တိုက္ပြဲေတြအတြင္း ဖမ္းဆီးမိတဲ႔ ျပင္းထန္ဒဏ္ရာရ တပ္မေတာ္သား ၄ ဦး ေအေအျပန္လႊတ္ေပးမယ္

Photo- AA Website 

(Zawgyi)⤵⤵⤵

ၿပီးခဲ႔တဲ့ မတ္လ (၁၀၊ ၁၁) ရက္က ရခိုင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ တပ္မေတာ္နဲ႔ေအေအၾကား တိုက္ပြားခဲ႔ၿပီးတဲ႔ေနာက္ တပ္မေတာ္ဖက္က ၃၆ ဦးကို ေအေအကဖမ္းဆီးခဲ႔ရာ ယင္းအထဲက ၂ ဦးမွာ ဒဏ္ရာျပင္းထန္ျပီး အခ်ိန္မီေဆးကုသဖို႔ လိုအပ္တာေၾကာင့္ ျပန္လႊတ္ေပးဖို႔ ထုတ္ျပန္ထားေၾကာင္း ေအေအ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ေျပာဆိုၿပီး မေန႔က မတ္လ ၁၄ ရက္ေန႔မွာလည္း ေနာက္ထပ္ဒဏ္ရာရသူ ၁၅ ဦး႐ွိရာ ယင္းအထဲက ဒဏ္ရာျပင္းထန္သူ ၂ ဦးျပန္လႊတ္ေပးဖို႔ ေအေအက ထုတ္ျပန္ထားတာ႐ွိပါတယ္။

အခုလိုမ်ိဳး တပ္မေတာ္ဖက္က ေအေအနဲ႔ တိုက္ပြဲအတြင္း ဖမ္းဆီးခံရျပီးေတာ့ ဒဏ္ျပင္းထန္သူ ၄ ဦးကို ျပန္လႊတ္ေပးဖို႔ ထုတ္ျပန္ရတာဟာ ျပင္းထန္ဒဏ္ရာေတြေၾကာင့္ အသက္အႏၱရာယ္စိုးရိမ္ရတဲ႔အတြက္ ျဖစ္တယ္လို႔ သိရပါတယ္။

သူေျပာတာက " ၿပီးခဲ့တဲ႔ မတ္လ ၁၂ ရက္က လႊတ္ေပးမယ္ဆိုၿပီး ေၾကညာခ်က္ထုတ္ျပန္ထားတဲ႔ႏွစ္ေယာက္ကေတာ့ က်ေနာ္တို႔ဖမ္းဆီးထားတဲ႔ စစ္သံု႔ပန္း ၃၆ ေယာက္ထဲက ဒဏ္ရာျပင္းထန္တဲ့ ၂ ေယာက္ျဖစ္တယ္။ သူတို႔ရဲ႕ ဆက္လက္ၿပီးအသက္႐ွင္ဖို႔ ဆိုရင္ လိုအပ္တဲ႔ခြဲစိတ္ကုသမႈေတြ အေရးေပၚလိုအပ္တာေပါ့။ အခ်ိန္မီ ခြဲစိတ္ကုသမႈမလုပ္ဘူးဆိုရင္ သူတို႔အသက္အႏၱရာယ္စိုးရိမ္ရတယ္။ ဒါေၾကာင့္မို႔ သူတို႔ကိုလာယူမယ္ဆိုရင္ က်ေနာ္တို႔ဖက္က လႊတ္ေပးမယ္ဆိုၿပီး ထုတ္ျပန္ထားတာ႐ွိတယ္။ က်ေနာ္တို႔ကေတာ့ အခုအခ်ိန္ထိ ထိန္းသိမ္းထားတာေပါ့၊ သူတို႔ဖက္ကလာယူမယ္႕ အဖြဲ႔အစည္းရွိတယ္ဆိုရင္ေတာ့ က်ေနာ္တို္႔ေပးထားတဲ့ ဖုန္းနံပါတ္အတိုင္း ဆက္သြယ္ၿပီးေတာ့၊ ဘယ္ေနရာမွာ လႊဲေျပာင္းေပးမလဲဆိုတာ ဆက္ၿပီးညိွႏိႈင္းလို႔ရတာေပါ့။" လို႔ ေျပာပါတယ္။

