ေျမာက္ကိုရီးယားထိပ္တန္းေခါင္းေဆာင္က တာေဝးပစ္အေျမႇာက္စမ္းသပ္ ပစ္လႊတ္မႈအား ၾကည့္ရႈ

ေျမာက္ကိုရီးယားႏိုင္ငံ ထိပ္တန္းေခါင္းေဆာင္ ကင္ဂ်ဳံအန္က ၂၀၁၉ ခုႏွစ္ ဩဂုတ္ ၂၅ ရက္တြင္ တာေဝးပစ္ဒုံးက်ည္ ပစ္လႊတ္မႈေနရာအား သြားေရာက္ၾကည့္ရႈစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    ၿပဳံယမ္း ၊ မတ္ ၃ ရက္(ဆင္ဟြာ)

    ေျမာက္ကိုရီးယားႏိုင္ငံ ထိပ္တန္းေခါင္းေဆာင္ ကင္ဂ်ဳံအန္က မတ္ ၂ ရက္တြင္ တာေဝးပစ္ အေျမႇာက္စမ္းသပ္ပစ္လႊတ္မႈေနရာသို႔ သြားေရာက္ ၾကည့္ရႈအားေပးခဲ့ေၾကာင္း ႏိုင္ငံပိုင္ KCNA သတင္းဌာနက ယေန႔ မတ္ ၃ ရက္တြင္ သတင္းေဖာ္ျပခဲ့သည္။

ကင္သည္ ေစာင့္ၾကည့္မႈသတ္မွတ္ေနရာမွေန၍ ပစ္ခတ္ေလ့က်င့္ေရးအစီရင္ခံစာကို ရယူဖတ္ရႈၿပီးေနာက္တြင္ လမ္းၫႊန္ခ်က္ေပးခဲ့ေၾကာင္း သတင္း၌ ေဖာ္ျပထားသည္။“ သူက စတင္ပစ္ခတ္ဖို႔ တပ္ဖြဲ႕ကို အမိန႔္ေပးလိုက္တယ္၊ တာေဝးပစ္ လက္နက္ႀကီးေရွ႕မွာရပ္ေနတဲ့ တပ္ဖြဲ႕ဝင္တစ္ဦးက ခ်က္ခ်င္းဆိုသလို စပစ္ေတာ့တာပါပဲ” ဟု သတင္းကဆိုသည္။

တာေဝးပစ္ အေျမႇာက္အသုံးျပဳ၍ မတ္ ၂ ရက္တြင္ မည္သို႔ေသာ စမ္းသပ္ ပစ္ခတ္မႈမ်ိဳး လုပ္ေဆာင္ခဲ့သည္ကို သတင္းတြင္ ေဖာ္ျပထားျခင္းမရွိေပ။ သို႔ေသာ္ ေတာင္ကိုရီးယားႏိုင္ငံ စစ္ဘက္ဆိုင္ရာ၏ မတ္လ ၂ ရက္ ထုတ္ျပန္ခ်က္တစ္ေစာင္တြင္မူ ေျမာက္ကိုရီးယားႏိုင္ငံအေရွ႕ဘက္ကမ္း႐ိုးတမ္း Wonsan မွေန၍ ဒုံးက်ည္ႏွစ္စင္း ပစ္လႊတ္ခဲ့ေၾကာင္း ၊ ယင္းမွာ ယခုႏွစ္အတြက္ ပထမဆုံး ပစ္လႊတ္မႈျဖစ္ေၾကာင္း ေဖာ္ျပထားသည္။ ေျမာက္ကိုရီးယားႏိုင္ငံအေရွ႕ဘက္ကမ္းေျခ၌ ၂၀၂၀ ျပည့္ႏွစ္အတြက္ ပထမဆုံးေသာ ပူးတြဲတိုက္ခိုက္ေရး ေလ့က်င့္မႈအစီအစဥ္တစ္ခု ျပဳလုပ္ၿပီးေနာက္ ရက္အနည္းငယ္အၾကာ မတ္ ၂ ရက္တြင္ ေျမာက္ကိုရီးယားႏိုင္ငံက အဆိုပါ တာေဝးပစ္အေျမႇာက္စမ္းသပ္ပစ္လႊတ္မႈ လုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။(Xinhua)

-------------------------------
(Unicode)⤵⤵⤵
မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင်က တာဝေးပစ်အမြှောက်စမ်းသပ် ပစ်လွှတ်မှုအား ကြည့်ရှု

    ပြုံယမ်း ၊ မတ် ၃ ရက်(ဆင်ဟွာ)

    မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က မတ် ၂ ရက်တွင် တာဝေးပစ် အမြှောက်စမ်းသပ်ပစ်လွှတ်မှုနေရာသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့ မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ကင်သည် စောင့်ကြည့်မှုသတ်မှတ်နေရာမှနေ၍ ပစ်ခတ်လေ့ကျင့်ရေးအစီရင်ခံစာကို ရယူဖတ်ရှုပြီးနောက်တွင် လမ်းညွှန်ချက်ပေးခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။“ သူက စတင်ပစ်ခတ်ဖို့ တပ်ဖွဲ့ကို အမိန့်ပေးလိုက်တယ်၊ တာဝေးပစ် လက်နက်ကြီးရှေ့မှာရပ်နေတဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ချက်ချင်းဆိုသလို စပစ်တော့တာပါပဲ” ဟု သတင်းကဆိုသည်။

တာဝေးပစ် အမြှောက်အသုံးပြု၍ မတ် ၂ ရက်တွင် မည်သို့သော စမ်းသပ် ပစ်ခတ်မှုမျိုး လုပ်ဆောင်ခဲ့သည်ကို သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။ သို့သော် တောင်ကိုရီးယားနိုင်ငံ စစ်ဘက်ဆိုင်ရာ၏ မတ်လ ၂ ရက် ထုတ်ပြန်ချက်တစ်စောင်တွင်မူ မြောက်ကိုရီးယားနိုင်ငံအရှေ့ဘက်ကမ်းရိုးတမ်း Wonsan မှနေ၍ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ၊ ယင်းမှာ ယခုနှစ်အတွက် ပထမဆုံး ပစ်လွှတ်မှုဖြစ်ကြောင်း ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံအရှေ့ဘက်ကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံးသော ပူးတွဲတိုက်ခိုက်ရေး လေ့ကျင့်မှုအစီအစဉ်တစ်ခု ပြုလုပ်ပြီးနောက် ရက်အနည်းငယ်အကြာ မတ် ၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံက အဆိုပါ တာဝေးပစ်အမြှောက်စမ်းသပ်ပစ်လွှတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

(Xinhua)
http://www.xinhuamyanmar.com
ေျမာက္ကိုရီးယားထိပ္တန္းေခါင္းေဆာင္က တာေဝးပစ္အေျမႇာက္စမ္းသပ္ ပစ္လႊတ္မႈအား ၾကည့္ရႈ ေျမာက္ကိုရီးယားထိပ္တန္းေခါင္းေဆာင္က တာေဝးပစ္အေျမႇာက္စမ္းသပ္ ပစ္လႊတ္မႈအား ၾကည့္ရႈ Reviewed by THITHTOOLWIN on 22:59 Rating: 5
Powered by Blogger.