ကို႐ိုနာသတင္းမွားျဖန႔္ရင္ အေရးယူမည္၊ စိုးရိမ္မလြန္ၾကဖို႔ အစိုးရ ေျပာ


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး သတင္းမွားေတြ မယုံၾကဖို႔၊ ျပည္သူေတြမလိုအပ္ဘဲ မထိတ္လန႔္ၾကဖို႔နဲ႔ လတ္တေလာ အစိုးရေဆာင္႐ြက္ခ်က္ေတြကို ရွင္းျပတဲ့သတင္းစာရွင္းလင္းပြဲကို ႏိုင္ငံေတာ္သမၼတ႐ုံးက မတ္လ ၁၃ ေန႔ ဒီေန႔ ေနျပည္ေတာ္မွာ က်င္းပခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ျမန္မာျပည္သူေတြ အစိုးရိမ္မလြန္ၾကဖို႔နဲ႔ မစိုးရိမ္ဘဲလည္း မေနၾကဖို႔ သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ႏိုင္ငံေတာ္ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲမွာ ဒီေန႔ ေျပာၾကားခဲ့တာပါ။

မတ္လ ၁၂ ရက္ေန႔ မေန႔က ညပိုင္းမွာ လူမႈကြန္ယက္စာမ်က္ႏွာေတြအေပၚ သတင္းမွားျဖန႔္တာေတြေၾကာင့္ ရန္ကုန္ၿမိဳ႕မွာ စားေသာက္ကုန္ေတြကို အလုအယက္ဝယ္ယူၾကတဲ့ သတင္းေတြျဖစ္လာခဲ့ပါတယ္။

သတင္းမွားျဖန႔္တဲ့သူေတြကို အစိုးရအေနနဲ႔ စိစစ္ေနၿပီး ေတြ႕ရွိရင္ ျပင္းျပင္းထန္ထန္ အေရးယူသြားမယ္လို႔ ဆိုပါတယ္။

တစ္ကမာၻလုံးက ေရာဂါ တိုက္ဖ်က္ေရးမွာ ပူးေပါင္းေဆာင္႐ြက္ေနၾကတာျဖစ္ၿပီး ျမန္မာႏိုင္ငံက ကုန္သည္ပြဲစားေတြအေနနဲ႔လည္း ကိုယ္က်ိဳးစီးပြားကိုပဲၾကည့္ၿပီး မလုပ္ဖို႔ ဦးေဇာ္ေဌးက ပန္ၾကားခဲ့ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကို႐ိုနာဗိုင္းရပ္စ္ကို ကမာၻ႔ကပ္ေရာဂါအေနနဲ႔ မတ္လ ၁၁ ရက္ေန႔က ေၾကညာခ်က္ထုတ္ျပန္ၿပီး ေနာက္တစ္ရက္ မတ္လ ၁၂ ရက္ေန႔မွာပဲ ျမန္မာအစိုးရက ပြဲလမ္းသဘင္ေတြ၊ လူစုလူေဝးေတြကို ဧၿပီလအထိ မလုပ္ဖို႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာပါ။

အစိုးရအေနနဲ႔ WHO ရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာေဆာင္႐ြက္ေနၿပီး ျပည္သူေတြေနနဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ၫြန္ၾကားခ်က္အတိုင္း လိုက္နာၾကဖို႔ကိုလည္း တိုက္တြန္းပါတယ္။

အစိုးရအေနနဲ႔ ကို႐ိုနာရဲ႕ သက္ေရာက္မႈေတြမွာ က်န္းမာေရး၊ စီးပြားေရးကိစၥရပ္ေတြကိုလည္း ကုစားႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ေနတယ္လို႔လည္း ဦးေဇာ္ေဌးက ေျပာသြားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တကမာၻလုံး ေသဆုံးသူ ၄၇၀၀ ေက်ာ္ရွိေနၿပီး ကူးစက္ခံရသူေပါင္း တစ္သိန္း သုံးေသာင္းနီးပါး ရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ သံသယလူနာ ႏွစ္ဦးနဲ႔ ေစာင္ျ့ကည့္လူနာ ၁၀၂ ဦးရွိေနၿပီး ဒီေန႔ မတ္လ ၁၃ ရက္ေန႔အထိ ပိုးေတြ႕ရွိသူတစ္ေယာက္မွ မရွိေသးဘူးလို႔ က်န္းမာေရးဌာနက ထုတ္ျပန္ထားပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ကိုရိုနာသတင်းမှားဖြန့်ရင် အရေးယူမည်၊ စိုးရိမ်မလွန်ကြဖို့ အစိုးရ ပြော

