ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္မွာ ပတ္ဝန္းက်င္ ညစ္ညမ္းမႈေလ်ာ့နည္း

၂၀၂ဝ ခုႏွစ္ ဇန္နဝါရီ ၁ရက္ကေန ၂ဝရက္အထိနဲ႔ ေဖေဖာ္ဝါရီ ၁ဝကေန ၂၅ရက္အထိ တ႐ုတ္ႏိုင္ငံကို ၿဂိဳဟ္တုက ႐ိုက္ကူးထားတဲ့ ဓာတ္ပုံ ႏွစ္ပုံ။
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံတဝန္းမွာ ပတ္ဝန္းက်င္ညစ္ညမ္းမႈ ေလ်ာ့နည္းသြားတဲ့ အေျခအေနကို ႏႈိင္းယွဥ္ျပထားတဲ့ ၿဂိဳဟ္တုကေန ႐ိုက္ကူးထားတဲ့ ဓာတ္ပုံေတြကို အေမရိကန္ အာကာသဆိုင္ရာ ေအဂ်င္စီ နာဆာက ထုတ္ျပန္လာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီးတဲ့ေနာက္ စီးပြားေရးေတြေႏွးသြားတာက ပတ္ဝန္းက်င္ ညစ္ညမ္းမႈ ေလ်ာ့နည္းသြားရတဲ့ ျဖစ္ႏိုင္ေခ်ရွိတဲ့ အေၾကာင္း အရင္း တခုလို႔လည္း နာဆာက ဆိုပါတယ္။

တ႐ုတ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရၿပီးတဲ့ေနာက္ ဒီဗိုင္းရပ္စ္ ကူးစက္တာကို ထိန္းခ်ဳပ္ႏိုင္ဖို႔ အတြက္ စက္႐ုံေတြရဲ႕ လည္ပတ္မႈကိုလည္း ရပ္ဆိုင္း ခဲ့တာေၾကာင့္ ပတ္ဝန္းက်င္ ညစ္ညမ္းမႈက စံခ်ိန္တင္ ေလ်ာ့နည္းလာခဲ့ပါတယ္။

တ႐ုတ္မွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူက ၈ဝဝဝဝ နီးပါး ရွိေနၿပီး ႏိုင္ငံေပါင္း ၅၉ ႏိုင္ငံမွာလည္း ဒီေရာဂါ ကူးစက္ခံေနရတာ ျဖစ္ပါတယ္။

နာဆာက ထုတ္ျပန္လိုက္တဲ့ ဓာတ္ပုံမွာ ၂ဝ၂ဝ ခုႏွစ္ ဇန္နဝါရီလနဲ႔ ေဖေဖာ္ဝါရီလအတြင္း ႏိုက္ထ႐ိုဂ်င္ ေအာက္ဆိုဒ္ ပမာဏ ေလ်ာ့နည္းသြားတဲ့ အေျခအေနနဲ႔ ၂ဝ၁၉ ခုႏွစ္ အလားတူအခ်ိန္မွာ ရွိခဲ့တဲ့ အေျခအေနေတြကို ႏႈိင္းယွဥ္ထားျပထားပါတယ္။

၂ဝ၂ဝ ခုႏွစ္ ဇန္နဝါရီလနဲ႔ ေဖေဖာ္ဝါရီလအတြင္း ႏိုက္ထ႐ိုဂ်င္ ေအာက္ဆိုဒ္ ပမာဏ ေလ်ာ့နည္းသြားတဲ့ အေျခအေနနဲ႔ ၂ဝ၁၉ ခုႏွစ္ အလားတူအခ်ိန္မွာ ရွိခဲ့တဲ့ အေျခအေန။

ႏိုက္ထ႐ိုဂ်င္ဒိုင္ ေအာက္ဆိုဒ္ကို ေမာ္ေတာ္ကားထုတ္တဲ့ စက္႐ုံနဲ႔ တျခား စက္မႈလုပ္ငန္းေတြကေန အဓိက ထုတ္လုပ္ၿပီး ေလထုကို ညစ္ညမ္းေစ ပါတယ္။ ဒီႏိုက္ထ႐ိုဂ်င္ေအာက္ဆိုဒ္က လူေတြရဲ႕ အသက္ရႈလမ္းေၾကာင္းကို ထိခိုက္ေစတယ္လို႔ က်န္းမာေရး ပညာရွင္ေတြက ဆိုပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားခဲ့တဲ့ ဝူဟန္ၿမိဳ႕ အနီးတဝိုက္မွာ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုဒ္ ေလ်ာ့ပါးသြားတာကို အရင္ သတိထားမိခဲ့တယ္လို႔ နာဆာက သိပၸံပညာရွင္ေတြက ေျပာပါတယ္။

ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈရွိမရွိ သန္းနဲ႔ခ်ီတဲ့ လူေတြကို ေစာင့္ၾကည့္ခဲ့ၿပီးတဲ့ေနာက္ သယ္ယူပို႔ေဆာင္ေရးနဲ႔ တျခားစီးပြားေရးလုပ္ငန္း ေတြကို တားျမစ္လိုက္ရာမွာ ေလထုညစ္ညမ္းမႈ အဆင့္က်လာတာက သိသာတယ္လို႔ နာဆာက ပညာရွင္ေတြက ေျပာပါတယ္။

"ျဖစ္ရပ္တခုေၾကာင့္ ေနရာ အေတာ္မ်ားမ်ားမွာ ပထမဆုံး အံ့ၾသစရာေကာင္းေလာက္ေအာင္ကို သိသိသာသာ က်သြားတာကို ကြၽန္မေတြ႕ခဲ့ ရတာ ပါ"လို႔ နာဆာမွာ ေလထုရဲ႕အရည္အေသြးကို သုေတသနလုပ္တဲ့ သုေတသီ ေဖးလ်ဴက ထုတ္ျပန္ခ်က္မွာ ေျပာပါတယ္။

၂ဝဝ၈ ခုႏွစ္ စီးပြားေရးက်တဲ့ ကာလတုန္းက ႏိုက္ထ႐ိုဂ်င္ေအာက္ဆိုဒ္ပမာဏ ေလ်ာ့က်သြားတာကို သူက ေလ့လာ ေတြ႕ရွိခဲ့တယ္လို႔လည္း ဆိုပါ တယ္။ ဒါေပမဲ့ အဲဒီအခ်ိန္တုန္းက တျဖည္းျဖည္းနဲ႔ ေလ်ာ့က်လာတာလို႔ သူက ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီလ ေႏွာင္းပိုင္းနဲ႔ ေဖေဖာ္ဝါရီလအစပိုင္း တ႐ုတ္ႏွစ္ကူးက်င္းပတဲ့ ကာလနဲ႔ ေလထုညစ္ညမ္းမႈ အဆင့္ ေလ်ာ့က်တာကိုလည္း သတိထားမိတယ္လို႔ နာဆာက ထုတ္ျပန္ပါတယ္။ ဒါေပမဲ့ ဒီႏွစ္ကူး ၿပီးသြားရင္ ေလထုညစ္ညမ္းမႈ အဆင့္က ျပန္တက္သြားတယ္လို႔ ဆိုပါတယ္။

"ဒီႏွစ္မွာ က်သြားတဲ့ ပမာဏက ခါတိုင္းႏွစ္ေတြထက္စာရင္ ပိုသိသာၿပီး ပိုၾကာပါတယ္၊ ႏိုင္ငံတဝန္းနဲ႔ ၿမိဳ႕အေတာ္မ်ားမ်ားမွာ ဗိုင္းရပ္စ္ ကူးစက္မႈ နည္းႏိုင္သမွ်နည္းေအာင္ အေရးယူေဆာင္႐ြက္မႈေတြလုပ္ခဲ့တာေၾကာင့္ အခုလို ျဖစ္တဲ့အတြက္ ကြၽန္မ မအံ့ၾသပါဘူး" လို႔ မစၥလ်ဴက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့နည်း

ဓာတ်ပုံ မူပိုင် NASA
Image caption ၂၀၂ဝ ခုနှစ် ဇန်နဝါရီ ၁ရက်ကနေ ၂ဝရက်အထိနဲ့ ဖေဖော်ဝါရီ ၁ဝကနေ ၂၅ရက်အထိ တရုတ်နိုင်ငံကို ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံ နှစ်ပုံ။

တရုတ်နိုင်ငံတဝန်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းသွားတဲ့ အခြေအနေကို နှိုင်းယှဉ်ပြထားတဲ့ ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အမေရိကန် အာကာသဆိုင်ရာ အေဂျင်စီ နာဆာက ထုတ်ပြန်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက် စီးပွားရေးတွေနှေးသွားတာက ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းသွားရတဲ့ ဖြစ်နိုင်ချေရှိတဲ့ အကြောင်း အရင်း တခုလို့လည်း နာဆာက ဆိုပါတယ်။

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက် ဒီဗိုင်းရပ်စ် ကူးစက်တာကို ထိန်းချုပ်နိုင်ဖို့ အတွက် စက်ရုံတွေရဲ့ လည်ပတ်မှုကိုလည်း ရပ်ဆိုင်း ခဲ့တာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုက စံချိန်တင် လျော့နည်းလာခဲ့ပါတယ်။

