ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရး ေစတနာ့ ေဆးဝန္ထမ္းေတြ ဖိတ္ေခၚ

ျမန္မာႏိုင္ငံဆရာ၀န္မ်ားအသင္း (သတင္းဓာတ္ပံု - Myanmar Medical Association website)

(Zawgyi/Unicode)

COVID-19 ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးအတြက္ ျမန္မာႏိုင္ငံဆရာ၀န္အသင္း(ရန္ကုန္)က ေစတနာ့၀န္ထမ္းေတြ ဖိတ္ေခၚရာမွာ ျမန္မာႏိုင္ငံအႏွံ႔က ဆရာ၀န္ ၁၀၀ ေက်ာ္ စာရင္းေပးသြင္းထားပါတယ္။ တပ္မေတာ္ဘက္ကလည္း ျပည္သူ႔က်န္းမာေရးဦးစီးဌာနနဲ႔ ပူးေပါင္းေဆာင္ရြက္ႏို္င္ဖို တပ္မေတာ္ေဆးရံုေတြကို ျပင္ဆင္ထားပါတယ္။ ဒီအေၾကာင္း ဗီြအိုေအ သတင္းေထာက္ ကိုမိုးေဇာ္က သတင္းေပးပို႔ထားပါတယ္။

COVID-19 ေရာဂါနဲ႔ ပတ္သက္ၿပီး လိုအပ္လာရင္ ကူညီဖုိ႔အတြက္ ျမန္မာႏိုင္ငံဆရာ၀န္အသင္း (ရန္ကုန္)က ေစတနာ့၀န္ထမ္းေဆာင္ရြက္ဖို႔ ဖိတ္ေခၚရာမွာ ျမန္မာျပည္ေနရာအႏွံ႔က ဆရာ၀န္ ၁၀၀ေက်ာ္ စာရင္းေပးသြင္းထားၿပီ ျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ တပ္မေတာ္ကလည္း အရပ္ဘက္နဲ႔ က်န္းမာေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ဖုိ႔ ျပင္ဆင္ထားသလို တုိင္းေဒသၾကီးနဲ႔ျပည္နယ္ ၁၄ ခုမွာ တပ္မေတာ္ေဆးရံု ၁၇ ရံုကို ျပင္ဆင္ထားပါတယ္။

ျမန္မာႏိုင္ငံဆရာ၀န္အသင္း (ရန္ကုန္)ကို က်န္းမာေရးနဲ႔ အားကစား၀န္ၾကီးဌာနက လိုအပ္လာရင္ ကူညီႏိုင္ဖုိ႔အတြက္ ေစတနာ၀န္ထမ္းဆရာ၀န္ေတြကို ဖိတ္ေခၚခဲ့တဲ့အေျခအေနကို အသင္းရဲ့ ရံုးအဖဲြ႔မွဴး ဦးေသာင္းညႊန္႔က အခုလို ေျပာပါတယ္။

“က်ေနာ္တုိ႔ က်န္းမာေရးနဲ႔ အားကစား၀န္ၾကီးဌာနက ဆရာ၀န္ေတြက လက္ရိွ လုပ္ငန္းေတြလည္း မ်ားျပားတယ္ေလ။ လူမမာေတြ မ်ားတဲ့အတြက္ လုပ္ငန္းေတြ မ်ားတယ္။ အဲဒီ တခုခု ကာကြယ္ေရး၊ ထိန္းခ်ဳပ္ေရး အဲဒီဟာေတြအတြက္ေပါ့။ က်ေနာ္တုိ႔က လုိအပ္လာရင္ လိုအပ္တဲ့အခ်ိန္မွာ ကူညီႏိုင္ဖုိ႔အတြက္ အရံအင္အား စုေဆာင္းထားတာေပါ့။ အခုေလာေလာဆယ္ ၁၀၀ ေလာက္ရၿပီေပါ့။ ရန္ကုန္ကေတာ့ မ်ားတာေပါ့။ ျပည္နယ္နဲ႔ တုိင္းအသီးသီး ေနျပည္ေတာ္၊ ပ်ဥ္းမနားတို႔၊ ရွမ္းျပည္နယ္ကလည္း ပါတယ္။ ေတာင္၊ ေျမာက္ေပါ့။ စစ္ကိုင္းကပါတယ္။ ဧရာ၀တီက ပါတယ္။ စသည့္ျဖင့္ေပါ့။ၿပီးေတာ့ မုဒံုကလည္း ပါတယ္။ အဲလို နယ္က ဆရာေတြလည္း ပါတယ္ေပါ့။ ေနာက္ၿပီးေတာ့ Retire ယူသြားၿပီျဖစ္တဲ့ ဆရာၾကီးေတြ၊ ဆရာမၾကီးေတြလည္း သူတုိ႔ စာရင္း ေပးထားတာ ရိွတာေပါ့။ ဘယ္လုိေနရာမ်ိဳးမဆို ပါ၀င္ကူညီႏိုင္ဖုိ႔ Ready ျပင္ထားတာေပါ့။”

