
(Zawgyi)⤵⤵⤵








BBC Burmese
https://www.bbc.com
-------------
တွန်ဟန့်တို့ ဇနီးမောင်နှံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ - ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းများ


Image caption "ပင်ပန်းနေတယ်၊ ချမ်းစိမ့်ပြီးတော့၊ ခန္ဓာကိုယ်က ယားတယ်၊ ရီတာလည်း ချမ်းစိမ့်စိမ့် ခံစားနေရပြီး၊ ဖျားချင်နေပြီ"

အမေရိကန် မင်းသားကြီး တွမ်ဟန့်တို့ ဇနီးမောင်နှံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

သြစတေးလျရောက်နေတဲ့ ကမ္ဘာကျော် အမေရိကန်မင်းသားကြီး တွမ်ဟန့်နဲ့ သူ့ဇနီး ရီတာဝစ်ဆမ်တို့ ကိုရိုနာဗိုင်းရစ် ကူးစက်ခံခဲ့ရပြီလို့ သိရပါတယ်။

သြစတေးလျနိုင်ငံ ကွန်းစလန်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရရတဲ့ လက္ခဏာတွေကိုခံစားရပြီးနောက် တွမ်ဟန့်တို့ဇနီးမောင်နှံ က ကျန်းမာရေးဆိုင်ရာ အကြံပေးချက်တွေကို ရှာဖွေလုပ်ဆောင်နေရပါတယ်။

အခုတော့ သီးခြားခွဲထုတ်နေထိုင်ဖို့အတွက် သူတို့ လုပ်နေပါတယ်လို့ ပြောပါတယ်။

မင်းသားကြီးတွမ်ဟန့် ပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်အများအပြားကို မြန်မာပရိတ်သတ်တွေကလည်း အားပေးနှစ်ခြိုက်ခဲ့ကြပါတယ်။ ကပ္ပတိန်ဖိလစ်လို ရုပ်ရှင်ဇတ်ကားတွေလည်း အပါအဝင်ဖြစ်ပါတယ်။

    ကိုရိုနာဗိုင်းရပ်စ် လက္ခဏာတွေက ဘာတွေလဲ၊ ဘယ်လို ကာကွယ်ရမလဲ

"ပင်ပန်းနေတယ်၊ ချမ်းစိမ့်ပြီးတော့၊ ခန္ဓာကိုယ်က ယားတယ်၊ ရီတာလည်း ချမ်းစိမ့်စိမ့် ခံစားနေရပြီး၊ ဖျားချင်နေပြီ" လို့ တွမန်ဟန့်က သူ့အင်စရာဂရမ်မှာတင်ခဲ့ပါတယ်။

ကမ္ဘာကြီးက လုပ်သင့်တာတွေကို အမြန်လုပ်ဖို့လိုပါပြီ။ ကျွန်တော်တို့လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရ ပါပြီလို့ လည်းရေးသားပါတယ်။

BBC Burmese
https://www.bbc.com
အမေရိကန် မင်းသားကြီး တွမ်ဟန့်တို့ ဇနီးမောင်နှံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ အမေရိကန် မင်းသားကြီး တွမ်ဟန့်တို့ ဇနီးမောင်နှံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ Reviewed by THITHTOOLWIN on 23:27 Rating: 5
Powered by Blogger.