ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံနယ္စပ္ရွိ ရိေခၚဒါရ္ နယ္စပ္ဝင္ထြက္ေပါက္မွ ႏိုင္ငံျခားသားမ်ားဝင္ေရာက္ခြင့္အား ယာယီပိတ္ပင္ထား

ျမန္မာ-အိႏၵိယ နယ္စပ္အားေတြ႕ရစဥ္ (ဓာတ္ပုံ-- MOI)
(Zawgyi)⤵⤵⤵
    ရန္ကုန္၊ မတ္ ၂၁ ရက္ (ဆင္ဟြာ)

    COVID-19 ေရာဂါကူးစက္ေရာဂါျပန႔္ပြားမႈ ထိန္းခ်ဳပ္ရန္ ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံနယ္စပ္ရွိ ရိေခၚဒါရ္ နယ္စပ္ဝင္ထြက္ေပါက္မွ ျမန္မာႏိုင္ငံဘက္သို႔ ႏိုင္ငံျခားသားမ်ား ဝင္ေရာက္ခြင့္အား မတ္ ၁၉ ရက္မွ စ၍  ယာယီပိတ္ပင္ထားေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ၏ မတ္ ၂၁ ရက္ ေဖာ္ျပခ်က္အရ သိရသည္။

ထိုသို႔ပိတ္ထားေသာ္လည္း နယ္စပ္ဝင္ထြက္ေပါက္မ်ားရွိ ႏွစ္ဖက္ေဒသခံျပည္သူမ်ားအား နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ (Border Pass-BP)ႏွင့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ (Temporary Border Pass-TBP)ျဖင့္ ဝင္ထြက္ခြင့္ကို ပိတ္ပင္ျခင္းမရွိဘဲ ကိုယ္အပူခ်ိန္တိုင္းတာမႈမ်ား ခံယူၿပီး က်န္းမာေရးစစ္ေဆးမႈမ်ားကို ေဆာင္႐ြက္ၿပီးမွသာ ဝင္ထြက္သြားလာခြင့္ျပဳ ေပးသြား မည္ျဖစ္ ေၾကာင္း သိရသည္။

ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံနယ္စပ္မွ ျမန္မာႏိုင္ငံဘက္သို႔ ဝင္ေရာက္လာမည့္ အျခားႏိုင္ငံျခားသားမ်ားအား ႏိုင္ငံကူးလက္မွတ္၊ ျပည္ဝင္ဗီဇာ၊ ဗီဇာကင္းလြတ္ခြင့္၊ eVisa မ်ားျဖင့္ ဝင္ေရာက္ခြင့္အား ယာယီ ပိတ္ပင္ထားျခင္းျဖစ္ေၾကာင္းႏွင့္  ျမန္မာႏိုင္ငံသို႔ ျပည္ဝင္ခြင့္ဗီဇာ ရရွိထားသည့္ ႏိုင္ငံျခားသားမ်ားအေနျဖင့္ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္ေလဆိပ္တို႔မွ လုပ္ထုံးလုပ္နည္းႏွင့္အညီ ဝင္ေရာက္ ထြက္ခြာ ခြင့္ျပဳမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ၏ ေဖာ္ျပခ်က္တြင္ပါရွိသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ ရိခေါ်ဒါရ် နယ်စပ်ဝင်ထွက်ပေါက်မှ နိုင်ငံခြားသားများဝင်ရောက်ခွင့်အား ယာယီပိတ်ပင်ထား

မြန်မာ-အိန္ဒိယ နယ်စပ်အားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

    ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

    COVID-19 ရောဂါကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရန် မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ရှိ ရိခေါ်ဒါရ် နယ်စပ်ဝင်ထွက်ပေါက်မှ မြန်မာနိုင်ငံဘက်သို့ နိုင်ငံခြားသားများ ဝင်ရောက်ခွင့်အား မတ် ၁၉ ရက်မှ စ၍  ယာယီပိတ်ပင်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ မတ် ၂၁ ရက် ဖော်ပြချက်အရ သိရသည်။

ထိုသို့ပိတ်ထားသော်လည်း နယ်စပ်ဝင်ထွက်ပေါက်များရှိ နှစ်ဖက်ဒေသခံပြည်သူများအား နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Border Pass-BP)နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass-TBP)ဖြင့် ဝင်ထွက်ခွင့်ကို ပိတ်ပင်ခြင်းမရှိဘဲ ကိုယ်အပူချိန်တိုင်းတာမှုများ ခံယူပြီး ကျန်းမာရေးစစ်ဆေးမှုများကို ဆောင်ရွက်ပြီးမှသာ ဝင်ထွက်သွားလာခွင့်ပြု ပေးသွား မည်ဖြစ် ကြောင်း သိရသည်။

မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှ မြန်မာနိုင်ငံဘက်သို့ ဝင်ရောက်လာမည့် အခြားနိုင်ငံခြားသားများအား နိုင်ငံကူးလက်မှတ်၊ ပြည်ဝင်ဗီဇာ၊ ဗီဇာကင်းလွတ်ခွင့်၊ eVisa များဖြင့် ဝင်ရောက်ခွင့်အား ယာယီ ပိတ်ပင်ထားခြင်းဖြစ်ကြောင်းနှင့်  မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ဗီဇာ ရရှိထားသည့် နိုင်ငံခြားသားများအနေဖြင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်တို့မှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဝင်ရောက် ထွက်ခွာ ခွင့်ပြုမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ ဖော်ပြချက်တွင်ပါရှိသည်။

(Xinhua)
http://www.xinhuamyanmar.com
ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံနယ္စပ္ရွိ ရိေခၚဒါရ္ နယ္စပ္ဝင္ထြက္ေပါက္မွ ႏိုင္ငံျခားသားမ်ားဝင္ေရာက္ခြင့္အား ယာယီပိတ္ပင္ထား ျမန္မာ-အိႏၵိယႏွစ္ႏိုင္ငံနယ္စပ္ရွိ ရိေခၚဒါရ္ နယ္စပ္ဝင္ထြက္ေပါက္မွ ႏိုင္ငံျခားသားမ်ားဝင္ေရာက္ခြင့္အား ယာယီပိတ္ပင္ထား Reviewed by THITHTOOLWIN on 20:11 Rating: 5
Powered by Blogger.