ရန္ကုန္မွာ ကို႐ိုနာဗိုင္းရပ္စ္သံသယရွိသူေတြ ေစာင့္ၾကည့္ေရးစခန္းဖြင့္ဖို႔ အခက္ေတြ႕ေန


(Zawgyi)⤵⤵⤵
တ႐ုတ္ျပည္က စတင္ျဖစ္ပြားပ်ံ႕ႏွံ႔လာတဲ့ ကို႐ိုနာဗိုင္းရပ္စ္ပိုးကူးစက္ခံရသူဟာ မတ္လဒုတိယပတ္ထိ ကမာၻတဝွမ္းမွာ  လူေပါင္း ၁ သိန္း ၃ ေသာင္းနီးပါးနဲ႔ ေသဆုံးသူက ၄၆၀၀ ေက်ာ္သြားပါၿပီ။ ကမာၻ႔ကပ္ေရာဂါအျဖစ္ သတ္မွတ္ၿပီး ကမာၻ႔ႏိုင္ငံအားလုံး အထူးစီမံခ်က္ေတြနဲ႔ ကာကြယ္ ကုသရင္ဆိုင္ေနၾကပါတယ္။

ကူးစက္ႏႈန္းကလည္း နာရီပိုင္းအတြင္း တရိပ္ရိပ္တက္လာတာေၾကာင့္ ကမာၻ႔ႏိုင္ငံအေတာ္မ်ားမ်ားမွာ ေရာဂါပိုးကူးစက္သူေတြနဲ႔ လုပ္ငန္းခြင္အတြင္း ဆက္စပ္ပတ္သက္သူမွန္သမွ်ကို ေနအိမ္ေတြ ဒါမွမဟုတ္ သီးသန႔္ခြဲထားေစာင့္ၾကည့္ေရးစခန္းေတြမွာ ေျခခ်ဳပ္ေနဖို႔ ၫႊန္ၾကားရတာေတြလည္း ဆက္တိုက္ျဖစ္လာပါတယ္။

ျမန္မာႏိုင္ငံမွာလည္း ေရာဂါပိုးရွိသူေတြကို ေစာင့္ၾကည့္ဖို႔၊ ပိုးကူးစက္ခံရသူေတြနဲ႔ နီးစပ္ထိေတြ႕ခဲ့သူေတြကို ေျခခ်ဳပ္ထားေစာင့္ၾကည့္ဖို႔ သီးသန႔္ခြဲထားေစာင့္ၾကည့္ေရးစခန္းေတြကို က်န္းမာေရးဝန္ႀကီးဌာနက ျပင္ဆင္ေနပါ တယ္။ ဒါေပမယ့္ ေဒသခံတခ်ိဳ႕က သူတို႔နယ္ေျမေတြမွာ အဲဒီစခန္းေတြထားမွာကို ကန႔္ကြက္ဖို႔ျပင္ဆင္ေနၾကတဲ့အတြက္ အခက္အခဲေတြေတြ႕ေနရတယ္လို႔ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာထြန္းျမင့္က ေျပာပါတယ္။

"တေယာက္နဲ႔တေယာက္က ၆ ေပေလာက္ကြာရင္ကို မကူးႏိုင္ေတာ့ပါဘူး။ ေလထဲက ကူးတယ္ဆိုတာလည္း မဟုတ္ပါဘူး။ သံသယရွိသူေတြကို ေဝဘာဂီေဆး႐ုံမွာ designated hospital သတ္မွတ္ၿပီး hospital quarantine ထားတာေပါ့ေလ။ ေနာက္တခါ မ်ားလာရင္ဆိုၿပီး ေတာင္ဥကၠလာ အမ်ိဳးသမီးနဲ႔ ကေလးေဆး႐ုံ၊ ထပ္ၿပီးမ်ားလာရင္ မွန္းတဲ့အခါက်ေတာ့ လွည္းကူးကြင္းဆင္းသင္တန္းေက်ာင္း၊ ေနာက္ ေျမာက္ဒဂုံခန္းမ၊ ေတာင္ဒဂုံဆိုရင္လည္း ၁၀၀ ေလာက္ထားႏိုင္တယ္။ ဒဂုံဆိပ္ကမ္းဆိုရင္လည္း ၁၀၀ ေလာက္၊ ေနာက္ သိမ္ျဖဴကြင္းမွာထားဖို႔ လ်ာထားခ်က္ရွိပါတယ္။ ဒီအတြက္ ျပင္ဆင္ၾကရေတာ့မွာပါ"

