ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္ရဲ႕ ဖမ္းဆီးခံရၿပီးေနာက္ ေသဆုံးတာေတြရွိ


(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္မွာ တပ္မေတာ္က စစ္ေၾကာေရးေဆာင္႐ြက္ၿပီးေနာက္ ေသဆုံးတာေတြနဲ႔ ဖမ္းဆီး ခံရၿပီးေနာက္ မိသားစုနဲ႔ အဆက္အသြယ္မရဘဲ ေပ်ာက္ဆုံးေနတာေတြရွိတယ္လို႔ ကာယကံရွင္ မိသားစုက ေျပာ ပါတယ္။

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ႏွမဒါေက်း႐ြာက အသက္ ၇၃ ႏွစ္အ႐ြယ္ ဦးေမာင္ျဖဴထြန္းဟာ ၿပီးခဲ့တဲ့  ေဖေဖာ္ ဝါရီလ ၂၆ ရက္ေန႔က ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္ကေန စက္ေလွနဲ႔႐ြာျပန္လာရာမွာ  ေက်ာက္ေတာ္ ၿမိဳ႕နယ္ တင္းမ႐ြာမွာစခန္းခ်ေနတဲ့ တပ္မေတာ္က ဖမ္းဆီးခံခဲ့ရတာလို႔ မိသားစုက  ေျပာပါတယ္။

မတ္လ ၄ ရက္ေန႔မွာေတာ့ ဦးေမာင္ျဖဴထြန္းကို တပ္မေတာ္က ေမာ္ေတာ္ကားနဲ႔ ေက်ာက္ေတာ္ရဲစခန္းကို လာေရာက္အပ္ႏွံခဲ့ၿပီးေနာက္ အဲဒီေန႔ညမွာပဲ စစ္ေၾကာေရးမွာရရွိခဲ့တဲ့ဒဏ္ရာေတြနဲ႔  ေဆး႐ုံမွာ ေသဆုံးသြား တယ္လို႔ သားျဖစ္သူ ကိုေက်ာ္ေက်ာ္ က ေျပာပါတယ္။

“ည ၇ နာရီခြဲေလာက္မွာ တပ္မက ကားႏွစ္စီးနဲ႔လာၿပီးေတာ့ ကြၽန္ေတာ့အေဖအပါအဝင္ အဖမ္းခံထားရသူ ခုႏွစ္ဦး ကို ေက်ာက္ေတာ္ရဲစခန္းကို လာပို႔တယ္။ ကြၽန္ေတာ့အေဖကိုေတာ့ ရဲစခန္းေရွ႕မွာ ကားေပၚကေနတြန္းခ်လိုက္ ပါတယ္။ တျခားလူေတြကိုေတာ့ သြားႏိုင္လာႏိုင္လို႔ ကိုင္ၿပီးခ်ေပးပါတယ္။ ကြၽန္ေတာ့အေဖကိုေတာ့ ႀကိဳးခ်ည္ လွ်က္သား ခင္ဗ်ားေသစမ္းဆိုၿပီးေတာ့ တြန္းခ်လိုက္ၾကတာ။ ရဲေတြက ခ်က္ခ်င္းေဆး႐ုံတင္ခြင့္မရဘဲ စစ္သား ေတြျပန္သြားလို႔ ည ၈ နာရီေက်ာ္ေလာက္မွ  ေဆး႐ုံတင္ခြင့္ရတယ္။ အေဖ့ကိုေဆး႐ုံတင္တဲ့အေၾကာင္း ကြၽန္ေတာ့ ကိုလွမ္းေျပာၾကေတာ့ ကြၽန္ေတာ္က လမ္းပန္းဆက္သြယ္ေရး အေျခအေနအရလာလို႔မရဘူး။ တိုက္ပြဲေတြေၾကာင့္ ေရေၾကာင္းကေနလာလို႔မရေတာ့ ကုန္းလမ္းလည္း ညဆိုလာလို႔မရဘူး။ မနက္ဖုန္းထပ္ဝင္လာေတာ့ အေဖဆုံး ၿပီတဲ့”

