ေျမာက္ပိုင္းအဖြဲ႕ေတြ တစ္ဖက္သတ္ အပစ္ရပ္သက္တမ္းတိုးတာဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကို ရင္ဆိုင္ေရးပါဝင္တယ္လို႔ေျပာ

 ေတာင္ကိုရီးယားမွာဒီဗိုင္းရပ္စ္ ေန႔စဥ္ကူးစက္မႈႏႈန္းက ျမန္ဆန္ႀကီးထြားလာေန
(Zawgyi)⤵⤵⤵
ေအေအ အပါအဝင္ ေျမာက္ပိုင္းလက္နက္ကိုင္သုံးဖြဲ႕က တစ္ဖက္သတ္အပစ္ရပ္လိုက္တာဟာ အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ ေတြ႕ဆုံေဆြးေႏြးေရး လုပ္ငန္းေတြကို လက္ေတြ႕ လုပ္ႏိုင္ဖို႔ အျပင္ လက္ရွိ ရင္ဆိုင္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကို စုေပါင္းရင္ဆိုင္ ေက်ာ္ျဖတ္ရာမွာ အေထာက္အကူျဖစ္ေစရည္႐ႊယ္ခ်က္ပါဝင္တယ္လို႔ ေအေအေျပာခြင့္ရသူခိုင္သုခ ကဘီဘီစီကို ေျပာပါတယ္။

အပစ္ရပ္သက္တမ္းကို ေနာက္ထပ္ ၂၅ ရက္ ထပ္တိုးလိုက္တယ္လို႔ မတ္လ ၁ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္လိုက္ပါတယ္။

ဒီတစ္ႀကိမ္နဲ႔ဆိုရင္ အခုလို တစ္ဖက္သတ္ အပစ္ရပ္တာ ေလးႀကိမ္ရွိပါၿပီ။

ဒီတစ္ေခါက္ အပစ္ရပ္တာကေတာ့ အခ်က္သုံးခ်က္ေၾကာင့္ ျဖစ္ပါတယ္။

လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ၿငိမ္းခ်မ္းတဲ့ပတ္ဝန္းက်င္တည္ေဆာက္ႏိုင္ၿပီး ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေစဖို႔၊ အပစ္အခတ္ရပ္စဲေရးစာခ်ဳပ္ သေဘာတူလက္မွတ္ေရးထိုးႏိုင္မယ့္ ေတြ႕ဆုံေဆြးေႏြးေရးလုပ္ငန္းေတြကို လက္ေတြ႕လုပ္ႏိုင္ဖို႔နဲ႔ ၊လက္ရွိရင္ဆိုင္ေနရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကို စုေပါင္းရင္ဆိုင္ေက်ာ္ျဖတ္ရာမွာ အေထာက္အကူျဖစ္ေစႏိုင္ဖို႔၊ အခုလို တစ္ဖက္သတ္အပစ္ရပ္သက္တမ္းတိုးတာျဖစ္တယ္လို႔ ေျမာက္ပိုင္းသုံးဖြဲ႕ရဲ႕ ေၾကညာခ်က္က ဆိုပါတယ္။
မတ္လ ၁ ရက္မွာ ေၾကညာခ်က္ထုတ္ျပန္

ကို႐ိုနာဗိုင္းရပ္စ္အေရးဟာ တစ္ကမာၻလုံးက စိုးရိမ္ေနတဲ့ကိစၥျဖစ္ၿပီး ၊ဒီအေရးကို ရင္ဆိုင္ဖို႔ဆိုရင္ တိုက္ပြဲေတြကို ရပ္တန႔္ၿပီးမွ ေဒသခံေတြရဲ႕ က်န္းမာေရးဆိုင္ရာလိုအပ္ခ်က္ေတြကို လုပ္ႏိုင္မယ္လို႔ ေျမာက္ပိုင္းသုံးဖြဲ႕ထဲမွာပါတဲ့ ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ ေျပာခြင့္ရ ဦးခိုင္သုခက ဘီဘီစီကိုေျပာပါတယ္။ အခုလို တစ္ဖတ္သတ္ အပစ္ရပ္ထားေပမယ့္လည္း တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔ၾကား တိုက္ပြဲေတြ ဆက္တိုက္ျပင္းထန္ေနသလို ၿငိမ္းခ်မ္းေရးအတြက္ေတြ႕ဆုံေဆြးေႏြးေရးလမ္းေၾကာင္းကလည္း ရပ္တန႔္ေနပါတယ္။

