ပါကစၥတန္ ေလတပ္ တိုက္ေလယာဥ္ တစ္စင္း အစၥလာမ္မာဘတ္ၿမိဳ႕၌ ပ်က္က်မႈ ျဖစ္ပြား

ပါကစၥတန္ တိုက္ေလယာဥ္ တစ္စင္း သ႐ုပ္ျပပ်ံသန္းေနမႈအား ေဖေဖာ္ဝါရီ ၂၇ ရက္က ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
    အစၥလာမ္မာဘတ္ ၊ မတ္ ၁၁ ရက္(ဆင္ဟြာ)

    ပါကစၥတန္ ႏိုင္ငံ ၿမိဳ႕ေတာ္ အစၥလာမ္မာဘတ္၌ ပါကစၥတန္ေလတပ္မွ F-16 တိုက္ေလယာဥ္တစ္စီးသည္ မတ္ ၁၁ ရက္တြင္ ပါကစၥတန္ေန႔ စစ္ေရးျပ အခမ္းအနားမတိုင္မီ အႀကိဳေလ့က်င့္မႈ အတြင္း ပ်က္က်သြားခဲ့ေၾကာင္း ပါကစၥတန္ေလတပ္မွ Syed Ahmer Raza က ဆင္ဟြာသို႔ ေျပာၾကားခဲ့သည္

။ယင္းျဖစ္စဥ္သည္ ယေန႔ မတ္ ၁၁ ရက္ နံနက္ပိုင္း ေဒသစံေတာ္ခ်ိန္ ၁၁ နာရီဝန္းက်င္၌ ျဖစ္ပြားခဲ့ေၾကာင္း ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ၿပီး ေလယာဥ္ပ်က္က်သည့္ ေနရာသို႔ ကယ္ဆယ္ေရး အဖြဲ႕မ်ားအား ေစလႊတ္ထားေၾကာင္း ၎က ထည့္သြင္း ေျပာၾကားခဲ့သည္။ ေလယာဥ္ပ်က္က်ရသည့္အေၾကာင္းရင္းအား စုံစမ္းစစ္ေဆးရန္ ေလတပ္ဌာနခ်ဳပ္က စုံစစ္စစ္ေဆးေရး အဖြဲ႕ကို အမိန႔္ေပးထားေၾကာင္း ၎က ေျပာၾကားခဲ့သည္။

လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပ်က္က်မႈ ျဖစ္ပြားခဲ့သည့္ေနရာအား ပိတ္ထားခဲ့ေၾကာင္း ၊ ေသဆုံး/ဒဏ္ရာရမႈႏွင့္ ပတ္သတ္ၿပီး အတည္ျပဳ သတင္းထုတ္ျပန္ထားမႈ မရွိေၾကာင္း သိရသည္။မ်က္ျမင္ေတြ႕ရွိခဲ့သူ တစ္ဦး ျဖစ္သူ Muhammad Ahmed က F-16 တိုက္ေလယာဥ္သည္ အစၥလာမ္မာဘတ္ၿမိဳ႕၏ Shakarparian ဧရိယာအနီးတြင္ ပ်က္က်သြားခဲ့ၿပီးေနာက္ ေလယာဥ္သည္ ႀကီးမားေသာ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့ေၾကာင္း ဆင္ဟြာသို႔ ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
ပါကစ္စတန် လေတပ် တိုက်လေယာဉ် တစ်စင်း အစ္စလာမ်မာဘတ်မြို့၌ ပျက်ကျမှု ဖြစ်ပွား

ပါကစ္စတန် တိုက်လေယာဉ် တစ်စင်း သရုပ်ပြပျံသန်းနေမှုအား ဖေဖော်ဝါရီ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

    အစ္စလာမ်မာဘတ် ၊ မတ် ၁၁ ရက်(ဆင်ဟွာ)

    ပါကစ္စတန် နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်၌ ပါကစ္စတန်လေတပ်မှ F-16 တိုက်လေယာဉ်တစ်စီးသည် မတ် ၁၁ ရက်တွင် ပါကစ္စတန်နေ့ စစ်ရေးပြ အခမ်းအနားမတိုင်မီ အကြိုလေ့ကျင့်မှု အတွင်း ပျက်ကျသွားခဲ့ကြောင်း ပါကစ္စတန်လေတပ်မှ Syed Ahmer Raza က ဆင်ဟွာသို့ ပြောကြားခဲ့သည်

။ယင်းဖြစ်စဉ်သည် ယနေ့ မတ် ၁၁ ရက် နံနက်ပိုင်း ဒေသစံတော်ချိန် ၁၁ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပြီး လေယာဉ်ပျက်ကျသည့် နေရာသို့ ကယ်ဆယ်ရေး အဖွဲ့များအား စေလွှတ်ထားကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျရသည့်အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် လေတပ်ဌာနချုပ်က စုံစစ်စစ်ဆေးရေး အဖွဲ့ကို အမိန့်ပေးထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက ပျက်ကျမှု ဖြစ်ပွားခဲ့သည့်နေရာအား ပိတ်ထားခဲ့ကြောင်း ၊ သေဆုံး/ဒဏ်ရာရမှုနှင့် ပတ်သတ်ပြီး အတည်ပြု သတင်းထုတ်ပြန်ထားမှု မရှိကြောင်း သိရသည်။မျက်မြင်တွေ့ရှိခဲ့သူ တစ်ဦး ဖြစ်သူ Muhammad Ahmed က F-16 တိုက်လေယာဉ်သည် အစ္စလာမ်မာဘတ်မြို့၏ Shakarparian ဧရိယာအနီးတွင် ပျက်ကျသွားခဲ့ပြီးနောက် လေယာဉ်သည် ကြီးမားသော မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ပါကစၥတန္ ေလတပ္ တိုက္ေလယာဥ္ တစ္စင္း အစၥလာမ္မာဘတ္ၿမိဳ႕၌ ပ်က္က်မႈ ျဖစ္ပြား ပါကစၥတန္ ေလတပ္ တိုက္ေလယာဥ္ တစ္စင္း အစၥလာမ္မာဘတ္ၿမိဳ႕၌ ပ်က္က်မႈ ျဖစ္ပြား Reviewed by THITHTOOLWIN on 20:56 Rating: 5
Powered by Blogger.