နယ္လႊတ္ေတာ္ရဲ႕ သေဘာတူညီခ်က္ ရရွိၿပီးတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ရမယ္လို႔  ျဖစ္ပါတယ္။

ဒီေန႔ တက္ေရာက္လာတဲ့ ကိုယ္စားလွယ္ စုစုေပါင္း ၆၂၉ ဦးရွိၿပီး အဲဒီပုဒ္မကို ကိုယ္စားလွယ္ ၂၃၇ ဦးက မဲေပးခဲ့ပါတယ္။ ကန႔္ကြက္မဲ ၃၉၈ မဲ၊ ပယ္မဲ ၂ မဲျဖစ္တဲ့အတြက္ ၃၆ % သာရခဲ့လို႔ မျပင္ဆင္ႏိုင္ဘဲ မူလအတိုင္းသာ ထားရွိရမွာျဖစ္ပါတယ္။

ပုဒ္မ ၂၆၁ (ဃ ) မွာ ဝန္ႀကီးခ်ဳပ္အတြက္ သတ္မွတ္ထားတဲ့ အရည္အခ်င္းေတြနဲ႔ မျပည့္စုံတာကို အထင္အရွားမျပႏိုင္ပါက သမၼတက အမည္စာရင္း တင္သြင္းတဲ့ လႊတ္ေတာ္ ကိုယ္စားလွယ္ကို ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္တာဝန္ေပးဖို႔ ျငင္းပယ္ခြင့္ မရွိေစရလို႔ ျဖစ္ပါတယ္။

ဦးသိန္းထြန္း ျပင္ဆင္တဲ့ မူၾကမ္းမွာ တိုင္း ဒါမွမဟုတ္ ျပည္နယ္ လႊတ္ေတာ္က ဆႏၵမဲနဲ႔ ေ႐ြးခ်ယ္ထားတဲ့သူကို ဝန္ႀကီးခ်ဳပ္အရည္အခ်င္းေတြနဲ႔ ျပည့္စုံမႈမရွိေၾကာင္း ခိုင္လုံတဲ့ အခ်က္မေပၚေပါက္ရင္ သမၼတအေနနဲ႔ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္တာဝန္ေပးဖို႔ ျငင္းပယ္ခြင့္မရွိေစရဆိုၿပီး ျဖစ္ပါတယ္။ အဲဒီ ပုဒ္မလည္း ေထာက္ခံမဲ ၂၃၅ မဲ သာရၿပီး ရႈံးနိမ့္ခဲ့ရပါတယ္။

ရခိုင္အမ်ိဳးသားပါတီ ANP က လႊတ္ေတာ္ ကိုယ္စားလွယ္ေတြကေတာ့ အာဏာရ NLD လို ဒီမိုကေရစီပါတီ တစ္ခုက ဗဟို ခ်ဳပ္ကိုင္မႈေလွ်ာ့ခ်ၿပီး တိုင္းရင္းသားေတြကို အာဏာခြဲေဝမႈမရွိတဲ့အေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္တာေတြ ရွိခဲ့ပါတယ္။

NLD ပါတီက ကိုယ္စားလွယ္ေတြဘက္ကေတာ့ ျပည္နယ္လႊတ္ေတာ္ေတြက ဝန္ႀကီးခ်ဳပ္ ခန႔္အပ္ပိုင္ခြင့္ကို ေထာက္ခံေပမယ့္ တပ္မေတာ္သား ကိုယ္စားလွယ္ေတြရဲ႕ ဆႏၵမဲမပါဘဲ ေ႐ြးေကာက္ခံေတြရဲ႕ ဆႏၵမဲ သက္သက္နဲ႔သာ ေ႐ြးခ်ယ္ေရးကို ျပင္ဆင္လိုပါတယ္။