လြန္ခဲ့တဲ့ မတ္လ ၁၃ ရက္ေန႔က VOM နဲ႔ ဆက္သြယ္ရာမွာ ေအေအဖက္က ေျပာတာက" အခုအခ်ိန္ထိ သူတို႔ဖက္က ဘာမွဆက္သြယ္လာတာမ႐ွိေသးဘူး။ သူတို႔ရဲ႕ မိခင္အဖြဲ႔အစည္းျဖစ္တဲ႔ တပ္မေတာ္ကေရာ အစိုးရကေရာ ဘာမွဆက္သြယ္လာတာမ႐ွိဘူး။ ဒီဟာကေတာ့ တပ္မေတာ္က သူတို႔ရဲ႕ လက္ေအာက္ငယ္သားေတြအေပၚမွာ ရဲေဘာ္ရဲဘက္စိတ္ဓာတ္ ဘယ္ေလာက္ထိ႐ွိသလဲဆိုတဲ႔အေပၚမွာအမ်ားႀကီးမူတည္ေနတယ္။" လို႔ ေျပာဆိုပါတယ္။

မေန႔ မတ္လ ၁၄ ရက္ ေအေအရဲ႕ ထုတ္ျပန္ခ်က္မွာ မတ္လ (၁၀၊ ၁၁)ရက္ေန႔က ေက်ာက္ေတာ္ၿမိဳ႕နယ္၊မုန္႔သန္းျပင္ရြာအနီး တပ္မေတာ္နဲ႔ ေအေအ တိုက္ပြဲအတြင္း လက္ရဖမ္းဆီးထားတဲ႔ တပ္မ(၇၇) လက္ေအာက္ခံ၊ ခမရ(၇) က စစ္သံု႔ပန္းေတြဟာ မတ္လ(၁၄) ရက္ေန႔မွာ (၃၈) ဦးအထိရွိခဲ့ၿပီးျဖစ္ေၾကာင္းနဲ႔ သံု႔ပန္း(၃၈) ဦးထဲက (၂) ဦးဟာ တပ္မေတာ္ရဲ႕ ေလေၾကာင္းကေန ပစ္ခတ္တိုက္ခိုက္မႈေၾကာင့္ ေသဆံုးခဲ့ရၿပီး တိုက္ပြဲအတြင္းဒဏ္ရာရရွိသူ၊ တပ္မေတာ္ရဲ႕ လက္နက္ႀကီးထိမွန္မႈေၾကာင့္ ဒဏ္ရာရရွိသူ(၁၅) ဦးအထိရွိလာခဲ႔ေၾကာင္း ပါဝင္ပါတယ္။

ယခုအခ်ိန္မွာ ဒဏ္ရာအျပင္းအထန္ရရွိထားသူသံု႔ပန္း(၂) ဦးသာရွိခဲ့ေပမယ့္ အသက္အႏၲရာယ္စိုးရိမ္ရတဲ႔ သံု႔ပန္းေတြမွာ ေနာက္ထပ္(၂) ဦးအထိထပ္မံရွိလာခဲ့ၿပီျဖစ္ေၾကာင္းနဲ႔ ယခင္ထုတ္ျပန္ထားတဲ႔ ဒဏ္ရာရ႐ွိသူ ၂ ႏွစ္ဦးကိုပါေပါင္းၿပီး ၄ ဦးကို ျပန္လႊတ္ေပးသြားမယ္လို႔ ေအေအက ထုတ္ျပန္ထားတာပါ။

ဒီအေၾကာင္းအရာေတြနဲ႔ ေအေအရဲ႕ထုတ္ျပန္ခ်က္ေတြနဲ႔ပတ္သက္ၿပီး တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမႉးဗုိလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းကိုဆက္သြယ္ခဲ႔ေပမယ္႔ ဖုန္းလက္ခံေျဖၾကားမွာမ႐ွိပါဘူး။

