သံပုရာေထာင့္႐ြာမွာ လက္နက္ႀကီးက်ည္က်လို႔ ၿပိဳင္းတိုင္း႐ြာက စစ္ေဘးေရွာင္လူငယ္တစ္ဦး ေသဆုံး

(Zawgyi)⤵⤵⤵
ေက်ာက္ေတာ္၊ မတ္ ၁၁- ၂၀၂၀

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္ေတာ္ၿမိဳ႕နယ္၊ သံပုရာေထာင့္ေက်း႐ြာမွာ ဒီကေန႔မနက္ ၄နာရီအခ်ိန္ေလာက္က ၿပိဳင္းတိုင္း႐ြာကေန တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးလာတဲ့ မိသားစုတစ္စု သံပုရာေထာင့္႐ြာထဲ ဇရပ္မွာအိပ္ေနတဲ့အခ်ိန္ ပစ္ခတ္မႈျဖစ္တဲ့ေနရာက လက္နက္ႀကီးက်ည္ေၾကာင့္ လူငယ္တစ္ဦးေသဆုံးၿပီး၊ ၄ ေယာက္ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံေတြက သတင္းေပးပို႔လာပါတယ္။

ေက်ာက္ေတာ္တပ္မဖက္က ကုလားတန္ျမစ္ေၾကာင္းတစ္ေလွ်ာက္ ခုတ္ေမာင္းလာတဲ့ တပ္မေတာ္ေရယာဥ္ဟာ ျမစ္ထဲကေနၿပီး ပစ္ခတ္မႈေတြျပဳလုပ္ခဲ့တာေၾကာင့္ ကုလားတန္ျမစ္အနီး သံပုရာေထာင့္ေက်း႐ြာကို လက္နက္ႀကီးက်ည္ က်ေရာက္ေပါက္ကြဲရာကေန ယခုလို ထိခိုက္ဒဏ္ရာရတာေတြ ျဖစ္ေပၚခဲ့တာျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

" မေန႔က ၿပိဳင္းတိုင္းေက်း႐ြာကေနၿပီးေတာ့ မိသားစုတစ္စုလုံး စစ္ေရွာင္ၿပီးေျပးလာၾကတာ။ ၿပိဳင္းတိုင္းက လူေပါင္း ၃၀ ေလာက္ေျပးလာတာ။ ၿပိဳင္းတိုင္းက ညေန ၈ နာရီမွာထြက္လာၾကတာ။ ေမ်ာက္ေတာင္႐ြာကို ေျပးၾကတာ။ က်ေနာ္တို႔႐ြာက ကူးတို႔ကူးေတာ့ သူတို႔မိသားစုတစ္စုဘဲ ေနာက္က်ၿပီးက်န္ခဲ့တယ္။ သူတို႔က ညေန ၁၀ နာရီေလာက္က သံပုရာေထာင့္ကိုေရာက္ၾကတယ္။ ျဖစ္စဥ္ကေတာ့ မနက္ ၄ နာရီေလာက္က ျဖစ္တာ။ သူတို႔မွာက မိသားစု ၇ ေယာက္လာၾကတာ။ သူတို႔က က်ေနာ္တို႔ ႐ြာထဲမွာရွိတဲ့ ဇရပ္မွာအိပ္ၾကတယ္။ အိပ္ၾကေတာ့ လက္နက္ႀကီးက်ည္က ဇရပ္တိုင္မွာလာမွန္ၿပီး ေပါက္ကြဲသြားေတာ့ သူတို႔ဆီမွာ က်ည္စေတြလာမွန္တယ္။ အဲျဖစ္တဲ့ေနရာမွာပဲ အသက္ (၁၉) ႏွစ္ လူငယ္တစ္ေယာက္ေသသြားတယ္။ ဒဏ္ရာရတာက ၄ ေယာက္ရတယ္၊ ဒဏ္ရာမရဘဲလႊတ္သြားတာက ၂ ေယာက္ပဲရွိတယ္။" လို႔ သံပုရာေထာင့္ေက်း႐ြာက ေဒသခံတစ္ဦးကေျပာပါတယ္။

ေသဆုံးသြားတဲ့သူမွာ အသက္ ၁၉ ႏွစ္အ႐ြယ္ ေမာင္ေအာင္ႏိုင္ထြန္းဆိုသူျဖစ္ၿပီး လက္နက္ႀကီးက်ည္ထိမွန္တဲ့အတြက္ ဝမ္းအူထြက္သြားကာ၊ ခႏၶာကိုယ္ အႏွံ႔ က်ည္ဒဏ္ရာေတြရရွိသြားတာျဖစ္ပါတယ္။

