ကို႐ိုနာ သံသယ ေစာင့္ၾကည့္ လူနာ ေသဆုံးမႈ ၅ ဦးရွိလာ၊ က်ိဳင္းတုံက ေသဆုံးသူလူနာ အေျဖ စစ္ေဆးဖို႔လုပ္ေန

က်ိဳင္းတုံေဆး႐ုံမွာ ေဖဖဝါရီလ ကလည္း ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာတစ္ဦး တက္ခဲ့ပါတယ္။
(Zawgyi)⤵⤵⤵
ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕နယ္ေဆး႐ုံက ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာအမ်ိဳးသား ၁ ဦး မတ္လ ၁၇ ရက္က ေသဆုံးသြားတယ္လို႔ က်ိဳင္းတုံ ေဆး႐ုံအုပ္ႀကီး ေဒါက္တာလွေ႒းမင္း က ဘီဘီစီကိုေျပာပါတယ္။

အသက္၃၀အ႐ြယ္ ဒီလူနာဟာ မိုင္းျဖတ္က ဆည္ေျမာင္း လုပ္သားတစ္ဦးျဖစ္ၿပီး ေတာ့ ေသဆုံးတဲ့ ေန႔မနက္ပိုင္းကပဲ က်န္းမာေရးဝန္ႀကီးဌာနက ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္လူနာ အျဖစ္သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။

က်ိဳင္းတုံက ေသဆုံးသူလူနာဟာ ျမန္မာႏိုင္ငံက ကို႐ိုနာ သံသယ ေစာင့္ၾကည့္ လူနာေသဆုံးမႈ ၅ ဦး ေျမာက္ျဖစ္ပါတယ္။

မတ္ လ ၅ ရက္ နဲ႔ ၆ ရက္က ရခိုင္ျပည္နယ္၊ ရွမ္းျပည္နယ္နဲ႔ မႏၲေလးတိုင္းေဒသႀကီးကလူနာေတြဟာ ေဆး႐ုံေတြမွာ ကို႐ိုနာဗိုင္းရပ္စ္ သံသယ လူနာ နဲ႔ ေစာင့္ၾကည့္လူနာ အျဖစ္ကုသစဥ္ေသဆုံးခဲ့ၿပီး၊ မႏၲေလး မွာ မတ္လ ၁၇ ရက္ေန႔ က ေစာင့္ၾကည့္လူနာ တစ္ဦး လည္းေသဆုံးခဲ့ပါတယ္။

ျမန္မာႏိုင္ငံက ကို႐ိုနာ သံသယ ေစာင့္ၾကည့္ လူနာ ေသဆုံး မႈ ၄ ဦးမွာ ဒီေန႔အထိ ပိုးေတြ႕သူမရွိဘူးလို႔ လည္း က်န္းမာေရးဝန္ႀကီးဌာန က ထုတ္ျပန္ထားပါတယ္။

ဓာတ္ခြဲအတည္ျပဳ ပိုးေတြ႕လူနာ မတ္ ၁၇ ရက္ေန႔အထိ မရွိေသး

က်ိဳင္းတုံ က ေသဆုံးသူလူနာရဲ႕ ဓာတ္ခြဲနမူနာကို ရန္ကုန္က အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲစစ္ေဆးတဲ့ဌာနကို ေပးပို႔စစ္ေဆးဖို႔လုပ္ေနတယ္လို႔ က်ိဳင္းတုံ ၿမိဳ႕နယ္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာလွေ႒းမင္း က ဘီဘီစီကိုေျပာပါတယ္။

အဆိုပါ ေစာင့္ၾကည့္လူနာဟာ မတ္လ ၁၄ ရက္ေန႔က က်ိဳင္းတုံေဆး ႐ုံကို ေရာက္လာ တဲ့သူျဖစ္ၿပီး ရင္ၾကပ္ေရာဂါရွိလို႔ က်ိဳင္းတုံေဆး႐ုံမွာ သီးျခားခြဲထား ကုသေပးေနတဲ့သူျဖစ္တယ္လို႔ ဆိုပါတယ္။