ေရာဂါမကူးစက္ရေအာင္ ေနဖို႔ရာမွာ သံသယရွိသူေတြကို သီးျခားခြဲျခားထားဖို႔ဟာ အလြန္အေရးႀကီးပါတယ္။ ဘယ္လိုအေရးႀကီးသလဲဆိုတာ ေဒါက္တာထြန္းျမင့္က ခုလိုေျပာပါတယ္။

"Quarantine လုပ္တဲ့ေနရာကေန တျခားျပည္သူလူထုကို ကူးဖို႔အေၾကာင္းလည္း မရွိပါဘူး။ မလုပ္ထားရင္သာ မသိဘဲေလွ်ာက္သြားေနရင္ ျပည္သူလူထုကိုကူးမယ္။ သူ႔မိသားစုကိုကူးမယ္။ သူ႔က်န္းမာေရး တခုခုအေၾကာင္းေၾကာင့္ ျဖစ္လာရင္ က်ေနာ္တို႔က ခ်က္ခ်င္းမကုသႏိုင္ဘူး။ ဒီလိုအေျခအေနေတြရွိမွာပါ။ ဒါေၾကာင့္ quarantine လုပ္ျခင္းကို ျပည္သူလူထုတရပ္လုံးက ဝိုင္းၿပီး က်ေနာ္တို႔ က်န္းမာေရးဌာနနဲ႔အတူလက္တြဲၿပီး ဒီ Covid-19 ေရာဂါကို ဝိုင္းဝန္းကာကြယ္ေပးၾကဖို႔ က်ေနာ္အေနနဲ႔ ေမတၱာရပ္ခံခ်င္ပါတယ္"

ပုံမွန္အားျဖင့္လည္း လူေတြဟာ ေဘးအၾကပ္အတည္းႀကဳံရတဲ့အခါ စိတ္ဖိစီးရႈပ္ေထြးတာ၊ ဝမ္းနည္းတာ၊ ေၾကာက္လန႔္တာ ဒါမွမဟုတ္ အလြယ္တကူ စိတ္ဆိုးေဒါသထြက္တတ္တာဟာ ပုံမွန္ျဖစ္ေလ့ရွိပါတယ္။ အခုလို တကမာၻလုံး အုတ္ေအာ္ေသာင္းနင္းျဖစ္ေနတဲ့ ကပ္ေရာဂါႀကီးတခုအတြက္ စိတ္ဖိစီးမႈကေတာ့ အားလုံးထက္ ပိုမယ္ထင္ပါတယ္။ ေျခခ်ဳပ္ေနရသူေတြကလည္း ငါ့ကိုမ်ားေရာဂါကူးလာမလားဆိုတဲ့ စိုးရိမ္စိတ္၊ မေနရသူေတြကလည္း တံခါးလက္ကိုင္ဘုကေလး လွည့္ဖြင့္မိရင္ေတာင္ ကူးသြားႏိုင္တဲ့အေနအထားမို႔ ဘယ္ေန႔မွာ ဘယ္ ေနရာက ဘယ္လိုကူးလာမလဲဆိုတဲ့ စိုးရိမ္စိတ္နဲ႔ေနေနၾကရတာ အင္မတန္ဖိစီးလွပါတယ္။

အဲဒီလိုလူေတြ ခံစားေနရတဲ့ စိတ္ဖိစီးမႈကို ေက်ာ္လႊားရင္ဆိုင္ဖို႔ နည္းလမ္းေတြကို ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး WHO က ထုတ္ျပန္ထားပါတယ္။ အဲဒီထဲက အဓိကက်တဲ့အခ်က္ကို  စိတ္က်န္းမာေရး အထူးကုဆရာဝန္ႀကီး ပါေမာကၡ ေဒါက္တာ ဆန္းလင္း အခုလို ေျပာျပပါတယ္။