ဒီကိစၥနဲ႔ပတ္သက္လို႔ တပ္မေတာ္ဖက္က အျခားတာဝန္႐ွိသူေတြနဲ႔ အဆက္အသြယ္ရဖို႔ ႀကိဳးစားေနဆဲျဖစ္ပါတယ္။

ခိုင္လင္းစံ (VOM)
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-------------
(Unicode)⤵⤵⤵

တိုက်ပွဲတွေအတွင်း ဖမ်းဆီးမိတဲ့ ပြင်းထန်ဒဏ်ရာရ တပ်မတော်သား ၄ ဦး အေအေပြန်လွှတ်ပေးမယ်

စစ်တွေ၊ မတ် ၁၅- ၂၀၂၀

ပြီးခဲ့တဲ့ မတ်လ (၁၀၊ ၁၁) ရက်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ တပ်မတော်နဲ့အေအေကြား တိုက်ပွားခဲ့ပြီးတဲ့နောက် တပ်မတော်ဖက်က ၃၆ ဦးကို အေအေကဖမ်းဆီးခဲ့ရာ ယင်းအထဲက ၂ ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အချိန်မီဆေးကုသဖို့ လိုအပ်တာကြောင့် ပြန်လွှတ်ပေးဖို့ ထုတ်ပြန်ထားကြောင်း အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောဆိုပြီး မနေ့က မတ်လ ၁၄ ရက်နေ့မှာလည်း နောက်ထပ်ဒဏ်ရာရသူ ၁၅ ဦးရှိရာ ယင်းအထဲက ဒဏ်ရာပြင်းထန်သူ ၂ ဦးပြန်လွှတ်ပေးဖို့ အေအေက ထုတ်ပြန်ထားတာရှိပါတယ်။

အခုလိုမျိုး တပ်မတော်ဖက်က အေအေနဲ့ တိုက်ပွဲအတွင်း ဖမ်းဆီးခံရပြီးတော့ ဒဏ်ပြင်းထန်သူ ၄ ဦးကို ပြန်လွှတ်ပေးဖို့ ထုတ်ပြန်ရတာဟာ ပြင်းထန်ဒဏ်ရာတွေကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အတွက် ဖြစ်တယ်လို့ သိရပါတယ်။

သူပြောတာက " ပြီးခဲ့တဲ့ မတ်လ ၁၂ ရက်က လွှတ်ပေးမယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ထားတဲ့နှစ်ယောက်ကတော့ ကျနော်တို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၃၆ ယောက်ထဲက ဒဏ်ရာပြင်းထန်တဲ့ ၂ ယောက်ဖြစ်တယ်။ သူတို့ရဲ့ ဆက်လက်ပြီးအသက်ရှင်ဖို့ ဆိုရင် လိုအပ်တဲ့ခွဲစိတ်ကုသမှုတွေ အရေးပေါ်လိုအပ်တာပေါ့။ အချိန်မီ ခွဲစိတ်ကုသမှုမလုပ်ဘူးဆိုရင် သူတို့အသက်အန္တရာယ်စိုးရိမ်ရတယ်။ ဒါကြောင့်မို့ သူတို့ကိုလာယူမယ်ဆိုရင် ကျနော်တို့ဖက်က လွှတ်ပေးမယ်ဆိုပြီး ထုတ်ပြန်ထားတာရှိတယ်။ ကျနော်တို့ကတော့ အခုအချိန်ထိ ထိန်းသိမ်းထားတာပေါ့၊ သူတို့ဖက်ကလာယူမယ့် အဖွဲ့အစည်းရှိတယ်ဆိုရင်တော့ ကျနော်တို့်ပေးထားတဲ့ ဖုန်းနံပါတ်အတိုင်း ဆက်သွယ်ပြီးတော့၊ ဘယ်နေရာမှာ လွှဲပြောင်းပေးမလဲဆိုတာ ဆက်ပြီးညှိနှိုင်းလို့ရတာပေါ့။" လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ မတ်လ ၁၃ ရက်နေ့က VOM နဲ့ ဆက်သွယ်ရာမှာ အေအေဖက်က ပြောတာက" အခုအချိန်ထိ သူတို့ဖက်က ဘာမှဆက်သွယ်လာတာမရှိသေးဘူး။ သူတို့ရဲ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ကရော အစိုးရကရော ဘာမှဆက်သွယ်လာတာမရှိဘူး။ ဒီဟာကတော့ တပ်မတော်က သူတို့ရဲ့ လက်အောက်ငယ်သားတွေအပေါ်မှာ ရဲဘော်ရဲဘက်စိတ်ဓာတ် ဘယ်လောက်ထိရှိသလဲဆိုတဲ့အပေါ်မှာအများကြီးမူတည်နေတယ်။" လို့ ပြောဆိုပါတယ်။