"ေဆး႐ုံ လာတက္တဲ့ အခ်ိန္မွာ ေခ်ာင္းဆိုးတယ္၊ ေခ်ာင္းဆိုးတဲ့ အခ်ိန္မွာ ေသြးပါတယ္၊ဓာတ္မွန္႐ိုက္ၿပီးစစ္လိုက္ေတာ့ ျပင္းထန္တဲ့ အဆုတ္ေရာင္ ေရာဂါ လကၡဏာေတြေတြ႕ရလို႔ သီးသန္႔ထားကုၿပီး ကုသေရးဦးစီးဌာန ႐ုံးခ်ဳပ္ကို သတင္းေပးပို႔ပါတယ္၊ ႐ုံးခ်ဳပ္ ကေစာင့္ၾကည့္လူနာ အျဖစ္သတ္မွတ္ေပးတာပါ "လို႔ ေဒါက္တာလွေ႒းမင္း က ဘီဘီစီကိုေျပာပါတယ္။

အဲဒီလူနာဟာ မတ္လ ၁၇ ရက္ေန႔ ညက ေသဆုံးသြားခဲ့ၿပီး လူနာမေသဆုံးမီ ႏွာေခါင္းတို႔ဖတ္ႏွင့္ အာေခါင္တို႔ဖတ္တို႔ ရယူထားၿပီး ဓာတ္ခြဲစစ္ေဆးခ်က္မ်ား ကိုမတ္လ ၁၉ ရက္ေန႔မွာ ရန္ကုန္ကို ဓာတ္ခြဲ ေပးပို႔ဖို႔ ရွိတယ္လို႔လည္း သူကရွင္းျပပါတယ္။

မႏၲေလး ကန္ေတာ္နဒီေဆး႐ုံမွာ မတ္လ ၁၇ ရက္ မနက္က ကို႐ိုနာဗိုင္းရပ္စ္သံသယလူနာ အမ်ိဳးသမီး တစ္ဦး ေသဆုံးခဲ့ၿပီး ဓာတ္ခြဲနမူနာရယူ ကာ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) တြင္ စစ္ေဆးရာ မွာ ေသြးဆိပ္တက္ျခင္း၏ ေနာက္ဆက္တြဲဆိုးက်ိဳးမ်ားေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း ႏွင့္ ေရာဂါပိုးမရွိေၾကာင္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီး႒ာနက ထုတ္ျပန္ပါတယ္။

က်ိဳင္းတုံကေသဆုံးခဲ့တဲ့လူနာ ဟာေရာဂါပိုးရွိသူေတြနဲ႔ထိေတြ႕ဆက္ဆံ ခဲ့ျခင္းမရွိသလို ႏိုင္ငံျခားခရီးသြားခဲ့တာမရွိေၾကာင္း သမားေတာ္ေတြရဲ႕ မွတ္ခ်က္ကေတာ့ ျပင္းထန္အဆုတ္ေရာင္လကၡဏာ ေတြနဲ႔ ႏွလုံးအားနည္းေရာဂါ၊ ေသြးထဲမွာ ပိုတက္ဆီယမ္ ဓာတ္ေလ်ာ့နည္း တာေတြေၾကာင့္ ေသဆုံးတာလို႔ မွတ္ခ်က္ျပဳခဲ့ပါတယ္။

က်ိဳင္းတုံက ေသဆုံးသူမတိုင္ မွီ ကို႐ိုနာ သံသယ ေစာင့္ၾကည့္ နဲ႔ေသဆုံးခဲ့သူ ၄ ဦးဟာ ရန္ကုန္ ျပည္သူ႔ေဆး႐ုံႀကီးက ေစာင့္ၾကည့္လူနာ တစ္ဦးျဖစ္တဲ့ ရွမ္းျပည္နယ္ ရပ္ေစာက္ ၿမိဳ႕နယ္က အသက္ ၃၄ ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦး၊ လားရႈိးၿမိဳ႕ ျပည္သူ႔ေဆး႐ုံမွာ သံသယလူနာအျဖစ္ သတ္မွတ္ ေစာင့္ၾကည့္ေနတဲ့ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕က အသက္ ၄၀ အ႐ြယ္ အမ်ိဳးသားတစ္ဦးနဲ႔ မႏၲေလးၿမိဳ႕ ကန္ေတာ္နဒီေဆး႐ုံက ေစာင့္ၾကည့္လူနာ ျဖစ္တဲ့ မဟာေအာင္ေျမၿမိဳ႕နယ္က အသက္ ၆၈ ႏွစ္အ႐ြယ္ နဲ႔ ၂၂ ႏွစ္ အ႐ႊယ္ အမ်ိဳးသမီးတစ္ဦးတို႔ ျဖစ္ၾကပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ကိုရိုနာ သံသယ စောင့်ကြည့် လူနာ သေဆုံးမှု ၅ ဦးရှိလာ၊ ကျိုင်းတုံက သေဆုံးသူလူနာ အဖြေ စစ်ဆေးဖို့လုပ်နေ