ေဆြးေႏြးပြဲေတြ ရပ္တန႔္ေနရတာဟာ တ႐ုတ္ႏွစ္ကူးပြဲေတာ္နဲ႔ တ႐ုတ္ျပည္တြင္းမွေတြ႕ဆုံေရးက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အစိုးရနဲ႔ေတြ႕ဖို႔ မျဖစ္ႏိုင္ေသးတာလို႔ ဦးခိုင္သုခက ကေျပာပါတယ္။

ဗိုင္းရပ္စ္ျဖစ္ေနတဲ့ တ႐ုတ္မွာမေတြ႕ဘဲ ျပည္တြင္းမွာေတြ႕ဖို႔ကေတာ့ ႏွစ္ဦးႏွစ္ဖက္ကလည္း ယုံၾကည္မႈေလ်ာ့နည္းေနသလို၊ တိုက္ပြဲေတြက ျပင္းထန္ေနတဲ့အျပင္ ၊တပ္မေတာ္က ထိုးစစ္ေတြဆင္ေနတာ ၊ အင္တာနက္ေတြျဖတ္ေတာက္ၿပီးသတင္းအေမွာင္ခ်ထားတဲ့အတြက္ ျမန္မာႏိုင္ငံတြင္းမွာေတြ႕ဖို႔ကေတာ့ မျဖစ္ႏိုင္ေသးဘူးလို႔ သူကဆက္ေျပာပါတယ္။

WHO မွတ္တမ္းေတြအရ ဒီဗိုင္းရပ္စ္က ကမာၻ႔ႏိုင္ငံေပါင္း ၅၇ ႏိုင္ငံမွာ ပ်ံ႕ႏွံ႔ေနၿပီး လူေပါင္း ၈၅,၀၀၀ ေက်ာ္ကို ကူးစက္ခံထားရသလို ေသဆုံးမႈေပါင္း ၃,၀၀၀ ေက်ာ္လာပါၿပီ။ အမ်ားဆုံးေသဆုံးထားတာကေတာ့ ဒီဗိုင္းရပ္စ္ စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ တ႐ုတ္ႏိုင္ငံမွာျဖစ္ပါတယ္။

ရန္ကုန္ေဝဘာဂီေဆး႐ုံ

အိမ္နီးခ်င္းျမန္မာႏိုင္ငံမွာေတာ့ တ႐ုတ္ႏိုင္ငံသားေတြ၊ တ႐ုတ္ကမာၻလွည့္ေတြ အဝင္အထြက္မ်ားေပမယ့္ ဒီေရာဂါပိုးေတြ႕ရွိသူ မရွိေသးဘူးလို႔ ျမန္မာအစိုးရက်န္းမာေရးဝန္ႀကီးဌာန ကေျပာပါတယ္။

ကိုဗစ္၁၉၊ ကို႐ိုနာဗိုင္းရပ္စ္ လို႔ လူသိမ်ားတဲ့ လတ္တေလာအသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါ ျမန္မာႏိုင္ငံအတြင္း ကူးစက္ျပန႔္ပြားမႈမျဖစ္ေစဖို႔ ဒီေရာဂါကို တိုင္ၾကားရမယ့္ ကူးစက္ျမန္ေရာဂါအျဖစ္ အစိုးရက ေဖေဖာ္ဝါရီ ၂၈ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။

ဒီဗိုင္းရပ္စ္ ကူးစက္ျပန႔္ႏွံ႔မႈကို ႀကိဳတင္ကာကြယ္ဖို႔နဲ႔ တုံ႔ျပန္ေဆာင္႐ြက္ျခင္းေတြကို ထိေရာက္စြာေဆာင္႐ြက္ႏိုင္ဖို႔ အခုလို ထုတ္ျပန္တာျဖစ္တယ္လို႔ လည္းဆိုပါတယ္။

ကိုယ့္အနီးပတ္ဝန္းက်င္မွာ ဒါမွမဟုတ္ မိသားစုဝင္တစ္ဦးဦး ေရာဂါသံသယရွိတယ္ဆိုရင္ အာဏာပိုင္ေတြကိုအသိေပးရမွာျဖစ္ၿပီး ပ်က္ကြက္ရင္ ေထာင္ေျခာက္လအထိ က်ခံရႏိုင္ပါတယ္။
နယ္စပ္ဂိတ္ေတြစစ္ေဆးမႈ

