ရိကၡာလိုေနတဲ့ ပလက္ဝေဒသကို ဆန္တင္ပို႔ေရး AA ဟန႔္တားခဲ့

(Zawgyi)⤵⤵⤵

ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ကို ေပးပို႔တဲ့ ဆန္ရိကၡာေတြကို ရကၡိဳင့္တပ္ေတာ္ AA က ၾကားျဖတ္ယူလိုက္တဲ့ အတြက္ ပို႔ေဆာင္ေရးအခက္အခဲေတြျဖစ္ေနၿပီး ေဒသမွာ ဆန္ေဈးက ႏွစ္ဆ ျမင့္တက္သြားတယ္လို႔ သိရပါတယ္။

ပလက္ဝၿမိဳ႕နယ္ကိုပို႔တဲ့ ဆန္အိတ္ ၁၂၀ တင္ေဆာင္လာတဲ့ကားကို ရကၡိဳင့္တပ္ေတာ္အဖြဲ႕က မေန႔က ဖမ္းဆီးလိုက္ၿပီး ဆန္ရိကၡာေတြကို သိမ္းယူခဲ့တယ္လို႔ ေဒသခံ လူမႈေရးအဖြဲ႕အစည္းေတြက ေျပာပါတယ္။

ဒါေပမဲ့ သတင္းမီဒီယာေတြကေန ေဝဖန္ရႈတ္ခ်မႈေတြ ထြက္ေပၚလာအၿပီး ညေနပိုင္းမွာ ဆန္အိတ္အမ်ားစုကို ျပန္ေပးခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အိတ္ ၂၀ ကို တစ္အိတ္ သုံးေသာင္းခြဲႏႈန္းနဲ႔ ေငြေခ်လိုက္ၿပီး က်န္တဲ့ ဆန္အိတ္ ၁၀၀ ကို ျပန္ေပးတယ္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ား ေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ ဥကၠ႒ ဦးေက်ာ္ၿငိမ္းက  ေျပာပါတယ္။

“ဆမီးကေနပို႔တယ္ အရင္ျဖစ္တဲ့ ေနရာ ၁၁၉ မိုင္ ၁၂၀ ၾကားမွာ ဆန္အိတ္အားလုံးယူသြားတယ္၊ ခ်က္ခ်င္း သိေတာ့ မီဒီယာေတြကိုေျပာေတာ့ အိတ္ ၁၀၀ ျပန္ေပးတယ္၊ ၂၀ သူတို႔ ယူသြားတယ္၊ တစ္အိတ္ကို သုံးေသာင္းငါးေထာင္ႏႈန္းနဲ႔ ေပးတယ္”

ဆမီးၿမိဳ႕ကေန ပလက္ဝၿမိဳ႕ကို ဆန္သယ္ယူႏိုင္ေရးအတြက္ ခ်င္းျပည္နယ္က အရပ္ဖက္အဖြဲ႕ေတြ အားလုံးပူးေပါင္း ၿပီး ေဆာင္႐ြက္ေနၾကတာျဖစ္ၿပီး ပထမဆုံးအႀကိမ္အျဖစ္ ဆန္အိတ္ ၁၂၀ တင္ပို႔ရာမွာ အခုလို ၾကားျဖတ္သိမ္းယူ ခံရတာျဖစ္တယ္လို႔ ဆိုပါတယ္။

ပလက္ဝကို ဆန္အိတ္ေတြ အလုံးအရင္နဲ႔တင္ပို႔ရင္ AA အဖြဲ႕ကို၊ တပ္ကို ေထာက္ပံ့တဲ့ရိကၡာဆိုၿပီး ၾကားျဖတ္သိမ္း ယူတာလို႔ ေဒသခံေတြက ေျပာပါတယ္။

AA ေျပာခြင့္ရသူ ခိုင္သုခကေတာ့ ဆန္အိတ္ေတြကို စစ္ေဆးခဲ့တာပဲရွိတယ္လို႔ ျငင္းဆိုပါတယ္။

“မေန႔က ရကၡိဳင့္တပ္ေတာ္ကဘက္က ဆန္သယ္လာတဲ့ကားကို စစ္ေဆးတာပဲရွိတယ္၊ အဲဒါကို မီဒီယာကေန ေလွ်ာက္ဖြတယ္၊ AA ကသိမ္းသြားတယ္ ဓါးျပတိုက္သြားတယ္ဆိုၿပီး ဒီလုပ္ရပ္မ်ိဳးဟာ ဘယ္သူ႔ဘယ္သူမွ အက်ိဳးမျပဳဘူး၊ အဲဒီလုပ္ရပ္ေတြ ရပ္တန္းက ရပ္ဖို႔လိုတယ္”