ျမန္မာႏိုင္ငံ ဆရာ၀န္အသင္းမွာ အသင္း၀င္စုစုေပါင္း ၂၀,၀၀၀ ေလာက္ရိွၿပီး ေလာေလာဆယ္မွာေတာ့ က်န္းမာေရးနဲ႔ အားကစား၀န္ၾကီးဌာနက ဆက္သြယ္လာတာ မရိွေသးေၾကာင္းနဲ႔ အသင္းအေနနဲ႔ ဒီႏွစ္ ႏွစ္ဆန္းပိုင္းက စတင္ၿပီး ကိုရိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ ပညာေပးေဟာေျပာပဲြေတြ ေဆာင္ရြက္ထားေၾကာင္း ေျပာပါတယ္။

တပ္မေတာ္ကလည္း က်န္းမာေရးဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ဖို႔အတြက္ စီမံခ်က္ေရးဆဲြျပင္ဆင္ထားတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႔ အတြင္းေရးမွဴး ဗုိလ္မႈးခ်ဳပ္ ေဇာ္မင္းထြန္းက တနဂၤေႏြေန႔က ေနျပည္ေတာ္မွာ က်င္းပတဲ့သတင္းစာရွင္းလင္းပဲြမွာ အခုလုိ ေျပာဆုိထားပါတယ္။

“ပူးေပါင္းေဆာင္ရြက္မယ့္ လုပ္ငန္းစီမံခ်က္ထဲမွာ ေလ့က်င့္ျခင္းနဲ႔ ေပါင္းစပ္ညိွႏိႈင္းျခင္းေတြ၊ ၾကိဳတင္ ကာကြယ္ျခင္းေတြ၊ ကုသမႈ လုပ္ငန္းေဆာင္ရြက္ျခင္းေတြ ေဆာင္ရြက္မွာျဖစ္တယ္။ အဲလို ေဆာင္ရြက္တဲ့ ေနရာမွာ ေလ့က်င့္ျခင္းနဲ႔ ေပါင္းစပ္ညိွႏိႈင္ျခင္းမွာေတာ့ ေလ့က်င့္ဇာတ္တုိက္တာေတြ လုပ္သြားမွာျဖစ္တယ္။ အရပ္ဘက္နဲ႔ အလုပ္ရံုေဆြးေႏြးပဲြေတြ၊ အစည္းအေ၀းေတြ၊ ပညာေပးေတြ က်ေနာ္တုိ႔ ေဆာင္ရြက္သြားမွာ ျဖစ္တယ္။ အဲလုိ ေဆာင္ရြက္ဖုိ႔အတြက္ တုိင္းနဲ႔ ျပည္နယ္အလုိက္ ပူးေပါင္းေဆာင္ရြက္မယ့္ ေဆးရံုသတ္မွတ္ခ်က္ေတြ တပ္မေတာ္အေနနဲ႔ ေဆာင္ရြက္ၿပီးျဖစ္ပါတယ္။ေပါင္းစပ္ညိွႏိႈင္းေဆာင္ရြက္ေပးမယ့္ ေဆးရံု ၁၇ ခု၊ တုိင္းေဒသၾကီး ၁၄ခု အပါအ၀င္ ရွမ္းမွာဆုိရင္ အေရွ႔ရွမ္း၊ ေတာင္ဘက္ ဒါေတြနဲ႔ ခဲြထားတာျဖစ္တယ္။ နယ္ေျမ ၁၇ ခုမွာ ေဆးရံု ၁၇ ခု သတ္မွတ္ၿပီးျဖစ္တယ္။”