ဗိုလ္မႉးခ်ဳပ္ ေအာင္ဆန္းခ်စ္ ျပင္ဆင္ထားတဲ့ ပုဒ္မ ၂၆၂ ( ႒) (၂ ) ကေတာ့ တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးမ်ားက သက္ဆိုင္ရာ ဝန္ႀကီးခ်ဳပ္ကို တာဝန္ခံရမယ္လို႔ျဖစ္ပါတယ္။ မူလျပဌာန္းခ်က္က တိုင္းနဲ႔ ျပည္နယ္ဝန္ႀကီးမ်ားက သက္ဆိုင္ရာ ဝန္ႀကီးခ်ဳပ္ကို လည္းေကာင္း၊ ဝန္ႀကီးခ်ဳပ္ေတြကတဆင့္ ႏိုင္ငံေတာ္ သမၼတကို တာဝန္ခံရမယ္လို႔ ျဖစ္ပါတယ္။

အဲဒီအခ်က္ေတြလည္း NLD ပါတီ ကိုယ္စားလွယ္ေတြက မေထာက္ခံတဲ့အတြက္ ရႈံးနိမ့္ခဲ့ပါတယ္။

ဒီေန႔ NLD ပါတီ က ဦးထြန္းထြန္းဟိန္ ျပင္ဆင္တဲ့ ပုဒ္မ ၂၆၂ နဲ႔ ဆိုင္တဲ့ ပုဒ္မတစ္ခုမွာ တိုင္းနဲ႔ ျပည္နယ္ အစိုးရအဖြဲ႕ေတြရဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနေတြမွာ ဝန္ႀကီးအျဖစ္ ခန႔္အပ္တာဝန္ေပးခံတဲ့ တပ္မေတာ္သားေတြက ခန႔္အပ္ခံရတဲ့ေန႔ကစလို႔ တပ္မေတာ္မွ အၿငိမ္းစားယူၿပီးျဖစ္တယ္လို႔ မွတ္ယူရမယ္လို႔ ျဖစ္ပါတယ္။

မူလျပဌာန္းခ်က္က တိုင္း နဲ႔ ျပည္နယ္ အစိုးရအဖြဲ႕ေတြရဲ႕ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီးဌာနေတြမွာ ဝန္ႀကီးအျဖစ္ ခန႔္အပ္တာဝန္ေပးခံတဲ့ တပ္မေတာ္သားေတြ အေနနဲ႔ တပ္မေတာ္မွ အၿငိမ္းစာယူဖို႔ ဒါမွမဟုတ္ ႏုတ္ထြက္ဖို႔ မလို ျဖစ္ပါတယ္။

အဲဒီျပင္ဆင္ခ်က္ကလည္း ေထာက္ခံမဲ ၃၉၉ မဲနဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တိုင်းနဲ့ပြည်နယ်ဝန်ကြီးရွေးချယ်တဲ့ ပြင်ဆင်ချက် ၇၅ ရာနှုန်းကျော်ထောက်ခံ

တိုင်းနဲ့ ပြည်နယ်ဝန်ကြီးတွေကို လွှတ်တော် ကိုယ်စားလှယ်တွေထဲကမဟုတ်ဘဲ အရည်အချင်းရှိသူတိုင်း ခန့်အပ်နိုင်ခွင့် ပြင်ဆင်တဲ့ ဖွဲ့စည်းပုံပါ ပုဒ်မကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာ ကိုယ်စားလှယ်မဲ ၇၅% ကျော်က ထောက်ခံတဲ့အတွက် ဒီပုဒ်မကို ပြင်ဆင်ဖို့ လွှတ်တော်က သဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဒါဟာ ခုနှစ်ရက်ကြာ ဖွဲ့စည်းပုံပြင်ဆင်ရေး မဲခွဲရာမှာ တပ်နဲ့ NLD ပါတီအကြား ပြင်ဖို့ သဘောထားတူညီခဲ့တဲ့ သုံးခုမြောက် ပုဒ်မလည်း ဖြစ်ပါတယ်။