ေျမာက္ပိုင္းအဖြဲ႕ေတြ တစ္ဖက္သတ္ အပစ္အခတ္ ရပ္ဆိုင္းေၾကာင္း ေၾကညာထားတဲ့ ကာလအတြင္း တပ္မေတာ္ ဘက္ကေန ညီေနာင္မဟာမိတ္ သုံးဖြဲ႕ထဲက တစ္ဖြဲ႕ဖြဲ႕ကို မည္သည့္ ပုံစံႏွင့္မဆို ထိုးစစ္ဆင္ တိုက္ခိုက္ေနပါက ကိုယ့္ကိုယ္ ကို ခုခံ တဲ့ အေနျဖင့္ တုံ႔ျပန္ ကာကြယ္သြားမယ္လို႔ AA၊ MNDAA၊ TNLA တို႔က ပူးတြဲ ထုတ္ျပန္ခ်က္ကဆိုပါတယ္။

လက္ရွိမွာေတာ့ တပ္မေတာ္ႏွင့္ ေအေအ ၾကား ရခိုင္ျပည္နယ္အတြင္းမွာ တိုက္ပြဲေတြ ျဖစ္ပြားေနသလို၊ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာလည္း၊ တပ္မေတာ္ႏွင့္ TNLA ၾကား မၾကာခဏ တိုက္ပြဲမ်ား ျဖစ္ပြားေနပါတယ္။
 ရခိုင္ ျပည္တြင္းစစ္ အတြင္း အရပ္သား ထိခိုက္ ေသဆုံးရမႈက ေန႔စဥ္ ျမင့္တက္လာေန

အခုလို အပစ္ရပ္ေၾကညာခ်က္ေတြ ထုတ္ေနေပမယ့္ ၊ႏွစ္ဖက္လုံးက မရပ္ရင္ တိုက္ပြဲေတြက ထပ္ျဖစ္ေနမွာျဖစ္ၿပီး ေဒသခံေတြပဲ အဓိက ထိခိုက္နစ္နာေနတယ္လို႔ တအာန္းအမ်ိဳးသမီးအဖြဲ႕အစည္းရဲ႕ အႀကံေပး ေလြးပိုးငယ္က ဘီဘီစီကို ေျပာပါတယ္။

ေျမာက္ပိုင္းသုံးဖြဲ႕လို႔ ေခၚတဲ့ ကိုးကန႔္အဖြဲ႕ (MNDAA ) ၊ တအာန္းအဖြဲ႕(TNLA) နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔ဟာ အပစ္ရပ္လက္မွတ္မထိုးရေသးဘဲ အစိုးရနဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြမွာပါဝင္ဖို႔ ေဆြးေႏြးေနတဲ့အဖြဲ႕ေတြျဖစ္ပါတယ္။ လက္ရွိမွာ ဒီသုံးဖြဲ႕နဲ႔ တပ္မေတာ္ဟာ စစ္ေရးတင္းမာမႈေတြလည္း ရွိေနပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
မြောက်ပိုင်းအဖွဲ့တွေ တစ်ဖက်သတ် အပစ်ရပ်သက်တမ်းတိုးတာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ရင်ဆိုင်ရေးပါဝင်တယ်လို့ပြော

ဓာတ်ပုံ မူပိုင် Getty Images
Image caption တောင်ကိုရီးယားမှာဒီဗိုင်းရပ်စ် နေ့စဉ်ကူးစက်မှုနှုန်းက မြန်ဆန်ကြီးထွားလာနေ

အေအေ အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့က တစ်ဖက်သတ်အပစ်ရပ်လိုက်တာဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းတွေကို လက်တွေ့ လုပ်နိုင်ဖို့ အပြင် လက်ရှိ ရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စုပေါင်းရင်ဆိုင် ကျော်ဖြတ်ရာမှာ အထောက်အကူဖြစ်စေရည်ရွှယ်ချက်ပါဝင်တယ်လို့ အေအေပြောခွင့်ရသူခိုင်သုခ ကဘီဘီစီကို ပြောပါတယ်။

အပစ်ရပ်သက်တမ်းကို နောက်ထပ် ၂၅ ရက် ထပ်တိုးလိုက်တယ်လို့ မတ်လ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီတစ်ကြိမ်နဲ့ဆိုရင် အခုလို တစ်ဖက်သတ် အပစ်ရပ်တာ လေးကြိမ်ရှိပါပြီ။