ဓာတ်ပုံ မူပိုင် Yan Naing
Image caption ကျိုင်းတုံဆေးရုံမှာ ဖေဖဝါရီလ ကလည်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတစ်ဦး တက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်ဆေးရုံက ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာအမျိုးသား ၁ ဦး မတ်လ ၁၇ ရက်က သေဆုံးသွားတယ်လို့ ကျိုင်းတုံ ဆေးရုံအုပ်ကြီး ဒေါက်တာလှဋ္ဌေးမင်း က ဘီဘီစီကိုပြောပါတယ်။

အသက်၃၀အရွယ် ဒီလူနာဟာ မိုင်းဖြတ်က ဆည်မြောင်း လုပ်သားတစ်ဦးဖြစ်ပြီး တော့ သေဆုံးတဲ့ နေ့မနက်ပိုင်းကပဲ ကျန်းမာရေးဝန်ကြီးဌာနက ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကျိုင်းတုံက သေဆုံးသူလူနာဟာ မြန်မာနိုင်ငံက ကိုရိုနာ သံသယ စောင့်ကြည့် လူနာသေဆုံးမှု ၅ ဦး မြောက်ဖြစ်ပါတယ်။

မတ် လ ၅ ရက် နဲ့ ၆ ရက်က ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ မန္တလေးတိုင်းဒေသကြီးကလူနာတွေဟာ ဆေးရုံတွေမှာ ကိုရိုနာဗိုင်းရပ်စ် သံသယ လူနာ နဲ့ စောင့်ကြည့်လူနာ အဖြစ်ကုသစဉ်သေဆုံးခဲ့ပြီး၊ မန္တလေး မှာ မတ်လ ၁၇ ရက်နေ့ က စောင့်ကြည့်လူနာ တစ်ဦး လည်းသေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံက ကိုရိုနာ သံသယ စောင့်ကြည့် လူနာ သေဆုံး မှု ၄ ဦးမှာ ဒီနေ့အထိ ပိုးတွေ့သူမရှိဘူးလို့ လည်း ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ မူပိုင် Ministry of Health and Sports, Myanmar
Image caption ဓာတ်ခွဲအတည်ပြု ပိုးတွေ့လူနာ မတ် ၁၇ ရက်နေ့အထိ မရှိသေး

ကျိုင်းတုံ က သေဆုံးသူလူနာရဲ့ ဓာတ်ခွဲနမူနာကို ရန်ကုန်က အမျိုးသား ကျန်းမာရေးဓာတ်ခွဲစစ်ဆေးတဲ့ဌာနကို ပေးပို့စစ်ဆေးဖို့လုပ်နေတယ်လို့ ကျိုင်းတုံ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာလှဋ္ဌေးမင်း က ဘီဘီစီကိုပြောပါတယ်။

အဆိုပါ စောင့်ကြည့်လူနာဟာ မတ်လ ၁၄ ရက်နေ့က ကျိုင်းတုံဆေး ရုံကို ရောက်လာ တဲ့သူဖြစ်ပြီး ရင်ကြပ်ရောဂါရှိလို့ ကျိုင်းတုံဆေးရုံမှာ သီးခြားခွဲထား ကုသပေးနေတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