ဦးေမာင္ျဖဴထြန္းဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ မာလာ႐ြာကို ဝါးေရာင္းၿပီး စက္ေလွနဲ႔အျပန္ ဝါးအေရာင္းအဝယ္ လုပ္တဲ့ အျခားအသက္ႀကီး အမ်ိဳးသားႏွစ္ဦးနဲ႔အတူ ျပန္လာရာမွာ ဖမ္းဆီးခံခဲ့ရတာပါ။

ဝါးေရာင္းလို႔ရတဲ့ေငြေတြနဲ႔ စက္ေလွကိုေတာ့ ဒီေန႔အထိျပန္မရဘူးလို႔ ကိုေက်ာ္ေက်ာ္ ကေျပာပါတယ္။

တပ္ေတာ္စစ္ေၾကာင္းတစ္ခုက ဖမ္းဆီးမႈကို ခံရၿပီးေနာက္ ေပ်ာက္ဆုံးေနသူတစ္ဦးကေတာ့ ေျမာက္ဦးၿမိဳ႕နယ္ အထုပ္သည္မေက်း႐ြာက ဦးစံေ႐ႊသန္း(ေခၚ) အသန္းေခ်ပါ။

အသက္ ၅၈ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဦးစံေ႐ႊသန္းဟာ ႐ြာမွာျပဳလုပ္မယ့္ ရွင္ျပဳအလႉအတြက္ ေဖေဖာ္ဝါရီ ၂၉ ရက္ မနက္ပိုင္းက ဆိုင္ကယ္နဲ႔ေဈးဝယ္ဖို႔ထြက္ရာမွာ ေျမာင္းေဘြေက်း႐ြာအနီးမွာ တိုက္ပြဲျဖစ္တာနဲ႔ႀကဳံရၿပီးေနာက္ တပ္မေတာ္စစ္ေၾကာင္းရဲ႕ ဖမ္းဆီးမႈကို ခံခဲ့ရတာပါ။

အဲဒီေန႔ကျဖစ္ခဲ့တဲ့ တပ္မေတာ္နဲ႔ ေအေအအဖြဲ႕တို႔ရဲ႕ တိုက္ပြဲဟာ အရပ္သား ၁၁ ဦးအထိ ေသဆုံးခဲ့ရတဲ့တိုက္ပြဲပါ။

မသကၤာတဲ့လူ ၁၄ ဦးကို မတ္လ ၃ ရက္ေန႔က ေျမာက္ဦးၿမိဳ႕မရဲစခန္းမွာ တပ္မေတာ္က အမႈဖြင့္လိုက္ေပမယ့္ အဲဒီအထဲမွာ ဦးစံေ႐ႊသန္းက ပါမလာပါဘူး။

ဦးစံေ႐ႊသန္းရဲ႕ သမီးျဖစ္သူ မျမႏွင္းေဝက သူ႔အေဖကို ဒီေန႔အထိ စုံစမ္းလို႔မရေသးဘူးလို႔ေျပာပါတယ္။

အဲဒီေန႔မွာပဲ ဦးစံေ႐ႊသန္းရဲ႕လက္ကိုင္ဖုန္းကို မိသားစုက ဆက္သြယ္ရာမွာ အမည္မသိသူတစ္ဦးက ဗမာစကားနဲ႔ ညေနျပန္လႊတ္မွာျဖစ္ေၾကာင္းေျပာဆိုတာ၊ ေျမာက္ဦးရဲစခန္းမွာ အမႈဖြင့္ခံရသူေတြက သူတို႔နဲ႔အတူ ဦးစံေ႐ႊသန္း လည္း အဖမ္းခံရတာလို႔ အခိုင္အမာေျပာဆိုတာ စတဲ့အခ်က္ေတြေၾကာင့္ ဦးစံေ႐ႊသန္းဟာ တပ္မေတာ္ရဲ႕ လက္ထဲ မွာရွိေနတယ္ဆိုတာကို မိသားစုက ယုံၾကည္ေနၾကပါတယ္။

