စစ္ကိုင္းမွ အမ်ိဳးသားတစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ သံသယလကၡဏာမ်ား ေတြ႕


COVID-19 ေရာဂါ ေစာင့္ၾကပ္ၾကည့္ရႈမႈႏွင့္ပတ္သက္၍ သတင္းထုတ္ျပန္ျခင္း

 (Zawgyi)⤵⤵⤵

(၃-၃-၂၀၂၀) ရက္ေန႔၊ ည (၈:၀၀) နာရီ

၁။      က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ ကမာၻ႔ႏိုင္ငံ (၆၄) ႏိုင္ငံတြင္ ကူးစက္ပ်ံ႕ႏွံ႔လ်က္ရွိသည့္ COVID-19 ေရာဂါျဖစ္ပြားမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း လုပ္ငန္းမ်ားအား အျပည္ျပည္ ဆိုင္ရာ ဝင္ေပါက္၊ ထြက္ေပါက္ဂိတ္ မ်ားတြင္လည္းေကာင္း၊ ေဆး႐ုံအေျချပဳအျဖစ္လည္းေကာင္း၊ ျပည္သူ လူထုအေျချပဳ ေစာင့္ၾကပ္ ၾကည့္ရႈျခင္းလုပ္ငန္းမ်ားျဖင့္လည္းေကာင္း၊ ပုဂၢလိကေဆး႐ုံမ်ား ႏွင့္ ပူးေပါင္း၍လည္းေကာင္း ေဆာင္႐ြက္လ်က္ရွိပါသည္။

၂။       ထိုသို႔ေဆာင္႐ြက္ရာတြင္ -

(က)    စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕တြင္ ေနထိုင္ေသာ အသက္ (၂၄) ႏွစ္ အ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ (၂၉-၂-၂၀၂၀) ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ရင္ဘတ္ေအာင့္ျခင္းႏွင့္ ေမာပန္းျခင္းစသည့္ ေရာဂါလကၡဏာမ်ားျဖင့္ မႏၲေလးအေထြေထြေရာဂါကုေဆး႐ုံႀကီးသို႔ (၁-၃-၂၀၂၀) ရက္ေန႔တြင္ တက္ေရာက္ကုသမႈခံယူခဲ့ရာ လူနာအား စမ္းသပ္စစ္ေဆးခ်က္မ်ားအရ လြန္ခဲ့ေသာ (၁၄) ရက္အတြင္း ေရာဂါကူးစက္ျဖစ္ပြားလ်က္ရွိေသာေဒသမ်ားသို႔ ခရီးသြားရာဇဝင္မရွိေသာ္လည္း COVID-19 ေရာဂါ သံသယလကၡဏာမ်ားေတြ႕ရွိခဲ့ရသျဖင့္ (၂-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၃၀) နာရီအခ်ိန္တြင္ မႏၲေလးၿမိဳ႕၊ ကန္ေတာ္နဒီ ေဆး႐ုံသို႔ ၫႊန္းပို႔ခဲ့ပါသည္။ အဆိုပါလူနာ အား ေစာင့္ၾကည့္လူနာ (Person Under Investigation – PUI) အျဖစ္ သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)သို႔ ေပးပို႔ စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။

(ခ)     ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ စက္႐ုံတစ္႐ုံတြင္ အလုပ္လုပ္ကိုင္ လ်က္ရွိေသာ အသက္ (၂၅) ႏွစ္အ႐ြယ္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံသား အမ်ိဳးသမီး တစ္ဦးသည္ (၂၀-၂-၂၀၂၀) ရက္ေန႔တြင္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ က်ဲ႕က်န္း (Zhejiang) ျပည္နယ္မွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး (၁-၃-၂၀၂၀) ရက္ေန႔မွစတင္၍ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း၊ ကိုယ္လက္မအီမသာျဖစ္ျခင္းႏွင့္ ျပင္းထန္စြာ ႏုံးေခြျခင္း စသည့္ေရာဂါလကၡဏာမ်ား ခံစားခဲ့ရသျဖင့္ (၃-၃-၂၀၂၀) ရက္ေန႔တြင္ ေဝဘာဂီအထူးကုေဆး႐ုံႀကီး၊ ျပင္ပလူနာဌာနသို႔ လာေရာက္ျပသခဲ့ရာ စမ္းသပ္စစ္ေဆးမႈမ်ားအရ COVID-19 ေရာဂါ သံသယလကၡဏာမ်ားေတြ႕ရွိခဲ့ရသျဖင့္ ေစာင့္ၾကည့္လူနာ (PUI) အျဖစ္ သတ္မွတ္၍သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး ၎ထံမွ ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္)သို႔ ေပးပို႔စစ္ေဆးရန္ စီစဥ္ ေဆာင္႐ြက္လ်က္ရွိပါသည္။