ဒီနေ့ မဲခွဲဆုံးဖြတ်ခဲ့တဲ့ ပုဒ်မပေါင်း ၁၉ ခုထဲမှာ ထူးခြားချက်အနေနဲ့ ဝန်ကြီး ရွေးချယ်ခြင်းဆိုင်ရာ ပုဒ်မ ၂၆၂ (က) (၁) ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီက ဦးထွန်းထွန်းဟိန် ဦးဆောင်တင်သွင်းတဲ့ မူကြမ်းနဲ့ ဗိုလ်မှူးချုပ် အောင်ဆန်းချစ် တင်သွင်းတဲ့ မူကြမ်း တူညီနေခဲ့တဲ့အတွက် အခုလို ၇၅ ရာခိုင်နှုန်းကျော်ပြီး ပြင်ဆင်ဖို့ ဆုံးဖြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုးကတော့ ဒီထက်ပိုပြီး မျှော်လင့်ခဲ့တယ်လို့ ဒီကနေ့ မဲခွဲအပြီး မှတ်ချက်ပြုပါတယ်။

"ဖွဲ့စည်းပုံ အခြေခံဥပဒေ ၄၃၆(ခ) မှာ အချက်တစ်ချက်ဟာ အောင်သွားပြီ။ ဒါဟာ ပြည်သူ့ဆန္ဒ ခံယူစရာတောင်မလိုဘူး ။ ၄၃၆ (က) လိုတောင်မဟုတ်ဘူးပေါ့။ ဆိုတော့ ဒါကျနော်တို့တော်တော်ကို ပျော်ရွှင်ဝမ်းမြောက်ရမှာ။ ပြည်သူလူထုကလည်း ပျော်ရွှင်ဝမ်းမြောက်ရမှာ။ မပျော်ဘူးလားဆိုတော့ မပျော်ဘူးလည်း မဟုတ်ပါဘူး။ သို့သော် ဒီအချက်တစ်ချက်ဟာ ဒါ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာလည်း ပြဌာန်းပြီးသားပဲ ။ လွှတ်တော် ကိုယ်စားလှယ်ထဲကပဲဖြစ်ဖြစ်၊ လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူထဲကပဲ ဖြစ်ဖြစ် လက်တွေ့လည်း ဆောင်ရွက်နေတဲ့အချက်ပဲ၊ ဒီအချက်ထက်ပေါ့နော် အများကြီး ကျနော်က မျှော်လင့်ထားတာ၊ အများကြီးမျှော်မှန်းထားတာ။ အဲတော့ ကိုယ်မျှော်မှန်းတဲ့ အတိုင်းတော့ မရရှိခဲ့ဘူးလို့ ပြောချင်ပါတယ်။"

၂၆၂ (က) (၁) မူလပြဌာန်းချက်မှာ ပြည်နယ် ဒါမှမဟုတ် တိုင်းလွှတ်တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ၊ ပုဒ်မ ၂၆၁ ပုဒ်မခွဲ (က) ပါ ပြဌာန်းချက်မှာ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဦးထွန်းထွန်းဟိန်နဲ့ ဗိုလ်မှူးချုပ် အောင်ဆန်းချစ်တို့ရဲ့ ပြင်ဆင်ချက်တွေမှာတော့ ပြည်နယ် ဒါမှမဟုတ် တိုင်းလွှတ်တော် ကိုယ်စားလှယ်များထဲက ဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲကဖြစ်စေ ဆိုတဲ့ အချက်ကို ဖျက်ပြီး ပြဌာန်းချက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်ကို ရွေးချယ်ရမယ်လို့ ပြင်ထားကြတာ ဖြစ်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေးက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဒီထက်မက အောင်မြင်လိုရင် မဲမခွဲခင်ကတည်းက နှစ်ဘက် သဘောထားတွေကို အကြေအလည် ညှိနှိုင်းဖို့လိုတယ်လို့ ဝေဖန်ပါတယ်။

