စစ္ေဘးဒုကၡသည္ေတြ စစ္ေတြၿမိဳ႕ကို ဦးတည္ထြက္ေျပးတာေတြမ်ားလာ

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္မွာ စစ္ေရးပဋိပကၡေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးရသူ အေရအတြက္ပိုမ်ားလာေနၿပီး  တဘက္မွာ စားနပ္ရိကၡာနဲ႔ ေနထိုင္ေရးအခက္အခဲေတြနဲ႔ ပိုမိုရင္ဆိုင္လာၾကရပါတယ္။ ဒီလိုအခက္အခဲေတြေၾကာင့္ အခုသီတင္းပတ္အတြင္း စစ္ေတြၿမိဳ႕ကို ဦးတည္ထြက္ေျပးလာၾကသူ အေရအတြက္ဟာလည္း မ်ားလာေနပါတယ္။

ရခိုင္ျပည္နယ္မွာ တစ္ေန႔တျခားပိုမိုျပင္းထန္လာေနတဲ့ စစ္ေရးပဋိပကၡေတြေၾကာင့္ ဒီေန႔အခ်ိန္အထိ စစ္ေဘး ဒုကၡသည္ဦးေရဟာ တစ္သိန္းေလးေသာင္းေက်ာ္ရွိေနၿပီလို႔ စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး REC ကေျပာပါတယ္။

အဲဒီအထဲကေန စစ္ပြဲျပင္းထန္ရာၿမိဳ႕နယ္အသီးသီးက စစ္ေတြၿမိဳ႕ကို ထြက္ေျပးတိမ္းေရွာင္လာၾကသူ အေရအတြက္ ကေတာ့ လက္ရွိအခ်ိန္အထိ သုံးေထာင္ေက်ာ္ရွိေနၿပီလို႔လည္းဆိုပါတယ္။

ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္စုမ်ား အစည္းအ႐ုံး REC ရဲ႕အတြင္းေရးမႉး ဦးေဇာ္ေဇာ္ထြန္းက နယ္ၿမိဳ႕ေတြမွာ  ဒုကၡသည္ဦးေရမ်ားတာ၊ စားဝတ္ေနေရးနဲ႔ ေနထိုင္ေရးအခက္အခဲေတြေၾကာင့္ စစ္ေတြၿမိဳ႕ကို ထြက္ေျပး လာၾကတာလို႔ေျပာပါတယ္။

ၿပီးခဲ့တဲ့အခ်ိန္ ငါးရက္ေလာက္အတြင္းမွာလည္း ရေသ့ေတာင္နဲ႔ ေျမာက္ဦးၿမိဳ႕နယ္ေတြက ေဒသခံ ၂၀၀ ေက်ာ္ စစ္ေတြၿမိဳ႕ကို ထြက္ေျပးေရာက္ရွိလာၾကၿပီး အလိုေတာ္ျပည့္၊ မဏိရတနာ၊ ေမတၱာပါရမီ စတဲ့ဘုန္းႀကီး ေက်ာင္းေတြမွာ ယာယီခိုလႈံေနၾကရပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ငစင္ေဘာ္ေက်း႐ြာကေန မိသားစုနဲ႔အတူ စစ္ေတြၿမိဳ႕ကို ထြက္ေျပးေရာက္ရွိေနတဲ့ ဦးေမာင္ဝင္းႏိုင္ က အရပ္သားေတြဘဝဟာ လုံၿခဳံမႈမရွိေတာ့တာေၾကာင့္ စစ္ေတြၿမိဳ႕ကိုအထိ ထြက္ေျပးလာရတာ လို႔ ေျပာပါတယ္။

တပ္မေတာ္ေျပာခြင့္ရသူေတြက တပ္မေတာ္ဟာ ျပည္သူလူထုရဲ႕အသက္အိုးအိမ္စည္းစိမ္ကို အကာအကြယ္ေပးၿပီး ျပည္သူေတြအတြက္ ဝန္ထုပ္ဝန္ပိုးျဖစ္ေအာင္မလုပ္ဘူးလို႔ ေျပာဆိုထားၾကပါတယ္။

