တရားဝင္သတင္းဌာနအခ်ိဳ႕ဆိုဒ္ေတြအပါအဝင္ ဝက္ဆိုဒ္ေပါင္း ၂၂၁ ခုကို အစိုးရပိတ္ခိုင္

တရားဝင္မွတ္ပုံတင္ထားတဲ့ သတင္းဌာန၊ ေအဂ်င္စီေတြကို ကိုယ္ပိုင္မိုဘိုင္းအင္တာနက္နဲ႔ အသုံးျပဳၾကည့္ရႈ႕လို႔မရေတာ့တာျဖစ္ေပမယ့္ အခ်ိဳ႕ ဝိုင္ဖိုင္အင္တာနက္နဲ႔ေတာ့ ဝင္ေရာက္ၾကည့္ရႈ႕ႏိုင္တာ ကိုဘီဘီစီက လက္ေတြ႕သိရွိရပါတယ္။
ညစ္ညမ္းအေၾကာင္းအရာေတြ၊ ကေလးသူငယ္ေတြအေပၚ လိင္အလြဲသုံးမႈနဲ႔ သတင္းအမွားေတြပါတယ္ဆို ကာ ဝက္ဆိုဒ္ေပါင္း ၂၂၁ခုကို ပိတ္ပင္ဖို႔ ဆက္သြယ္ေရးကုမၸဏီေတြကို အစိုးရကၫႊန္ၾကားခဲ့ပါတယ္။

အဲဒီလိုၫႊန္ၾကားတဲ့အတြက္ ဝက္ဆိုဒ္ေပါင္း ၂၂၁ခုကို တယ္လီေနာအေနနဲ႔ပိတ္ပင္ခဲ့ရတယ္လို႔ မတ္လ ၃၀ရက္မွာ တယ္လီေနာက ထုတ္ျပန္ပါတယ္။

အဲဒီၫႊန္ၾကားခ်က္အရ ပိတ္ပင္ခဲ့တဲ့ ဝက္ဆိုဒ္ ၂၂၁ ခုမွာ VOM (Voice of Myanmar), DMG (Development Media Group)၊ Mandalay In-depth, Mekong New တို႔အပါအဝင္ တရားဝင္ မွတ္ပုံတင္ထားတဲ့ သတင္းဌာန၊ သတင္းေအဂ်င္စီ တို႔လည္း ပါခဲ့ပါတယ္။

ပိတ္သိမ္းဖို႔အတြက္ ဆက္သြယ္ေရးကုမၸဏီ ၄ခုလုံးကို အစိုးရက မတ္လ ၁၉ရက္၊ ၂၀ရက္နဲ႔ ၂၃ ရက္ေန႔က တည္းက ၫႊန္ၾကားခဲ့ၿပီး စုစုေပါင္း ဝက္ဆိုဒ္ ၂၂၁ ခုကို ပိတ္ပင္ခိုင္းခဲ့တာျဖစ္ပါတယ္။

အထက္ေဖာ္ျပပါ တရားဝင္မွတ္ပုံတင္ထားတဲ့ သတင္းဌာန၊ ေအဂ်င္စီေတြကို ကိုယ္ပိုင္မိုဘိုင္းအင္တာနက္နဲ႔ အသုံးျပဳၾကည့္ရႈ႕လို႔မရေတာ့တာျဖစ္ေပမယ့္ အခ်ိဳ႕ ဝိုင္ဖိုင္အင္တာနက္နဲ႔ေတာ့ ဝင္ေရာက္ၾကည့္ရႈ႕ႏိုင္တာ ကိုဘီဘီစီက လက္ေတြ႕သိရွိရပါတယ္။

ဘီဘီစီအေနနဲ႔လည္း အမ္ပီတီမိုဘိုင္းအင္တာနက္ကိုသုံးစြဲကာ သတင္းဌာနအခ်ိဳ႕ ဝက္ဆိုဒ္စာမ်က္ႏွာေတြ ကိုဖြင့္ၾကည့္ခဲ့ပါတယ္။ အဲဒီထဲကမွ အထက္ပါသတင္းဌာန ဝက္ဆိုဒ္စာမ်က္ႏွာေတြက မိုဘိုင္းေဒတာ အင္တာနက္အသုံးျပဳကာ ဖြင့္လွစ္ၾကည့္ရႈ႕လို႔မရတာကိုလည္း သိခဲ့ရပါတယ္။
---------------------------------------------------
တရားဝင်သတင်းဌာနအချို့ဆိုဒ်တွေအပါအဝင် ဝက်ဆိုဒ်ပေါင်း ၂၂၁ ခုကို အစိုးရပိတ်ခိုင်း

