ေဆးစစ္ဖို႔ျငင္းတဲ့ တ႐ုတ္လင္မယားကို ထိန္းသိမ္းၿပီး ေမဒါဝီေဆး႐ုံကို ပို႔ခဲ့


(Zawgyi)⤵⤵⤵
အသက္ရႈက်ပ္တဲ့လကၡဏာကိုေတြ႕လို႔ ယာဥ္ေမာင္းက သကၤန္းကြၽန္း စံျပေဆး႐ုံကိုပို႔ေဆာင္ေပးေပမယ့္ ေဆးစစ္ဖို႔ျငင္းဆန္ၿပီးထြက္ေျပးတဲ့ တ႐ုတ္လင္မယား ကို ရဲနဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးအဖြဲ႕ေတြက ရွာေဖြၿပီး ေျမာက္ဥကၠလာပ ေမဒါဝီ ေဆး႐ုံကို ဒီေန႔မတ္လ ၂၈ရက္မနက္ (သန္းေခါင္) ၁၂နာရီေက်ာ္မွာ ပို႔ေဆာင္ခဲ့ရတယ္လို႔ သကၤန္းကြၽန္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး ရဲမႉးေကာင္းႏိုင္က ဘီဘီစီကိုေျပာပါတယ္။

တ႐ုတ္လင္မယားက ဒဂုံဆိပ္ကမ္း၊ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ဘက္ကေန မုဒိတာအိမ္ရာကို အငွားယာဥ္နဲ႔ ငွားစီးလာတဲ့အခ်ိန္ လမ္းမွာအသက္ရႈက်ပ္၊ ေခ်ာင္းဆိုးၿပီး တက္ေနတဲ့အတြက္ ကားဆရာက သကၤန္းကြၽန္း ေဆး႐ုံကို ပို႔ေပးတဲ့အခ်ိန္ ေဆး႐ုံအေရာက္မွာ ေဆးစစ္ဖို႔ လက္မခံဘဲ ထြက္ေျပးၾကတာလို႔ တာေမြကြန္ရက္ပရဟိတအဖြဲ႕၊ ရဲတပ္ဖြဲ႕၊ သက္ဆိုင္ရာ လႊတ္ေတာ္အမတ္နဲ႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔ထံက သိရပါတယ္။

ထြက္ေျပးၾကသူ ၂ဦးကို သိပ္မၾကာခင္မွာဘဲ ျပန္လည္ေတြ႕ရွိၿပီး ေတြ႕ရွိခ်ိန္မွာ အပူခ်ိန္တိုင္းတာခဲ့ရာ အမ်ိဳးသားမွာ ၉၉ ဒီဂရီစင္တီဂရိတ္နဲ႔ အမ်ိဳးသမီးက ၉၈ ဒီဂရီစင္တီဂရိတ္သာရွိတယ္လို႔ ဆ(ခ) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးရဲမင္းေက်ာ္က ဘီဘီစီကိုေျပာပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ နဲ႔ ကမာၻ႔ကပ္ေရာဂါမ်ား

ျပန္လည္ေတြ႕ရွိတဲ့အခ်ိန္မွာဘဲ ေျမာက္ဥကၠလာ ေဝဘာဂီေဆး႐ုံကို တာေမြကြန္ရက္ ပရဟိတအဖြဲ႕က သြားေရာက္ပို႔ေဆာင္ေပမယ့္ ေဆး႐ုံကလက္မခံတဲ့အတြက္ အဲဒီကတဆင့္ ေမဒါဝီေဆး႐ုံကို ပို႔ေဆာင္ ထားတယ္လို႔ သိရပါတယ္။

အဲဒီတ႐ုတ္ႏိုင္ငံသားလင္မယားႏွစ္ဦးလုံးက ျမန္မာျပည္တြင္းကို တရားဝင္ ဝင္ေရာက္လာၾကသူေတြျဖစ္ၿပီး ပတ္စ္ပို႔သက္တမ္းလည္း က်န္ရွိေနေသးသူေတြ ျဖစ္ေပမယ့္ သူတို႔လာေရာက္တဲ့ ေဒသနဲ႔ အျခားကိုယ္ေရး အခ်က္အလက္ေတြကိုေတာ့ ရဲတပ္ဖြဲ႕က ေျဖၾကားျခင္းမရွိပါဘူး။

လင္မယားႏွစ္ဦးစလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ရွိမရွိကိုေတာ့ ရဲတပ္ဖြဲ႕၊ လႊတ္ေတာ္အမတ္နဲ႔ ေဒသခံတို႔က သိရွိထားတာ မရွိပါဘူး။

လက္ရွိအခ်ိန္အထိေတာ့ ေမဒါဝီေဆး႐ုံမွာ က်န္းမာေရးကုသမႈေတြေပးၿပီး သီးျခားထားရွိကုသေပးေနတယ္လို႔ ေမဒါဝီေဆး႐ုံက ေဒါက္တာဝင္းသႏၲာျဖဴက ဘီဘီစီကို အတည္ျပဳပါတယ္။ အျခားဗိုင္းရပ္စ္ကူးစက္ခံရမႈ ရွိမရွိကိုေတာ့ မသိရေသးပါဘူး။