ဒီတစ်ခေါက် အပစ်ရပ်တာကတော့ အချက်သုံးချက်ကြောင့် ဖြစ်ပါတယ်။

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ငြိမ်းချမ်းတဲ့ပတ်ဝန်းကျင်တည်ဆောက်နိုင်ပြီး ပြည်တွင်းစစ်ချုပ်ငြိမ်းစေဖို့၊ အပစ်အခတ်ရပ်စဲရေးစာချုပ် သဘောတူလက်မှတ်ရေးထိုးနိုင်မယ့် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းတွေကို လက်တွေ့လုပ်နိုင်ဖို့နဲ့ ၊လက်ရှိရင်ဆိုင်နေရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို စုပေါင်းရင်ဆိုင်ကျော်ဖြတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ဖို့၊ အခုလို တစ်ဖက်သတ်အပစ်ရပ်သက်တမ်းတိုးတာဖြစ်တယ်လို့ မြောက်ပိုင်းသုံးဖွဲ့ရဲ့ ကြေညာချက်က ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် Northen Alliance
Image caption မတ်လ ၁ ရက်မှာ ကြေညာချက်ထုတ်ပြန်

ကိုရိုနာဗိုင်းရပ်စ်အရေးဟာ တစ်ကမ္ဘာလုံးက စိုးရိမ်နေတဲ့ကိစ္စဖြစ်ပြီး ၊ဒီအရေးကို ရင်ဆိုင်ဖို့ဆိုရင် တိုက်ပွဲတွေကို ရပ်တန့်ပြီးမှ ဒေသခံတွေရဲ့ ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေကို လုပ်နိုင်မယ်လို့ မြောက်ပိုင်းသုံးဖွဲ့ထဲမှာပါတဲ့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရ ဦးခိုင်သုခက ဘီဘီစီကိုပြောပါတယ်။ အခုလို တစ်ဖတ်သတ် အပစ်ရပ်ထားပေမယ့်လည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ကြား တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေသလို ငြိမ်းချမ်းရေးအတွက်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကလည်း ရပ်တန့်နေပါတယ်။

ဆွေးနွေးပွဲတွေ ရပ်တန့်နေရတာဟာ တရုတ်နှစ်ကူးပွဲတော်နဲ့ တရုတ်ပြည်တွင်းမှတွေ့ဆုံရေးက ကိုရိုနာဗိုင်းရပ်စ်ကြောင့် အစိုးရနဲ့တွေ့ဖို့ မဖြစ်နိုင်သေးတာလို့ ဦးခိုင်သုခက ကပြောပါတယ်။

ဗိုင်းရပ်စ်ဖြစ်နေတဲ့ တရုတ်မှာမတွေ့ဘဲ ပြည်တွင်းမှာတွေ့ဖို့ကတော့ နှစ်ဦးနှစ်ဖက်ကလည်း ယုံကြည်မှုလျော့နည်းနေသလို၊ တိုက်ပွဲတွေက ပြင်းထန်နေတဲ့အပြင် ၊တပ်မတော်က ထိုးစစ်တွေဆင်နေတာ ၊ အင်တာနက်တွေဖြတ်တောက်ပြီးသတင်းအမှောင်ချထားတဲ့အတွက် မြန်မာနိုင်ငံတွင်းမှာတွေ့ဖို့ကတော့ မဖြစ်နိုင်သေးဘူးလို့ သူကဆက်ပြောပါတယ်။

WHO မှတ်တမ်းတွေအရ ဒီဗိုင်းရပ်စ်က ကမ္ဘာ့နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ပျံ့နှံ့နေပြီး လူပေါင်း ၈၅,၀၀၀ ကျော်ကို ကူးစက်ခံထားရသလို သေဆုံးမှုပေါင်း ၃,၀၀၀ ကျော်လာပါပြီ။ အများဆုံးသေဆုံးထားတာကတော့ ဒီဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption ရန်ကုန်ဝေဘာဂီဆေးရုံ

အိမ်နီးချင်းမြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံသားတွေ၊ တရုတ်ကမ္ဘာလှည့်တွေ အဝင်အထွက်များပေမယ့် ဒီရောဂါပိုးတွေ့ရှိသူ မရှိသေးဘူးလို့ မြန်မာအစိုးရကျန်းမာရေးဝန်ကြီးဌာန ကပြောပါတယ်။