ဒီလိုဆန္အိတ္ေတြ သိမ္းယူသြားၿပီးတဲ့ေနာက္ ပလက္ဝၿမိဳ႕မွာ ဆန္ေတြ ဝယ္မရေလာက္ေအာင္ ေဈးတက္သြား တယ္လို႔ ခူမီးခ်င္းမ်ိဳးႏြယ္စုမ်ား ေပါင္းစပ္ညႇိႏႈိင္းေရးေကာ္မတီ ဦးေက်ာ္ၿငိမ္းက ေျပာပါတယ္။

ပလက္ဝကို ဆန္သယ္ယူရတဲ့လမ္းေၾကာင္း ခက္ခဲေနတဲ့အတြက္ ေဒသမွာ ဆန္ၾကမ္းတစ္အိတ္ကို ခုႏွစ္ေသာင္း ေပါက္ေဈးရွိေနတာေတာင္ လိုသေလာက္ ဝယ္မရဘူးလို႔ ပလက္ဝၿမိဳ႕နယ္ မီးဇာေက်း႐ြာ အုပ္ခ်ဳပ္ေရးမႈး ဦးမိုဘိုင္းက ေျပာပါတယ္။

“ဆန္တစ္အိတ္ကို ၇ ေသာင္း ရွင္းလက္ဝမွာ ၆ ေသာင္း တစ္ခါတစ္ေလ သတင္းၾကားမွသြားဝယ္ရတယ္။ အုပ္ခ်ဳပ္ေရးမႈးက ေထာက္ခံေပးမွ သြားဝယ္ရတယ္”

အစိုးရနဲ႔ ပရဟိတလူမႈကူညီေရးအသင္းေတြက ေပးပို႔လႉဒါန္းတဲ့ ဆန္အိတ္ ၃၀၀၀ ေလာက္ဟာ ဆမီးၿမိဳ႕ကို ေရာက္ရွိေနပါတယ္။ ပလက္ဝၿမိဳ႕ကို ဆန္ပို႔ဖို႔ ကားနဲ႔ သယ္လို႔မရတဲ့အတြက္ ဆမီးကေန ပလက္ဝကို  ဆိုင္ကယ္တစ္စီး ႏွစ္အိတ္ႏႈန္းနဲ႔ သယ္ေနၾကတယ္လို႔ ခ်င္းျပည္နယ္ လႊတ္ေတာ္ ဥကၠ႒ ဦးဇိုဘြဲက ေျပာပါတယ္။

“AA တို႔က အလုံးလိုက္ကားနဲ႔သယ္ရင္ တပ္ကိုေထာက္ပံ့တာ အားလုံးဖမ္းတယ္လို႔ ေျပာထားတယ္။ ဆမီးမွာ ဆန္အိတ္ ေထာင္နဲ႔ခ်ီေရာက္ေနၿပီ။ ပလက္ဝကို ဆိုင္ကယ္တဲ့ ႏွစ္အိတ္ အဲလိုသယ္ေနၾကတယ္။ ဆမီးကေန ပလက္ဝကို မိုင္ ၃၀ ေလာက္ေဝးတယ္၊ အဲဒါကို ဆန္တစ္အိတ္ တစ္ေသာင္းခြဲနဲ႔ ႏွစ္အိတ္သယ္ရင္ သုံးေသာင္းခြဲ အဲလို ကယ္ရီနဲ႔ ပို႔ၾကတာ”

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေက်ာက္ေတာ္ၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ ကုလားတန္ ျမစ္ေၾကာင္း တေလွ်ာက္မွာ ျဖစ္ပြားေနတဲ့ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔တိုက္ပြဲေတြေၾကာင့္ ပလက္ဝၿမိဳ႕နယ္မွာ ဆန္ရိကၡာျပတ္လပ္ေနတာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလကတည္းက ျဖစ္ပါတယ္။

