ကုလားတန္စီမံကိန္း ရိကၡာတင္ယာဥ္မ်ား ဖ်က္ဆီးခံရ

AA တပ္ဖြဲ႔ဝင္မ်ား။ (ဓာတ္ပုံ - ရကၡိဳင့္တပ္မေတာ္ - သတင္းႏွင့္ ျပန္ၾကားေရးဌာန)

(Zawgyi / Unicode)

ျမန္မာနဲ႔ အိႏၵိယႏုိင္ငံ အစိုးရတို႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့ ကုလားတန္စီမံကိန္း လုပ္ငန္းမွာ အသုံးျပဳဖို႔ ေလာင္စာဆီနဲ႔ စားနပ္ရိကၡာ တင္ေဆာင္တဲ့ ၁၂ ဘီးတပ္ ကုန္တင္ကားကို ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္အတြင္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကေန မေန႔က တားဆီး မီးတင္႐ႈိ႕လိုက္တယ္လို႔ ခ်င္းျပည္နယ္အစိုးရဘက္က ေျပာပါတယ္။ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔အၾကား စစ္ေရးတင္းမာေနဆဲ အေျခအေနေၾကာင့္ လံုၿခံဳေရးအားနည္းလို႔ စီမံကိန္းသတ္မွတ္ရက္ ၿပီးစီးေအာင္ မလုပ္ေဆာင္ႏုိင္တဲ့ အေျခအေနမွာ ရွိေနပါတယ္။ အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ႏုိင္ကြန္းအိန္ သတင္းေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္မွာ ကုလားတန္စီမံကိန္း တည္ေဆာက္ေရး လုပ္ငန္းခြင္ အသုံးျပဳဖို႔ စက္သုံးဆီနဲ႔ စားနပ္ရိကၡာ တင္ေဆာင္လာတဲ့ ၁၂ ဘီးယာဥ္ကို ပလက္၀ၿမိဳ႕ မေရာက္ခင္မွာ ရခိုင္လက္နက္ကိုင္အဖြဲ႔ AA ကေန မီး႐ႈိ႕ဖ်က္ဆီးခဲ့တယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႔ စည္ပင္၀န္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

“မေန႔က ၁၀ နာရီ၀န္းက်င္ေလာက္မွာ ၁၂ ဘီးကား မီး႐ိႈ႕ခံရတယ္။ အခု က်ေနာ္တုိ႔ ျမန္မာႏုိင္ငံနဲ႔ အိႏၵိယႏုိင္ငံ ဇုိရမ္ပြီလမ္း ေဖာက္ေနတာ။ လမ္းေဖာက္ေနတဲ့ အဲဒီ အိႏၵိယဆိုက္ကေနၿပီးေတာ့ သူတို႔ရဲ႕ စက္ယႏၱရားေတြေမာင္းဖို႔ သူတို႔ရဲ႕ ၀န္ထမ္းေတြစားဖို႔ အဲဒီဟာကို စစ္ေတြ-ေက်ာက္ေတာ္ဘက္က သယ္ရတာ အခက္အခဲ ျဖစ္တဲ့အတြက္ ပခုကၠဴကေနၿပီးေတာ့ ဒီဇယ္ဆီ ေနာက္ၿပီးေတာ့ ေအာက္တိန္းဆီ ေနာက္ ဆန္ ဆီ ဆား ပဲ ေပါ့ေနာ္။ အဲဒါေတြကို သယ္လာတယ္ ၁၂ ဘီးကားအႀကီး။ ပလက္၀ေရာက္ခါနီး ၁၅ မ္ုိင္ မတူပီ-ပလက္၀ မိုင္တိုင္အမွတ္ ၁၂၀ အနားေလးမွာ AA အဖြဲ႔ေတြက ရပ္တန္႔ၿပီးေတာ့မွ ကားကို စစ္ေဆးၿပီးေတာ့ မီး႐ႈိ႕လိုက္တာေပါ့ေနာ္။ စက္သုံးဆီေတြ ပါတယ္ဆိုေတာ့ မီးက ခ်က္ခ်င္းေလာင္ၿပီးေတာ့ ကားက ဖရိမ္ေတြပဲ က်န္ေတာ့တယ္ ၁၂ ဘီးကားက။”