မနေ့ မတ်လ ၁၄ ရက် အေအေရဲ့ ထုတ်ပြန်ချက်မှာ မတ်လ (၁၀၊ ၁၁)ရက်နေ့က ကျောက်တော်မြို့နယ်၊မုန့်သန်းပြင်ရွာအနီး တပ်မတော်နဲ့ အေအေ တိုက်ပွဲအတွင်း လက်ရဖမ်းဆီးထားတဲ့ တပ်မ(၇၇) လက်အောက်ခံ၊ ခမရ(၇) က စစ်သုံ့ပန်းတွေဟာ မတ်လ(၁၄) ရက်နေ့မှာ (၃၈) ဦးအထိရှိခဲ့ပြီးဖြစ်ကြောင်းနဲ့ သုံ့ပန်း(၃၈) ဦးထဲက (၂) ဦးဟာ တပ်မတော်ရဲ့ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရပြီး တိုက်ပွဲအတွင်းဒဏ်ရာရရှိသူ၊ တပ်မတော်ရဲ့ လက်နက်ကြီးထိမှန်မှုကြောင့် ဒဏ်ရာရရှိသူ(၁၅) ဦးအထိရှိလာခဲ့ကြောင်း ပါဝင်ပါတယ်။

ယခုအချိန်မှာ ဒဏ်ရာအပြင်းအထန်ရရှိထားသူသုံ့ပန်း(၂) ဦးသာရှိခဲ့ပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ သုံ့ပန်းတွေမှာ နောက်ထပ်(၂) ဦးအထိထပ်မံရှိလာခဲ့ပြီဖြစ်ကြောင်းနဲ့ ယခင်ထုတ်ပြန်ထားတဲ့ ဒဏ်ရာရရှိသူ ၂ နှစ်ဦးကိုပါပေါင်းပြီး ၄ ဦးကို ပြန်လွှတ်ပေးသွားမယ်လို့ အေအေက ထုတ်ပြန်ထားတာပါ။

ဒီအကြောင်းအရာတွေနဲ့ အေအေရဲ့ထုတ်ပြန်ချက်တွေနဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူးဗိုလ်မှူးချုပ်ဇော်မင်းထွန်းကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှာမရှိပါဘူး။

ဒီကိစ္စနဲ့ပတ်သက်လို့ တပ်မတော်ဖက်က အခြားတာဝန်ရှိသူတွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

Photo- AA Website
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တိုက္ပြဲေတြအတြင္း ဖမ္းဆီးမိတဲ႔ ျပင္းထန္ဒဏ္ရာရ တပ္မေတာ္သား ၄ ဦး ေအေအျပန္လႊတ္ေပးမယ္ တိုက္ပြဲေတြအတြင္း ဖမ္းဆီးမိတဲ႔ ျပင္းထန္ဒဏ္ရာရ တပ္မေတာ္သား ၄ ဦး ေအေအျပန္လႊတ္ေပးမယ္ Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.