ႏိုင္ငံတကာရဲ့ ေရာဂါအဆင့္ သတ္မွတ္မႈအတုိင္း အစိမ္းေရာင္၊ အ၀ါေရာင္၊ လိေမၼာ္ေရာင္နဲ႔ အနီေရာင္အဆင့္ သတ္မွတ္ထားၿပီး ေရာဂါျပင္းထန္တဲ့ လိေမၼာ္ေရာင္အဆင့္အတြက္ တပ္မေတာ္ေဆး၀န္ထမ္း အင္အားအားလံုးရဲ့ ဆယ္ပံုတပံု၊ ဆရာ၀န္ ၂၂၁ ဦး၊ သူနာျပဳ ၅၈၅ ဦးနဲ႔ ေဆာင္ရြက္မွာျဖစ္ေၾကာင္း၊ အနီေရာင္အဆင့္မွာဆုိရင္ေတာ့ အင္အားရဲ့ ဆယ္ပံုႏွစ္ပံု နဲ႔ ပူးေပါငး္ ေဆာင္ရြက္သြားမွာ ျဖစ္ေၾကာင္းနဲ႔ေဆးနဲ႔ ေဆးပစၥည္းေတြ ေထာက္ပ႔ံဖု႔ိလည္း ျပင္ဆင္ထားေၾကာင္း ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ေလာေလာဆယ္မွာေတာ့ ၁၉၂ ႏိုင္ငံမွာ လူေပါင္း ၃၀၀,၀၀၀ ေက်ာ္ကူးစက္ေနၿပီး ေသဆံုးသူ ၁၄,၀၀၀ ေက်ာ္ရိွေနၿပီ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ေစာင့္ၾကည့္လူနာ ၂၀၄ ဦး၊ သံသယလူနာ ၂ ဦး ရိွခဲ့ေၾကာင္းနဲ႔ ကူးစက္အတည္ျပဳလူနာ မရိွေသးေၾကာင္း ေနာက္ဆံုးထုတ္ျပန္ထားပါတယ္။

[Unicode Version]

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး စေတနာ့ ဆေးဝန်ထမ်းတွေ ဖိတ်ခေါ်

COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံဆရာဝန်အသင်း(ရန်ကုန်)က စေတနာ့ဝန်ထမ်းတွေ ဖိတ်ခေါ်ရာမှာ မြန်မာနိုင်ငံအနှံ့က ဆရာဝန် ၁၀၀ ကျော် စာရင်းပေးသွင်းထားပါတယ်။ တပ်မတော်ဘက်ကလည်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို တပ်မတော်ဆေးရုံတွေကို ပြင်ဆင်ထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး လိုအပ်လာရင် ကူညီဖို့အတွက် မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်)က စေတနာ့ဝန်ထမ်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ရာမှာ မြန်မာပြည်နေရာအနှံ့က ဆရာဝန် ၁၀၀ကျော် စာရင်းပေးသွင်းထားပြီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ တပ်မတော်ကလည်း အရပ်ဘက်နဲ့ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်ထားသလို တိုင်းဒေသကြီးနဲ့ပြည်နယ် ၁၄ ခုမှာ တပ်မတော်ဆေးရုံ ၁၇ ရုံကို ပြင်ဆင်ထားပါတယ်။

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်)ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက လိုအပ်လာရင် ကူညီနိုင်ဖို့အတွက် စေတနာဝန်ထမ်းဆရာဝန်တွေကို ဖိတ်ခေါ်ခဲ့တဲ့အခြေအနေကို အသင်းရဲ့ ရုံးအဖွဲ့မှူး ဦးသောင်းညွှန့်က အခုလို ပြောပါတယ်။

“ကျနော်တို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆရာဝန်တွေက လက်ရှိ လုပ်ငန်းတွေလည်း များပြားတယ်လေ။ လူမမာတွေ များတဲ့အတွက် လုပ်ငန်းတွေ များတယ်။ အဲဒီ တခုခု ကာကွယ်ရေး၊ ထိန်းချုပ်ရေး အဲဒီဟာတွေအတွက်ပေါ့။ ကျနော်တို့က လိုအပ်လာရင် လိုအပ်တဲ့အချိန်မှာ ကူညီနိုင်ဖို့အတွက် အရံအင်အား စုဆောင်းထားတာပေါ့။ အခုလောလောဆယ် ၁၀၀ လောက်ရပြီပေါ့။ ရန်ကုန်ကတော့ များတာပေါ့။ ပြည်နယ်နဲ့ တိုင်းအသီးသီး နေပြည်တော်၊ ပျဉ်းမနားတို့၊ ရှမ်းပြည်နယ်ကလည်း ပါတယ်။ တောင်၊ မြောက်ပေါ့။ စစ်ကိုင်းကပါတယ်။ ဧရာဝတီက ပါတယ်။ စသည့်ဖြင့်ပေါ့။ပြီးတော့ မုဒုံကလည်း ပါတယ်။ အဲလို နယ်က ဆရာတွေလည်း ပါတယ်ပေါ့။ နောက်ပြီးတော့ Retire ယူသွားပြီဖြစ်တဲ့ ဆရာကြီးတွေ၊ ဆရာမကြီးတွေလည်း သူတို့ စာရင်း ပေးထားတာ ရှိတာပေါ့။ ဘယ်လိုနေရာမျိုးမဆို ပါဝင်ကူညီနိုင်ဖို့ Ready ပြင်ထားတာပေါ့။”

