ရွမ္းနဲ႔ ရခိုင္က ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို ေနရာေျပာင္းက်င္းပဖို႔ဆုံးျဖတ္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေနျပည္ေတာ္မွာ ၂၀၂၀ မတ္လ ၁၂ ရက္ေန႔ကက်င္းပတဲ့ UPDJC အစည္းအေဝး တက္ေရာက္ခဲ့စဥ္
(Zawgyi)⤵⤵⤵
က်င္းပခြင့္မရတဲ့အတြက္ ေရွ႕မတိုးႏိုင္ဘဲ ရပ္တန႔္ေနတဲ့ ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္က အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို ေနရာေျပာင္းက်င္းပဖို႔ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစိုးရကိုယ္စားလွယ္ အဖြဲ႕နဲ႔ အပစ္ရပ္ထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္ေခါင္းေဆာင္ေတြအၾကား ဒီေန႔ သေဘာတူညီခဲ့ပါတယ္။

အမ်ိဳးသားအဆင့္ ေဆြးေႏြးပြဲေတြကို လင္းေခးနဲ႔ ရန္ကုန္ၿမိဳ႕ေတြမွာက်င္းပဖို႔  ဒီေန႔ ေနျပည္ေတာ္မွာက်င္းပတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲ ေကာ္မတီ UPDJC အစည္းအေဝးမွာ သေဘာတူခဲ့တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ဒီေန႔ အစည္းအေဝးအၿပီးမွာ သတင္းေထာက္ေတြကို ေျပာပါတယ္။

"CSS အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲနဲ႔ ပတ္သက္လို႔ ေျခာက္ႀကိမ္ေျမာက္ JICM ဆုံးျဖတ္ခ်က္အတိုင္း ဆက္လက္ေဆာင္႐ြက္ဖို႔ ဆုံးျဖတ္တယ္။ လင္းေခးမွာလုပ္ဖို႔ ။ က်ေနာ္တို႔ ဒီေန႔ ေဆြးေႏြးတာက Timing ေပါ့ေနာ္။ ရခိုင္ကေတာ့ ထုံးစံအတိုင္း အမ်ိဳးသားအဆင့္ ႏိုင္ငံေရးေဆြးေႏြးပြဲဆိုတာ ရခိုင္ျပည္နယ္မွာက်င္းပဖို႔က အခက္အခဲရွိတယ္။ အဲေတာ့ သူ႔ကိုေတာ့ အမ်ိဳးသားအဆင့္ႏိုင္ငံေရးေဆြးေႏြးပြဲ မဟုတ္ဘဲနဲ႔ တစ္နည္းတစ္ဖုံအားျဖင့္ေပါ့ ၊ ဥပမာ ရန္ကုန္လိုေနရာမ်ိဳးမွာ ေဆြးေႏြးပြဲတို႔၊ ေတြ႕ဆုံပြဲပုံစံမ်ိဳး သေဘာလုပ္ဖို႔ေတာ့ က်ေနာ္တို႔ ညႇိဳႏႈိင္းထားၿပီး ျဖစ္ပါတယ္။"

ဒီေန႔ေဆြးေႏြးပြဲမွာ UPDJC ဥကၠ႒လည္းျဖစ္တဲ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ၿငိမ္းခ်မ္း ေရးႀကိဳးပမ္းေနၾကတဲ့အဖြဲ႕ေတြရဲ႕ လိုလားခ်က္ေတြအားလုံး ရာႏႈန္းျပည့္ မရႏိုင္ဘူးဆိုတာကို သတိျပဳၾကဖို႔  အဖြင့္မိန႔္ခြန္းမွာ သတိေပးခဲ့ပါတယ္။  ၿငိမ္းခ်မ္းေရးေဆြးေႏြးတဲ့အခါ အေပးအယူလိုအေလွ်ာ့အတင္းလုပ္ရဲဖို႔နဲ႔ အေပးအယူလုပ္ႏိုင္ေအာင္လည္း ႀကိဳးစားၾကဖို႔ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းပါတယ္။

