သဘာဝပတ္ဝန္းက်င္အေရးလႈပ္ရွားသူ ေစာသာဘိုး ပုဒ္မ ၅၀၅ (ခ) နဲ႔ အမႈဖြင့္ခံရ

(Zawgyi)⤵⤵⤵
ကရင္ျပည္နယ္ ဘားအံၿမိဳ႕အေျခစိုက္ “သံလြင္ျမစ္ေၾကာင္း ေစာင့္ၾကည့္ေရးကြန္ရက္” က ေစာသာဘိုးကို ဘားအံၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးအဖြဲ႕က ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ) နဲ႔ အမႈဖြင့္လိုက္ပါတယ္။

မေန႔ညက ေစာသာဘိုးကို သူ႔ေနအိမ္မွာ သြားေရာက္ဖမ္းဆီးခဲ့ေပမယ့္ မေတြ႕ခဲ့ဘူးလို႔ ဘားအံၿမိဳ႕နယ္ ရဲမႉး တင္ထြန္းေအာင္က RFA ကို ေျပာပါတယ္။

ဘာေၾကာင့္ အမႈဖြင့္ထားတာလဲဆိုတဲ့ ေမးခြန္းကိုေတာ့ အေထြေထြ အုပ္ခ်ဳပ္ေရးအဖြဲ႕ကိုသာေမးဖို႔ ေျပာပါတယ္။

ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ေစာသာဘိုးကို RFA က ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္း မရွိေသးပါဘူး။

ကရင္ျပည္နယ္ အေျခစိုက္ ေကအိုင္စီ သတင္းဌာနရဲ႕ ေဖာ္ျပခ်က္မွာေတာ့ ၿပီးခဲ့တဲ့ ဇန္နဝါရီလ ၁၇ ရက္ေန႔က ဘားအံၿမိဳ႕နယ္ ဘားကပ္ေက်း႐ြာအုပ္စု နတ္ကုန္း႐ြာမွာ ေက်ာက္မီးေသြး ေလာင္စာသုံး ဘိလပ္ေျမစက္႐ုံ ဖ်က္သိမ္းေရး ဆုေတာင္းပြဲ က်င္းပခဲ့လို႔ အခုလို အမႈဖြင့္ခံရတာလို႔ ဆိုပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese/
------------
(Unicode)⤵⤵⤵
သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ စောသာဘိုး ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်ခံရ

 ကရင်ပြည်နယ် ဘားအံမြို့အခြေစိုက် “သံလွင်မြစ်ကြောင်း စောင့်ကြည့်ရေးကွန်ရက်” က စောသာဘိုးကို ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ အမှုဖွင့်လိုက်ပါတယ်။

မနေ့ညက စောသာဘိုးကို သူ့နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့ပေမယ့် မတွေ့ခဲ့ဘူးလို့ ဘားအံမြို့နယ် ရဲမှူး တင်ထွန်းအောင်က RFA ကို ပြောပါတယ်။

ဘာကြောင့် အမှုဖွင့်ထားတာလဲဆိုတဲ့ မေးခွန်းကိုတော့ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့ကိုသာမေးဖို့ ပြောပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့နဲ့ စောသာဘိုးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

ကရင်ပြည်နယ် အခြေစိုက် ကေအိုင်စီ သတင်းဌာနရဲ့ ဖော်ပြချက်မှာတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က ဘားအံမြို့နယ် ဘားကပ်ကျေးရွာအုပ်စု နတ်ကုန်းရွာမှာ ကျောက်မီးသွေး လောင်စာသုံး ဘိလပ်မြေစက်ရုံ ဖျက်သိမ်းရေး ဆုတောင်းပွဲ ကျင်းပခဲ့လို့ အခုလို အမှုဖွင့်ခံရတာလို့ ဆိုပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
သဘာဝပတ္ဝန္းက်င္အေရးလႈပ္ရွားသူ ေစာသာဘိုး ပုဒ္မ ၅၀၅ (ခ) နဲ႔ အမႈဖြင့္ခံရ သဘာဝပတ္ဝန္းက်င္အေရးလႈပ္ရွားသူ ေစာသာဘိုး ပုဒ္မ ၅၀၅ (ခ) နဲ႔ အမႈဖြင့္ခံရ Reviewed by THITHTOOLWIN on 15:14 Rating: 5
Powered by Blogger.