ပလက္ဝၿမိဳ႕ေပၚရပ္ကြက္ေတြမွာ လူဦးေရ ၈၀၀၀ ဝန္းက်င္ ေနထိုင္ပါတယ္။ တစ္ၿမိဳ႕နယ္လုံးမွာဆိုရင္ လူဦးေရ တစ္သိန္းေလာက္ရွိတာပါ။ တိုက္ပြဲေတြနဲ႔ ဆန္ရိကၡာျပတ္လပ္မႈေတြေၾကာင့္ ေဒသခံေတြဟာ နီးစပ္ရာ ဆမီးၿမိဳ႕ကို ထြက္ေျပးတိမ္းေရွာင္ေနၾကရပါတယ္။

RFA Burmese
https://www.rfa.org/burmese/news/paletwa-refugees-03302020072027.html
------------
(Unicode)⤵⤵⤵
ရိက္ခာလိုနေတဲ့ ပလက်ဝဒေသကို ဆန်တင်ပို့ရေး AA ဟန့်တားခဲ့

ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ပေးပို့တဲ့ ဆန်ရိက္ခာတွေကို ရက္ခိုင့်တပ်တော် AA က ကြားဖြတ်ယူလိုက်တဲ့ အတွက် ပို့ဆောင်ရေးအခက်အခဲတွေဖြစ်နေပြီး ဒေသမှာ ဆန်ဈေးက နှစ်ဆ မြင့်တက်သွားတယ်လို့ သိရပါတယ်။

ပလက်ဝမြို့နယ်ကိုပို့တဲ့ ဆန်အိတ် ၁၂၀ တင်ဆောင်လာတဲ့ကားကို ရက္ခိုင့်တပ်တော်အဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပြီး ဆန်ရိက္ခာတွေကို သိမ်းယူခဲ့တယ်လို့ ဒေသခံ လူမှုရေးအဖွဲ့အစည်းတွေက ပြောပါတယ်။

ဒါပေမဲ့ သတင်းမီဒီယာတွေကနေ ဝေဖန်ရှုတ်ချမှုတွေ ထွက်ပေါ်လာအပြီး ညနေပိုင်းမှာ ဆန်အိတ်အများစုကို ပြန်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အိတ် ၂၀ ကို တစ်အိတ် သုံးသောင်းခွဲနှုန်းနဲ့ ငွေချေလိုက်ပြီး ကျန်တဲ့ ဆန်အိတ် ၁၀၀ ကို ပြန်ပေးတယ်လို့ ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက  ပြောပါတယ်။

“ဆမီးကနေပို့တယ် အရင်ဖြစ်တဲ့ နေရာ ၁၁၉ မိုင် ၁၂၀ ကြားမှာ ဆန်အိတ်အားလုံးယူသွားတယ်၊ ချက်ချင်း သိတော့ မီဒီယာတွေကိုပြောတော့ အိတ် ၁၀၀ ပြန်ပေးတယ်၊ ၂၀ သူတို့ ယူသွားတယ်၊ တစ်အိတ်ကို သုံးသောင်းငါးထောင်နှုန်းနဲ့ ပေးတယ်”

ဆမီးမြို့ကနေ ပလက်ဝမြို့ကို ဆန်သယ်ယူနိုင်ရေးအတွက် ချင်းပြည်နယ်က အရပ်ဖက်အဖွဲ့တွေ အားလုံးပူးပေါင်း ပြီး ဆောင်ရွက်နေကြတာဖြစ်ပြီး ပထမဆုံးအကြိမ်အဖြစ် ဆန်အိတ် ၁၂၀ တင်ပို့ရာမှာ အခုလို ကြားဖြတ်သိမ်းယူ ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပလက်ဝကို ဆန်အိတ်တွေ အလုံးအရင်နဲ့တင်ပို့ရင် AA အဖွဲ့ကို၊ တပ်ကို ထောက်ပံ့တဲ့ရိက္ခာဆိုပြီး ကြားဖြတ်သိမ်း ယူတာလို့ ဒေသခံတွေက ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့ ဆန်အိတ်တွေကို စစ်ဆေးခဲ့တာပဲရှိတယ်လို့ ငြင်းဆိုပါတယ်။

“မနေ့က ရက္ခိုင့်တပ်တော်ကဘက်က ဆန်သယ်လာတဲ့ကားကို စစ်ဆေးတာပဲရှိတယ်၊ အဲဒါကို မီဒီယာကနေ လျှောက်ဖွတယ်၊ AA ကသိမ်းသွားတယ် ဓါးပြတိုက်သွားတယ်ဆိုပြီး ဒီလုပ်ရပ်မျိုးဟာ ဘယ်သူ့ဘယ်သူမှ အကျိုးမပြုဘူး၊ အဲဒီလုပ်ရပ်တွေ ရပ်တန်းက ရပ်ဖို့လိုတယ်”

