လူစုလူေဝးမလုပ္ရန္ တားျမစ္ေသာ္လည္း မဂၤလာေဆာင္သည့္ သတို႔သား အား အမႈဖြင့္

(Zawgyi)⤵⤵⤵
မုံ႐ြာ၊မတ္-၂၉

COVID-19​ ေၾကာင့္ လူစုလူေဝးမ်ား မလုပ္ရန္ ၫႊန္ၾကားထားေသာ္လည္း မတ္လ၂၈ နံနက္က တမူးၿမိဳ႕နယ္၊ခမိတ္ေက်း႐ြာအုပ္စု၊ခြန္မြန္းႏြံ႐ြာတြင္ မဂၤလာပြဲျပဳလုပ္သျဖင့္ သတို႔သား ထိန္လင္းရွိန္အား အမႈဖြင့္လိုက္သည္။

သက္ဆိုင္ရာ အုပ္ခ်ဴပ္ေရးမႉးႏွင့္ အဖြဲ႕မ်ားမွ စာျဖင့္လည္းေကာင္း ႏႈတ္ျဖင့္လည္းေကာင္းတားျမစ္ခဲ့ေသာ္လည္း လိုက္နာျခင္းမရွိဘဲ လူစုလူေဝးျဖင့္ မဂၤလာဧည့္ခံပြဲျပဳလုပ္လုပ္ခဲ့ျခင္းျဖစ္သည္ ဟု တိုင္းအဆင့္သို႔ တင္ျပစာအရ သိရသည္။

"မဂၤလာပြဲေ႐ြ႕ဆိုင္းဖို႔ သက္ဆိုင္ရာအုပ္ခ်ဴပ္ေရးမႉးေတြက စာနဲ႔ ႏႈတ္နဲ႔တားခဲ့ေပမယ့္ မလိုက္နာလို႔ပါ"ဟု COVID19 ကာကြယ္၊ထိန္းခ်ဳပ္၊ကုသေရးေကာ္မတီ တိုင္းအဆင့္ဥကၠဌ စစ္ကိုင္းတိုင္း အစိုးရအဖြဲ႕ လူမႈေရး ဝန္ႀကီး ေဒါက္တာေဇာ္ဝင္း ကေျပာသည္။

သတို႔သားသည္ ယခုလ ၁၇ရက္က ျမန္မာႏိုင္ငံသို႔ျပန္လာၿပီး ၂၁ရက္ေန႔တြင္ ယင္းေက်း႐ြာသို႔ေရာက္ခဲ့ေၾကာင္း တမူးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ အမတ္ဦးႏိုင္ႏိုင္ဝင္း ၏ေဖ့ဘြခ္ စာမ်က္ႏွာမွ သိရသည္။

သတို႔သားအား တမူးၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ဒုတိယ အုပ္ခ်ဴပ္ေရးမႉးဦးေက်ာ္ေက်ာ္လင္းမွ တရားလိုျပဳလုပ္၍ (ပ)၄၇/၂၀၂၀၊၂၀၁၃ခုႏွစ္ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈ ဥပေဒပုဒ္မ ၃၀-ကျဖင့္အမႈဖြင့္ခဲ့သည္။

ယင္းပုဒ္မ သည္ တစ္ႏွစ္ထက္ မပိုေသာ ေထာင္ဒဏ္ ျဖစ္ေစ၊ ေငြဒဏ္ျဖစ္ေစ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္းေဖာ္ျပထားသည္။

အိၿဖိဳး
Monywa Gazette
https://www.facebook.com/monywagazette
------------
(Unicode)⤵⤵⤵
လူစုလူဝေးမလုပ်ရန် တားမြစ်သော်လည်း မင်္ဂလာဆောင်သည့် သတို့သား အား အမှုဖွင့်

မုံရွာ၊မတ်-၂၉

COVID-19 ကြောင့် လူစုလူဝေးများ မလုပ်ရန် ညွှန်ကြားထားသော်လည်း မတ်လ၂၈ နံနက်က တမူးမြို့နယ်၊ခမိတ်ကျေးရွာအုပ်စု၊ခွန်မွန်းနွံရွာတွင် မင်္ဂလာပွဲပြုလုပ်သဖြင့် သတို့သား ထိန်လင်းရှိန်အား အမှုဖွင့်လိုက်သည်။

သက်ဆိုင်ရာ အုပ်ချူပ်ရေးမှူးနှင့် အဖွဲ့များမှ စာဖြင့်လည်းကောင်း နှုတ်ဖြင့်လည်းကောင်းတားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိဘဲ လူစုလူဝေးဖြင့် မင်္ဂလာဧည့်ခံပွဲပြုလုပ်လုပ်ခဲ့ခြင်းဖြစ်သည် ဟု တိုင်းအဆင့်သို့ တင်ပြစာအရ သိရသည်။

"မင်္ဂလာပွဲရွေ့ဆိုင်းဖို့ သက်ဆိုင်ရာအုပ်ချူပ်ရေးမှူးတွေက စာနဲ့ နှုတ်နဲ့တားခဲ့ပေမယ့် မလိုက်နာလို့ပါ"ဟု COVID19 ကာကွယ်၊ထိန်းချုပ်၊ကုသရေးကော်မတီ တိုင်းအဆင့်ဥက္ကဌ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဒေါက်တာဇော်ဝင်း ကပြောသည်။

သတို့သားသည် ယခုလ ၁၇ရက်က မြန်မာနိုင်ငံသို့ပြန်လာပြီး ၂၁ရက်နေ့တွင် ယင်းကျေးရွာသို့ရောက်ခဲ့ကြောင်း တမူးမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဦးနိုင်နိုင်ဝင်း ၏ဖေ့ဘွခ် စာမျက်နှာမှ သိရသည်။

သတို့သားအား တမူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ဒုတိယ အုပ်ချူပ်ရေးမှူးဦးကျော်ကျော်လင်းမှ တရားလိုပြုလုပ်၍ (ပ)၄၇/၂၀၂၀၊၂၀၁၃ခုနှစ်
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀-ကဖြင့်အမှုဖွင့်ခဲ့သည်။

ယင်းပုဒ်မ သည် တစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ကြောင်းဖော်ပြထားသည်။

Monywa Gazette
https://www.facebook.com/monywagazette
လူစုလူေဝးမလုပ္ရန္ တားျမစ္ေသာ္လည္း မဂၤလာေဆာင္သည့္ သတို႔သား အား အမႈဖြင့္ လူစုလူေဝးမလုပ္ရန္ တားျမစ္ေသာ္လည္း မဂၤလာေဆာင္သည့္ သတို႔သား အား အမႈဖြင့္ Reviewed by THITHTOOLWIN on 05:52 Rating: 5
Powered by Blogger.