အခ်ိန္အခါမဟုတ္ မိုး႐ြာစဥ္ မိုးသီးေႂကြက်မႈေၾကာင့္ ေက်း႐ြာအိမ္ေျခ(၁၉၃)လုံး အမိုးမ်ားပ်က္စီး

(Zawgyi)⤵⤵⤵
ဖားကန္႔         မတ္    ၂၅

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္၌ ယမန္ေန႔ ညေန(၃)နာရီေက်ာ္ခန႔္က အခ်ိန္အခါမဟုတ္ မိုး႐ြာစဥ္ မိုးသီးေႂကြက်မႈျဖစ္စဥ္ေၾကာင့္ ဆိုင္းဂ်ာဘြမ္ေက်း႐ြာမွ ေနအိမ္(၁၉၃)လုံး အမိုးမ်ားပ်က္စီးမႈ ျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

မိနစ္ေလးဆယ္ခန႔္႐ြာေသာ မိုးႏွင့္အတူ ဆိပ္မူေက်း႐ြာအုပ္စုႏွင့္ ေအးျမသာယာအုပ္စု အတြင္းမွ ေက်း႐ြာမ်ားေပၚသို႔ ေလာက္စာလုံးခန႔္မိုးသီးမ်ား ေႂကြက်ခဲ့ၿပီး ေအးျမသာယာအုပ္စု အတြင္းမွ ဆိုင္းဂ်ာဘြမ္ေက်း႐ြာတြင္ အ႐ြယ္အစား ပိုႀကီးသည့္ မိုးသီးေႂကြက်ခဲ့မႈေၾကာင့္ အိမ္ေျခ (၁၉၃)လုံးခန႔္ အမိုးမ်ား ပ်က္စီးခဲ့ေၾကာင္း သိရသည္။

ေနအိမ္အမိုးပ်က္စီးဆုံးရႈံးမႈစာရင္းမ်ား ျပဳစုၿပီး ကူညီေထာက္ပံ့ေပးႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ လ်က္ရွိသည့္ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ရပ္/ေက်းစာေရး ဦးေက်ာ္ဟန္က "ေနအိမ္အမိုးပ်က္စီးဆုံးရႈံးမႈအမ်ားဆုံးကေတာ့ ဆိုင္းဂ်ာဘြမ္ ေက်း႐ြာပါပဲ၊ က်န္တဲ့ ႐ြာေတြက ထူးထူးျခားျခားပ်က္စီးတာ မရွိပါဘူး၊ ဒီ႐ြာမွာက အာလူးသီးေလာက္အလုံးေတာင္ ပါတယ္လို႔ ေျပာၾကပါတယ္၊ တခ်ိဳ႕အိမ္ေတြဆို ဇကာေပါက္ေတြလိုျဖစ္သြားပါတယ္၊ သြပ္အသစ္ အထူေတြ မိုးထားတဲ့အိမ္ေတြေလာက္ပဲ က်န္တာ"ဟု ေျပာသည္။

ဆိုင္းဂ်ာဘြမ္ေက်း႐ြာမွ ေဒၚေအးက "တစ္႐ြာလုံးနီးပါးပါပဲ၊ အမိုးေတြလည္း ရစရာကိုမရွိေတာ့ဘူး၊ ကြမ္းသီးလုံးေလာက္အလုံးေတြ က်တာဆိုေတာ့ ဘယ္ခံႏိုင္ေတာ့မလဲ၊ ျပန္မိုးႏိုင္တဲ့သူေတြက ျပန္မိုးက်တာေပါ့၊ ျပန္မမိုးႏိုင္တဲ့သူေတြက ဒီအတိုင္းငုတ္တုတ္ပါပဲ၊ ကြၽန္မက သားေတြလည္း မိုးညႇင္းဘက္ခရီးလြန္ေနေတာ့ ဘာဆက္လုပ္ရမလဲမသိေသးပါဘူး၊ မေန႔ ကတည္းက အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက စာရင္းေတြလိုက္ေကာက္ေနတာပဲ၊ စာရင္းေတာ့ေပး လိုက္ပါၿပီ"ဟု ေျပာသည္။

ဖားကန႔္ၿမိဳ႕နယ္တြင္ ယခုႏွစ္ ဇန္နဝါရီ(၆)ရက္ေန႔ နံနက္ပိုင္းကလည္း ဆယ္မိနစ္ခန႔္ ႐ြာေသာမိုးႏွင့္အတူ မက်ည္းေစ့ခန႔္ မိုးသီးမ်ားေႂကြက်ခဲ့ၿပီး ႀကီးမားသည့္ပ်က္စီးဆုံးရႈံးမႈ ျဖစ္ေပၚခဲ့ျခင္းမရွိခဲ့ဘဲ ေက်း႐ြာအခ်ိဳ႕တြင္ ပလပ္စတစ္ေကာ္ျပား အၾကည္အခ်ိဳ႕ႏွင့္ မိုးကာတဲ အခ်ိဳ႕သာ ပ်က္စီးခဲ့ေၾကာင္း သိရသည္။