ဒါေပမဲ့ လက္ေတြ႕ေျမျပင္အေနအထားမွာေတာ့ တိုက္ပြဲမျဖစ္ဘဲ ေက်း႐ြာေတြထဲကိုလက္နက္ေတြနဲ႔ ပစ္ခတ္ခံရလို႔ အရပ္သားေတြ ေသေၾကထိခိုက္တာ၊ ေအေအအဖြဲ႕နဲ႔ပတ္သက္လို႔ သံသယနဲ႔  ဖမ္းဆီး႐ိုက္ႏွက္ခံရတာေတြ ရွိေနတယ္လို႔ ဆိုၾကပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ေျမာက္ပိုင္း ေရစိုးေခ်ာင္းေက်း႐ြာကေန ထြက္ေျပးလာတဲ့ အသက္ ၆၆ ႏွစ္အ႐ြယ္ ဦးစိန္ေ႐ႊေမာင္က သူတို႔ဟာ တပ္မေတာ္သားေတြကို ေၾကာက္လို႔ထြက္ေျပးလာၾကတာလို႔ ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ဟာ စစ္ေဘးေရွာင္ေတြ မဟုတ္ၾကပါဘူး။ စစ္သားေရွာင္ေတြလို႔ပဲ ေျပာရပါလိမ့္မယ္။ စစ္သားလာ တယ္လို႔ၾကားတာနဲ႔ ထြက္ေျပးရပါတယ္။ သူတို႔ရမ္းသမ္းပစ္လို႔ ေသဆုံးရတာေတြလည္းရွိပါတယ္။ ေတာင္ကို တက္ၿပီး အလုပ္လုပ္ဖို႔မရ၊ ေလွနဲ႔ေခ်ာင္းမွာ ငါးဖမ္းလို႔မရ။ ကြၽန္ေတာ္တို႔က ေတာင္ကိုမွီၿပီးလုပ္စား ေနၾကရတာ။ ေတာင္ကိုမသြားရရင္ လုပ္စားလို႔မရပါဘူး။ ငါးဖမ္းစားတဲ့လူေတြမွာလည္း ေခ်ာင္းထဲကိုသြားလို႔မရရင္ ထမင္း စားလို႔ မရေတာ့ဘူး။ ည ၆ နာရီထိုးတာနဲ႔ မီးေတာင္ထြန္းလို႔မရေတာ့ဘူး။  လုပ္စားခြင့္လည္းမရ၊ သြားလာခြင့္ လည္းမရွိဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ဘဝဟာ ေသတာနဲ႔အတူတူပါပဲ”

အစိုးရရဲ႕စာရင္းေတြအရ ရခိုင္ေျမာက္ပိုင္းမွာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ ၂၃ ရက္ေန႔အထိ ယာယီကယ္ဆယ္ေရးစခန္း ၁၂၄ ခုမွာ ခိုလႈံေနတဲ့ စစ္ေဘးဒုကၡသည္ဦးေရ ငါးေသာင္းခုနစ္ေထာင္နီးပါး ရွိပါတယ္။

ေန႔စဥ္နဲ႔အမွ်တိုးလာေနတဲ့ စစ္ေဘးဒုကၡသည္ေတြကို အစိုးရအေနနဲ႔ လုံေလာက္တဲ့စားနပ္ရိကၡေတြ ေပးတာ မရွိဘူးလို႔လည္း စစ္ေဘးဒုကၡသည္ေတြအၾကားမွာ ျပစ္တင္ေျပာဆိုမႈေတြလည္းရွိေနပါတယ္။

ရခိုင္ျပည္နယ္ ေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးေက်ာ္မင္းကေတာ့   စာရင္းရရင္ ခ်န္ထားတာမရွိဘဲ အကူအညီေတြေပးတယ္လို႔ေျပာပါတယ္။

စစ္ေတြၿမိဳ႕အေျခစိုက္ ရခိုင္တိုင္းရင္းသားမ်ိဳးႏြယ္မ်ားအစည္းအ႐ုံး REC ရဲ႕ထုတ္ျပန္ခ်က္ေတြအရ ၿပီးခဲ့တဲ့ ၂၀၁၉ ခုႏွစ္မွာ ဒီဇင္ဘာလအထိစခန္းတြင္းေရာ၊ စခန္းျပင္ပမွာပါရွိတဲ့ စစ္ေဘးဒုကၡသည္အေရအတြက္ တစ္သိန္းခန႔္ ရွိခဲ့ပါတယ္။

