အေမရိကန္ ႏွင့္ ၫြန႔္ေပါင္းတပ္ဖြဲ႕ဝင္မ်ား ၁၄ လအတြင္း အာဖဂန္မွ ထြက္ခြာရန္ ပူးတြဲေၾကညာခ်က္ထုတ္ျပန္

အာဖဂန္နစၥတန္ႏိုင္ငံသမၼတ မိုဟာမက္အက္စ္ရက္ပ္ဂါနီ မိန႔္ခြန္းေျပာၾကားေနစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
ကဘူးလ္ ၊ မတ္ ၁ ရက္(ဆင္ဟြာ)

လာမည့္ ၁၄ လအတြင္း အေမရိကန္ ႏွင့္ ၫြန႔္ေပါင္းတပ္ဖြဲ႕ဝင္မ်ားအေနျဖင့္ အာဖဂန္နစၥတန္ႏိုင္ငံမွ ထြက္ခြာသြားေရး အေျခခံထားသည့္ သေဘာတူညီခ်က္တစ္ခုကို အာဖဂန္နစၥတန္ႏိုင္ငံ ႏွင့္ အေမရိကန္ႏိုင္ငံတို႔အၾကား သေဘာတူညီမႈရရွိခဲ့ေၾကာင္း အာဖဂန္သမၼတ မိုဟာမက္အက္စ္ရက္ပ္ဂါနီ(Mohammad Ashraf Ghani) က ေဖေဖာ္ဝါရီ ၂၉ ရက္တြင္ ထုတ္ေဖာ္ေျပာၾကားခဲ့သည္။

“ ဒီေန႔မွာ အေမရိကန္နဲ႔အာဖဂန္ ႏိုင္ငံတို႔ ပူးတြဲေၾကညာခ်က္တစ္ေစာင္ကို ထုတ္ျပန္ပါတယ္။ ဒီေၾကညာခ်က္အေပၚအေျခခံၿပီး အာဖဂန္ျပည္သူအားလုံးအတြက္ ေသခ်ာမယ့္ ေရရွည္ၿငိမ္းခ်မ္းေရးတစ္ခု ျဖစ္လာမွာပါ” ဟု အာဖဂန္နစၥတန္ႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ေနတိုးၫြန႔္ေပါင္းတပ္ဖြဲ႕ အေထြေထြအတြင္းေရးမႉးခ်ဳပ္ Jens Stoltenberg ႏွင့္ အေမရိကန္ႏိုင္ငံကာကြယ္ေရးဝန္ႀကီးဌာန ဝန္ႀကီး Mark Esper တို႔ႏွင့္အတူ ပူးတြဲျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ ဂါနီက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အာဖဂန္နစၥတန္ႏိုင္ငံသမၼတ မိုဟာမက္အက္စ္ရက္ပ္ဂါနီ မိန႔္ခြန္းေျပာၾကားေနစဥ္(ဆင္ဟြာ)
ကာတာႏိုင္ငံ ဒိုဟာၿမိဳ႕၌ ေဖေဖာ္ဝါရီ ၂၉ ရက္တြင္ အေမရိကန္ ႏွင့္ တာလီဘန္ တို႔အၾကား ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္တစ္ခုကို လက္မွတ္ေရးထိုးခဲ့ၿပီးေနာက္ ဂါနီက အထက္ပါအတိုင္း မွတ္ခ်က္ျပဳခဲ့ျခင္းျဖစ္သည္။

“ ပထမဆုံးအႀကိမ္ပါပဲ ။ ႏိုင္ငံျခားတပ္ဖြဲ႕ဝင္ေတြအားလုံး ႐ုပ္သိမ္းသြားဖို႔ ကြၽန္ေတာ္က ဦးေဆာင္ဦး႐ြက္ လုပ္ခဲ့တာပါ ” ဟု ပူးတြဲေၾကညာခ်က္ထုတ္ျပန္ၿပီးေနာက္ ဂါနီက ဆိုသည္။

အဆိုပါေၾကညာခ်က္အရ သေဘာတူလက္မွတ္ေရးထိုးသည့္ေန႔မွစတင္၍ ရက္ေပါင္း ၁၃၅ ရက္အတြင္း လက္ရွိ အာဖဂန္နစၥတန္ႏိုင္ငံသို႔ ေရာက္ရွိေနေသာ အေမရိကန္တပ္ဖြဲ႕ဝင္ ၁၂,၀၀၀ -၁၃,၀၀၀ အၾကား ယင္းတို႔အနက္မွ ၈,၆၀၀ ဦး ႐ုပ္သိမ္းသြားရမည္ျဖစ္သည္။

အေမရိကန္ - တာလီဘန္ သေဘာတူညီခ်က္ ႏွင့္ ပူးတြဲေၾကညာခ်က္အရ က်န္ရွိေနေသာ အေမရိကန္ ႏွင့္ ၫြန႔္ေပါင္းတပ္ဖြဲ႕ဝင္မ်ားအားလုံးသည္ ၁၄ လတာကာလအတြင္း အာဖဂန္နစၥတန္ႏိုင္ငံမွ အၿပီးအျပတ္ ထြက္ခြာေပးသြားရမည္ဟု ဆိုသည္။

အေမရိကန္-တာလီဘန္ သေဘာတူညီခ်က္တြင္  အာဖဂန္အစိုးရႏွင့္တာလီဘန္တို႔အၾကား စတင္ေဆြးေႏြးမႈ intra-Afghan negotiations အစီအစဥ္မ်ားလည္း ပါဝင္ေၾကာင္း သိရသည္။