ဦးစံေ႐ႊသန္း ေပ်ာက္ဆုံးေနတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ လုံၿခဳံေရးနဲ႔နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီးဖုန္းတင့္ကို ၿပီးခဲ့တဲ့ရက္ပိုင္းက မိသားစုက သြားေရာက္ေတြ႕ဆုံေမးျမန္းခဲ့ၾကပါတယ္။

ဒါေပမဲ့ ဒီကိစၥကို မသိေသးဘူးဆိုတဲ့အေျဖကိုသာရခဲ့ေၾကာင္း သမီးျဖစ္သူ မျမႏွင္းေဝက ေျပာပါတယ္။

ပလက္ဝၿမိဳ႕နယ္ ႏွမဒါေက်း႐ြာက ဦးေမာင္ျဖဴထြန္းဟာ တပ္မေတာ္စစ္ေၾကာေရး လက္လြန္ေသဆုံးတာ၊ ေျမာက္ဦးၿမိဳ႕နယ္က ဦးစံေ႐ႊသန္းကို တပ္မေတာ္စစ္ေၾကာင္းက ဖမ္းဆီးတာ စတဲ့ မိသားစုဝင္ေတြရဲ႕ ေျပာဆိုခ်က္ နဲ႔ ပတ္သက္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီးဝင္းေဇာ္ဦး ကို RFA က ဒီေန႔မနက္ ၁၀ နာရီမွာ ဆက္သြယ္ခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားျခင္းမရွိပါဘူး။

ရခိုင္လူ႔အခြင့္အေရး ကာကြယ္ျမႇင့္တင္သူမ်ားအဖြဲ႕ရဲ႕ ဒါ႐ိုက္တာ ဦးျမတ္ထြန္းက ေအာက္ေျခအဆင့္မွာျဖစ္ေနတဲ့ ကိစၥရပ္ေတြအတြက္ ႏိုင္ငံေတာ္အႀကီးအကဲေတြမွာ တာဝန္ရွိတယ္လို႔ ေျပာပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က တပ္မေတာ္က ဖမ္းဆီးစစ္ေဆးေနစဥ္အတြင္း အရပ္သားေသဆုံးမႈဟာ ၁၅ ေယာက္ေလာက္ရွိ ခဲ့ပါတယ္။

အခ်ိန္တစ္ႏွစ္ေက်ာ္အထိ ၾကာျမင့္လာခဲ့တဲ့ စစ္ေရးပဋိပကၡကာလမွာ သတင္းအစအနမရဘဲ ေပ်ာက္ဆုံးေနသူေတြ ၂၀ ထက္မနည္းရွိႏိုင္တယ္လို႔ ေဒသခံေတြကခန႔္မွန္းၾကေပမယ့္ အေရအတြက္အတိအက်ကို စာရင္းျပဳစုထားတာ မေတြ႕ရပါဘူး။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ရခိုင်မြောက်ပိုင်းမှာ တပ်မတော်ရဲ့ ဖမ်းဆီးခံရပြီးနောက် သေဆုံးတာတွေရှိ

ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ တပ်မတော်က စစ်ကြောရေးဆောင်ရွက်ပြီးနောက် သေဆုံးတာတွေနဲ့ ဖမ်းဆီး ခံရပြီးနောက် မိသားစုနဲ့ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတာတွေရှိတယ်လို့ ကာယကံရှင် မိသားစုက ပြော ပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် နှမဒါကျေးရွာက အသက် ၇၃ နှစ်အရွယ် ဦးမောင်ဖြူထွန်းဟာ ပြီးခဲ့တဲ့  ဖေဖော် ဝါရီလ ၂၆ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်ကနေ စက်လှေနဲ့ရွာပြန်လာရာမှာ  ကျောက်တော် မြို့နယ် တင်းမရွာမှာစခန်းချနေတဲ့ တပ်မတော်က ဖမ်းဆီးခံခဲ့ရတာလို့ မိသားစုက  ပြောပါတယ်။