"ၿငိမ္းခ်မ္းေရးျဖစ္စဥ္ကို ပ်က္ျပားေစခ်င္ရင္ ေႏွာင့္ေႏွးေစခ်င္ရင္ ပါဝင္တဲ့အထဲက အစုအဖြဲ႕တစ္ဖြဲ႕က ဖန္တီး ဖ်က္ဆီးႏိုင္ေပမယ့္ ဒီျဖစ္စဥ္ေအာင္ျမင္ဖို႔ ဆိုလို႔ရွိရင္ ပါဝင္သူ အစုအဖြဲ႕အားလုံးက ပူးေပါင္းေဆာင္႐ြက္မွသာ ေအာင္ျမင္ႏိုင္မွာ ျဖစ္ပါတယ္။ အစုအဖြဲ႕တစ္ဖြဲ႕အေနနဲ႔ ကိုယ့္ရဲ႕လိုလားခ်က္ေတြကို ရာႏႈန္းျပည့္ရႏိုင္မွာ မဟုတ္ ဘူးဆိုတာ သတိခ်ပ္ေစခ်င္ပါတယ္။ ရာႏႈန္းျပည့္တစ္ရာ ရာခိုင္ႏႈန္း လိုခ်င္တာရမွ ပူးေပါင္းေဆာင္႐ြက္မယ္ဆိုတဲ့ ခံယူခ်က္မ်ိဳးနဲ႔ ေစ့စပ္ညႇိဳႏႈိင္းလို႔ ရႏိုင္မွာ မဟုတ္ပါဘူး။ အေပးအယူအေလွ်ာ့အတင္းလုပ္ရဲမွသာ ႏိုင္ငံေရး စားပြဲဝိုင္းထဲဝင္ဖို႔ သင့္ေလ်ာ္မွာျဖစ္သလို ႏိုင္ငံေရးစားပြဲဝိုင္းထဲဝင္ထိုင္ၿပီးမွေတာ့ အေပးအယူ အေလွ်ာ့အတင္း လုပ္ႏိုင္ေအာင္ ႀကိဳးစားဖို႔ပဲျဖစ္ပါတယ္။"

တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ ျပႆနာေတြျဖစ္လာရင္ စားပြဲဝိုင္းမွာေဆြးေႏြးၾကဖို႔၊ ေသနတ္ပစ္တာထက္ စာပြဲဝိုင္းမွာ ေဆြးေႏြးတာက ပိုေကာင္းပါတယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

အစိုးရ၊ တပ္မေတာ္၊ ႏိုင္ငံေရးပါတီ အစုအဖြဲ႕၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အပစ္ရပ္တိုင္းရင္းသား လက္နက္ ကိုင္အဖြဲ႕ေတြပါဝင္တဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးေဆြးေႏြးမႈ ပူးတြဲေကာ္မတီ UPDJC အစည္းအေဝးကို မက်င္းပ ႏိုင္ခဲ့တာ ႏွစ္ႏွစ္နီးပါးရွိေနၿပီျဖစ္ပါတယ္။

ဒီေန႔ အစည္းအေဝးကို ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ တက္ေရာက္လာတဲ့ အစုအဖြဲ႕အသီးသီးက ေခါင္းေဆာင္ေတြက ေအာင္ျမင္တယ္လို႔ မွတ္ခ်က္ေပးၾကပါတယ္။ အစည္းအေဝးကို တပ္မေတာ္ဘက္က ကိုယ္စားလွယ္ေတြ တက္ေရာက္ခဲေပမယ့္ တပ္မေတာ္ရဲ႕ သေဘာထားကိုေတာ့ တစ္စုံတစ္ရာ ေမးျမန္းခြင့္ မရခဲ့ပါဘူး။

စတုတၳအႀကိမ္ေျမာက္ ၂၁ ရာစုပင္လုံညီလာခံကို ဧၿပီလမကုန္ခင္မွာက်င္းပဖို႔ အစိုးရနဲ႔ တိုင္းရင္းသား ေခါင္းေဆာင္ေတြက ၿပီးခဲ့တဲ့လပိုင္းေတြအတြင္းက်င္းပတဲ့ JICM အစည္းအေဝးမွာ သေဘာတူညီခဲ့ၾကပါတယ္။

ခ်င္းအမ်ိဳးသားတပ္ဦး CNF က ေခါင္းေဆာင္တစ္ဦးျဖစ္သူ၊ UPDJC ဒုတိယ ဥကၠ႒ ေဒါက္တာ ဆလိုင္း လ်န္မႈန္းဆာေခါင္းက ကပ္ေရာဂါအျဖစ္ ေၾကညာထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ နဲ႔ ပတ္သက္ၿပီး စိုးရိမ္စရာ မရွိရင္ စီစဥ္ထားတဲ့အတိုင္း က်င္းပႏိုင္မယ္လို႔ ေျပာပါတယ္။

"ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ ၂၁ ရာစုပင္လုံ စတုတၳအစည္းအေဝးကို ဧၿပီလမကုန္ခင္မွာက်င္းပမယ္ဆိုၿပီး က်ေနာ္တို႔ ဆုံးျဖတ္ထားတာရွိပါတယ္။ အဲဒီအတိုင္းေဆာင္႐ြက္ႏိုင္ဖို႔ လုပ္ငန္းေကာ္မတီေတြကတဆင့္ၿပီးတဆင့္ ေဆာင္႐ြက္တာက ေတာ္ေတာ္ေလး ေအာင္ျမင္တဲ့ အေျခအေနမွာ ေရာက္တယ္။ အကယ္လို႔သာ ခုျဖစ္ပြားေနတဲ့ ကပ္ေရာဂါေပါ့ေနာ္ ကို႐ိုနာဗိုင္းရပ္စ္ကိစၥသာ မရွိဘူးဆိုရင္ေတာ့ က်ေနာ္တို႔ ေမွ်ာ္လင့္တဲ့အတိုင္းေဆာင္႐ြက္ ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သို႔ေသာ္ အဲဒီေရာဂါအေျခအေနက ေတာ္ေတာ္ေလး ဆိုး႐ြားလာတဲ့အတြက္ အဲဒီ ဟာက်ေနာ္တို႔ကို အေႏွာင့္အယွက္ျဖစ္ေနမလား၊ အခက္အခဲျဖစ္ေစမလားဆို က်ေနာ့္အေနနဲ႔လည္း မေျပာ ႏိုင္ဘူး။"

၂၀၁၈ ခုႏွစ္ ဇူလိုင္လမွာက်င္းပခဲ့တဲ့ တတိယအႀကိမ္ေျမာက္ ၂၁ ရာစုပင္လုံညီလာခံမွာ ျပည္ေထာင္စု သေဘာတူညီခ်က္ ၁၄ ခ်က္ရခဲ့ေပမယ့္ ျပည္နယ္ေတြ ကိုယ္ပိုင္ျပဌာန္းခြင့္နဲ႔ဆိုင္တဲ့ ကိစၥ၊ DDR/ SSR လို႔ေခၚတဲ့ လုံၿခဳံေရးဆိုင္ရာ ျပန္လည္ေပါင္းစည္းတဲ့ကိစၥ၊ ျပည္ေထာင္စုက ခြဲမထြက္ေရး၊ တစ္ခုတည္းေသာ တပ္မေတာ္စတဲ့ အေရးႀကီးတဲ့ကိစၥေတြကို ၿပီးျပတ္ေအာင္ မေဆြးေႏြးႏိုင္ခဲ့ပါဘူး။ 

ေဒါက္တာဆလိုင္းလ်န္မႈန္းဆာေခါင္းက UPDJC က ဦးေဆာင္က်င္းပတဲ့ ၂၁ ရာစုပင္လုံညီလာခံဟာ ဥပေဒျပဳ လႊတ္ေတာ္ မဟုတ္သလို၊ လူထုဆႏၵေတြကို ေဖာ္ထုတ္တဲ့ လူထုဟစ္တိုင္လည္းမဟုတ္တဲ့အတြက္ ၿငိမ္းခ်မ္းေရး ေဖာ္ေဆာင္ႏိုင္ဖို႔သာ ဦးစားေပး ေဆာင္႐ြက္ရမယ္လို႔ ေျပာပါတယ္။ ဒီေဆြးေႏြးခ်က္ကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ကလည္း သေဘာတူတယ္လို႔ ေျပာပါတယ္။

အမ်ိဳးသားအဆင့္ႏိုင္ငံေရး ေဆြးေႏြးပြဲေတြနဲ႔ ၂၁ ရာစုပင္လုံကို ပုံမွန္အတိုင္းဆက္လက္က်င္းပႏိုင္ဖို႔က ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က ကပ္ေရာဂါအျဖစ္ ေၾကညာထားတဲ့ ကို႐ိုနာဗိုင္းရပ္စ္ အေျခအေနေပၚမွာ အမ်ားႀကီးမူတည္ေနတယ္လို႔ ဒီေန႔ ေဆြးေႏြးပြဲကို တက္ေရာက္လာသူေတြက ေျပာပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရှမ်းနဲ့ ရခိုင်က နိုင်ငံရေးဆွေးနွေးပွဲတွေကို နေရာပြောင်းကျင်းပဖို့ဆုံးဖြတ်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နေပြည်တော်မှာ ၂၀၂၀ မတ်လ ၁၂ ရက်နေ့ကကျင်းပတဲ့ UPDJC အစည်းအဝေး တက်ရောက်ခဲ့စဉ်
Photo: Thiha Tun / RFA

ကျင်းပခွင့်မရတဲ့အတွက် ရှေ့မတိုးနိုင်ဘဲ ရပ်တန့်နေတဲ့ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို နေရာပြောင်းကျင်းပဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေအကြား ဒီနေ့ သဘောတူညီခဲ့ပါတယ်။