ဒဏ္ရာရသူေတြကေတာ့ ေသဆုံးသြားတဲ့လူငယ္ရဲ႕ ဖခင္ျဖစ္သူ ဦးသန္းထြန္း အသက္(၄၉) ႏွစ္မွာ မ်က္ခုံးဒဏ္ရာ၊ ရင္ဘတ္ဒဏ္ရာ၊ ေသဆုံးသူရဲ႕ မိခင္ အသက္ (၄၆) ႏွစ္ ေဒၚလွစိန္ေမ နား႐ြက္ေနာက္ဖက္ဒဏ္ရာ၊ ေမာင္ထြန္းမင္းႏိုင္ အသက္ (၈) ႏွစ္ ႏွဖူးနဲ႔ လက္ဒဏ္ရာ၊ အသက္ (၂၂) အ႐ြယ္ ေဒၚလွႏုရီျဖစ္ၿပီး မ်က္လုံးအထက္ က်ည္စထိမွန္ဒဏ္ရာ ရရွိသြားတာျဖစ္တယ္လို႔ သိရပါတယ္။

မိသားစုဝင္ထဲက သားျဖစ္သူ တစ္ဦးေသဆုံးသြားတဲ့အတြက္ ဒဏ္ရာရရွိသြားသူ ဦးသန္းထြန္းက သူ႔ရဲ႕စိတ္ခံစားခ်က္ကို " ေသဖို႔မထိုက္တန္ပဲေသသြားေတာ့ အရမ္းေၾကကြဲရပါတယ္။ က်ေနာ္တို႔က ၿပိဳင္းတိုင္းကထြက္ေျပးလာတာ၊ ေနာက္က်သြားလို႔ ဇရပ္မွာအိပ္ေနတဲ့အခါ ေနဗီက ပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက က်ေနာ္တို႔ဆီမွာလာက်တယ္။ က်ေနာ္တို႔မွာ ဘာအျပစ္မွလည္း မရွိပါဘူး။ သားလည္းေသသြားတယ္။ တျခားမိသားစုဝင္ေတြလည္း ဒဏ္ရာရၾကတယ္။" လို႔ ေျပာပါတယ္။

ဒဏ္ရာရရွိသြားသူေတြကို ျဖဴစင္ေမတၱာပရဟိတအဖြဲ႕က ေဆး႐ုံပို႔ဖို႔ျပင္ဆင္ေနၾကၿပီး လမ္းခရီးအေျခအေနေၾကာင့္ ေႏွာင့္ေႏွးၾကန္႔ၾကာမႈေတြရွိႏိုင္တယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕ ျဖဴစင္ေမတၱာပရဟိတအဖြဲ႕ တဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး တပ္မေတာ္နဲ႔ေအေအ ေျပာေရးဆိုခြင့္ရွိသူေတြကို ဆက္သြယ္ခဲ့ေပမယ္ ဖုန္းကိုင္ေျဖဆိုမႈမရွိခဲ့ပါဘူး။

ခိုင္လင္းစံ (VOM)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
သံပုရာထောင့်ရွာမှာ လက်နက်ကြီးကျည်ကျလို့ ပြိုင်းတိုင်းရွာက စစ်ဘေးရှောင်လူငယ်တစ်ဦး သေဆုံး

ကျောက်တော်၊ မတ် ၁၁- ၂၀၂၀

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့နယ်၊ သံပုရာထောင့်ကျေးရွာမှာ ဒီကနေ့မနက် ၄နာရီအချိန်လောက်က ပြိုင်းတိုင်းရွာကနေ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာတဲ့ မိသားစုတစ်စု သံပုရာထောင့်ရွာထဲ ဇရပ်မှာအိပ်နေတဲ့အချိန် ပစ်ခတ်မှုဖြစ်တဲ့နေရာက လက်နက်ကြီးကျည်ကြောင့် လူငယ်တစ်ဦးသေဆုံးပြီး၊ ၄ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သတင်းပေးပို့လာပါတယ်။

ကျောက်တော်တပ်မဖက်က ကုလားတန်မြစ်ကြောင်းတစ်လျှောက် ခုတ်မောင်းလာတဲ့ တပ်မတော်ရေယာဉ်ဟာ မြစ်ထဲကနေပြီး ပစ်ခတ်မှုတွေပြုလုပ်ခဲ့တာကြောင့် ကုလားတန်မြစ်အနီး သံပုရာထောင့်ကျေးရွာကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲရာကနေ ယခုလို ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်ပေါ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

