ေျမာက္ကုိရီးယား မစ္ဇုိင္းဒုံး ထပ္မံပစ္လႊတ္စမ္းသပ္


(Zawgyi / Unicode)

ေျမာက္ကိုရီးယားႏုိင္ငံက တနဂၤေႏြေန႔ အေစာပိုင္းမွာ မစ္ဇုိင္းဒုံးက်ည္ ၂ စင္းကို စမ္းသပ္ပစ္လႊတ္ခဲ့ပါတယ္။ ကမၻာတဝွမ္း ကို႐ုိနာဗိုင္းရပ္စ္ ကပ္ေရာဂါ က်ေရာက္ေနတဲ့ၾကား အခုလို ဒုံးက်ည္စမ္းသပ္ခဲ့တာ ျဖစ္သလို ဒုံးက်ည္လက္နက္ စမ္းသပ္ထုတ္လုပ္ေနတာကို ရပ္ဆိုင္းမွာမဟုတ္ေၾကာင္း ျပသခဲ့တာလည္း ျဖစ္ပါတယ္။

ေျမာက္ကိုရီးယားတို႔ အေရွ႕ဘက္ ကမ္း႐ုိးတန္းကေန ပင္လယ္ျပင္ထဲ တာတိုပစ္ ပဲ့ထိန္းဒုံးက်ည္ ၂ စင္းကို ပစ္လႊတ္ခဲ့တာလို႔ ေတာင္ကိုရီးယားစစ္တပ္က ေျပာပါတယ္။

ဒုံးက်ည္ေတြကို အေရွ႕ဘက္ကမ္းက Wonsan ၿမိဳ႕ကေန ပစ္လႊတ္ခဲ့တာျဖစ္ၿပီး အကြာအေဝး ကီလိုမီတာ ၂၃၀၊ အျမင့္ ကီလိုမီတာ ၃၀ အထိ ေရာက္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ ဒုံးက်ည္ေတြ ဂ်ပန္ပိုင္နက္ထဲ မေရာက္သလို သီးသန္႔ စီးပြားေရးဇုန္အတြင္းထဲလည္း မေရာက္ခဲ့ေၾကာင္း ေျပာပါတယ္။

ဒီတလတည္း ေျမာက္ကိုရီးယားတို႔ စုစုေပါင္း မစ္ဇုိင္းဒုံးက်ည္ ၉ စင္းကို ၄ ႀကိမ္ခြဲ စမ္းသပ္ပစ္လႊတ္ခဲ့တာျဖစ္လို႔ တလတာအတြင္း ဒုံးက်ည္ အမ်ားဆုံး စံခ်ိန္တင္ ပစ္လႊတ္တာလည္း ျဖစ္ပါတယ္။

ဒီလို ဒုံးက်ည္ အမ်ားဆုံးပစ္လႊတ္တာကို ေနာက္ဆုံးေတြ႔ခဲ့ရတာက ေျမာက္ကိုရီးယားတို႔ရဲ႕ ဒုံးက်ည္အစီအစဥ္ အရွိန္ျမင့္တဲ့ႏွစ္ေတြျဖစ္တဲ့ ၂၀၁၆ နဲ႔ ၂၀၁၇ ခုႏွစ္ေတြမွာ ျဖစ္ေၾကာင္း လက္နက္ မျပန္႔ပြားေရးဆိုင္ရာ James Martin Center က သုေတသီ Shea Cotto က ေျပာပါတယ္။
-------------------------------------

(Unicode)

မြောက်ကိုရီးယား မစ်ဇိုင်းဒုံး ထပ်မံပစ်လွှတ်စမ်းသပ်

မြောက်ကိုရီးယားနိုင်ငံက တနင်္ဂနွေနေ့ အစောပိုင်းမှာ မစ်ဇိုင်းဒုံးကျည် ၂ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ ကမ္ဘာတဝှမ်း ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ကျရောက်နေတဲ့ကြား အခုလို ဒုံးကျည်စမ်းသပ်ခဲ့တာ ဖြစ်သလို ဒုံးကျည်လက်နက် စမ်းသပ်ထုတ်လုပ်နေတာကို ရပ်ဆိုင်းမှာမဟုတ်ကြောင်း ပြသခဲ့တာလည်း ဖြစ်ပါတယ်။

မြောက်ကိုရီးယားတို့ အရှေ့ဘက် ကမ်းရိုးတန်းကနေ ပင်လယ်ပြင်ထဲ တာတိုပစ် ပဲ့ထိန်းဒုံးကျည် ၂ စင်းကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယားစစ်တပ်က ပြောပါတယ်။

ဒုံးကျည်တွေကို အရှေ့ဘက်ကမ်းက Wonsan မြို့ကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး အကွာအဝေး ကီလိုမီတာ ၂၃၀၊ အမြင့် ကီလိုမီတာ ၃၀ အထိ ရောက်ခဲ့တယ်လို့လည်း ပြောပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနကတော့ ဒုံးကျည်တွေ ဂျပန်ပိုင်နက်ထဲ မရောက်သလို သီးသန့် စီးပွားရေးဇုန်အတွင်းထဲလည်း မရောက်ခဲ့ကြောင်း ပြောပါတယ်။

ဒီတလတည်း မြောက်ကိုရီးယားတို့ စုစုပေါင်း မစ်ဇိုင်းဒုံးကျည် ၉ စင်းကို ၄ ကြိမ်ခွဲ စမ်းသပ်ပစ်လွှတ်ခဲ့တာဖြစ်လို့ တလတာအတွင်း ဒုံးကျည် အများဆုံး စံချိန်တင် ပစ်လွှတ်တာလည်း ဖြစ်ပါတယ်။

ဒီလို ဒုံးကျည် အများဆုံးပစ်လွှတ်တာကို နောက်ဆုံးတွေ့ခဲ့ရတာက မြောက်ကိုရီးယားတို့ရဲ့ ဒုံးကျည်အစီအစဉ် အရှိန်မြင့်တဲ့နှစ်တွေဖြစ်တဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေမှာ ဖြစ်ကြောင်း လက်နက် မပြန့်ပွားရေးဆိုင်ရာ James Martin Center က သုတေသီ Shea Cotto က ပြောပါတယ်။

VOA Burmese News
https://burmese.voanews.com/a/north-korea-miss…/5350669.html
ေျမာက္ကုိရီးယား မစ္ဇုိင္းဒုံး ထပ္မံပစ္လႊတ္စမ္းသပ္ ေျမာက္ကုိရီးယား မစ္ဇုိင္းဒုံး ထပ္မံပစ္လႊတ္စမ္းသပ္ Reviewed by THITHTOOLWIN on 22:21 Rating: 5
Powered by Blogger.