"အောင်မြင်သွားတယ်ဆိုတဲ့ ပုဒ်မ သုံးခုရှိပြီပေါ့။ ဒါတွေကလည်းပဲ ဘာပဲပြောနေနေ ဒါ ဟိုဘက်ဒီဘက် မညှိနှိုင်းပေမယ့်လည်း တူညီတဲ့ အယူအဆတစ်ခုရလို့ ဒါအောင်မြင်သွားတာပါပဲ။ ဒီတော့ အဲလို အောင်မြင်လိုရင် ဒီဟာတွေကို သင်ခန်းစာယူရမယ်။ ဒီလိုအောင်မြင်မှုရှိတဲ့နောက်တော့ တွေ့ဆုံပြီးတော့ ညှိနှိုင်းပြီးတော့လုပ်ရင် ဒီထက်မက မအောင်မြင်ဘူးလားဆိုတော့ အတွေးကို တွေးကြည့်ကြပါလား။ အဲလိုမဟုတ်ဘဲနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ၊ တစ်ယောက်နဲ့တစ်ယောက် ဘယ်သူက ကန့်လန့်တိုက်နေတယ်။ ဘယ်သူက မဟုတ်တာလုပ်နေတယ်လို့ အပြစ်ပြောနေခြင်းအားဖြင့်တော့ ဒီရည်မှန်းချက်ကို မရောက်နိုင်ဘူး ။ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်နေတာ ခုပြီးသာပြီးတော့မယ် တကယ့် ပီပီပြင်ပြင် ပြင်နိုင်မလားဆိုတော့ ပြင်နိုင်မယ့် အနေအထားမရှိဘူး။"

တစ်ဆက်တည်းမှာပဲ တိုင်းရင်းသားတွေလိုလားနေတဲ့ ဗဟိုအစိုးရဆီက အာဏာခွဲရေး ပြင်ဆင်ချက်တစ်ခုဖြစ်တဲ့  ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ်ကို သက်ဆိုင်ရာ လွှတ်တော်တွေက ရွေးချယ်ခန့်အပ်ပိုင်ခွင့် ဖွဲ့စည်းပုံပါ ပုဒ်မ ၂၆၁ နဲ့ သက်ဆိုင်တဲ့ ပုဒ်မတွေကို မဲခွဲဆုံးဖြတ်ခဲ့ပေမယ့် အာဏာရ NLD ပါတီ ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြတဲ့အတွက် ပြင်ဆင်ရေးအဆို  ရှုံးနိမ့်သွားပါတယ်။

ပုဒ်မ ၂၆၁ ( ဂ ) အဆိုမူကြမ်းကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဦးသိန်းထွန်း တင်သွင်းတာဖြစ်ပြီး နိုင်ငံတော် သမ္မတအနေနဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်က ဆန္ဒမဲနဲ့ ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို တိုင်း ဒါမှမဟုတ် ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမယ်လို့ ပြင်ဆင်ထားတဲ့ ပုဒ်မဖြစ်ပါတယ်။

မူလပြဌာန်းချက်က နိုင်ငံတော် သမ္မတအနေနဲ့ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ရဲ့ သဘောတူညီချက် ရရှိပြီးတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရမယ်လို့  ဖြစ်ပါတယ်။

ဒီနေ့ တက်ရောက်လာတဲ့ ကိုယ်စားလှယ် စုစုပေါင်း ၆၂၉ ဦးရှိပြီး အဲဒီပုဒ်မကို ကိုယ်စားလှယ် ၂၃၇ ဦးက မဲပေးခဲ့ပါတယ်။ ကန့်ကွက်မဲ ၃၉၈ မဲ၊ ပယ်မဲ ၂ မဲဖြစ်တဲ့အတွက် ၃၆ % သာရခဲ့လို့ မပြင်ဆင်နိုင်ဘဲ မူလအတိုင်းသာ ထားရှိရမှာဖြစ်ပါတယ်။

ပုဒ်မ ၂၆၁ (ဃ ) မှာ ဝန်ကြီးချုပ်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ မပြည့်စုံတာကို အထင်အရှားမပြနိုင်ပါက သမ္မတက အမည်စာရင်း တင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ငြင်းပယ်ခွင့် မရှိစေရလို့ ဖြစ်ပါတယ်။

ဦးသိန်းထွန်း ပြင်ဆင်တဲ့ မူကြမ်းမှာ တိုင်း ဒါမှမဟုတ် ပြည်နယ် လွှတ်တော်က ဆန္ဒမဲနဲ့ ရွေးချယ်ထားတဲ့သူကို ဝန်ကြီးချုပ်အရည်အချင်းတွေနဲ့ ပြည့်စုံမှုမရှိကြောင်း ခိုင်လုံတဲ့ အချက်မပေါ်ပေါက်ရင် သမ္မတအနေနဲ့ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးဖို့ ငြင်းပယ်ခွင့်မရှိစေရဆိုပြီး ဖြစ်ပါတယ်။ အဲဒီ ပုဒ်မလည်း ထောက်ခံမဲ ၂၃၅ မဲ သာရပြီး ရှုံးနိမ့်ခဲ့ရပါတယ်။