" မနေ့က ပြိုင်းတိုင်းကျေးရွာကနေပြီးတော့ မိသားစုတစ်စုလုံး စစ်ရှောင်ပြီးပြေးလာကြတာ။ ပြိုင်းတိုင်းက လူပေါင်း ၃၀ လောက်ပြေးလာတာ။ ပြိုင်းတိုင်းက ညနေ ၈ နာရီမှာထွက်လာကြတာ။ မျောက်တောင်ရွာကို ပြေးကြတာ။ ကျနော်တို့ရွာက ကူးတို့ကူးတော့ သူတို့မိသားစုတစ်စုဘဲ နောက်ကျပြီးကျန်ခဲ့တယ်။ သူတို့က ညနေ ၁၀ နာရီလောက်က သံပုရာထောင့်ကိုရောက်ကြတယ်။ ဖြစ်စဉ်ကတော့ မနက် ၄ နာရီလောက်က ဖြစ်တာ။ သူတို့မှာက မိသားစု ၇ ယောက်လာကြတာ။ သူတို့က ကျနော်တို့ ရွာထဲမှာရှိတဲ့ ဇရပ်မှာအိပ်ကြတယ်။ အိပ်ကြတော့ လက်နက်ကြီးကျည်က ဇရပ်တိုင်မှာလာမှန်ပြီး ပေါက်ကွဲသွားတော့ သူတို့ဆီမှာ ကျည်စတွေလာမှန်တယ်။ အဲဖြစ်တဲ့နေရာမှာပဲ အသက် (၁၉) နှစ် လူငယ်တစ်ယောက်သေသွားတယ်။ ဒဏ်ရာရတာက ၄ ယောက်ရတယ်၊ ဒဏ်ရာမရဘဲလွှတ်သွားတာက ၂ ယောက်ပဲရှိတယ်။" လို့ သံပုရာထောင့်ကျေးရွာက ဒေသခံတစ်ဦးကပြောပါတယ်။

သေဆုံးသွားတဲ့သူမှာ အသက် ၁၉ နှစ်အရွယ် မောင်အောင်နိုင်ထွန်းဆိုသူဖြစ်ပြီး လက်နက်ကြီးကျည်ထိမှန်တဲ့အတွက် ဝမ်းအူထွက်သွားကာ၊ ခန္ဓာကိုယ် အနှံ့ ကျည်ဒဏ်ရာတွေရရှိသွားတာဖြစ်ပါတယ်။

ဒဏ်ရာရသူတွေကတော့ သေဆုံးသွားတဲ့လူငယ်ရဲ့ ဖခင်ဖြစ်သူ ဦးသန်းထွန်း အသက်(၄၉) နှစ်မှာ မျက်ခုံးဒဏ်ရာ၊ ရင်ဘတ်ဒဏ်ရာ၊ သေဆုံးသူရဲ့ မိခင် အသက် (၄၆) နှစ် ဒေါ်လှစိန်မေ နားရွက်နောက်ဖက်ဒဏ်ရာ၊ မောင်ထွန်းမင်းနိုင် အသက် (၈) နှစ် နှဖူးနဲ့ လက်ဒဏ်ရာ၊ အသက် (၂၂) အရွယ် ဒေါ်လှနုရီဖြစ်ပြီး မျက်လုံးအထက် ကျည်စထိမှန်ဒဏ်ရာ ရရှိသွားတာဖြစ်တယ်လို့ သိရပါတယ်။

မိသားစုဝင်ထဲက သားဖြစ်သူ တစ်ဦးသေဆုံးသွားတဲ့အတွက် ဒဏ်ရာရရှိသွားသူ ဦးသန်းထွန်းက သူ့ရဲ့စိတ်ခံစားချက်ကို " သေဖို့မထိုက်တန်ပဲသေသွားတော့ အရမ်းကြေကွဲရပါတယ်။ ကျနော်တို့က ပြိုင်းတိုင်းကထွက်ပြေးလာတာ၊ နောက်ကျသွားလို့ ဇရပ်မှာအိပ်နေတဲ့အခါ နေဗီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက ကျနော်တို့ဆီမှာလာကျတယ်။ ကျနော်တို့မှာ ဘာအပြစ်မှလည်း မရှိပါဘူး။ သားလည်းသေသွားတယ်။ တခြားမိသားစုဝင်တွေလည်း ဒဏ်ရာရကြတယ်။" လို့ ပြောပါတယ်။

ဒဏ်ရာရရှိသွားသူတွေကို ဖြူစင်မေတ္တာပရဟိတအဖွဲ့က ဆေးရုံပို့ဖို့ပြင်ဆင်နေကြပြီး လမ်းခရီးအခြေအနေကြောင့် နှောင့်နှေးကြန့်ကြာမှုတွေရှိနိုင်တယ်လို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့ တဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မတော်နဲ့အေအေ ပြောရေးဆိုခွင့်ရှိသူတွေကို ဆက်သွယ်ခဲ့ပေမယ် ဖုန်းကိုင်ဖြေဆိုမှုမရှိခဲ့ပါဘူး။

ခိုင်လင်းစံ (VOM)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
သံပုရာေထာင့္႐ြာမွာ လက္နက္ႀကီးက်ည္က်လို႔ ၿပိဳင္းတိုင္း႐ြာက စစ္ေဘးေရွာင္လူငယ္တစ္ဦး ေသဆုံး သံပုရာေထာင့္႐ြာမွာ လက္နက္ႀကီးက်ည္က်လို႔ ၿပိဳင္းတိုင္း႐ြာက စစ္ေဘးေရွာင္လူငယ္တစ္ဦး ေသဆုံး Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.