ကန္ ကုမၸဏီ ကုိရုိနာဗုိင္းရပ္စ္ကာကြယ္ေဆး စက္တင္ဘာမွာ လူေတြနဲ႔ စတင္ စမ္းသပ္မည္


(Zawgyi/Unicode)

အေမရိကန္ ေဆး၀ါးထုတ္လုပ္မႈ လုပ္ငန္းႀကီး Johnson & Johnson က သူ႔ရဲ႕ ကိုရိုနာဗိုင္းရပ္စ္ စမ္းသပ္ ကာကြယ္ေဆးကို စက္တင္ဘာလမွာ လူေတြနဲ႔ စတင္ စမ္းသပ္မွာ ျဖစ္ၿပီး အေရးေပၚ အသံုးအတြက္ လာမယ့္ႏွစ္ အေစာပိုင္းမွာ ကာကြယ္ေဆး ရႏုိင္ပါတယ္လို႔ ေျပာဆိုလုိက္ပါတယ္။

ဒီကာကြယ္ေဆးကို စမ္းသပ္ ထုတ္လုပ္ႏုိင္ေရး အတြက္ အေမရိကန္ က်န္းမာေရးနဲ႔ လူမႈဝန္ထမ္းဌာန နဲ႔ ပူးတြဲၿပီး ေဒၚလာ သန္း ၁,၀၀၀ သံုးစြဲသြားဖို႔ ဆံုးျဖတ္ထားေၾကာင္းလည္း ကုမၸဏီက တနလာၤေန႔မွာ ေျပာပါတယ္။ လူသားေတြနဲ႔ စမ္းသပ္မႈ ေအာင္ျမင္တယ္ဆိုရင္ေတာ့ ကာကြယ္ေဆး အေရအတြက္ သန္း ၁,၀၀၀ ေက်ာ္ ထုတ္လုပ္ဖို႔ ျပင္ဆင္ထားတယ္လို႔လည္း ကုမၸဏီက ေျပာပါတယ္။

COVID -19 ဗိုင္းရပ္စ္ကို ေအာင္ေအာင္ျမင္ျမင္ တိုက္ဖ်က္ႏုိင္ဖို႔ အလားအလာ မ်ားတဲ႔ စမ္းသပ္ေဆးတမ်ိဳး ရွိပါၿပီလို႔လည္း Johnson & Johnson လုပ္ငန္းႀကီးရဲ႕ အမႈေဆာင္ အရာရွိခ်ဳပ္ Alex Gorsky က NBC ရုပ္သံရဲ႕ Today အစီအစဥ္မွာ ေျပာဆိုသြားပါတယ္။

......................

ကန် ကုမ္ပဏီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စက်တင်ဘာမှာ လူတွေနဲ့ စတင် စမ်းသပ်မည်

(Unicode)

အမေရိကန် ဆေးဝါးထုတ်လုပ်မှု လုပ်ငန်းကြီး Johnson & Johnson က သူ့ရဲ့ ကိုရိုနာဗိုင်းရပ်စ် စမ်းသပ် ကာကွယ်ဆေးကို စက်တင်ဘာလမှာ လူတွေနဲ့ စတင် စမ်းသပ်မှာ ဖြစ်ပြီး အရေးပေါ် အသုံးအတွက် လာမယ့်နှစ် အစောပိုင်းမှာ ကာကွယ်ဆေး ရနိုင်ပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

ဒီကာကွယ်ဆေးကို စမ်းသပ် ထုတ်လုပ်နိုင်ရေး အတွက် အမေရိကန် ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းဌာန နဲ့ ပူးတွဲပြီး ဒေါ်လာ သန်း ၁,၀၀၀ သုံးစွဲသွားဖို့ ဆုံးဖြတ်ထားကြောင်းလည်း ကုမ္ပဏီက တနလာၤနေ့မှာ ပြောပါတယ်။ လူသားတွေနဲ့ စမ်းသပ်မှု အောင်မြင်တယ်ဆိုရင်တော့ ကာကွယ်ဆေး အရေအတွက် သန်း ၁,၀၀၀ ကျော် ထုတ်လုပ်ဖို့ ပြင်ဆင်ထားတယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။

COVID -19 ဗိုင်းရပ်စ်ကို အောင်အောင်မြင်မြင် တိုက်ဖျက်နိုင်ဖို့ အလားအလာ များတဲ့ စမ်းသပ်ဆေးတမျိုး ရှိပါပြီလို့လည်း Johnson & Johnson လုပ်ငန်းကြီးရဲ့ အမှုဆောင် အရာရှိချုပ် Alex Gorsky က NBC ရုပ်သံရဲ့ Today အစီအစဉ်မှာ ပြောဆိုသွားပါတယ်။

VOA Burmese News
https://burmese.voanews.com/a/covid-vaccine-johnson-and-johnson-medical-company-/5352581.html
ကန္ ကုမၸဏီ ကုိရုိနာဗုိင္းရပ္စ္ကာကြယ္ေဆး စက္တင္ဘာမွာ လူေတြနဲ႔ စတင္ စမ္းသပ္မည္ ကန္ ကုမၸဏီ ကုိရုိနာဗုိင္းရပ္စ္ကာကြယ္ေဆး စက္တင္ဘာမွာ လူေတြနဲ႔ စတင္ စမ္းသပ္မည္ Reviewed by THITHTOOLWIN on 19:13 Rating: 5
Powered by Blogger.