ကို႐ိုနာတိုက္ဖ်က္ေရး ႀကိဳတင္ျပင္ဆင္ထားေၾကာင္း တပ္မေတာ္ ေျပာ


(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ကိစၥဟာ တစ္မ်ိဳးသားလုံးနဲ႔ဆိုင္တဲ့ အမ်ိဳးသားေရးကိစၥျဖစ္တဲ့အတြက္ တပ္မေတာ္အေနနဲ႔ ကူညီေဆာင္႐ြက္ေပးႏိုင္ဖို႔ ႀကိဳတင္ျပင္ဆင္ထားၿပီးျဖစ္တယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဒီေန႔ ေနျပည္ေတာ္ စစ္သမိုင္းျပတိုက္မွာ က်င္းပတဲ့ တပ္မေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာလိုက္ပါတယ္။

ႏိုင္ငံတကာမွာလည္း သဘာဝေဘးအႏၲရာယ္ေတြ ျဖစ္လာတဲ့အခ်ိန္တိုင္းမွာ ကူညီေဆာင္႐ြက္ဖို႔ တပ္မေတာ္ဟာ တာဝန္ရွိတဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္တာေၾကာင့္ တပ္မေတာ္အေနနဲ႔ ဒီကိစၥနဲ႔ပတ္သက္လို႔ အားလုံးနီးပါးကို ႀကိဳတင္ျပင္ဆင္ၿပီးျဖစ္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

တိုင္းစစ္ဌာနခ်ဳပ္ေတြမွာရွိတဲ့ စစ္ေဆး႐ုံနဲ႔ စစ္ေျမျပင္ ေဆးတပ္ရင္းေတြမွာ အေရးေပၚ လူနာေတြအတြက္ ကုတင္ ၁၃၀ နဲ႔ သာမန္ သံသယလူနာမ်ားအတြက္ ကုတင္ ၁၁၀၀ ေက်ာ္ ျပင္ဆင္ထားရွိၿပီး ဘုရားေက်ာင္းကန္၊ ဘူတာ႐ုံ၊ ကားဂိတ္၊ လူစည္ကားရာေနရာေတြမွာ ပိုးသတ္ေဆးဖ်န္းတာေတြ ပတ္ဝန္းက်င္ သန႔္ရွင္းေရးလုပ္ေဆာင္ေပး တာေတြ ေဆာင္႐ြက္ေပးေနတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ တိုင္းစစ္ဌာနခ်ဳပ္ အသီးသီးမွာရွိတဲ့ တပ္မေတာ္သားေတြ မိသားစုဝင္ေတြ ေဝးလံေခါင္ပါးတဲ့ ေဒသခံျပည္သူေတြ အသုံးျပဳႏိုင္ဖို႔ ခြဲစိတ္ခန္းသုံး ႏွာေခါင္းစည္း တစ္သိန္းေျခာက္ေသာင္းေက်ာ္ကို မေန႔က ေနျပည္ေတာ္ကေန ေလယာဥ္ေတြနဲ႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း ေျပာပါတယ္။

သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္တစ္ေယာက္က ႏိုင္ငံေရးပါတီတခ်ိဳ႕က ကို႐ိုနာဗိုင္းရပ္စ္ ျဖစ္ပြားတာနဲ႔ ပတ္သက္ၿပီး ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ ကာလုံေခၚေပးဖို႔ ေျပာလာတာေတြရွိတဲ့အေပၚ တပ္မေတာ္ရဲ႕ သေဘာထားကို ေမးျမန္းရာမွာေတာ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ကာလုံေခၚျခင္း မေခၚျခင္းဟာ လက္ရွိႏိုင္ငံေရး အာဏာယူထားတဲ့သူအေပၚမွာပဲ မူတည္တယ္လို႔ ေျပာပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ျပန္ၾကားေရးအဖြဲ႕ဝင္ မုံ႐ြာေအာင္ရွင္လို႔ေခၚတဲ့ ဦးေအာင္ရွင္ကေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကိစၥက က်န္းမာေရးဝန္ႀကီး ၫႊန္ၾကားထားတာကို ျပည္သူလူထု တိတိက်က်လိုက္နာၿပီး ပူးေပါင္းပါဝင္ၾကရင္ ကာလုံေခၚစရာမလိုဘူးလို႔ သူ႔အျမင္ကို ေျပာပါတယ္။