"Quarantine လုပ္ထားလို႔ အိမ္ထဲမွာပဲေနရမယ္ဆိုရင္ က်န္းမာေရးနဲ႔အညီ လူေနမႈပုံစံနဲ႔ ေနထိုင္ရပါမယ္။ အစားမွန္မွန္စားမယ္။ အခ်ိန္မွန္မွန္အိပ္မယ္။ ေလ့က်င့္ခန္းေတြဘာေတြ ပုံမွန္လုပ္ေပးရမယ္။ မိမိခ်စ္ရတဲ့ သူေတြ၊ တျခားမိသားစုေတြ မိတ္ေဆြေတြနဲ႔ ဖုန္းေတြ အီးေမးလ္ေတြ မက္ဆင္ဂ်ာေတြနဲ႔ ဆက္သြယ္တာ ပုံမွန္ျပဳလုပ္ေပးရမယ္။  စိတ္ခံစားမႈေတြ၊ ဖိစီးမႈေတြေပ်ာက္ဖို႔ ေဆးလိပ္ေတြ ပိုေသာက္လာတာ၊ အရက္ေတြ တျခားမူးယစ္ေဆးဝါးေတြသုံးစြဲတာ ဒါေတြမလုပ္ပါနဲ႔။ စိတ္ထိခိုက္ေနရင္ က်န္းမာေရးဝန္ထမ္း ဒါမွမဟုတ္ ႏွစ္သိမ့္ေဆြးေႏြးသူမ်ားနဲ႔ စကားေျပာေပးပါ။ ႐ုပ္ပိုင္း၊ စိတ္ပိုင္းဆိုင္ရာ တကယ္လို႔လိုအပ္လာရင္ ဘယ္သူေတြနဲ႔ ဆက္သြယ္မယ္၊ ဘယ္သြားမယ္ဆိုတာေတြကို အစီအစဥ္ေရးဆြဲထားရမယ္"

သင့္ေတာ္တဲ့ ႀကိဳတင္သတိျပဳမႈေတြ ေဆာင္႐ြက္ႏိုင္ေအာင္ ေဘးအႏၲရာယ္ရဲ႕ အတိုင္းအတာပမာဏကို အတိအက် သတ္မွတ္ႏိုင္တဲ့ သတင္းအခ်က္အလက္ေတြကို စုေဆာင္းဖို႔လည္း WHO က ၫႊန္ၾကားထားပါေသးတယ္။

ကမာၻ႔ကပ္ေရာဂါျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ဟာ ေၾကာက္စရာေကာင္းတဲ့ အရွိန္အဟုန္နဲ႔ ကမာၻေပၚက ႏိုင္ငံေပါင္း ၁၉၅ ႏိုင္ငံရွိတဲ့အထဲက ၁၁၈ ႏိုင္ငံမွာ ကူးစက္ေနပါၿပီ။ ဒီလို အေျခအေနမ်ိဳးမွာ လူထုအေနနဲ႔ က်န္းမာေရး အသိအျပည့္နဲ႔ ခုခံရင္ဆိုင္ၾကရင္းကပဲ ဘဝမွာ အရင္ႀကဳံေတြ႕ခဲ့ရဖူးတဲ့ အခက္အခဲေတြကို ကိုင္တြယ္ေျဖရွင္းရာမွာ အသုံးတည့္ခဲ့တဲ့ စြမ္းရည္နဲ႔ စိတ္အင္အားေတြကို ျပန္လည္ ဆင္ျခင္သုံးသပ္ၿပီး အခုျဖစ္ပြားေနတဲ့ ေရာဂႏၲရကပ္ရဲ႕ စိန္ေခၚမႈေတြကို ကိုင္တြယ္ထိန္းေက်ာင္းရင္ဆိုင္ၾကဖို႔ WHO ရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ်သံသယရှိသူတွေ စောင့်ကြည့်ရေးစခန်းဖွင့်ဖို့ အခက်တွေ့နေ


တရုတ်ပြည်က စတင်ဖြစ်ပွားပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရသူဟာ မတ်လဒုတိယပတ်ထိ ကမ္ဘာတဝှမ်းမှာ  လူပေါင်း ၁ သိန်း ၃ သောင်းနီးပါးနဲ့ သေဆုံးသူက ၄၆၀၀ ကျော်သွားပါပြီ။ ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ပြီး ကမ္ဘာ့နိုင်ငံအားလုံး အထူးစီမံချက်တွေနဲ့ ကာကွယ် ကုသရင်ဆိုင်နေကြပါတယ်။

ကူးစက်နှုန်းကလည်း နာရီပိုင်းအတွင်း တရိပ်ရိပ်တက်လာတာကြောင့် ကမ္ဘာ့နိုင်ငံအတော်များများမှာ ရောဂါပိုးကူးစက်သူတွေနဲ့ လုပ်ငန်းခွင်အတွင်း ဆက်စပ်ပတ်သက်သူမှန်သမျှကို နေအိမ်တွေ ဒါမှမဟုတ် သီးသန့်ခွဲထားစောင့်ကြည့်ရေးစခန်းတွေမှာ ခြေချုပ်နေဖို့ ညွှန်ကြားရတာတွေလည်း ဆက်တိုက်ဖြစ်လာပါတယ်။