(ဂ)     ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ စက္႐ုံတစ္႐ုံတြင္ အလုပ္လုပ္ကိုင္ လ်က္ရွိေသာ အသက္ (၃၈) ႏွစ္အ႐ြယ္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သား၊ အမ်ိဳးသား တစ္ဦးသည္ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ က်ဲ႕က်န္း (Zhejiang) ျပည္နယ္မွ (၁၁-၂-၂၀၂၀) ရက္ေန႔တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိခဲ့ၿပီး (၂-၃-၂၀၂၀) ရက္ေန႔မွ စတင္၍ ဖ်ားျခင္း၊ ေခါင္းကိုက္ျခင္း ကိုယ္လက္မအီမသာျဖစ္ျခင္းႏွင့္ ျပင္းထန္စြာ ႏုံးေခြျခင္း တို႔ခံစားခဲ့ရသျဖင့္ (၃-၃-၂၀၂၀) ရက္ေန႔တြင္ ေဝဘာဂီအထူးကု ေဆး႐ုံႀကီး၊ ျပင္ပလူနာဌာနသို႔ လာေရာက္ျပသခဲ့ရာ စမ္းသပ္စစ္ေဆးမႈမ်ားအရ COVID-19 ေရာဂါ သံသယလကၡဏာမ်ား ေတြ႕ရွိခဲ့ရသျဖင့္ ေစာင့္ၾကည့္လူနာ (PUI) အျဖစ္သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပးလ်က္ရွိၿပီး ၎ထံမွ ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) သို႔ ေပးပို႔စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။

(ဃ)    တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ၊ ယူနန္ျပည္နယ္၊ ဂ်ယ္ေခါင္ၿမိဳ႕တြင္ ေနထိုင္ေသာ အသက္ (၉) ႏွစ္အ႐ြယ္ ဒုတိယတန္းေက်ာင္းသားတစ္ဦးသည္ ဂ်ယ္ေခါင္ၿမိဳ႕မွ မူဆယ္ၿမိဳ႕သို႔ ေန႔စဥ္ေက်ာင္းတက္ရန္ လာေရာက္လ်က္ရွိၿပီး (၃-၃-၂၀၂၀) ရက္ေန႔တြင္ ဂ်ယ္ေခါင္ ၿမိဳ႕မွ မူဆယ္ၿမိဳ႕သို႔ လာေရာက္စဥ္ မူဆယ္နယ္စပ္ ဝင္ထြက္ဂိတ္၌ အဖ်ားစစ္ေဆးရာ ဖ်ားျခင္း၊ လည္ေခ်ာင္းနာျခင္း ေရာဂါလကၡဏာမ်ားေတြ႕ရွိရသျဖင့္ မူဆယ္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံတြင္ ေစာင့္ၾကည့္လူနာ (PUI) အျဖစ္သတ္မွတ္၍ သီးျခားထားရွိ ကုသမႈေပး လ်က္ရွိၿပီး ၎ထံမွ ဓါတ္ခြဲနမူနာရယူ၍ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာ ဌာန (ရန္ကုန္)သို႔ ေပးပို႔စစ္ေဆးရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိပါသည္။ ၎အားစစ္ေဆးရာတြင္ လတ္တေလာ ျပင္းထန္အသက္ရႉလမ္းေၾကာင္းဆိုင္ရာ ေရာဂါ လကၡဏာမ်ား မေတြ႕ရွိရပါ။

၃။      (၃-၃-၂၀၂၀) ရက္ေန႔၊ ညေနပိုင္းတြင္ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာန (ရန္ကုန္) ၏ ျပန္ၾကားခ်က္အရ သက္ဆိုင္ရာေဆး႐ုံမ်ားတြင္ ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိေသာ -

(က)    ေဝဘာဂီအထူးကုေဆး႐ုံမွ အသက္ (၂၉) ႏွစ္ အ႐ြယ္ တ႐ုတ္ျပည္သူ႔သမၼတ ႏိုင္ငံသား အမ်ိဳးသား (၁) ဦး၊

(ခ)     ေဝဘာဂီအထူးကုေဆး႐ုံမွ အသက္ (၃၇) ႏွစ္ အ႐ြယ္ နယူးဇီလန္ႏိုင္ငံသား အမ်ိဳးသား (၁) ဦး၊

(ဂ)     ေဝဘာဂီ အထူးကုေဆး႐ုံမွ အသက္ (၃၂) ႏွစ္ အ႐ြယ္ ျမန္မာႏိုင္ငံသား အမ်ိဳးသား (၁) ဦးႏွင့္

(ဃ)    စစ္ေတြျပည္သူ႔ေဆး႐ုံႀကီးမွ အသက္ (၂၉) ႏွစ္အ႐ြယ္ ျမန္မာႏိုင္ငံသားအမ်ိဳးသား (၁) ဦး၊ 

စုစုေပါင္း (၄) ဦးတို႔၏ ဓာတ္ခြဲအေျဖမ်ားတြင္ COVID-19 ဗိုင္းရပ္စ္ေရာဂါပိုး မရွိပါေၾကာင္း (မရွိေၾကာင္း) စစ္ေဆးသိရွိရပါသည္။ ၎တို႔ (၄) ဦး၏ က်န္းမာေရးအေျခအေနမွာလည္း ေကာင္းမြန္လ်က္ရွိၿပီး ေဆး႐ုံဆင္းခြင့္သတ္မွတ္ခ်က္မ်ားအရ ေဆး႐ုံတြင္ (၄၈) နာရီဆက္လက္ ထားရွိၿပီးေနာက္ က်န္းမာေရးအေျခအေနေကာင္းမြန္စိတ္ခ်ရမွသာ ေဆး႐ုံဆင္းခြင့္ျပဳမည္ျဖစ္ပါသည္။

၄။      ယေန႔ (၃-၃-၂၀၂၀) ရက္ေန႔၊ ညေန (၆း၀၀) နာရီအခ်ိန္အထိ က်န္လူနာ (၄) ဉီးအား သက္ဆိုင္ရာ ေဆး႐ုံမ်ားတြင္ ဆက္လက္ေစာင့္ၾကပ္ၾကည့္ရႈကုသမႈေပးလ်က္ရွိၿပီး ၎တို႔၏ က်န္းမာေရးအေျခအေနမွာ ေကာင္းမြန္လ်က္ရွိေၾကာင္း သိရွိရပါသည္။

၅။      (၂-၃-၂၀၂၀) ရက္ေန႔တြင္ ကိုရီးယားသမၼတႏိုင္ငံရွိ ေရာဂါကူးစက္မႈ အျမင့္ဆုံးၿမိဳ႕ျဖစ္ေသာ ဒယ္ဂူးၿမိဳ႕မွ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေရာက္ရွိလာေသာ ျမန္မာႏိုင္ငံသား ေက်ာင္းသူ (၃) ဦးအား ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ရွိ Information Center မွ စစ္ေဆးေတြ႕ရွိခဲ့ရသျဖင့္ လက္ရွိတြင္ေရာဂါ လကၡဏာတစ္စုံတစ္ရာ မေတြ႕ရွိရေသာ္လည္း ေရာဂါပ်ိဳးရက္အတြင္း ေရာဂါလကၡဏာ ေပၚေပါက္လာပါက ေစာစီးစြာကုသႏိုင္ရန္ႏွင့္ ၎တို႔၏ မိသားစုဝင္မ်ားႏွင့္ အျခားသူမ်ားသို႔ ကူးစက္ပ်ံ႕ပြားမႈမရွိေစရန္အတြက္ အသြားအလာတားျမစ္ ကန႔္သတ္ၿပီး ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္း (Hospital Quarantine) (၁၄) ရက္ျပဳလုပ္ရန္ ေဝဘာဂီအထူးကုေဆး႐ုံသို႔ ပို႔ေဆာင္ ထားရွိပါသည္။