အမျိုးသားအဆင့် ဆွေးနွေးပွဲတွေကို လင်းခေးနဲ့ ရန်ကုန်မြို့တွေမှာကျင်းပဖို့  ဒီနေ့ နေပြည်တော်မှာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မတီ UPDJC အစည်းအဝေးမှာ သဘောတူခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဒီနေ့ အစည်းအဝေးအပြီးမှာ သတင်းထောက်တွေကို ပြောပါတယ်။

"CSS အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ခြောက်ကြိမ်မြောက် JICM ဆုံးဖြတ်ချက်အတိုင်း ဆက်လက်ဆောင်ရွက်ဖို့ ဆုံးဖြတ်တယ်။ လင်းခေးမှာလုပ်ဖို့ ။ ကျနော်တို့ ဒီနေ့ ဆွေးနွေးတာက Timing ပေါ့နော်။ ရခိုင်ကတော့ ထုံးစံအတိုင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ရခိုင်ပြည်နယ်မှာကျင်းပဖို့က အခက်အခဲရှိတယ်။ အဲတော့ သူ့ကိုတော့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မဟုတ်ဘဲနဲ့ တစ်နည်းတစ်ဖုံအားဖြင့်ပေါ့ ၊ ဥပမာ ရန်ကုန်လိုနေရာမျိုးမှာ ဆွေးနွေးပွဲတို့၊ တွေ့ဆုံပွဲပုံစံမျိုး သဘောလုပ်ဖို့တော့ ကျနော်တို့ ညှိုနှိုင်းထားပြီး ဖြစ်ပါတယ်။"

ဒီနေ့ဆွေးနွေးပွဲမှာ UPDJC ဥက္ကဋ္ဌလည်းဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်း ရေးကြိုးပမ်းနေကြတဲ့အဖွဲ့တွေရဲ့ လိုလားချက်တွေအားလုံး ရာနှုန်းပြည့် မရနိုင်ဘူးဆိုတာကို သတိပြုကြဖို့  အဖွင့်မိန့်ခွန်းမှာ သတိပေးခဲ့ပါတယ်။  ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါ အပေးအယူလိုအလျှော့အတင်းလုပ်ရဲဖို့နဲ့ အပေးအယူလုပ်နိုင်အောင်လည်း ကြိုးစားကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

"ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပျက်ပြားစေချင်ရင် နှောင့်နှေးစေချင်ရင် ပါဝင်တဲ့အထဲက အစုအဖွဲ့တစ်ဖွဲ့က ဖန်တီး ဖျက်ဆီးနိုင်ပေမယ့် ဒီဖြစ်စဉ်အောင်မြင်ဖို့ ဆိုလို့ရှိရင် ပါဝင်သူ အစုအဖွဲ့အားလုံးက ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။ အစုအဖွဲ့တစ်ဖွဲ့အနေနဲ့ ကိုယ့်ရဲ့လိုလားချက်တွေကို ရာနှုန်းပြည့်ရနိုင်မှာ မဟုတ် ဘူးဆိုတာ သတိချပ်စေချင်ပါတယ်။ ရာနှုန်းပြည့်တစ်ရာ ရာခိုင်နှုန်း လိုချင်တာရမှ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ စေ့စပ်ညှိုနှိုင်းလို့ ရနိုင်မှာ မဟုတ်ပါဘူး။ အပေးအယူအလျှော့အတင်းလုပ်ရဲမှသာ နိုင်ငံရေး စားပွဲဝိုင်းထဲဝင်ဖို့ သင့်လျော်မှာဖြစ်သလို နိုင်ငံရေးစားပွဲဝိုင်းထဲဝင်ထိုင်ပြီးမှတော့ အပေးအယူ အလျှော့အတင်း လုပ်နိုင်အောင် ကြိုးစားဖို့ပဲဖြစ်ပါတယ်။"

တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပြဿနာတွေဖြစ်လာရင် စားပွဲဝိုင်းမှာဆွေးနွေးကြဖို့၊ သေနတ်ပစ်တာထက် စာပွဲဝိုင်းမှာ ဆွေးနွေးတာက ပိုကောင်းပါတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အစိုးရ၊ တပ်မတော်၊ နိုင်ငံရေးပါတီ အစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တွေပါဝင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးကို မကျင်းပ နိုင်ခဲ့တာ နှစ်နှစ်နီးပါးရှိနေပြီဖြစ်ပါတယ်။

