ေအာင္ပန္းမွာ လူႏွစ္ဦးရန္ျဖစ္ရာမွ ဓါးထိုးမႈျဖစ္ပြားၿပီး တစ္ဦးေသဆုံး

ဓါတ္ပုံ-နာ/ကူ(ေအာင္ပန္း)
(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ မတ္ ၆

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ကေလာၿမိဳ႕နယ္၊ ေအာင္ပန္းၿမိဳ႕၊ ေညာင္ပင္ေထာင္ရပ္ကြက္မွာ ၿပီးခဲ့တဲ့ မတ္လ ၅ရက္၊ ညပိုင္းအခ်ိန္က လူႏွစ္ဦးစကားမ်ားရန္ျဖစ္ရာမွ ဓါးထိုးမႈျဖစ္ပြားခဲ့ၿပီး တစ္ဦးေသဆုံးမႈျဖစ္ပြားခဲ့တယ္လို႔ ေအာင္ပန္းနယ္ေျမရဲစခန္းထံမွ သိရပါတယ္။

ေအာင္ပန္းၿမိဳ႕၊ ေညာင္ပင္ေထာင္ရပ္ကြက္၊ နယ္ေျမ(၅)ရွိ ေနအိမ္တစ္လုံးမွာ ကိုေအာင္သူနဲ႔ ကိုမ်ိဳးမင္းစိုးဆိုသူတို႔က စကားမ်ားရန္ျဖစ္ရာမွ ကိုမ်ိဳးမင္းစိုးက ကိုေအာင္သူကို ဓါးနဲ႔ ထိုးလိုက္တာ ျဖစ္တယ္လို႔ သိရပါတယ္။

အဲဒီလိုထိုးခံရတဲ့အတြက္ ကိုေအာင္သူရဲ႕ ဘယ္ဖက္ရင္အုံနဲ႔ ဝမ္းဗိုက္ေတြမွာ ထိခိုက္ဒဏ္ရာေတြ ရရွိခဲ့ၿပီး နာေရးကူညီမႈအသင္း (ေအာင္ပန္း)ယာဥ္နဲ႔ ေအာင္ပန္းျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ခဲ့ေပမယ့္ ေဆး႐ုံအေရာက္မွာ ေသဆုံးသြားခဲ့ေၾကာင္း သိရပါတယ္။

အဲဒီျဖစ္စဥ္နဲ႔ပါတ္သက္ၿပီး ကိုမ်ိဳးမင္းစိုးကို ေအာင္ပန္းနယ္ေျမရဲစခန္းမွာ ရာဇသတ္ႀကီးပုဒ္မ-၃၀၂အရ အမႈဖြင့္ အေရးယူဖမ္းဆီးထားၿပီး အေသးစိတ္ကို စစ္ေဆးလ်က္ရွိတယ္လို႔ သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
----------
(Unicode)⤵⤵⤵
အောင်ပန်းမှာ လူနှစ်ဦးရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွားပြီး တစ်ဦးသေဆုံး

တောင်ကြီး၊ မတ် ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်မှာ ပြီးခဲ့တဲ့ မတ်လ ၅ရက်၊ ညပိုင်းအချိန်က လူနှစ်ဦးစကားများရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး တစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ အောင်ပန်းနယ်မြေရဲစခန်းထံမှ သိရပါတယ်။

အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ(၅)ရှိ နေအိမ်တစ်လုံးမှာ ကိုအောင်သူနဲ့ ကိုမျိုးမင်းစိုးဆိုသူတို့က စကားများရန်ဖြစ်ရာမှ ကိုမျိုးမင်းစိုးက ကိုအောင်သူကို ဓါးနဲ့ ထိုးလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီလိုထိုးခံရတဲ့အတွက် ကိုအောင်သူရဲ့ ဘယ်ဖက်ရင်အုံနဲ့ ဝမ်းဗိုက်တွေမှာ ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပြီး နာရေးကူညီမှုအသင်း (အောင်ပန်း)ယာဉ်နဲ့ အောင်ပန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပါတ်သက်ပြီး ကိုမျိုးမင်းစိုးကို အောင်ပန်းနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ-၃၀၂အရ အမှုဖွင့် အရေးယူဖမ်းဆီးထားပြီး အသေးစိတ်ကို စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ-နာ/ကူ(အောင်ပန်း)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေအာင္ပန္းမွာ လူႏွစ္ဦးရန္ျဖစ္ရာမွ ဓါးထိုးမႈျဖစ္ပြားၿပီး တစ္ဦးေသဆုံး ေအာင္ပန္းမွာ လူႏွစ္ဦးရန္ျဖစ္ရာမွ ဓါးထိုးမႈျဖစ္ပြားၿပီး တစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.