တပ္မေတာ္အေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ မကူးစက္ေအာင္ ႀကိဳတင္ျပင္ဆင္မႈ ပူးေပါင္းေဆာင္႐ြက္မႈေတြကို လုပ္ေဆာင္ေနၿပီး တပ္မေတာ္သား မိသားစုေတြမွာေတာ့ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ကူးစက္တာ၊ သံသယလူနာအျဖစ္ ေစာင့္ၾကည့္ရတာမ်ိဳးေတြ ခုခ်ိန္ထိ မရွိေသးဘူးလို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကာကြယ္တဲ့အေနနဲ႔ တပ္မေတာ္ တပ္ရင္းတပ္ဖြဲ႕အားလုံး အလုပ္တာဝန္၊ လူမႈေရးအေရးႀကီးကိစၥေတြကလြဲလို႔ မလိုအပ္ဘဲ တပ္အျပင္ထြက္တာမ်ိဳး မလုပ္ဖို႔ ဒီလ ၂၆ ရက္ေန႔က စၿပီး ၫႊန္ၾကားထားၿပီး အဝင္အထြက္ေတြမွာလည္း က်န္းမာေရးစစ္ေဆးမႈခံယူတာေတြ လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

တပ္မေတာ္အတြင္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္တာမ်ိဳးရွိလာရင္လည္း က်န္းမာေရးဝန္ႀကီးဌာနကို အေၾကာင္းၾကားတာေတြ က်န္းမာေရးဝန္ႀကီးဌာန အစီအမံေတြအတိုင္း ေဆာင္႐ြက္သြားမယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ျပည္သူေတြရဲ႕ က်န္းမာေရးနဲ႔ပတ္သက္ၿပီး စစ္ကိုင္းတိုင္းေဒသႀကီးနဲ႔ ခ်င္းျပည္နယ္ဘက္မွာ ေဆးဝန္ထမ္းတပ္ဖြဲ႕က ဆရာဝန္  ၄၂ ႏွစ္ေယာက္ လႊတ္ထားၿပီး က်န္းမာေရးေစာင့္ေရွာက္မႈေတြ လုပ္ေပးေနတယ္လို႔ ေျပာပါတယ္။

-----------------------

ကိုရိုနာတိုက်ဖျက်ရေး ကြိုတင်ပြင်ဆင်ထားကြောင်း တပ်မတော် ပြော

(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကိစ္စဟာ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ အမျိုးသားရေးကိစ္စဖြစ်တဲ့အတွက် တပ်မတော်အနေနဲ့ ကူညီဆောင်ရွက်ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီနေ့ နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ကျင်းပတဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။