အာဖဂန္နစၥတန္ႏိုင္ငံက ကုလသမဂၢလုံၿခဳံေရးေကာင္စီ အေနျဖင့္ တာလီဘန္အဖြဲ႕ဝင္မ်ား အေပၚ ဒဏ္ခတ္ပိတ္ဆို႔မႈမ်ား ခ်ထားျခင္းကို ပယ္ဖ်က္ေပးရန္ သံတမန္နည္းလမ္းမ်ားအရ စတင္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
အမေရိကန် နှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များ ၁၄ လအတွင်း အာဖဂန်မှ ထွက်ခွာရန် ပူးတွဲကြေညာချက်ထုတ်ပြန်

အာဖဂန်နစ္စတန်နိုင်ငံသမ္မတ မိုဟာမက်အက်စ်ရက်ပ်ဂါနီ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)
    ကဘူးလ် ၊ မတ် ၁ ရက်(ဆင်ဟွာ)

    လာမည့် ၁၄ လအတွင်း အမေရိကန် နှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များအနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံမှ ထွက်ခွာသွားရေး အခြေခံထားသည့် သဘောတူညီချက်တစ်ခုကို အာဖဂန်နစ္စတန်နိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အကြား သဘောတူညီမှုရရှိခဲ့ကြောင်း အာဖဂန်သမ္မတ မိုဟာမက်အက်စ်ရက်ပ်ဂါနီ(Mohammad Ashraf Ghani) က ဖေဖော်ဝါရီ ၂၉ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

“ ဒီနေ့မှာ အမေရိကန်နဲ့အာဖဂန် နိုင်ငံတို့ ပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ပါတယ်။ ဒီကြေညာချက်အပေါ်အခြေခံပြီး အာဖဂန်ပြည်သူအားလုံးအတွက် သေချာမယ့် ရေရှည်ငြိမ်းချမ်းရေးတစ်ခု ဖြစ်လာမှာပါ” ဟု အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိနေသည့် နေတိုးညွန့်ပေါင်းတပ်ဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Jens Stoltenberg နှင့် အမေရိကန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mark Esper တို့နှင့်အတူ ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဂါနီက ပြောကြားခဲ့ခြင်းဖြစ်သည်။

အာဖဂန်နစ္စတန်နိုင်ငံသမ္မတ မိုဟာမက်အက်စ်ရက်ပ်ဂါနီ မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ကာတာနိုင်ငံ ဒိုဟာမြို့၌ ဖေဖော်ဝါရီ ၂၉ ရက်တွင် အမေရိကန် နှင့် တာလီဘန် တို့အကြား ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဂါနီက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“ ပထမဆုံးအကြိမ်ပါပဲ ။ နိုင်ငံခြားတပ်ဖွဲ့ဝင်တွေအားလုံး ရုပ်သိမ်းသွားဖို့ ကျွန်တော်က ဦးဆောင်ဦးရွက် လုပ်ခဲ့တာပါ ” ဟု ပူးတွဲကြေညာချက်ထုတ်ပြန်ပြီးနောက် ဂါနီက ဆိုသည်။

အဆိုပါကြေညာချက်အရ သဘောတူလက်မှတ်ရေးထိုးသည့်နေ့မှစတင်၍ ရက်ပေါင်း ၁၃၅ ရက်အတွင်း လက်ရှိ အာဖဂန်နစ္စတန်နိုင်ငံသို့ ရောက်ရှိနေသော အမေရိကန်တပ်ဖွဲ့ဝင် ၁၂,၀၀၀ -၁၃,၀၀၀ အကြား ယင်းတို့အနက်မှ ၈,၆၀၀ ဦး ရုပ်သိမ်းသွားရမည်ဖြစ်သည်။

အမေရိကန် - တာလီဘန် သဘောတူညီချက် နှင့် ပူးတွဲကြေညာချက်အရ ကျန်ရှိနေသော အမေရိကန် နှင့် ညွန့်ပေါင်းတပ်ဖွဲ့ဝင်များအားလုံးသည် ၁၄ လတာကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံမှ အပြီးအပြတ် ထွက်ခွာပေးသွားရမည်ဟု ဆိုသည်။

အမေရိကန်-တာလီဘန် သဘောတူညီချက်တွင်  အာဖဂန်အစိုးရနှင့်တာလီဘန်တို့အကြား စတင်ဆွေးနွေးမှု intra-Afghan negotiations အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီ အနေဖြင့် တာလီဘန်အဖွဲ့ဝင်များ အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချထားခြင်းကို ပယ်ဖျက်ပေးရန် သံတမန်နည်းလမ်းများအရ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
အေမရိကန္ ႏွင့္ ၫြန႔္ေပါင္းတပ္ဖြဲ႕ဝင္မ်ား ၁၄ လအတြင္း အာဖဂန္မွ ထြက္ခြာရန္ ပူးတြဲေၾကညာခ်က္ထုတ္ျပန္ အေမရိကန္ ႏွင့္ ၫြန႔္ေပါင္းတပ္ဖြဲ႕ဝင္မ်ား ၁၄ လအတြင္း အာဖဂန္မွ ထြက္ခြာရန္ ပူးတြဲေၾကညာခ်က္ထုတ္ျပန္ Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.