မြန်မာနိုင်ငံမှာလည်း ရောဂါပိုးရှိသူတွေကို စောင့်ကြည့်ဖို့၊ ပိုးကူးစက်ခံရသူတွေနဲ့ နီးစပ်ထိတွေ့ခဲ့သူတွေကို ခြေချုပ်ထားစောင့်ကြည့်ဖို့ သီးသန့်ခွဲထားစောင့်ကြည့်ရေးစခန်းတွေကို ကျန်းမာရေးဝန်ကြီးဌာနက ပြင်ဆင်နေပါ တယ်။ ဒါပေမယ့် ဒေသခံတချို့က သူတို့နယ်မြေတွေမှာ အဲဒီစခန်းတွေထားမှာကို ကန့်ကွက်ဖို့ပြင်ဆင်နေကြတဲ့အတွက် အခက်အခဲတွေတွေ့နေရတယ်လို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

"တယောက်နဲ့တယောက်က ၆ ပေလောက်ကွာရင်ကို မကူးနိုင်တော့ပါဘူး။ လေထဲက ကူးတယ်ဆိုတာလည်း မဟုတ်ပါဘူး။ သံသယရှိသူတွေကို ဝေဘာဂီဆေးရုံမှာ designated hospital သတ်မှတ်ပြီး hospital quarantine ထားတာပေါ့လေ။ နောက်တခါ များလာရင်ဆိုပြီး တောင်ဥက္ကလာ အမျိုးသမီးနဲ့ ကလေးဆေးရုံ၊ ထပ်ပြီးများလာရင် မှန်းတဲ့အခါကျတော့ လှည်းကူးကွင်းဆင်းသင်တန်းကျောင်း၊ နောက် မြောက်ဒဂုံခန်းမ၊ တောင်ဒဂုံဆိုရင်လည်း ၁၀၀ လောက်ထားနိုင်တယ်။ ဒဂုံဆိပ်ကမ်းဆိုရင်လည်း ၁၀၀ လောက်၊ နောက် သိမ်ဖြူကွင်းမှာထားဖို့ လျာထားချက်ရှိပါတယ်။ ဒီအတွက် ပြင်ဆင်ကြရတော့မှာပါ"

ရောဂါမကူးစက်ရအောင် နေဖို့ရာမှာ သံသယရှိသူတွေကို သီးခြားခွဲခြားထားဖို့ဟာ အလွန်အရေးကြီးပါတယ်။ ဘယ်လိုအရေးကြီးသလဲဆိုတာ ဒေါက်တာထွန်းမြင့်က ခုလိုပြောပါတယ်။

"Quarantine လုပ်တဲ့နေရာကနေ တခြားပြည်သူလူထုကို ကူးဖို့အကြောင်းလည်း မရှိပါဘူး။ မလုပ်ထားရင်သာ မသိဘဲလျှောက်သွားနေရင် ပြည်သူလူထုကိုကူးမယ်။ သူ့မိသားစုကိုကူးမယ်။ သူ့ကျန်းမာရေး တခုခုအကြောင်းကြောင့် ဖြစ်လာရင် ကျနော်တို့က ချက်ချင်းမကုသနိုင်ဘူး။ ဒီလိုအခြေအနေတွေရှိမှာပါ။ ဒါကြောင့် quarantine လုပ်ခြင်းကို ပြည်သူလူထုတရပ်လုံးက ဝိုင်းပြီး ကျနော်တို့ ကျန်းမာရေးဌာနနဲ့အတူလက်တွဲပြီး ဒီ Covid-19 ရောဂါကို ဝိုင်းဝန်းကာကွယ်ပေးကြဖို့ ကျနော်အနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်"

ပုံမှန်အားဖြင့်လည်း လူတွေဟာ ဘေးအကြပ်အတည်းကြုံရတဲ့အခါ စိတ်ဖိစီးရှုပ်ထွေးတာ၊ ဝမ်းနည်းတာ၊ ကြောက်လန့်တာ ဒါမှမဟုတ် အလွယ်တကူ စိတ်ဆိုးဒေါသထွက်တတ်တာဟာ ပုံမှန်ဖြစ်လေ့ရှိပါတယ်။ အခုလို တကမ္ဘာလုံး အုတ်အော်သောင်းနင်းဖြစ်နေတဲ့ ကပ်ရောဂါကြီးတခုအတွက် စိတ်ဖိစီးမှုကတော့ အားလုံးထက် ပိုမယ်ထင်ပါတယ်။ ခြေချုပ်နေရသူတွေကလည်း ငါ့ကိုများရောဂါကူးလာမလားဆိုတဲ့ စိုးရိမ်စိတ်၊ မနေရသူတွေကလည်း တံခါးလက်ကိုင်ဘုကလေး လှည့်ဖွင့်မိရင်တောင် ကူးသွားနိုင်တဲ့အနေအထားမို့ ဘယ်နေ့မှာ ဘယ် နေရာက ဘယ်လိုကူးလာမလဲဆိုတဲ့ စိုးရိမ်စိတ်နဲ့နေနေကြရတာ အင်မတန်ဖိစီးလှပါတယ်။