ဒီလိုဆန်အိတ်တွေ သိမ်းယူသွားပြီးတဲ့နောက် ပလက်ဝမြို့မှာ ဆန်တွေ ဝယ်မရလောက်အောင် ဈေးတက်သွား တယ်လို့ ခူမီးချင်းမျိုးနွယ်စုများ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဦးကျော်ငြိမ်းက ပြောပါတယ်။

ပလက်ဝကို ဆန်သယ်ယူရတဲ့လမ်းကြောင်း ခက်ခဲနေတဲ့အတွက် ဒေသမှာ ဆန်ကြမ်းတစ်အိတ်ကို ခုနှစ်သောင်း ပေါက်ဈေးရှိနေတာတောင် လိုသလောက် ဝယ်မရဘူးလို့ ပလက်ဝမြို့နယ် မီးဇာကျေးရွာ အုပ်ချုပ်ရေးမှုး ဦးမိုဘိုင်းက ပြောပါတယ်။

“ဆန်တစ်အိတ်ကို ၇ သောင်း ရှင်းလက်ဝမှာ ၆ သောင်း တစ်ခါတစ်လေ သတင်းကြားမှသွားဝယ်ရတယ်။ အုပ်ချုပ်ရေးမှုးက ထောက်ခံပေးမှ သွားဝယ်ရတယ်”

အစိုးရနဲ့ ပရဟိတလူမှုကူညီရေးအသင်းတွေက ပေးပို့လှူဒါန်းတဲ့ ဆန်အိတ် ၃၀၀၀ လောက်ဟာ ဆမီးမြို့ကို ရောက်ရှိနေပါတယ်။ ပလက်ဝမြို့ကို ဆန်ပို့ဖို့ ကားနဲ့ သယ်လို့မရတဲ့အတွက် ဆမီးကနေ ပလက်ဝကို  ဆိုင်ကယ်တစ်စီး နှစ်အိတ်နှုန်းနဲ့ သယ်နေကြတယ်လို့ ချင်းပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးဇိုဘွဲက ပြောပါတယ်။

“AA တို့က အလုံးလိုက်ကားနဲ့သယ်ရင် တပ်ကိုထောက်ပံ့တာ အားလုံးဖမ်းတယ်လို့ ပြောထားတယ်။ ဆမီးမှာ ဆန်အိတ် ထောင်နဲ့ချီရောက်နေပြီ။ ပလက်ဝကို ဆိုင်ကယ်တဲ့ နှစ်အိတ် အဲလိုသယ်နေကြတယ်။ ဆမီးကနေ ပလက်ဝကို မိုင် ၃၀ လောက်ဝေးတယ်၊ အဲဒါကို ဆန်တစ်အိတ် တစ်သောင်းခွဲနဲ့ နှစ်အိတ်သယ်ရင် သုံးသောင်းခွဲ အဲလို ကယ်ရီနဲ့ ပို့ကြတာ”

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် ကုလားတန် မြစ်ကြောင်း တလျှောက်မှာ ဖြစ်ပွားနေတဲ့ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့တိုက်ပွဲတွေကြောင့် ပလက်ဝမြို့နယ်မှာ ဆန်ရိက္ခာပြတ်လပ်နေတာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဖြစ်ပါတယ်။

ပလက်ဝမြို့ပေါ်ရပ်ကွက်တွေမှာ လူဦးရေ ၈၀၀၀ ဝန်းကျင် နေထိုင်ပါတယ်။ တစ်မြို့နယ်လုံးမှာဆိုရင် လူဦးရေ တစ်သိန်းလောက်ရှိတာပါ။ တိုက်ပွဲတွေနဲ့ ဆန်ရိက္ခာပြတ်လပ်မှုတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာ ဆမီးမြို့ကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

RFA Burmese
https://www.rfa.org/burmese/news/paletwa-refugees-03302020072027.html
ရိကၡာလိုေနတဲ့ ပလက္ဝေဒသကို ဆန္တင္ပို႔ေရး AA ဟန႔္တားခဲ့ ရိကၡာလိုေနတဲ့ ပလက္ဝေဒသကို ဆန္တင္ပို႔ေရး AA ဟန႔္တားခဲ့ Reviewed by THITHTOOLWIN on 01:20 Rating: 5
Powered by Blogger.