ကိုဗစ်၁၉၊ ကိုရိုနာဗိုင်းရပ်စ် လို့ လူသိများတဲ့ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မြန်မာနိုင်ငံအတွင်း ကူးစက်ပြန့်ပွားမှုမဖြစ်စေဖို့ ဒီရောဂါကို တိုင်ကြားရမယ့် ကူးစက်မြန်ရောဂါအဖြစ် အစိုးရက ဖေဖော်ဝါရီ ၂၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒီဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို ကြိုတင်ကာကွယ်ဖို့နဲ့ တုံ့ပြန်ဆောင်ရွက်ခြင်းတွေကို ထိရောက်စွာဆောင်ရွက်နိုင်ဖို့ အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ လည်းဆိုပါတယ်။

ကိုယ့်အနီးပတ်ဝန်းကျင်မှာ ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦး ရောဂါသံသယရှိတယ်ဆိုရင် အာဏာပိုင်တွေကိုအသိပေးရမှာဖြစ်ပြီး ပျက်ကွက်ရင် ထောင်ခြောက်လအထိ ကျခံရနိုင်ပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption နယ်စပ်ဂိတ်တွေစစ်ဆေးမှု

မြောက်ပိုင်းအဖွဲ့တွေ တစ်ဖက်သတ် အပစ်အခတ် ရပ်ဆိုင်းကြောင်း ကြေညာထားတဲ့ ကာလအတွင်း တပ်မတော် ဘက်ကနေ ညီနောင်မဟာမိတ် သုံးဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့ကို မည်သည့် ပုံစံနှင့်မဆို ထိုးစစ်ဆင် တိုက်ခိုက်နေပါက ကိုယ့်ကိုယ် ကို ခုခံ တဲ့ အနေဖြင့် တုံ့ပြန် ကာကွယ်သွားမယ်လို့ AA၊ MNDAA၊ TNLA တို့က ပူးတွဲ ထုတ်ပြန်ချက်ကဆိုပါတယ်။

လက်ရှိမှာတော့ တပ်မတော်နှင့် အေအေ ကြား ရခိုင်ပြည်နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို၊ ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း၊ တပ်မတော်နှင့် TNLA ကြား မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေပါတယ်။
ဓာတ်ပုံ မူပိုင် AFP / GETTY IMAGES
Image caption ရခိုင် ပြည်တွင်းစစ် အတွင်း အရပ်သား ထိခိုက် သေဆုံးရမှုက နေ့စဉ် မြင့်တက်လာနေ

အခုလို အပစ်ရပ်ကြေညာချက်တွေ ထုတ်နေပေမယ့် ၊နှစ်ဖက်လုံးက မရပ်ရင် တိုက်ပွဲတွေက ထပ်ဖြစ်နေမှာဖြစ်ပြီး ဒေသခံတွေပဲ အဓိက ထိခိုက်နစ်နာနေတယ်လို့ တအာန်းအမျိုးသမီးအဖွဲ့အစည်းရဲ့ အကြံပေး လွေးပိုးငယ်က ဘီဘီစီကို ပြောပါတယ်။

မြောက်ပိုင်းသုံးဖွဲ့လို့ ခေါ်တဲ့ ကိုးကန့်အဖွဲ့ (MNDAA ) ၊ တအာန်းအဖွဲ့(TNLA) နဲ့ ရက္ခိုင့်တပ်တော် အေအေတို့ဟာ အပစ်ရပ်လက်မှတ်မထိုးရသေးဘဲ အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာပါဝင်ဖို့ ဆွေးနွေးနေတဲ့အဖွဲ့တွေဖြစ်ပါတယ်။ လက်ရှိမှာ ဒီသုံးဖွဲ့နဲ့ တပ်မတော်ဟာ စစ်ရေးတင်းမာမှုတွေလည်း ရှိနေပါတယ်။

BBC Burmese
https://www.bbc.com
ေျမာက္ပိုင္းအဖြဲ႕ေတြ တစ္ဖက္သတ္ အပစ္ရပ္သက္တမ္းတိုးတာဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကို ရင္ဆိုင္ေရးပါဝင္တယ္လို႔ေျပာ ေျမာက္ပိုင္းအဖြဲ႕ေတြ တစ္ဖက္သတ္ အပစ္ရပ္သက္တမ္းတိုးတာဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကို ရင္ဆိုင္ေရးပါဝင္တယ္လို႔ေျပာ Reviewed by THITHTOOLWIN on 19:05 Rating: 5
Powered by Blogger.