ညစ်ညမ်းအကြောင်းအရာတွေ၊ ကလေးသူငယ်တွေအပေါ် လိင်အလွဲသုံးမှုနဲ့ သတင်းအမှားတွေပါတယ်ဆို ကာ ဝက်ဆိုဒ်ပေါင်း ၂၂၁ခုကို ပိတ်ပင်ဖို့ ဆက်သွယ်ရေးကုမ္ပဏီတွေကို အစိုးရကညွှန်ကြားခဲ့ပါတယ်။

အဲဒီလိုညွှန်ကြားတဲ့အတွက် ဝက်ဆိုဒ်ပေါင်း ၂၂၁ခုကို တယ်လီနောအနေနဲ့ပိတ်ပင်ခဲ့ရတယ်လို့ မတ်လ ၃၀ရက်မှာ တယ်လီနောက ထုတ်ပြန်ပါတယ်။

အဲဒီညွှန်ကြားချက်အရ ပိတ်ပင်ခဲ့တဲ့ ဝက်ဆိုဒ် ၂၂၁ ခုမှာ VOM (Voice of Myanmar), DMG (Development Media Group)၊ Mandalay In-depth, Mekong New တို့အပါအဝင် တရားဝင် မှတ်ပုံတင်ထားတဲ့ သတင်းဌာန၊ သတင်းအေဂျင်စီ တို့လည်း ပါခဲ့ပါတယ်။

ပိတ်သိမ်းဖို့အတွက် ဆက်သွယ်ရေးကုမ္ပဏီ ၄ခုလုံးကို အစိုးရက မတ်လ ၁၉ရက်၊ ၂၀ရက်နဲ့ ၂၃ ရက်နေ့က တည်းက ညွှန်ကြားခဲ့ပြီး စုစုပေါင်း ဝက်ဆိုဒ် ၂၂၁ ခုကို ပိတ်ပင်ခိုင်းခဲ့တာဖြစ်ပါတယ်။

အထက်ဖော်ပြပါ တရားဝင်မှတ်ပုံတင်ထားတဲ့ သတင်းဌာန၊ အေဂျင်စီတွေကို ကိုယ်ပိုင်မိုဘိုင်းအင်တာနက်နဲ့ အသုံးပြုကြည့်ရှု့လို့မရတော့တာဖြစ်ပေမယ့် အချို့ ဝိုင်ဖိုင်အင်တာနက်နဲ့တော့ ဝင်ရောက်ကြည့်ရှု့နိုင်တာ ကိုဘီဘီစီက လက်တွေ့သိရှိရပါတယ်။

ဘီဘီစီအနေနဲ့လည်း အမ်ပီတီမိုဘိုင်းအင်တာနက်ကိုသုံးစွဲကာ သတင်းဌာနအချို့ ဝက်ဆိုဒ်စာမျက်နှာတွေ ကိုဖွင့်ကြည့်ခဲ့ပါတယ်။ အဲဒီထဲကမှ အထက်ပါသတင်းဌာန ဝက်ဆိုဒ်စာမျက်နှာတွေက မိုဘိုင်းဒေတာ အင်တာနက်အသုံးပြုကာ ဖွင့်လှစ်ကြည့်ရှု့လို့မရတာကိုလည်း သိခဲ့ရပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52102111
တရားဝင္သတင္းဌာနအခ်ိဳ႕ဆိုဒ္ေတြအပါအဝင္ ဝက္ဆိုဒ္ေပါင္း ၂၂၁ ခုကို အစိုးရပိတ္ခိုင္ တရားဝင္သတင္းဌာနအခ်ိဳ႕ဆိုဒ္ေတြအပါအဝင္ ဝက္ဆိုဒ္ေပါင္း ၂၂၁ ခုကို အစိုးရပိတ္ခိုင္ Reviewed by THITHTOOLWIN on 19:17 Rating: 5
Powered by Blogger.