တာခ်ီလိတ္မွာ သၾကၤန္ကာလဖြင့္လွစ္ဖို႔ ျပင္ဆင္ထားတဲ့ ေခ်ာင္း၅ေခ်ာင္းနဲ႔ ဇြဲသာယာကမ္းေျခကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ထားမယ္

ဓါတ္ပုံ-ဇင္လတ္(ေ႐ႊႀတိဂံ)
(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ မတ္ ၁၈

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္မွာ သၾကၤန္ကာလအတြင္း ႏွစ္စဥ္ ဖြင့္လွစ္ေလ့ရွိတဲ့ လြယ္ေတာ္ခမ္းေခ်ာင္း၊ ပုန္းထြန္ေခ်ာင္း၊ မယ္ဟုတ္ေခ်ာင္း၊ မိုင္းလင္း‌ေခ်ာင္း၊ တာေလေခ်ာင္းနဲ႔ ဇြဲသာယာဆိပ္ကမ္းတို႔ကို လာမယ့္ ၂၀၂၀ သၾကၤန္မွာ ျပည္သူေတြ လည္ပတ္ႏိုင္ဖို႔ ဖြင့္လွစ္ခြင့္ ခြင့္ျပဳေပးထားေပမယ့္ လတ္တေလာ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရးအတြက္ မတ္လ (၁၈)ရက္ေန႔ကစၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ပိတ္သိမ္းရန္ ၫႊန္ၾကားထား‌ေၾကာင္း သိရပါတယ္။

ဓါတ္ပုံ-ဇင္လတ္(ေ႐ႊႀတိဂံ)

ကို႐ိုနာဗိုင္းရပ္စ္က လူစုလူေဝးေတြကေန တဆင့္ ကူးစက္မႈ ျမန္ဆန္ေစတဲ့အတြက္ လူစုလူေဝး ျဖစ္ေပၚေစတဲ့ ပြဲလမ္းသဘင္ေတြ၊ အခမ္းအနားေတြ၊ သင္တန္းေတြ၊ ေဟာေျပာပြဲစတဲ့ လူစုလူေဝးေတြကို ေရွာင္ၾကဥ္ဖို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕က ၫႊန္ၾကားထားတဲ့အတြက္ သၾကၤန္ပြဲေတြကိုလည္း မလုပ္ေတာ့ဖို႔ ဆုံးျဖတ္ထားတာ ျဖစ္ပါတယ္။

ဓါတ္ပုံ-ဇင္လတ္(ေ႐ႊႀတိဂံ)

"ႏိုင္ငံေတာ္သမၺတ႐ုံးကေန ထုတ္ျပန္တာရွိတယ္ေလ။ အဲ့တာေၾကာင့္ ကြၽန္ေတာ္တို႔ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ပိတ္လိုက္တာျဖစ္တယ္။ လူစုလူေဝးေတြမလုပ္ဖို႔အတြက္ ေခ်ာင္းေတြကို ပိတ္လိုက္တာ ျဖစ္ပါတယ္"လို႔ တာခ်ီလိတ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးခ်မ္းေျမ့ေစာက ေ႐ႊႀတိဂံေဒသ သတင္းဌာကို ေျပာၾကားပါတယ္။

ဓါတ္ပုံ-ဇင္လတ္(ေ႐ႊႀတိဂံ)

တာခ်ီလိတ္မွာ လူစုလူစုေဝးကေနတဆင့္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြမျဖစ္ေအာင္ ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ သၾကၤန္ဗဟိုမ႑ာပ္ေတြ တည္ေဆာက္တာကို ခြင့္ျပဳျခင္းေတြ မရွိေတာ့‌ေပမယ့္ မိမိတို႔ အစီအစဥ္နဲ႔ ေရကစားခြင့္ ရရွိမွာျဖစ္ၿပီး အတတ္ႏိုင္ဆုံး လူစုလူေဝးကို ေရွာင္ၾကဥ္ရန္ သက္ဆိုင္ရာေတြက အသိေပးထားေၾကာင္း ဦးခ်မ္းေျမ့ေစာက ေျပာပါတယ္။