အဲဒီလိုလူတွေ ခံစားနေရတဲ့ စိတ်ဖိစီးမှုကို ကျော်လွှားရင်ဆိုင်ဖို့ နည်းလမ်းတွေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက အဓိကကျတဲ့အချက်ကို  စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဆန်းလင်း အခုလို ပြောပြပါတယ်။

"Quarantine လုပ်ထားလို့ အိမ်ထဲမှာပဲနေရမယ်ဆိုရင် ကျန်းမာရေးနဲ့အညီ လူနေမှုပုံစံနဲ့ နေထိုင်ရပါမယ်။ အစားမှန်မှန်စားမယ်။ အချိန်မှန်မှန်အိပ်မယ်။ လေ့ကျင့်ခန်းတွေဘာတွေ ပုံမှန်လုပ်ပေးရမယ်။ မိမိချစ်ရတဲ့ သူတွေ၊ တခြားမိသားစုတွေ မိတ်ဆွေတွေနဲ့ ဖုန်းတွေ အီးမေးလ်တွေ မက်ဆင်ဂျာတွေနဲ့ ဆက်သွယ်တာ ပုံမှန်ပြုလုပ်ပေးရမယ်။  စိတ်ခံစားမှုတွေ၊ ဖိစီးမှုတွေပျောက်ဖို့ ဆေးလိပ်တွေ ပိုသောက်လာတာ၊ အရက်တွေ တခြားမူးယစ်ဆေးဝါးတွေသုံးစွဲတာ ဒါတွေမလုပ်ပါနဲ့။ စိတ်ထိခိုက်နေရင် ကျန်းမာရေးဝန်ထမ်း ဒါမှမဟုတ် နှစ်သိမ့်ဆွေးနွေးသူများနဲ့ စကားပြောပေးပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ တကယ်လို့လိုအပ်လာရင် ဘယ်သူတွေနဲ့ ဆက်သွယ်မယ်၊ ဘယ်သွားမယ်ဆိုတာတွေကို အစီအစဉ်ရေးဆွဲထားရမယ်"

သင့်တော်တဲ့ ကြိုတင်သတိပြုမှုတွေ ဆောင်ရွက်နိုင်အောင် ဘေးအန္တရာယ်ရဲ့ အတိုင်းအတာပမာဏကို အတိအကျ သတ်မှတ်နိုင်တဲ့ သတင်းအချက်အလက်တွေကို စုဆောင်းဖို့လည်း WHO က ညွှန်ကြားထားပါသေးတယ်။

ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကြောက်စရာကောင်းတဲ့ အရှိန်အဟုန်နဲ့ ကမ္ဘာပေါ်က နိုင်ငံပေါင်း ၁၉၅ နိုင်ငံရှိတဲ့အထဲက ၁၁၈ နိုင်ငံမှာ ကူးစက်နေပါပြီ။ ဒီလို အခြေအနေမျိုးမှာ လူထုအနေနဲ့ ကျန်းမာရေး အသိအပြည့်နဲ့ ခုခံရင်ဆိုင်ကြရင်းကပဲ ဘဝမှာ အရင်ကြုံတွေ့ခဲ့ရဖူးတဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ အသုံးတည့်ခဲ့တဲ့ စွမ်းရည်နဲ့ စိတ်အင်အားတွေကို ပြန်လည် ဆင်ခြင်သုံးသပ်ပြီး အခုဖြစ်ပွားနေတဲ့ ရောဂန္တရကပ်ရဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ်ထိန်းကျောင်းရင်ဆိုင်ကြဖို့ WHO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
ရန္ကုန္မွာ ကို႐ိုနာဗိုင္းရပ္စ္သံသယရွိသူေတြ ေစာင့္ၾကည့္ေရးစခန္းဖြင့္ဖို႔ အခက္ေတြ႕ေန ရန္ကုန္မွာ ကို႐ိုနာဗိုင္းရပ္စ္သံသယရွိသူေတြ ေစာင့္ၾကည့္ေရးစခန္းဖြင့္ဖို႔ အခက္ေတြ႕ေန Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.