နိုင်ငံတကာမှာလည်း သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာတဲ့အချိန်တိုင်းမှာ ကူညီဆောင်ရွက်ဖို့ တပ်မတော်ဟာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တာကြောင့် တပ်မတော်အနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ အားလုံးနီးပါးကို ကြိုတင်ပြင်ဆင်ပြီးဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တိုင်းစစ်ဌာနချုပ်တွေမှာရှိတဲ့ စစ်ဆေးရုံနဲ့ စစ်မြေပြင် ဆေးတပ်ရင်းတွေမှာ အရေးပေါ် လူနာတွေအတွက် ကုတင် ၁၃၀ နဲ့ သာမန် သံသယလူနာများအတွက် ကုတင် ၁၁၀၀ ကျော် ပြင်ဆင်ထားရှိပြီး ဘုရားကျောင်းကန်၊ ဘူတာရုံ၊ ကားဂိတ်၊ လူစည်ကားရာနေရာတွေမှာ ပိုးသတ်ဆေးဖျန်းတာတွေ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ဆောင်ပေး တာတွေ ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနချုပ် အသီးသီးမှာရှိတဲ့ တပ်မတော်သားတွေ မိသားစုဝင်တွေ ဝေးလံခေါင်ပါးတဲ့ ဒေသခံပြည်သူတွေ အသုံးပြုနိုင်ဖို့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း တစ်သိန်းခြောက်သောင်းကျော်ကို မနေ့က နေပြည်တော်ကနေ လေယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ပြောပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ယောက်က နိုင်ငံရေးပါတီတချို့က ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားတာနဲ့ ပတ်သက်ပြီး ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ကာလုံခေါ်ပေးဖို့ ပြောလာတာတွေရှိတဲ့အပေါ် တပ်မတော်ရဲ့ သဘောထားကို မေးမြန်းရာမှာတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ကာလုံခေါ်ခြင်း မခေါ်ခြင်းဟာ လက်ရှိနိုင်ငံရေး အာဏာယူထားတဲ့သူအပေါ်မှာပဲ မူတည်တယ်လို့ ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်လို့ခေါ်တဲ့ ဦးအောင်ရှင်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကိစ္စက ကျန်းမာရေးဝန်ကြီး ညွှန်ကြားထားတာကို ပြည်သူလူထု တိတိကျကျလိုက်နာပြီး ပူးပေါင်းပါဝင်ကြရင် ကာလုံခေါ်စရာမလိုဘူးလို့ သူ့အမြင်ကို ပြောပါတယ်။

တပ်မတော်အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် မကူးစက်အောင် ကြိုတင်ပြင်ဆင်မှု ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နေပြီး တပ်မတော်သား မိသားစုတွေမှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်တာ၊ သံသယလူနာအဖြစ် စောင့်ကြည့်ရတာမျိုးတွေ ခုချိန်ထိ မရှိသေးဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကာကွယ်တဲ့အနေနဲ့ တပ်မတော် တပ်ရင်းတပ်ဖွဲ့အားလုံး အလုပ်တာဝန်၊ လူမှုရေးအရေးကြီးကိစ္စတွေကလွဲလို့ မလိုအပ်ဘဲ တပ်အပြင်ထွက်တာမျိုး မလုပ်ဖို့ ဒီလ ၂၆ ရက်နေ့က စပြီး ညွှန်ကြားထားပြီး အဝင်အထွက်တွေမှာလည်း ကျန်းမာရေးစစ်ဆေးမှုခံယူတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တပ်မတော်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာမျိုးရှိလာရင်လည်း ကျန်းမာရေးဝန်ကြီးဌာနကို အကြောင်းကြားတာတွေ ကျန်းမာရေးဝန်ကြီးဌာန အစီအမံတွေအတိုင်း ဆောင်ရွက်သွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ချင်းပြည်နယ်ဘက်မှာ ဆေးဝန်ထမ်းတပ်ဖွဲ့က ဆရာဝန်  ၄၂ နှစ်ယောက် လွှတ်ထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ ပြောပါတယ်။

သက္စုေအာင္ / သက်စုအောင်
RFA Burmese
https://www.rfa.org/burmese/news/novel-coronavirus-press-naypyitaw-03282020074541.html
ကို႐ိုနာတိုက္ဖ်က္ေရး ႀကိဳတင္ျပင္ဆင္ထားေၾကာင္း တပ္မေတာ္ ေျပာ ကို႐ိုနာတိုက္ဖ်က္ေရး ႀကိဳတင္ျပင္ဆင္ထားေၾကာင္း တပ္မေတာ္ ေျပာ Reviewed by THITHTOOLWIN on 00:24 Rating: 5
Powered by Blogger.