BBC Burmese
https://www.bbc.com/burmese/52074096
---------------------------------------------

ဆေးစစ်ဖို့ငြင်းတဲ့ တရုတ်လင်မယားကို ထိန်းသိမ်းပြီး မေဒါဝီဆေးရုံကို ပို့ခဲ့

အသက်ရှုကျပ်တဲ့လက္ခဏာကိုတွေ့လို့ ယာဉ်မောင်းက သင်္ကန်းကျွန်း စံပြဆေးရုံကိုပို့ဆောင်ပေးပေမယ့် ဆေးစစ်ဖို့ငြင်းဆန်ပြီးထွက်ပြေးတဲ့ တရုတ်လင်မယား ကို ရဲနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့တွေက ရှာဖွေပြီး မြောက်ဥက္ကလာပ မေဒါဝီ ဆေးရုံကို ဒီနေ့မတ်လ ၂၈ရက်မနက် (သန်းခေါင်) ၁၂နာရီကျော်မှာ ပို့ဆောင်ခဲ့ရတယ်လို့ သင်္ကန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကောင်းနိုင်က ဘီဘီစီကိုပြောပါတယ်။

တရုတ်လင်မယားက ဒဂုံဆိပ်ကမ်း၊ ယုဇနဥယျာဉ်မြို့တော်ဘက်ကနေ မုဒိတာအိမ်ရာကို အငှားယာဉ်နဲ့ ငှားစီးလာတဲ့အချိန် လမ်းမှာအသက်ရှုကျပ်၊ ချောင်းဆိုးပြီး တက်နေတဲ့အတွက် ကားဆရာက သင်္ကန်းကျွန်း ဆေးရုံကို ပို့ပေးတဲ့အချိန် ဆေးရုံအရောက်မှာ ဆေးစစ်ဖို့ လက်မခံဘဲ ထွက်ပြေးကြတာလို့ တာမွေကွန်ရက်ပရဟိတအဖွဲ့၊ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ လွှတ်တော်အမတ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ထံက သိရပါတယ်။

ထွက်ပြေးကြသူ ၂ဦးကို သိပ်မကြာခင်မှာဘဲ ပြန်လည်တွေ့ရှိပြီး တွေ့ရှိချိန်မှာ အပူချိန်တိုင်းတာခဲ့ရာ အမျိုးသားမှာ ၉၉ ဒီဂရီစင်တီဂရိတ်နဲ့ အမျိုးသမီးက ၉၈ ဒီဂရီစင်တီဂရိတ်သာရှိတယ်လို့ ဆ(ခ) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးရဲမင်းကျော်က ဘီဘီစီကိုပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ် နဲ့ ကမ္ဘာ့ကပ်ရောဂါများ

ပြန်လည်တွေ့ရှိတဲ့အချိန်မှာဘဲ မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံကို တာမွေကွန်ရက် ပရဟိတအဖွဲ့က သွားရောက်ပို့ဆောင်ပေမယ့် ဆေးရုံကလက်မခံတဲ့အတွက် အဲဒီကတဆင့် မေဒါဝီဆေးရုံကို ပို့ဆောင် ထားတယ်လို့ သိရပါတယ်။

အဲဒီတရုတ်နိုင်ငံသားလင်မယားနှစ်ဦးလုံးက မြန်မာပြည်တွင်းကို တရားဝင် ဝင်ရောက်လာကြသူတွေဖြစ်ပြီး ပတ်စ်ပို့သက်တမ်းလည်း ကျန်ရှိနေသေးသူတွေ ဖြစ်ပေမယ့် သူတို့လာရောက်တဲ့ ဒေသနဲ့ အခြားကိုယ်ရေး အချက်အလက်တွေကိုတော့ ရဲတပ်ဖွဲ့က ဖြေကြားခြင်းမရှိပါဘူး။

လင်မယားနှစ်ဦးစလုံးမှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိကိုတော့ ရဲတပ်ဖွဲ့၊ လွှတ်တော်အမတ်နဲ့ ဒေသခံတို့က သိရှိထားတာ မရှိပါဘူး။

လက်ရှိအချိန်အထိတော့ မေဒါဝီဆေးရုံမှာ ကျန်းမာရေးကုသမှုတွေပေးပြီး သီးခြားထားရှိကုသပေးနေတယ်လို့ မေဒါဝီဆေးရုံက ဒေါက်တာဝင်းသန္တာဖြူက ဘီဘီစီကို အတည်ပြုပါတယ်။ အခြားဗိုင်းရပ်စ်ကူးစက်ခံရမှု ရှိမရှိကိုတော့ မသိရသေးပါဘူး။

BBC Burmese
https://www.bbc.com/burmese/52074096
ေဆးစစ္ဖို႔ျငင္းတဲ့ တ႐ုတ္လင္မယားကို ထိန္းသိမ္းၿပီး ေမဒါဝီေဆး႐ုံကို ပို႔ခဲ့ ေဆးစစ္ဖို႔ျငင္းတဲ့ တ႐ုတ္လင္မယားကို ထိန္းသိမ္းၿပီး ေမဒါဝီေဆး႐ုံကို ပို႔ခဲ့ Reviewed by THITHTOOLWIN on 00:24 Rating: 5
Powered by Blogger.