    မင္းျပားဘက္ တိုက္ခုိက္မႈ အရပ္သား ေသဆံုး ဒဏ္ရာရ သတင္း ဖတ္႐ႈႏုိင္ပါတယ္။

ေဖေဖာ္၀ါရီ ၂၉ ရက္ေန႔ ပခုကၠဴဘက္က တင္ေဆာင္လာတဲ့ စက္သုံးဆီနဲ႔ စားနပ္ရိကၡာတင္ယာဥ္ကို ပလက္၀ၿမိဳ႕နယ္ မိုင္တိုင္ ၁၂၀ အနီးမွာ မီး႐ႈိ႕ဖ်က္ဆီးလိုက္တာလို႔ သူကေျပာပါတယ္။

စီမံကိန္းအတြက္ အသုံးျပဳမယ့္ ေလာင္စာဆီနဲ႔ ရိကၡာတင္ယာဥ္ မီး႐ႈိ႕လိုက္တာနဲ႔ပတ္သက္လို႔ AA ေျပာခြင့္ရ ခိုင္သုခကေတာ့ အခုလုိေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ က်ေနာ္ အေသးစိတ္ေတာ့ မသိေသးဘူးဗ်။ ေသခ်ာတာကေတာ့ က်ေနာ္တုိ႔က ထုတ္ျပန္ခ်က္ေတြနဲ႔ အႀကိမ္ႀကိမ္ထုတ္ထားၿပီးၿပီ။ အဲဒီလိုမ်ိဳး တခုခု သယ္ယူသြားလာမယ္ ဆုိလို႔ရွိရင္ စစ္ေဆးေနတဲ့ ေနရာေတြမွာ အေၾကာင္းၾကားၿပီးမွ သြားလာပါဆိုတဲ့ ဥစၥာကို အႀကိမ္ႀကိမ္ ထုတ္ျပန္ေၾကညာခ်က္ ထုတ္ၿပီးေတာ့ ေျပာထားတာရွိတယ္။ စစ္ေဆးေနတဲ့ ေနရာထဲမွာ သတင္းမေပးဘဲ အဲဒီလိုမ်ိဳး သြားလာလို႔ရွိရင္ေတာ့ ေျမျပင္တပ္ဖြဲ႔ေတြက သူတို႔ လုပ္သင့္လုပ္ထိုက္တာကိုေတာ့ လုပ္မယ္။”

၂၀၁၉ ခုႏွစ္ ႏုိဝင္ဘာလ ၃၀ ရက္ေန႔မွာ ပလက္ဝ-မီဇိုရမ္ လမ္းစီမံကိန္းအတြက္ သယ္ေဆာင္လာတဲ့ သေဘၤာကို AA ရခိုင္လက္နက္ကိုင္အဖြဲ႔က လက္နက္ႀကီးနဲ႔ ပစ္ခတ္ခဲ့သလို ၿပီးခဲ့တဲ့ မတ္လ ၁၆ ရက္ေန႔တုန္းက ကုလားတန္ ျမစ္ကူးတံတားအတြက္ အသံုးျပဳဖို႔ ရန္ကုန္ကေန သေဘၤာနဲ႔ တင္ေဆာင္လာတဲ့ တံတားသံေဘာင္တန္ခ်ိန္ ၃၀၀ နီးပါးကို AA အဖြဲ႔ကေန မီး႐ႈိ႕ဖ်က္ဆီးခဲ့ပါတယ္။

ဒီလိုပစ္ခတ္ရတာဟာ ပစၥည္းတင္ေဆာင္မႈမွာ AA အဖြဲ႔ကို အေၾကာင္းၾကားမႈ မရွိသလို စစ္တပ္ရဲ႕ လက္နက္ ရိကၡာတင္ သေဘၤာေတြ ပါလာလို႔ ပစ္ခတ္ရတာျဖစ္တယ္လို႔ AA တာ၀န္ရွိသူေတြက ေျပာပါတယ္။

ဒီလို လုံၿခံဳေရးအရ စိုးရိမ္ေနရတဲ့ အေျခအေနေတြေၾကာင့္ ျမန္မာနဲ႔ အိႏၵိယႏုိင္ငံ အစိုးရတို႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့ ကုလားတန္ ဘက္စုံစီမံကိန္းဟာ သတ္မွတ္ရက္ ၿပီးစီးေအာင္ မလုပ္ေဆာင္ႏုိင္ဘူးလို႔ စည္ပင္၀န္ႀကီး ဦးစိုးထက္က ဆက္ေျပာပါတယ္။