၆။      (၃-၃-၂၀၂၀) ရက္ေန႔အထိ ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ မေတြ႕ရွိေသးေသာ္လည္း ေရာဂါေစာင့္ၾကပ္ၾကည့္ရႈျခင္းလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္၍ ေဆာင္႐ြက္ လ်က္ရွိပါသည္။ ယခုအခါ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံအခ်ိဳ႕ အပါအဝင္ ကမာၻ႔ႏိုင္ငံ (၆၄) ႏိုင္ငံတြင္ COVID-19 ေရာဂါ ကူးစက္ျဖစ္ပြားလ်က္ရွိသျဖင့္ ျပည္သူလူထုအေနျဖင့္ က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ထားေသာ ေရာဂါကာကြယ္ေရးဆိုင္ရာ က်န္းမာေရးအသိပညာ ေပးအခ်က္အလက္မ်ားအား တိက်စြာလိုက္နာေဆာင္႐ြက္ရန္ ထပ္မံတိုက္တြန္းႏႈိးေဆာ္အပ္ပါသည္။

​ေနျပည္ေတာ္
-------------------------

(Unicode)⤵⤵⤵
COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၃-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ကမ္ဘာ့နိုင်ငံ (၆၄) နိုင်ငံတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည် ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူ လူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများ နှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

၂။       ထိုသို့ဆောင်ရွက်ရာတွင် -

(က)    စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် နေထိုင်သော အသက် (၂၄) နှစ် အရွယ် အမျိုးသားတစ်ဦးသည် (၂၉-၂-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်းနှင့် မောပန်းခြင်းစသည့် ရောဂါလက္ခဏာများဖြင့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ (၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက်ကုသမှုခံယူခဲ့ရာ လူနာအား စမ်းသပ်စစ်ဆေးချက်များအရ လွန်ခဲ့သော (၁၄) ရက်အတွင်း ရောဂါကူးစက်ဖြစ်ပွားလျက်ရှိသောဒေသများသို့ ခရီးသွားရာဇဝင်မရှိသော်လည်း COVID-19 ရောဂါ သံသယလက္ခဏာများတွေ့ရှိခဲ့ရသဖြင့် (၂-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၃၀) နာရီအချိန်တွင် မန္တလေးမြို့၊ ကန်တော်နဒီ ဆေးရုံသို့ ညွှန်းပို့ခဲ့ပါသည်။ အဆိုပါလူနာ အား စောင့်ကြည့်လူနာ (Person Under Investigation – PUI) အဖြစ် သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့ စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(ခ)     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင် လျက်ရှိသော အသက် (၂၅) နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသား အမျိုးသမီး တစ်ဦးသည် (၂၀-၂-၂၀၂၀) ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျဲ့ကျန်း (Zhejiang) ပြည်နယ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး (၁-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် ပြင်းထန်စွာ နုံးခွေခြင်း စသည့်ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့် (၃-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီး၊ ပြင်ပလူနာဌာနသို့ လာရောက်ပြသခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ COVID-19 ရောဂါ သံသယလက္ခဏာများတွေ့ရှိခဲ့ရသဖြင့် စောင့်ကြည့်လူနာ (PUI) အဖြစ် သတ်မှတ်၍သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။

(ဂ)     ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စက်ရုံတစ်ရုံတွင် အလုပ်လုပ်ကိုင် လျက်ရှိသော အသက် (၃၈) နှစ်အရွယ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သား၊ အမျိုးသား တစ်ဦးသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကျဲ့ကျန်း (Zhejiang) ပြည်နယ်မှ (၁၁-၂-၂၀၂၀) ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး (၂-၃-၂၀၂၀) ရက်နေ့မှ စတင်၍ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း ကိုယ်လက်မအီမသာဖြစ်ခြင်းနှင့် ပြင်းထန်စွာ နုံးခွေခြင်း တို့ခံစားခဲ့ရသဖြင့် (၃-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကု ဆေးရုံကြီး၊ ပြင်ပလူနာဌာနသို့ လာရောက်ပြသခဲ့ရာ စမ်းသပ်စစ်ဆေးမှုများအရ COVID-19 ရောဂါ သံသယလက္ခဏာများ တွေ့ရှိခဲ့ရသဖြင့် စောင့်ကြည့်လူနာ (PUI) အဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