တာလင္းေမာင္(ျပန္/ဆက္)ကခ်င္ျပည္နယ္
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
-------------
(Unicode)⤵⤵⤵
အချိန်အခါမဟုတ် မိုးရွာစဉ် မိုးသီးကြွေကျမှုကြောင့် ကျေးရွာအိမ်ခြေ(၁၉၃)လုံး အမိုးများပျက်စီး

ဖားကန့်         မတ်    ၂၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယမန်နေ့ ညနေ(၃)နာရီကျော်ခန့်က အချိန်အခါမဟုတ် မိုးရွာစဉ် မိုးသီးကြွေကျမှုဖြစ်စဉ်ကြောင့် ဆိုင်းဂျာဘွမ်ကျေးရွာမှ နေအိမ်(၁၉၃)လုံး အမိုးများပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိနစ်လေးဆယ်ခန့်ရွာသော မိုးနှင့်အတူ ဆိပ်မူကျေးရွာအုပ်စုနှင့် အေးမြသာယာအုပ်စု အတွင်းမှ ကျေးရွာများပေါ်သို့ လောက်စာလုံးခန့်မိုးသီးများ ကြွေကျခဲ့ပြီး အေးမြသာယာအုပ်စု အတွင်းမှ ဆိုင်းဂျာဘွမ်ကျေးရွာတွင် အရွယ်အစား ပိုကြီးသည့် မိုးသီးကြွေကျခဲ့မှုကြောင့် အိမ်ခြေ (၁၉၃)လုံးခန့် အမိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။

နေအိမ်အမိုးပျက်စီးဆုံးရှုံးမှုစာရင်းများ ပြုစုပြီး ကူညီထောက်ပံ့ပေးနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိသည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး ဦးကျော်ဟန်က "နေအိမ်အမိုးပျက်စီးဆုံးရှုံးမှုအများဆုံးကတော့ ဆိုင်းဂျာဘွမ် ကျေးရွာပါပဲ၊ ကျန်တဲ့ ရွာတွေက ထူးထူးခြားခြားပျက်စီးတာ မရှိပါဘူး၊ ဒီရွာမှာက အာလူးသီးလောက်အလုံးတောင် ပါတယ်လို့ ပြောကြပါတယ်၊ တချို့အိမ်တွေဆို ဇကာပေါက်တွေလိုဖြစ်သွားပါတယ်၊ သွပ်အသစ် အထူတွေ မိုးထားတဲ့အိမ်တွေလောက်ပဲ ကျန်တာ"ဟု ပြောသည်။

ဆိုင်းဂျာဘွမ်ကျေးရွာမှ ဒေါ်အေးက "တစ်ရွာလုံးနီးပါးပါပဲ၊ အမိုးတွေလည်း ရစရာကိုမရှိတော့ဘူး၊ ကွမ်းသီးလုံးလောက်အလုံးတွေ ကျတာဆိုတော့ ဘယ်ခံနိုင်တော့မလဲ၊ ပြန်မိုးနိုင်တဲ့သူတွေက ပြန်မိုးကျတာပေါ့၊ ပြန်မမိုးနိုင်တဲ့သူတွေက ဒီအတိုင်းငုတ်တုတ်ပါပဲ၊ ကျွန်မက သားတွေလည်း မိုးညှင်းဘက်ခရီးလွန်နေတော့ ဘာဆက်လုပ်ရမလဲမသိသေးပါဘူး၊ မနေ့ ကတည်းက အုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းတွေလိုက်ကောက်နေတာပဲ၊ စာရင်းတော့ပေး လိုက်ပါပြီ"ဟု ပြောသည်။

ဖားကန့်မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီ(၆)ရက်နေ့ နံနက်ပိုင်းကလည်း ဆယ်မိနစ်ခန့် ရွာသောမိုးနှင့်အတူ မကျည်းစေ့ခန့် မိုးသီးများကြွေကျခဲ့ပြီး ကြီးမားသည့်ပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ခြင်းမရှိခဲ့ဘဲ ကျေးရွာအချို့တွင် ပလပ်စတစ်ကော်ပြား အကြည်အချို့နှင့် မိုးကာတဲ အချို့သာ ပျက်စီးခဲ့ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)ကချင်ပြည်နယ်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
အခ်ိန္အခါမဟုတ္ မိုး႐ြာစဥ္ မိုးသီးေႂကြက်မႈေၾကာင့္ ေက်း႐ြာအိမ္ေျခ(၁၉၃)လုံး အမိုးမ်ားပ်က္စီး အခ်ိန္အခါမဟုတ္ မိုး႐ြာစဥ္ မိုးသီးေႂကြက်မႈေၾကာင့္ ေက်း႐ြာအိမ္ေျခ(၁၉၃)လုံး အမိုးမ်ားပ်က္စီး Reviewed by THITHTOOLWIN on 02:12 Rating: 5
Powered by Blogger.