မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္သစ္ မူရီဒင္ယာစင္ က်မ္းသစၥာက်ိန္ဆို

မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္သစ္ မူရီဒင္ယာစင္ အားေတြ႕ရစဥ္(ဆင္ဟြာ)
 (Zawgyi)⤵⤵⤵
ကြာလာလမ္ပူ ၊ မတ္ ၁ ရက္(ဆင္ဟြာ)

မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္သစ္အျဖစ္ ယခင္ဒုတိယဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္သည့္ မူရီဒင္ယာစင္ (Muhyiddin Yassin)က ယေန႔မတ္ ၁ ရက္တြင္ က်မ္းသစၥာက်ိန္ဆိုခဲ့ေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရွိခဲ့ၿပီးေနာက္ ထိုစဥ္မွစတင္ကာ ဝန္ႀကီးခ်ဳပ္ တာဝန္ထမ္းေဆာင္ခဲ့သည့္ အသက္ ၉၄ ႏွစ္အ႐ြယ္ မဟာသီယာမိုဟာမက္သည္ ဝန္ႀကီးခ်ဳပ္အျဖစ္မွ ႐ုတ္တရက္ ရာထူးမွႏုတ္ထြက္သြားၿပီးေနာက္တြင္ မူရီဒင္သည္ မေလးရွားႏိုင္ငံ၏ ဝန္ႀကီးခ်ဳပ္သစ္အျဖစ္ ခန႔္အပ္ခံခဲ့ရျခင္းျဖစ္သည္။

မေလးရွားဘုရင့္နန္းေတာ္၌ က်င္းပသည့္ က်မ္းက်ိန္ပြဲတြင္ မေလး႐ိုးရာဝတ္စုံကို ဝတ္ဆင္ထားေသာ မူရီဒင္က မေလးရွားဘုရင္မင္းျမတ္ ဆူလ္တန္အဗ္ဒူလာဆူလ္တန္အာမက္ရွဒ္ေရွ႕ေတာ္ေမွာက္တြင္ ႏိုင္ငံႏွင့္လူမ်ိဳး အက်ိဳးကိုသယ္ပိုးထမ္း႐ြက္သြားမည္ဟု ကတိသစၥာျပဳခဲ့ေၾကာင္းကို ႐ုပ္သံသတင္းက တိုက္႐ိုက္ထုတ္လႊင့္ျပသခဲ့သည္။

အဆိုပါက်မ္းသစၥာက်ိန္ဆိုပြဲသို႔ မူရီဒင္၏ ႏိုင္ငံေရးမဟာမိတ္မ်ား တက္ေရာက္ခဲ့ေၾကာင္း သိရသည္။ အသက္ ၇၂ ႏွစ္အ႐ြယ္ရွိ မူရီဒင္သည္ ၂၀၀၉ ခုႏွစ္မွ ၂၀၁၅ ခုႏွစ္အထိ ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္လက္ေအာက္တြင္ ဒုတိယဝန္ႀကီးခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူျဖစ္သည္။ ၎သည္ေနာက္ပိုင္းတြင္ မဟာသီယာႏွင့္အတူ မေလးရွား(PPBM) ပါတီကို ပူးတြဲတည္ေထာင္ခဲ့ၿပီး ယင္းပါတီတြင္ ဥကၠ႒ ႏွင့္ ၂၀၁၈ အေထြေထြေ႐ြးေကာက္ပြဲတြင္ အႏိုင္ရရန္ ပါကတန္ဟာရာပန္(PH) ပါတီ ႏွင့္ ၫြန႔္ေပါင္းမဟာမိတ္ဖြဲ႕ခဲ့ေၾကာင္း သိရသည္။

၎သည္ ဝန္ႀကီးခ်ဳပ္မဟာသီယာဦးေဆာင္ေသာအစိုးရအဖြဲ႕တြင္ ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
---------------
(Unicode)⤵⤵⤵
မလေးရှားနိုင်ငံဝန်ကြီးချုပ်သစ် မူရီဒင်ယာစင် ကျမ်းသစ္စာကျိန်ဆို

မလေးရှားနိုင်ငံဝန်ကြီးချုပ်သစ် မူရီဒင်ယာစင် အားတွေ့ရစဉ်(ဆင်ဟွာ)
ကွာလာလမ်ပူ ၊ မတ် ၁ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံဝန်ကြီးချုပ်သစ်အဖြစ် ယခင်ဒုတိယဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်သည့် မူရီဒင်ယာစင် (Muhyiddin Yassin)က ယနေ့မတ် ၁ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် ထိုစဉ်မှစတင်ကာ ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၉၄ နှစ်အရွယ် မဟာသီယာမိုဟာမက်သည် ဝန်ကြီးချုပ်အဖြစ်မှ ရုတ်တရက် ရာထူးမှနုတ်ထွက်သွားပြီးနောက်တွင် မူရီဒင်သည် မလေးရှားနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။

မလေးရှားဘုရင့်နန်းတော်၌ ကျင်းပသည့် ကျမ်းကျိန်ပွဲတွင် မလေးရိုးရာဝတ်စုံကို ဝတ်ဆင်ထားသော မူရီဒင်က မလေးရှားဘုရင်မင်းမြတ် ဆူလ်တန်အဗ်ဒူလာဆူလ်တန်အာမက်ရှဒ်ရှေ့တော်မှောက်တွင် နိုင်ငံနှင့်လူမျိုး အကျိုးကိုသယ်ပိုးထမ်းရွက်သွားမည်ဟု ကတိသစ္စာပြုခဲ့ကြောင်းကို ရုပ်သံသတင်းက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

အဆိုပါကျမ်းသစ္စာကျိန်ဆိုပွဲသို့ မူရီဒင်၏ နိုင်ငံရေးမဟာမိတ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ အသက် ၇၂ နှစ်အရွယ်ရှိ မူရီဒင်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ဝန်ကြီးချုပ်ဟောင်း နာဂျစ်လက်အောက်တွင် ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည်နောက်ပိုင်းတွင် မဟာသီယာနှင့်အတူ မလေးရှား(PPBM) ပါတီကို ပူးတွဲတည်ထောင်ခဲ့ပြီး ယင်းပါတီတွင် ဥက္ကဋ္ဌ နှင့် ၂၀၁၈ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရန် ပါကတန်ဟာရာပန်(PH) ပါတီ နှင့် ညွန့်ပေါင်းမဟာမိတ်ဖွဲ့ခဲ့ကြောင်း သိရသည်။

၎င်းသည် ဝန်ကြီးချုပ်မဟာသီယာဦးဆောင်သောအစိုးရအဖွဲ့တွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္သစ္ မူရီဒင္ယာစင္ က်မ္းသစၥာက်ိန္ဆို မေလးရွားႏိုင္ငံဝန္ႀကီးခ်ဳပ္သစ္ မူရီဒင္ယာစင္ က်မ္းသစၥာက်ိန္ဆို Reviewed by THITHTOOLWIN on 18:31 Rating: 5
Powered by Blogger.