“အိႏၵိယအစိုးရနဲ႔ ျမန္မာအစိုးရတို႔လုပ္တဲ့ စီမံကိန္းေပါ့ေနာ္။ ၂၀၁၇ တုန္းကလုပ္တဲ့ စီမံကိန္းေပါ့။ အခု ၂၀၂၀ ေမလဆို ၿပီးရမယ့္ စီမံကိန္း။ နယ္ေျမမေအးခ်မ္းတာနဲ႔ မလုံၿခံဳတာနဲ႔ ၀န္ထမ္းေတြ အလုပ္လည္း လုပ္လို႔မရတာနဲ႔ အဖမ္းခံရတာနဲ႔ အဲဒါမ်ိဳးေတြေၾကာင့္ ေႏွာင့္ေႏွးၾကန္႔ၾကာၿပီးေတာ့ သူ႔ရဲ႕ မူလသတ္မွတ္ထားတဲ့ ၂၀၂၀ ေမလမွာ ၿပီးေအာင္လုပ္ရမယ့္ စီမံကိန္းပဲ။ အခု ေနာက္က်ေနၿပီေပါ့ေနာ္။”

ဒါ့အျပင္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္မွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္အဖြဲ႔တို႔အၾကား တိုက္ပြဲျဖစ္ပြားေနမႈေၾကာင့္ ေဖေဖာ္၀ါရီ ပထမအပတ္ကစၿပီး ေက်ာက္ေတာ္-ပလက္၀ ေရလမ္းေၾကာင္း သြားလာမႈ ရပ္ဆိုင္းခဲ့တာပါ။

    ရခိုင္ေျမာက္ပိ္ုင္းမွာ ရက္၂၀ ၾကာ တိုက္ပဲြအျပင္းအထန္ျဖစ္ပြား သတင္း ဖတ္႐ႈႏုိင္ပါတယ္။

လက္ရွိ ပလက္၀ၿမိဳ႕နယ္မွာ အေျခခံစားေသာက္ကုန္ေတြ ေစ်းတက္ေနတယ္လို႔ ေဒသခံ ကိုေက်ာ္ျမင့္က ေျပာပါတယ္။

“ဆန္စားေသာက္ကုန္ကလည္း အကုန္လုံး ေစ်းႏႈန္းျမင့္ေနတာပဲ။ ဘာမွမရွိဘူး အခု။ ဆန္ေတြဘာေတြဆိုလည္း ျပတ္ကုန္ၿပီ။ ၾကက္သြန္တို႔ ဘာတို႔ ဆိုရင္လည္း တပ္ိသာကို ၆၀၀၀၊ ၾကက္သြန္ျဖဴဆို ၉၀၀၀ အဲဒီေလာက္အထိကို ျဖစ္ေနၿပီ။”

တိုင္းနဲ႔ျပည္နယ္အနက္က ခ်င္းျပည္နယ္ဟာ ဖြံ႔ၿဖိဳးမႈ ေနာက္အက်ဆုံးနဲ႔ လမ္းပန္းဆက္သြယ္ေရး အခက္ခဲဆုံးျပည္နယ္လည္း ျဖစ္ပါတယ္။

ျမန္မာစစ္တပ္နဲ႔ AA တို႔အၾကား တိုက္ပြဲျဖစ္ပြားမႈေၾကာင့္ ပလက္၀ၿမိဳ႕နယ္ဟာ ညမထြက္ရအမိန္႔ ထုတ္ျပန္ထားတဲ့အျပင္ အင္တာနက္လိုင္းေတြလည္း ေဖေဖာ္၀ါရီ ၃ ရက္ကစလို႔ ျဖတ္ေတာက္ခံထားရပါတယ္။

----------------------------------

(Unicode)

ကုလားတန်စီမံကိန်း ရိက္ခာတင်ယာဉ်များ ဖျက်ဆီးခံရ

မြန်မာနဲ့ အိန္ဒိယနိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန်စီမံကိန်း လုပ်ငန်းမှာ အသုံးပြုဖို့ လောင်စာဆီနဲ့ စားနပ်ရိက္ခာ တင်ဆောင်တဲ့ ၁၂ ဘီးတပ် ကုန်တင်ကားကို ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ မနေ့က တားဆီး မီးတင်ရှို့လိုက်တယ်လို့ ချင်းပြည်နယ်အစိုးရဘက်က ပြောပါတယ်။ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား စစ်ရေးတင်းမာနေဆဲ အခြေအနေကြောင့် လုံခြုံရေးအားနည်းလို့ စီမံကိန်းသတ်မှတ်ရက် ပြီးစီးအောင် မလုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန် သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ကုလားတန်စီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင် အသုံးပြုဖို့ စက်သုံးဆီနဲ့ စားနပ်ရိက္ခာ တင်ဆောင်လာတဲ့ ၁၂ ဘီးယာဉ်ကို ပလက်ဝမြို့ မရောက်ခင်မှာ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကနေ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