အခုလက္ရွိအခ်ိန္မွာေတာ့ ဒီေန႔အထိ ဒုကၡသည္ဦးေရ တစ္သိန္းေလးေသာင္းေက်ာ္ရွိေနၿပီလို႔ ေျပာဆိုတဲ့အတြက္ အခ်ိန္ သုံးလအတြင္းမွာ ဒုကၡသည္ဦးေရ ေလးေသာင္းေက်ာ္ ထပ္တိုးလာတာလည္းျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
စစ်ဘေးဒုက္ခသည်တွေ စစ်တွေမြို့ကို ဦးတည်ထွက်ပြေးတာတွေများလာ


ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ပိုများလာနေပြီး  တဘက်မှာ စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲတွေနဲ့ ပိုမိုရင်ဆိုင်လာကြရပါတယ်။ ဒီလိုအခက်အခဲတွေကြောင့် အခုသီတင်းပတ်အတွင်း စစ်တွေမြို့ကို ဦးတည်ထွက်ပြေးလာကြသူ အရေအတွက်ဟာလည်း များလာနေပါတယ်။

ရခိုင်ပြည်နယ်မှာ တစ်နေ့တခြားပိုမိုပြင်းထန်လာနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဒီနေ့အချိန်အထိ စစ်ဘေး ဒုက္ခသည်ဦးရေဟာ တစ်သိန်းလေးသောင်းကျော်ရှိနေပြီလို့ စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ကပြောပါတယ်။

အဲဒီအထဲကနေ စစ်ပွဲပြင်းထန်ရာမြို့နယ်အသီးသီးက စစ်တွေမြို့ကို ထွက်ပြေးတိမ်းရှောင်လာကြသူ အရေအတွက် ကတော့ လက်ရှိအချိန်အထိ သုံးထောင်ကျော်ရှိနေပြီလို့လည်းဆိုပါတယ်။

ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ အစည်းအရုံး REC ရဲ့အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းက နယ်မြို့တွေမှာ  ဒုက္ခသည်ဦးရေများတာ၊ စားဝတ်နေရေးနဲ့ နေထိုင်ရေးအခက်အခဲတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေး လာကြတာလို့ပြောပါတယ်။

ပြီးခဲ့တဲ့အချိန် ငါးရက်လောက်အတွင်းမှာလည်း ရသေ့တောင်နဲ့ မြောက်ဦးမြို့နယ်တွေက ဒေသခံ ၂၀၀ ကျော် စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိလာကြပြီး အလိုတော်ပြည့်၊ မဏိရတနာ၊ မေတ္တာပါရမီ စတဲ့ဘုန်းကြီး ကျောင်းတွေမှာ ယာယီခိုလှုံနေကြရပါတယ်။

ရသေ့တောင်မြို့နယ် ငစင်ဘော်ကျေးရွာကနေ မိသားစုနဲ့အတူ စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ ဦးမောင်ဝင်းနိုင် က အရပ်သားတွေဘဝဟာ လုံခြုံမှုမရှိတော့တာကြောင့် စစ်တွေမြို့ကိုအထိ ထွက်ပြေးလာရတာ လို့ ပြောပါတယ်။

တပ်မတော်ပြောခွင့်ရသူတွေက တပ်မတော်ဟာ ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးပြီး ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်အောင်မလုပ်ဘူးလို့ ပြောဆိုထားကြပါတယ်။

ဒါပေမဲ့ လက်တွေ့မြေပြင်အနေအထားမှာတော့ တိုက်ပွဲမဖြစ်ဘဲ ကျေးရွာတွေထဲကိုလက်နက်တွေနဲ့ ပစ်ခတ်ခံရလို့ အရပ်သားတွေ သေကြေထိခိုက်တာ၊ အေအေအဖွဲ့နဲ့ပတ်သက်လို့ သံသယနဲ့  ဖမ်းဆီးရိုက်နှက်ခံရတာတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။