(ဃ)    တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ဂျယ်ခေါင်မြို့တွင် နေထိုင်သော အသက် (၉) နှစ်အရွယ် ဒုတိယတန်းကျောင်းသားတစ်ဦးသည် ဂျယ်ခေါင်မြို့မှ မူဆယ်မြို့သို့ နေ့စဉ်ကျောင်းတက်ရန် လာရောက်လျက်ရှိပြီး (၃-၃-၂၀၂၀) ရက်နေ့တွင် ဂျယ်ခေါင် မြို့မှ မူဆယ်မြို့သို့ လာရောက်စဉ် မူဆယ်နယ်စပ် ဝင်ထွက်ဂိတ်၌ အဖျားစစ်ဆေးရာ ဖျားခြင်း၊ လည်ခေျာင်းနာခြင်း ရောဂါလက္ခဏာများတွေ့ရှိရသဖြင့် မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာ (PUI) အဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေး လျက်ရှိပြီး ၎င်းထံမှ ဓါတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာန (ရန်ကုန်)သို့ ပေးပို့စစ်ဆေးရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းအားစစ်ဆေးရာတွင် လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ လက္ခဏာများ မတွေ့ရှိရပါ။

၃။      (၃-၃-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ၏ ပြန်ကြားချက်အရ သက်ဆိုင်ရာဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော -

(က)    ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၂၉) နှစ် အရွယ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံသား အမျိုးသား (၁) ဦး၊

(ခ)     ဝေဘာဂီအထူးကုဆေးရုံမှ အသက် (၃၇) နှစ် အရွယ် နယူးဇီလန်နိုင်ငံသား အမျိုးသား (၁) ဦး၊

(ဂ)     ဝေဘာဂီ အထူးကုဆေးရုံမှ အသက် (၃၂) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသား (၁) ဦးနှင့်

(ဃ)    စစ်တွေပြည်သူ့ဆေးရုံကြီးမှ အသက် (၂၉) နှစ်အရွယ် မြန်မာနိုင်ငံသားအမျိုးသား (၁) ဦး၊ 

စုစုပေါင်း (၄) ဦးတို့၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ဗိုင်းရပ်စ်ရောဂါပိုး မရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။ ၎င်းတို့ (၄) ဦး၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိပြီး ဆေးရုံဆင်းခွင့်သတ်မှတ်ချက်များအရ ဆေးရုံတွင် (၄၈) နာရီဆက်လက် ထားရှိပြီးနောက် ကျန်းမာရေးအခြေအနေကောင်းမွန်စိတ်ချရမှသာ ဆေးရုံဆင်းခွင့်ပြုမည်ဖြစ်ပါသည်။

၄။      ယနေ့ (၃-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆း၀၀) နာရီအချိန်အထိ ကျန်လူနာ (၄) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် ဆက်လက်စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

၅။      (၂-၃-၂၀၂၀) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံရှိ ရောဂါကူးစက်မှု အမြင့်ဆုံးမြို့ဖြစ်သော ဒယ်ဂူးမြို့မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသား ကျောင်းသူ (၃) ဦးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ Information Center မှ စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် လက်ရှိတွင်ရောဂါ လက္ခဏာတစ်စုံတစ်ရာ မတွေ့ရှိရသော်လည်း ရောဂါပျိုးရက်အတွင်း ရောဂါလက္ခဏာ ပေါ်ပေါက်လာပါက စောစီးစွာကုသနိုင်ရန်နှင့် ၎င်းတို့၏ မိသားစုဝင်များနှင့် အခြားသူများသို့ ကူးစက်ပျံ့ပွားမှုမရှိစေရန်အတွက် အသွားအလာတားမြစ် ကန့်သတ်ပြီး ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း (Hospital Quarantine) (၁၄) ရက်ပြုလုပ်ရန် ဝေဘာဂီအထူးကုဆေးရုံသို့ ပို့ဆောင် ထားရှိပါသည်။

၆။      (၃-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင်ရွက် လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၆၄) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေဖြင့် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာ ပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။

​နေပြည်တော်
https://www.moi.gov.mm
စစ္ကိုင္းမွ အမ်ိဳးသားတစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ သံသယလကၡဏာမ်ား ေတြ႕ စစ္ကိုင္းမွ အမ်ိဳးသားတစ္ဦး ကို႐ိုနာဗိုင္းရပ္စ္ သံသယလကၡဏာမ်ား ေတြ႕ Reviewed by THITHTOOLWIN on 22:51 Rating: 5
Powered by Blogger.