သတင္း-နန္းေမရာစု (ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------------
(Unicode)⤵⤵⤵
တာချီလိတ်မှာ သင်္ကြန်ကာလဖွင့်လှစ်ဖို့ ပြင်ဆင်ထားတဲ့ ချောင်း၅ချောင်းနဲ့ ဇွဲသာယာကမ်းခြေကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ထားမယ်

တောင်ကြီး၊ မတ် ၁၈

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မှာ သင်္ကြန်ကာလအတွင်း နှစ်စဉ် ဖွင့်လှစ်လေ့ရှိတဲ့ လွယ်တော်ခမ်းချောင်း၊ ပုန်းထွန်ချောင်း၊ မယ်ဟုတ်ချောင်း၊ မိုင်းလင်း‌ချောင်း၊ တာလေချောင်းနဲ့ ဇွဲသာယာဆိပ်ကမ်းတို့ကို လာမယ့် ၂၀၂၀ သင်္ကြန်မှာ ပြည်သူတွေ လည်ပတ်နိုင်ဖို့ ဖွင့်လှစ်ခွင့် ခွင့်ပြုပေးထားပေမယ့် လတ်တလော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် မတ်လ (၁၈)ရက်နေ့ကစပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပိတ်သိမ်းရန် ညွှန်ကြားထား‌ကြောင်း သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လူစုလူဝေးတွေကနေ တဆင့် ကူးစက်မှု မြန်ဆန်စေတဲ့အတွက် လူစုလူဝေး ဖြစ်ပေါ်စေတဲ့ ပွဲလမ်းသဘင်တွေ၊ အခမ်းအနားတွေ၊ သင်တန်းတွေ၊ ဟောပြောပွဲစတဲ့ လူစုလူဝေးတွေကို ရှောင်ကြဉ်ဖို့ ပြည်ထောင်စုအစိုးရအဖွဲ့က ညွှန်ကြားထားတဲ့အတွက် သင်္ကြန်ပွဲတွေကိုလည်း မလုပ်တော့ဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။

"နိုင်ငံတော်သမ္ဗတရုံးကနေ ထုတ်ပြန်တာရှိတယ်လေ။ အဲ့တာကြောင့် ကျွန်တော်တို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပိတ်လိုက်တာဖြစ်တယ်။ လူစုလူဝေးတွေမလုပ်ဖို့အတွက် ချောင်းတွေကို ပိတ်လိုက်တာ ဖြစ်ပါတယ်"လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ရွှေတြိဂံဒေသ သတင်းဌာကို ပြောကြားပါတယ်။

တာချီလိတ်မှာ လူစုလူစုဝေးကနေတဆင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေမဖြစ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သင်္ကြန်ဗဟိုမဏ္ဍာပ်တွေ တည်ဆောက်တာကို ခွင့်ပြုခြင်းတွေ မရှိတော့‌ပေမယ့် မိမိတို့ အစီအစဉ်နဲ့ ရေကစားခွင့် ရရှိမှာဖြစ်ပြီး အတတ်နိုင်ဆုံး လူစုလူဝေးကို ရှောင်ကြဉ်ရန် သက်ဆိုင်ရာတွေက အသိပေးထားကြောင်း ဦးချမ်းမြေ့စောက ပြောပါတယ်။

သတင်း-နန်းမေရာစု (ရွှေတြိဂံ)
ဓါတ်ပုံ-ဇင်လတ်(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာခ်ီလိတ္မွာ သၾကၤန္ကာလဖြင့္လွစ္ဖို႔ ျပင္ဆင္ထားတဲ့ ေခ်ာင္း၅ေခ်ာင္းနဲ႔ ဇြဲသာယာကမ္းေျခကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ထားမယ္ တာခ်ီလိတ္မွာ သၾကၤန္ကာလဖြင့္လွစ္ဖို႔ ျပင္ဆင္ထားတဲ့ ေခ်ာင္း၅ေခ်ာင္းနဲ႔ ဇြဲသာယာကမ္းေျခကို ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ထားမယ္ Reviewed by THITHTOOLWIN on 19:24 Rating: 5
Powered by Blogger.