“မနေ့က ၁၀ နာရီဝန်းကျင်လောက်မှာ ၁၂ ဘီးကား မီးရှို့ခံရတယ်။ အခု ကျနော်တို့ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ ဇိုရမ်ပွီလမ်း ဖောက်နေတာ။ လမ်းဖောက်နေတဲ့ အဲဒီ အိန္ဒိယဆိုက်ကနေပြီးတော့ သူတို့ရဲ့ စက်ယန္တရားတွေမောင်းဖို့ သူတို့ရဲ့ ဝန်ထမ်းတွေစားဖို့ အဲဒီဟာကို စစ်တွေ-ကျောက်တော်ဘက်က သယ်ရတာ အခက်အခဲ ဖြစ်တဲ့အတွက် ပခုက္ကူကနေပြီးတော့ ဒီဇယ်ဆီ နောက်ပြီးတော့ အောက်တိန်းဆီ နောက် ဆန် ဆီ ဆား ပဲ ပေါ့နော်။ အဲဒါတွေကို သယ်လာတယ် ၁၂ ဘီးကားအကြီး။ ပလက်ဝရောက်ခါနီး ၁၅ မိုင် မတူပီ-ပလက်၀ မိုင်တိုင်အမှတ် ၁၂၀ အနားလေးမှာ AA အဖွဲ့တွေက ရပ်တန့်ပြီးတော့မှ ကားကို စစ်ဆေးပြီးတော့ မီးရှို့လိုက်တာပေါ့နော်။ စက်သုံးဆီတွေ ပါတယ်ဆိုတော့ မီးက ချက်ချင်းလောင်ပြီးတော့ ကားက ဖရိမ်တွေပဲ ကျန်တော့တယ် ၁၂ ဘီးကားက။”

    မင်းပြားဘက် တိုက်ခိုက်မှု အရပ်သား သေဆုံး ဒဏ်ရာရ သတင်း ဖတ်ရှုနိုင်ပါတယ်။

ဖေဖော်ဝါရီ ၂၉ ရက်နေ့ ပခုက္ကူဘက်က တင်ဆောင်လာတဲ့ စက်သုံးဆီနဲ့ စားနပ်ရိက္ခာတင်ယာဉ်ကို ပလက်ဝမြို့နယ် မိုင်တိုင် ၁၂၀ အနီးမှာ မီးရှို့ဖျက်ဆီးလိုက်တာလို့ သူကပြောပါတယ်။

စီမံကိန်းအတွက် အသုံးပြုမယ့် လောင်စာဆီနဲ့ ရိက္ခာတင်ယာဉ် မီးရှို့လိုက်တာနဲ့ပတ်သက်လို့ AA ပြောခွင့်ရ ခိုင်သုခကတော့ အခုလိုပြောပါတယ်။

“လောလောဆယ်တော့ ကျနော် အသေးစိတ်တော့ မသိသေးဘူးဗျ။ သေချာတာကတော့ ကျနော်တို့က ထုတ်ပြန်ချက်တွေနဲ့ အကြိမ်ကြိမ်ထုတ်ထားပြီးပြီ။ အဲဒီလိုမျိုး တခုခု သယ်ယူသွားလာမယ် ဆိုလို့ရှိရင် စစ်ဆေးနေတဲ့ နေရာတွေမှာ အကြောင်းကြားပြီးမှ သွားလာပါဆိုတဲ့ ဥစ္စာကို အကြိမ်ကြိမ် ထုတ်ပြန်ကြေညာချက် ထုတ်ပြီးတော့ ပြောထားတာရှိတယ်။ စစ်ဆေးနေတဲ့ နေရာထဲမှာ သတင်းမပေးဘဲ အဲဒီလိုမျိုး သွားလာလို့ရှိရင်တော့ မြေပြင်တပ်ဖွဲ့တွေက သူတို့ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်မယ်။”

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ပလက်ဝ-မီဇိုရမ် လမ်းစီမံကိန်းအတွက် သယ်ဆောင်လာတဲ့ သင်္ဘောကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့သလို ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့တုန်းက ကုလားတန် မြစ်ကူးတံတားအတွက် အသုံးပြုဖို့ ရန်ကုန်ကနေ သင်္ဘောနဲ့ တင်ဆောင်လာတဲ့ တံတားသံဘောင်တန်ချိန် ၃၀၀ နီးပါးကို AA အဖွဲ့ကနေ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