မတ်လ ၄ ရက်နေ့မှာတော့ ဦးမောင်ဖြူထွန်းကို တပ်မတော်က မော်တော်ကားနဲ့ ကျောက်တော်ရဲစခန်းကို လာရောက်အပ်နှံခဲ့ပြီးနောက် အဲဒီနေ့ညမှာပဲ စစ်ကြောရေးမှာရရှိခဲ့တဲ့ဒဏ်ရာတွေနဲ့  ဆေးရုံမှာ သေဆုံးသွား တယ်လို့ သားဖြစ်သူ ကိုကျော်ကျော် က ပြောပါတယ်။

“ည ၇ နာရီခွဲလောက်မှာ တပ်မက ကားနှစ်စီးနဲ့လာပြီးတော့ ကျွန်တော့အဖေအပါအဝင် အဖမ်းခံထားရသူ ခုနှစ်ဦး ကို ကျောက်တော်ရဲစခန်းကို လာပို့တယ်။ ကျွန်တော့အဖေကိုတော့ ရဲစခန်းရှေ့မှာ ကားပေါ်ကနေတွန်းချလိုက် ပါတယ်။ တခြားလူတွေကိုတော့ သွားနိုင်လာနိုင်လို့ ကိုင်ပြီးချပေးပါတယ်။ ကျွန်တော့အဖေကိုတော့ ကြိုးချည် လျှက်သား ခင်ဗျားသေစမ်းဆိုပြီးတော့ တွန်းချလိုက်ကြတာ။ ရဲတွေက ချက်ချင်းဆေးရုံတင်ခွင့်မရဘဲ စစ်သား တွေပြန်သွားလို့ ည ၈ နာရီကျော်လောက်မှ  ဆေးရုံတင်ခွင့်ရတယ်။ အဖေ့ကိုဆေးရုံတင်တဲ့အကြောင်း ကျွန်တော့ ကိုလှမ်းပြောကြတော့ ကျွန်တော်က လမ်းပန်းဆက်သွယ်ရေး အခြေအနေအရလာလို့မရဘူး။ တိုက်ပွဲတွေကြောင့် ရေကြောင်းကနေလာလို့မရတော့ ကုန်းလမ်းလည်း ညဆိုလာလို့မရဘူး။ မနက်ဖုန်းထပ်ဝင်လာတော့ အဖေဆုံး ပြီတဲ့”

ဦးမောင်ဖြူထွန်းဟာ ကျောက်တော်မြို့နယ် မာလာရွာကို ဝါးရောင်းပြီး စက်လှေနဲ့အပြန် ဝါးအရောင်းအဝယ် လုပ်တဲ့ အခြားအသက်ကြီး အမျိုးသားနှစ်ဦးနဲ့အတူ ပြန်လာရာမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဝါးရောင်းလို့ရတဲ့ငွေတွေနဲ့ စက်လှေကိုတော့ ဒီနေ့အထိပြန်မရဘူးလို့ ကိုကျော်ကျော် ကပြောပါတယ်။

တပ်တော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးမှုကို ခံရပြီးနောက် ပျောက်ဆုံးနေသူတစ်ဦးကတော့ မြောက်ဦးမြို့နယ် အထုပ်သည်မကျေးရွာက ဦးစံရွှေသန်း(ခေါ်) အသန်းချေပါ။

အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဦးစံရွှေသန်းဟာ ရွာမှာပြုလုပ်မယ့် ရှင်ပြုအလှူအတွက် ဖေဖော်ဝါရီ ၂၉ ရက် မနက်ပိုင်းက ဆိုင်ကယ်နဲ့ဈေးဝယ်ဖို့ထွက်ရာမှာ မြောင်းဘွေကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တာနဲ့ကြုံရပြီးနောက် တပ်မတော်စစ်ကြောင်းရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတာပါ။

အဲဒီနေ့ကဖြစ်ခဲ့တဲ့ တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့ တိုက်ပွဲဟာ အရပ်သား ၁၁ ဦးအထိ သေဆုံးခဲ့ရတဲ့တိုက်ပွဲပါ။