"ဆေးရုံ လာတက်တဲ့ အချိန်မှာ ချောင်းဆိုးတယ်၊ ချောင်းဆိုးတဲ့ အချိန်မှာ သွေးပါတယ်၊ဓာတ်မှန်ရိုက်ပြီးစစ်လိုက်တော့ ပြင်းထန်တဲ့ အဆုတ်ရောင် ရောဂါ လက္ခဏာတွေတွေ့ရလို့ သီးသန့်ထားကုပြီး ကုသရေးဦးစီးဌာန ရုံးချုပ်ကို သတင်းပေးပို့ပါတယ်၊ ရုံးချုပ် ကစောင့်ကြည့်လူနာ အဖြစ်သတ်မှတ်ပေးတာပါ "လို့ ဒေါက်တာလှဋ္ဌေးမင်း က ဘီဘီစီကိုပြောပါတယ်။

အဲဒီလူနာဟာ မတ်လ ၁၇ ရက်နေ့ ညက သေဆုံးသွားခဲ့ပြီး လူနာမသေဆုံးမီ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ်တို့ ရယူထားပြီး ဓာတ်ခွဲစစ်ဆေးချက်များ ကိုမတ်လ ၁၉ ရက်နေ့မှာ ရန်ကုန်ကို ဓာတ်ခွဲ ပေးပို့ဖို့ ရှိတယ်လို့လည်း သူကရှင်းပြပါတယ်။

မန္တလေး ကန်တော်နဒီဆေးရုံမှာ မတ်လ ၁၇ ရက် မနက်က ကိုရိုနာဗိုင်းရပ်စ်သံသယလူနာ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ပြီး ဓာတ်ခွဲနမူနာရယူ ကာ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် စစ်ဆေးရာ မှာ သွေးဆိပ်တက်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ဖြစ်နိုင်ကြောင်း နှင့် ရောဂါပိုးမရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဋ္ဌာနက ထုတ်ပြန်ပါတယ်။

ကျိုင်းတုံကသေဆုံးခဲ့တဲ့လူနာ ဟာရောဂါပိုးရှိသူတွေနဲ့ထိတွေ့ဆက်ဆံ ခဲ့ခြင်းမရှိသလို နိုင်ငံခြားခရီးသွားခဲ့တာမရှိကြောင်း သမားတော်တွေရဲ့ မှတ်ချက်ကတော့ ပြင်းထန်အဆုတ်ရောင်လက္ခဏာ တွေနဲ့ နှလုံးအားနည်းရောဂါ၊ သွေးထဲမှာ ပိုတက်ဆီယမ် ဓာတ်လျော့နည်း တာတွေကြောင့် သေဆုံးတာလို့ မှတ်ချက်ပြုခဲ့ပါတယ်။

ကျိုင်းတုံက သေဆုံးသူမတိုင် မှီ ကိုရိုနာ သံသယ စောင့်ကြည့် နဲ့သေဆုံးခဲ့သူ ၄ ဦးဟာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးက စောင့်ကြည့်လူနာ တစ်ဦးဖြစ်တဲ့ ရှမ်းပြည်နယ် ရပ်စောက် မြို့နယ်က အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦး၊ လားရှိုးမြို့ ပြည်သူ့ဆေးရုံမှာ သံသယလူနာအဖြစ် သတ်မှတ် စောင့်ကြည့်နေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးနဲ့ မန္တလေးမြို့ ကန်တော်နဒီဆေးရုံက စောင့်ကြည့်လူနာ ဖြစ်တဲ့ မဟာအောင်မြေမြို့နယ်က အသက် ၆၈ နှစ်အရွယ် နဲ့ ၂၂ နှစ် အရွှယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာ သံသယ ေစာင့္ၾကည့္ လူနာ ေသဆုံးမႈ ၅ ဦးရွိလာ၊ က်ိဳင္းတုံက ေသဆုံးသူလူနာ အေျဖ စစ္ေဆးဖို႔လုပ္ေန ကို႐ိုနာ သံသယ ေစာင့္ၾကည့္ လူနာ ေသဆုံးမႈ ၅ ဦးရွိလာ၊ က်ိဳင္းတုံက ေသဆုံးသူလူနာ အေျဖ စစ္ေဆးဖို႔လုပ္ေန Reviewed by THITHTOOLWIN on 01:25 Rating: 5
Powered by Blogger.