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူက ၈ဝဝဝဝ နီးပါး ရှိနေပြီး နိုင်ငံပေါင်း ၅၉ နိုင်ငံမှာလည်း ဒီရောဂါ ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

နာဆာက ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံမှာ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း နိုက်ထရိုဂျင် အောက်ဆိုဒ် ပမာဏ လျော့နည်းသွားတဲ့ အခြေအနေနဲ့ ၂ဝ၁၉ ခုနှစ် အလားတူအချိန်မှာ ရှိခဲ့တဲ့ အခြေအနေတွေကို နှိုင်းယှဉ်ထားပြထားပါတယ်။
ဓာတ်ပုံ မူပိုင် NASA
Image caption ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း နိုက်ထရိုဂျင် အောက်ဆိုဒ် ပမာဏ လျော့နည်းသွားတဲ့ အခြေအနေနဲ့ ၂ဝ၁၉ ခုနှစ် အလားတူအချိန်မှာ ရှိခဲ့တဲ့ အခြေအနေ။

နိုက်ထရိုဂျင်ဒိုင် အောက်ဆိုဒ်ကို မော်တော်ကားထုတ်တဲ့ စက်ရုံနဲ့ တခြား စက်မှုလုပ်ငန်းတွေကနေ အဓိက ထုတ်လုပ်ပြီး လေထုကို ညစ်ညမ်းစေ ပါတယ်။ ဒီနိုက်ထရိုဂျင်အောက်ဆိုဒ်က လူတွေရဲ့ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ အနီးတဝိုက်မှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် လျော့ပါးသွားတာကို အရင် သတိထားမိခဲ့တယ်လို့ နာဆာက သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ သန်းနဲ့ချီတဲ့ လူတွေကို စောင့်ကြည့်ခဲ့ပြီးတဲ့နောက် သယ်ယူပို့ဆောင်ရေးနဲ့ တခြားစီးပွားရေးလုပ်ငန်း တွေကို တားမြစ်လိုက်ရာမှာ လေထုညစ်ညမ်းမှု အဆင့်ကျလာတာက သိသာတယ်လို့ နာဆာက ပညာရှင်တွေက ပြောပါတယ်။

"ဖြစ်ရပ်တခုကြောင့် နေရာ အတော်များများမှာ ပထမဆုံး အံ့သြစရာကောင်းလောက်အောင်ကို သိသိသာသာ ကျသွားတာကို ကျွန်မတွေ့ခဲ့ ရတာ ပါ"လို့ နာဆာမှာ လေထုရဲ့အရည်အသွေးကို သုတေသနလုပ်တဲ့ သုတေသီ ဖေးလျူက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

၂ဝဝ၈ ခုနှစ် စီးပွားရေးကျတဲ့ ကာလတုန်းက နိုက်ထရိုဂျင်အောက်ဆိုဒ်ပမာဏ လျော့ကျသွားတာကို သူက လေ့လာ တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါ တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက တဖြည်းဖြည်းနဲ့ လျော့ကျလာတာလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ နှောင်းပိုင်းနဲ့ ဖေဖော်ဝါရီလအစပိုင်း တရုတ်နှစ်ကူးကျင်းပတဲ့ ကာလနဲ့ လေထုညစ်ညမ်းမှု အဆင့် လျော့ကျတာကိုလည်း သတိထားမိတယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကူး ပြီးသွားရင် လေထုညစ်ညမ်းမှု အဆင့်က ပြန်တက်သွားတယ်လို့ ဆိုပါတယ်။

"ဒီနှစ်မှာ ကျသွားတဲ့ ပမာဏက ခါတိုင်းနှစ်တွေထက်စာရင် ပိုသိသာပြီး ပိုကြာပါတယ်၊ နိုင်ငံတဝန်းနဲ့ မြို့အတော်များများမှာ ဗိုင်းရပ်စ် ကူးစက်မှု နည်းနိုင်သမျှနည်းအောင် အရေးယူဆောင်ရွက်မှုတွေလုပ်ခဲ့တာကြောင့် အခုလို ဖြစ်တဲ့အတွက် ကျွန်မ မအံ့သြပါဘူး" လို့ မစ္စလျူက ပြောပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္မွာ ပတ္ဝန္းက်င္ ညစ္ညမ္းမႈေလ်ာ့နည္း ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္မွာ ပတ္ဝန္းက်င္ ညစ္ညမ္းမႈေလ်ာ့နည္း Reviewed by THITHTOOLWIN on 19:00 Rating: 5
Powered by Blogger.