ရခိုင်အမျိုးသားပါတီ ANP က လွှတ်တော် ကိုယ်စားလှယ်တွေကတော့ အာဏာရ NLD လို ဒီမိုကရေစီပါတီ တစ်ခုက ဗဟို ချုပ်ကိုင်မှုလျှော့ချပြီး တိုင်းရင်းသားတွေကို အာဏာခွဲဝေမှုမရှိတဲ့အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တာတွေ ရှိခဲ့ပါတယ်။

NLD ပါတီက ကိုယ်စားလှယ်တွေဘက်ကတော့ ပြည်နယ်လွှတ်တော်တွေက ဝန်ကြီးချုပ် ခန့်အပ်ပိုင်ခွင့်ကို ထောက်ခံပေမယ့် တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ဆန္ဒမဲမပါဘဲ ရွေးကောက်ခံတွေရဲ့ ဆန္ဒမဲ သက်သက်နဲ့သာ ရွေးချယ်ရေးကို ပြင်ဆင်လိုပါတယ်။

ဗိုလ်မှူးချုပ် အောင်ဆန်းချစ် ပြင်ဆင်ထားတဲ့ ပုဒ်မ ၂၆၂ ( ဋ္ဌ) (၂ ) ကတော့ တိုင်းနဲ့ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာ ဝန်ကြီးချုပ်ကို တာဝန်ခံရမယ်လို့ဖြစ်ပါတယ်။ မူလပြဌာန်းချက်က တိုင်းနဲ့ ပြည်နယ်ဝန်ကြီးများက သက်ဆိုင်ရာ ဝန်ကြီးချုပ်ကို လည်းကောင်း၊ ဝန်ကြီးချုပ်တွေကတဆင့် နိုင်ငံတော် သမ္မတကို တာဝန်ခံရမယ်လို့ ဖြစ်ပါတယ်။

အဲဒီအချက်တွေလည်း NLD ပါတီ ကိုယ်စားလှယ်တွေက မထောက်ခံတဲ့အတွက် ရှုံးနိမ့်ခဲ့ပါတယ်။

ဒီနေ့ NLD ပါတီ က ဦးထွန်းထွန်းဟိန် ပြင်ဆင်တဲ့ ပုဒ်မ ၂၆၂ နဲ့ ဆိုင်တဲ့ ပုဒ်မတစ်ခုမှာ တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေမှာ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံတဲ့ တပ်မတော်သားတွေက ခန့်အပ်ခံရတဲ့နေ့ကစလို့ တပ်မတော်မှ အငြိမ်းစားယူပြီးဖြစ်တယ်လို့ မှတ်ယူရမယ်လို့ ဖြစ်ပါတယ်။

မူလပြဌာန်းချက်က တိုင်း နဲ့ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနတွေမှာ ဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခံတဲ့ တပ်မတော်သားတွေ အနေနဲ့ တပ်မတော်မှ အငြိမ်းစာယူဖို့ ဒါမှမဟုတ် နုတ်ထွက်ဖို့ မလို ဖြစ်ပါတယ်။

အဲဒီပြင်ဆင်ချက်ကလည်း ထောက်ခံမဲ ၃၉၉ မဲနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးေ႐ြးခ်ယ္တဲ့ ျပင္ဆင္ခ်က္ ၇၅ ရာႏႈန္းေက်ာ္ေထာက္ခံ တိုင္းနဲ႔ျပည္နယ္ဝန္ႀကီးေ႐ြးခ်ယ္တဲ့ ျပင္ဆင္ခ်က္ ၇၅ ရာႏႈန္းေက်ာ္ေထာက္ခံ Reviewed by THITHTOOLWIN on 01:00 Rating: 5
Powered by Blogger.