ရသေ့တောင်မြို့နယ်မြောက်ပိုင်း ရေစိုးချောင်းကျေးရွာကနေ ထွက်ပြေးလာတဲ့ အသက် ၆၆ နှစ်အရွယ် ဦးစိန်ရွှေမောင်က သူတို့ဟာ တပ်မတော်သားတွေကို ကြောက်လို့ထွက်ပြေးလာကြတာလို့ ပြောပါတယ်။

“ကျွန်တော်တို့ဟာ စစ်ဘေးရှောင်တွေ မဟုတ်ကြပါဘူး။ စစ်သားရှောင်တွေလို့ပဲ ပြောရပါလိမ့်မယ်။ စစ်သားလာ တယ်လို့ကြားတာနဲ့ ထွက်ပြေးရပါတယ်။ သူတို့ရမ်းသမ်းပစ်လို့ သေဆုံးရတာတွေလည်းရှိပါတယ်။ တောင်ကို တက်ပြီး အလုပ်လုပ်ဖို့မရ၊ လှေနဲ့ချောင်းမှာ ငါးဖမ်းလို့မရ။ ကျွန်တော်တို့က တောင်ကိုမှီပြီးလုပ်စား နေကြရတာ။ တောင်ကိုမသွားရရင် လုပ်စားလို့မရပါဘူး။ ငါးဖမ်းစားတဲ့လူတွေမှာလည်း ချောင်းထဲကိုသွားလို့မရရင် ထမင်း စားလို့ မရတော့ဘူး။ ည ၆ နာရီထိုးတာနဲ့ မီးတောင်ထွန်းလို့မရတော့ဘူး။  လုပ်စားခွင့်လည်းမရ၊ သွားလာခွင့် လည်းမရှိဆိုတော့ ကျွန်တော်တို့ရဲ့ဘဝဟာ သေတာနဲ့အတူတူပါပဲ”

အစိုးရရဲ့စာရင်းတွေအရ ရခိုင်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ယာယီကယ်ဆယ်ရေးစခန်း ၁၂၄ ခုမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်ဦးရေ ငါးသောင်းခုနစ်ထောင်နီးပါး ရှိပါတယ်။

နေ့စဉ်နဲ့အမျှတိုးလာနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို အစိုးရအနေနဲ့ လုံလောက်တဲ့စားနပ်ရိက္ခတွေ ပေးတာ မရှိဘူးလို့လည်း စစ်ဘေးဒုက္ခသည်တွေအကြားမှာ ပြစ်တင်ပြောဆိုမှုတွေလည်းရှိနေပါတယ်။

ရခိုင်ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းကတော့   စာရင်းရရင် ချန်ထားတာမရှိဘဲ အကူအညီတွေပေးတယ်လို့ပြောပါတယ်။

စစ်တွေမြို့အခြေစိုက် ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး REC ရဲ့ထုတ်ပြန်ချက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်မှာ ဒီဇင်ဘာလအထိစခန်းတွင်းရော၊ စခန်းပြင်ပမှာပါရှိတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက် တစ်သိန်းခန့် ရှိခဲ့ပါတယ်။

အခုလက်ရှိအချိန်မှာတော့ ဒီနေ့အထိ ဒုက္ခသည်ဦးရေ တစ်သိန်းလေးသောင်းကျော်ရှိနေပြီလို့ ပြောဆိုတဲ့အတွက် အချိန် သုံးလအတွင်းမှာ ဒုက္ခသည်ဦးရေ လေးသောင်းကျော် ထပ်တိုးလာတာလည်းဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
စစ္ေဘးဒုကၡသည္ေတြ စစ္ေတြၿမိဳ႕ကို ဦးတည္ထြက္ေျပးတာေတြမ်ားလာ စစ္ေဘးဒုကၡသည္ေတြ စစ္ေတြၿမိဳ႕ကို ဦးတည္ထြက္ေျပးတာေတြမ်ားလာ Reviewed by THITHTOOLWIN on 19:28 Rating: 5
Powered by Blogger.