ဒီနေ့ အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တက်ရောက်လာတဲ့ အစုအဖွဲ့အသီးသီးက ခေါင်းဆောင်တွေက အောင်မြင်တယ်လို့ မှတ်ချက်ပေးကြပါတယ်။ အစည်းအဝေးကို တပ်မတော်ဘက်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲပေမယ့် တပ်မတော်ရဲ့ သဘောထားကိုတော့ တစ်စုံတစ်ရာ မေးမြန်းခွင့် မရခဲ့ပါဘူး။

စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံကို ဧပြီလမကုန်ခင်မှာကျင်းပဖို့ အစိုးရနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ပြီးခဲ့တဲ့လပိုင်းတွေအတွင်းကျင်းပတဲ့ JICM အစည်းအဝေးမှာ သဘောတူညီခဲ့ကြပါတယ်။

ချင်းအမျိုးသားတပ်ဦး CNF က ခေါင်းဆောင်တစ်ဦးဖြစ်သူ၊ UPDJC ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်း လျန်မှုန်းဆာခေါင်းက ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မရှိရင် စီစဉ်ထားတဲ့အတိုင်း ကျင်းပနိုင်မယ်လို့ ပြောပါတယ်။

"ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ဧပြီလမကုန်ခင်မှာကျင်းပမယ်ဆိုပြီး ကျနော်တို့ ဆုံးဖြတ်ထားတာရှိပါတယ်။ အဲဒီအတိုင်းဆောင်ရွက်နိုင်ဖို့ လုပ်ငန်းကော်မတီတွေကတဆင့်ပြီးတဆင့် ဆောင်ရွက်တာက တော်တော်လေး အောင်မြင်တဲ့ အခြေအနေမှာ ရောက်တယ်။ အကယ်လို့သာ ခုဖြစ်ပွားနေတဲ့ ကပ်ရောဂါပေါ့နော် ကိုရိုနာဗိုင်းရပ်စ်ကိစ္စသာ မရှိဘူးဆိုရင်တော့ ကျနော်တို့ မျှော်လင့်တဲ့အတိုင်းဆောင်ရွက် နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သို့သော် အဲဒီရောဂါအခြေအနေက တော်တော်လေး ဆိုးရွားလာတဲ့အတွက် အဲဒီ ဟာကျနော်တို့ကို အနှောင့်အယှက်ဖြစ်နေမလား၊ အခက်အခဲဖြစ်စေမလားဆို ကျနော့်အနေနဲ့လည်း မပြော နိုင်ဘူး။"

၂၀၁၈ ခုနှစ် ဇူလိုင်လမှာကျင်းပခဲ့တဲ့ တတိယအကြိမ်မြောက် ၂၁ ရာစုပင်လုံညီလာခံမှာ ပြည်ထောင်စု သဘောတူညီချက် ၁၄ ချက်ရခဲ့ပေမယ့် ပြည်နယ်တွေ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ဆိုင်တဲ့ ကိစ္စ၊ DDR/ SSR လို့ခေါ်တဲ့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းတဲ့ကိစ္စ၊ ပြည်ထောင်စုက ခွဲမထွက်ရေး၊ တစ်ခုတည်းသော တပ်မတော်စတဲ့ အရေးကြီးတဲ့ကိစ္စတွေကို ပြီးပြတ်အောင် မဆွေးနွေးနိုင်ခဲ့ပါဘူး။ 

ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက UPDJC က ဦးဆောင်ကျင်းပတဲ့ ၂၁ ရာစုပင်လုံညီလာခံဟာ ဥပဒေပြု လွှတ်တော် မဟုတ်သလို၊ လူထုဆန္ဒတွေကို ဖော်ထုတ်တဲ့ လူထုဟစ်တိုင်လည်းမဟုတ်တဲ့အတွက် ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့သာ ဦးစားပေး ဆောင်ရွက်ရမယ်လို့ ပြောပါတယ်။ ဒီဆွေးနွေးချက်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူတယ်လို့ ပြောပါတယ်။

အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲတွေနဲ့ ၂၁ ရာစုပင်လုံကို ပုံမှန်အတိုင်းဆက်လက်ကျင်းပနိုင်ဖို့က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေပေါ်မှာ အများကြီးမူတည်နေတယ်လို့ ဒီနေ့ ဆွေးနွေးပွဲကို တက်ရောက်လာသူတွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org
ရွမ္းနဲ႔ ရခိုင္က ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို ေနရာေျပာင္းက်င္းပဖို႔ဆုံးျဖတ္ ရွမ္းနဲ႔ ရခိုင္က ႏိုင္ငံေရးေဆြးေႏြးပြဲေတြကို ေနရာေျပာင္းက်င္းပဖို႔ဆုံးျဖတ္ Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.