ဒီလိုပစ်ခတ်ရတာဟာ ပစ္စည်းတင်ဆောင်မှုမှာ AA အဖွဲ့ကို အကြောင်းကြားမှု မရှိသလို စစ်တပ်ရဲ့ လက်နက် ရိက္ခာတင် သင်္ဘောတွေ ပါလာလို့ ပစ်ခတ်ရတာဖြစ်တယ်လို့ AA တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီလို လုံခြုံရေးအရ စိုးရိမ်နေရတဲ့ အခြေအနေတွေကြောင့် မြန်မာနဲ့ အိန္ဒိယနိုင်ငံ အစိုးရတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလားတန် ဘက်စုံစီမံကိန်းဟာ သတ်မှတ်ရက် ပြီးစီးအောင် မလုပ်ဆောင်နိုင်ဘူးလို့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ဆက်ပြောပါတယ်။

“အိန္ဒိယအစိုးရနဲ့ မြန်မာအစိုးရတို့လုပ်တဲ့ စီမံကိန်းပေါ့နော်။ ၂၀၁၇ တုန်းကလုပ်တဲ့ စီမံကိန်းပေါ့။ အခု ၂၀၂၀ မေလဆို ပြီးရမယ့် စီမံကိန်း။ နယ်မြေမအေးချမ်းတာနဲ့ မလုံခြုံတာနဲ့ ဝန်ထမ်းတွေ အလုပ်လည်း လုပ်လို့မရတာနဲ့ အဖမ်းခံရတာနဲ့ အဲဒါမျိုးတွေကြောင့် နှောင့်နှေးကြန့်ကြာပြီးတော့ သူ့ရဲ့ မူလသတ်မှတ်ထားတဲ့ ၂၀၂၀ မေလမှာ ပြီးအောင်လုပ်ရမယ့် စီမံကိန်းပဲ။ အခု နောက်ကျနေပြီပေါ့နော်။”

ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖေဖော်ဝါရီ ပထမအပတ်ကစပြီး ကျောက်တော်-ပလက်၀ ရေလမ်းကြောင်း သွားလာမှု ရပ်ဆိုင်းခဲ့တာပါ။

    ရခိုင်မြောက်ပိုင်းမှာ ရက်၂၀ ကြာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွား သတင်း ဖတ်ရှုနိုင်ပါတယ်။

လက်ရှိ ပလက်ဝမြို့နယ်မှာ အခြေခံစားသောက်ကုန်တွေ ဈေးတက်နေတယ်လို့ ဒေသခံ ကိုကျော်မြင့်က ပြောပါတယ်။

“ဆန်စားသောက်ကုန်ကလည်း အကုန်လုံး ဈေးနှုန်းမြင့်နေတာပဲ။ ဘာမှမရှိဘူး အခု။ ဆန်တွေဘာတွေဆိုလည်း ပြတ်ကုန်ပြီ။ ကြက်သွန်တို့ ဘာတို့ ဆိုရင်လည်း တပိသာကို ၆၀၀၀၊ ကြက်သွန်ဖြူဆို ၉၀၀၀ အဲဒီလောက်အထိကို ဖြစ်နေပြီ။”

တိုင်းနဲ့ပြည်နယ်အနက်က ချင်းပြည်နယ်ဟာ ဖွံ့ဖြိုးမှု နောက်အကျဆုံးနဲ့ လမ်းပန်းဆက်သွယ်ရေး အခက်ခဲဆုံးပြည်နယ်လည်း ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ပလက်ဝမြို့နယ်ဟာ ညမထွက်ရအမိန့် ထုတ်ပြန်ထားတဲ့အပြင် အင်တာနက်လိုင်းတွေလည်း ဖေဖော်ဝါရီ ၃ ရက်ကစလို့ ဖြတ်တောက်ခံထားရပါတယ်။

ႏုိင္ကြန္းအိန္/VOA (Burmese)
https://burmese.voanews.com
ကုလားတန္စီမံကိန္း ရိကၡာတင္ယာဥ္မ်ား ဖ်က္ဆီးခံရ ကုလားတန္စီမံကိန္း ရိကၡာတင္ယာဥ္မ်ား ဖ်က္ဆီးခံရ Reviewed by THITHTOOLWIN on 18:55 Rating: 5
Powered by Blogger.