မသင်္ကာတဲ့လူ ၁၄ ဦးကို မတ်လ ၃ ရက်နေ့က မြောက်ဦးမြို့မရဲစခန်းမှာ တပ်မတော်က အမှုဖွင့်လိုက်ပေမယ့် အဲဒီအထဲမှာ ဦးစံရွှေသန်းက ပါမလာပါဘူး။

ဦးစံရွှေသန်းရဲ့ သမီးဖြစ်သူ မမြနှင်းဝေက သူ့အဖေကို ဒီနေ့အထိ စုံစမ်းလို့မရသေးဘူးလို့ပြောပါတယ်။

အဲဒီနေ့မှာပဲ ဦးစံရွှေသန်းရဲ့လက်ကိုင်ဖုန်းကို မိသားစုက ဆက်သွယ်ရာမှာ အမည်မသိသူတစ်ဦးက ဗမာစကားနဲ့ ညနေပြန်လွှတ်မှာဖြစ်ကြောင်းပြောဆိုတာ၊ မြောက်ဦးရဲစခန်းမှာ အမှုဖွင့်ခံရသူတွေက သူတို့နဲ့အတူ ဦးစံရွှေသန်း လည်း အဖမ်းခံရတာလို့ အခိုင်အမာပြောဆိုတာ စတဲ့အချက်တွေကြောင့် ဦးစံရွှေသန်းဟာ တပ်မတော်ရဲ့ လက်ထဲ မှာရှိနေတယ်ဆိုတာကို မိသားစုက ယုံကြည်နေကြပါတယ်။

ဦးစံရွှေသန်း ပျောက်ဆုံးနေတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်ကို ပြီးခဲ့တဲ့ရက်ပိုင်းက မိသားစုက သွားရောက်တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီကိစ္စကို မသိသေးဘူးဆိုတဲ့အဖြေကိုသာရခဲ့ကြောင်း သမီးဖြစ်သူ မမြနှင်းဝေက ပြောပါတယ်။

ပလက်ဝမြို့နယ် နှမဒါကျေးရွာက ဦးမောင်ဖြူထွန်းဟာ တပ်မတော်စစ်ကြောရေး လက်လွန်သေဆုံးတာ၊ မြောက်ဦးမြို့နယ်က ဦးစံရွှေသန်းကို တပ်မတော်စစ်ကြောင်းက ဖမ်းဆီးတာ စတဲ့ မိသားစုဝင်တွေရဲ့ ပြောဆိုချက် နဲ့ ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦး ကို RFA က ဒီနေ့မနက် ၁၀ နာရီမှာ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခြင်းမရှိပါဘူး။

ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ရဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက အောက်ခြေအဆင့်မှာဖြစ်နေတဲ့ ကိစ္စရပ်တွေအတွက် နိုင်ငံတော်အကြီးအကဲတွေမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်က တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်အတွင်း အရပ်သားသေဆုံးမှုဟာ ၁၅ ယောက်လောက်ရှိ ခဲ့ပါတယ်။

အချိန်တစ်နှစ်ကျော်အထိ ကြာမြင့်လာခဲ့တဲ့ စစ်ရေးပဋိပက္ခကာလမှာ သတင်းအစအနမရဘဲ ပျောက်ဆုံးနေသူတွေ ၂၀ ထက်မနည်းရှိနိုင်တယ်လို့ ဒေသခံတွေကခန့်မှန်းကြပေမယ့် အရေအတွက်အတိအကျကို စာရင်းပြုစုထားတာ မတွေ့ရပါဘူး။

RFA Burmese
https://www.rfa.org
ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္ရဲ႕ ဖမ္းဆီးခံရၿပီးေနာက္ ေသဆုံးတာေတြရွိ ရခိုင္ေျမာက္ပိုင္းမွာ တပ္မေတာ္ရဲ႕ ဖမ္းဆီးခံရၿပီးေနာက္ ေသဆုံးတာေတြရွိ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.