မြန်မာနိုင်ငံ ဆရာဝန်အသင်းမှာ အသင်းဝင်စုစုပေါင်း ၂၀,၀၀၀ လောက်ရှိပြီး လောလောဆယ်မှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆက်သွယ်လာတာ မရှိသေးကြောင်းနဲ့ အသင်းအနေနဲ့ ဒီနှစ် နှစ်ဆန်းပိုင်းက စတင်ပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ ပညာပေးဟောပြောပွဲတွေ ဆောင်ရွက်ထားကြောင်း ပြောပါတယ်။

တပ်မတော်ကလည်း ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့အတွက် စီမံချက်ရေးဆွဲပြင်ဆင်ထားတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှုးချုပ် ဇော်မင်းထွန်းက တနင်္ဂနွေနေ့က နေပြည်တော်မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုထားပါတယ်။

“ပူးပေါင်းဆောင်ရွက်မယ့် လုပ်ငန်းစီမံချက်ထဲမှာ လေ့ကျင့်ခြင်းနဲ့ ပေါင်းစပ်ညှိနှိုင်းခြင်းတွေ၊ ကြိုတင် ကာကွယ်ခြင်းတွေ၊ ကုသမှု လုပ်ငန်းဆောင်ရွက်ခြင်းတွေ ဆောင်ရွက်မှာဖြစ်တယ်။ အဲလို ဆောင်ရွက်တဲ့ နေရာမှာ လေ့ကျင့်ခြင်းနဲ့ ပေါင်းစပ်ညှိနှိုင်ခြင်းမှာတော့ လေ့ကျင့်ဇာတ်တိုက်တာတွေ လုပ်သွားမှာဖြစ်တယ်။ အရပ်ဘက်နဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ အစည်းအဝေးတွေ၊ ပညာပေးတွေ ကျနော်တို့ ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အဲလို ဆောင်ရွက်ဖို့အတွက် တိုင်းနဲ့ ပြည်နယ်အလိုက် ပူးပေါင်းဆောင်ရွက်မယ့် ဆေးရုံသတ်မှတ်ချက်တွေ တပ်မတော်အနေနဲ့ ဆောင်ရွက်ပြီးဖြစ်ပါတယ်။ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးမယ့် ဆေးရုံ ၁၇ ခု၊ တိုင်းဒေသကြီး ၁၄ခု အပါအဝင် ရှမ်းမှာဆိုရင် အရှေ့ရှမ်း၊ တောင်ဘက် ဒါတွေနဲ့ ခွဲထားတာဖြစ်တယ်။ နယ်မြေ ၁၇ ခုမှာ ဆေးရုံ ၁၇ ခု သတ်မှတ်ပြီးဖြစ်တယ်။”

နိုင်ငံတကာရဲ့ ရောဂါအဆင့် သတ်မှတ်မှုအတိုင်း အစိမ်းရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နဲ့ အနီရောင်အဆင့် သတ်မှတ်ထားပြီး ရောဂါပြင်းထန်တဲ့ လိမ္မော်ရောင်အဆင့်အတွက် တပ်မတော်ဆေးဝန်ထမ်း အင်အားအားလုံးရဲ့ ဆယ်ပုံတပုံ၊ ဆရာဝန် ၂၂၁ ဦး၊ သူနာပြု ၅၈၅ ဦးနဲ့ ဆောင်ရွက်မှာဖြစ်ကြောင်း၊ အနီရောင်အဆင့်မှာဆိုရင်တော့ အင်အားရဲ့ ဆယ်ပုံနှစ်ပုံ နဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ဆေးနဲ့ ဆေးပစ္စည်းတွေ ထောက်ပံ့ဖု့ိလည်း ပြင်ဆင်ထားကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

လောလောဆယ်မှာတော့ ၁၉၂ နိုင်ငံမှာ လူပေါင်း ၃၀၀,၀၀၀ ကျော်ကူးစက်နေပြီး သေဆုံးသူ ၁၄,၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ စောင့်ကြည့်လူနာ ၂၀၄ ဦး၊ သံသယလူနာ ၂ ဦး ရှိခဲ့ကြောင်းနဲ့ ကူးစက်အတည်ပြုလူနာ မရှိသေးကြောင်း နောက်ဆုံးထုတ်ပြန်ထားပါတယ်။

 မုိးေဇာ္/VOA (Burmese)
https://burmese.voanews.com
ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရး ေစတနာ့ ေဆးဝန္ထမ္းေတြ ဖိတ္ေခၚ ကိုရိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရး ေစတနာ့ ေဆးဝန္ထမ္းေတြ ဖိတ္ေခၚ Reviewed by THITHTOOLWIN on 00:48 Rating: 5
Powered by Blogger.