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းမှားတွေ မယုံကြဖို့၊ ပြည်သူတွေမလိုအပ်ဘဲ မထိတ်လန့်ကြဖို့နဲ့ လတ်တလော အစိုးရဆောင်ရွက်ချက်တွေကို ရှင်းပြတဲ့သတင်းစာရှင်းလင်းပွဲကို နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ နေ့ ဒီနေ့ နေပြည်တော်မှာ ကျင်းပခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မြန်မာပြည်သူတွေ အစိုးရိမ်မလွန်ကြဖို့နဲ့ မစိုးရိမ်ဘဲလည်း မနေကြဖို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နိုင်ငံတော် သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ဒီနေ့ ပြောကြားခဲ့တာပါ။

မတ်လ ၁၂ ရက်နေ့ မနေ့က ညပိုင်းမှာ လူမှုကွန်ယက်စာမျက်နှာတွေအပေါ် သတင်းမှားဖြန့်တာတွေကြောင့် ရန်ကုန်မြို့မှာ စားသောက်ကုန်တွေကို အလုအယက်ဝယ်ယူကြတဲ့ သတင်းတွေဖြစ်လာခဲ့ပါတယ်။

သတင်းမှားဖြန့်တဲ့သူတွေကို အစိုးရအနေနဲ့ စိစစ်နေပြီး တွေ့ရှိရင် ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ ဆိုပါတယ်။

တစ်ကမ္ဘာလုံးက ရောဂါ တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်ပြီး မြန်မာနိုင်ငံက ကုန်သည်ပွဲစားတွေအနေနဲ့လည်း ကိုယ်ကျိုးစီးပွားကိုပဲကြည့်ပြီး မလုပ်ဖို့ ဦးဇော်ဌေးက ပန်ကြားခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်ကို ကမ္ဘာ့ကပ်ရောဂါအနေနဲ့ မတ်လ ၁၁ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး နောက်တစ်ရက် မတ်လ ၁၂ ရက်နေ့မှာပဲ မြန်မာအစိုးရက ပွဲလမ်းသဘင်တွေ၊ လူစုလူဝေးတွေကို ဧပြီလအထိ မလုပ်ဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။

အစိုးရအနေနဲ့ WHO ရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာဆောင်ရွက်နေပြီး ပြည်သူတွေနေနဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွန်ကြားချက်အတိုင်း လိုက်နာကြဖို့ကိုလည်း တိုက်တွန်းပါတယ်။

အစိုးရအနေနဲ့ ကိုရိုနာရဲ့ သက်ရောက်မှုတွေမှာ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်တွေကိုလည်း ကုစားနိုင်ဖို့ ကြိုတင်ပြင်ဆင်နေတယ်လို့လည်း ဦးဇော်ဌေးက ပြောသွားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံး သေဆုံးသူ ၄၇၀၀ ကျော်ရှိနေပြီး ကူးစက်ခံရသူပေါင်း တစ်သိန်း သုံးသောင်းနီးပါး ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ သံသယလူနာ နှစ်ဦးနဲ့ စောင်ြ့ကည့်လူနာ ၁၀၂ ဦးရှိနေပြီး ဒီနေ့ မတ်လ ၁၃ ရက်နေ့အထိ ပိုးတွေ့ရှိသူတစ်ယောက်မှ မရှိသေးဘူးလို့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာသတင္းမွားျဖန႔္ရင္ အေရးယူမည္၊ စိုးရိမ္မလြန္ၾကဖို႔ အစိုးရ ေျပာ ကို႐ိုနာသတင္းမွားျဖန႔္ရင္ အေရးယူမည္၊ စိုးရိမ္မလြန္ၾကဖို႔ အစိုးရ ေျပာ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.