မီးဝတိုက္ပြဲမွာ အရပ္သားေတြကို လူသားဒိုင္းအျဖစ္ AA အသုံးျပဳတယ္လို႔ တပ္စြပ္စြဲ

(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA ဟာ “Arakan Dream-2020” “ရခိုင္အိပ္မက္-၂၀၂၀” စီမံကိန္းကို အေကာင္အထည္ေဖာ္ဖို႔ အတြက္၊ ၂၀၁၈-ခုႏွစ္ကစလို႔ အၾကမ္းဖက္လုပ္ရပ္ေတြကို အဆက္မျပတ္ က်ဴးလြန္ေနၿပီး၊ မီးဝတိုက္ပြဲမွာ ေဒသခံအရပ္သားေတြကို လူသားဒိုင္းအျဖစ္ အသုံးျပဳခဲ့တယ္လို႔ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ေျပာပါတယ္။

ဒီကေန႔ မတ္လ ၂၂ ရက္ ေနျပည္ေတာ္ စစ္သမိုင္းျပတိုက္မွာ ျပဳလုပ္တဲ့သတင္းစာရွင္းပြဲမွာ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီ က အဲဒီလို စြပ္စြဲေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

"အရပ္သားေတြကို အသုံးျပဳၿပီးေတာ့မွ ဟုတ္လား၊ ဝိုင္းဝန္းၿပီးဖမ္းဆီးဖို႔ ႀကိဳးစားတာတို႔ စတဲ့ နည္းလမ္းေတြကို လူမဆန္တဲ့ နည္းလမ္းေတြေပါ့။ ဒီဟာေတြက ဥပေဒအရဆိုရင္ လူသားဒိုင္းအျဖစ္ အသုံးျပဳၿပီးေတာ့မွ ေဆာင္႐ြက္တာျဖစ္ပါတယ္။ အဲလိုေဆာင္႐ြက္တဲ့အခ်ိန္မွာ က်ေနာ္တို႔က ဘာျဖစ္လို႔ ရက္ေတြ ဒီေလာက္ ၾကန႔္ၾကာတာလဲလို႔ ေျပာလို႔ရွိရင္ ဒါေတြကို တြက္ဆၿပီးေတာ့ ခ်ိန္ဆၿပီးေတာ့မွ ေဆာင္႐ြက္ေနရတဲ့ အေနအထားမ်ိဳး ျဖစ္ပါတယ္။ ဒါကိုလည္း အားလုံးသိေအာင္ ဒီေနရာမွာ တင္ျပလိုပါတယ္။"

AA အဖြဲ႕ဟာ “Arakan Dream-2020”ကို ေဆာင္႐ြက္ဖို႔အတြက္၊ ၂၀၁၈ မွာ ရဲစခန္းေတြကို ဝင္တိုက္ခဲ့ၿပီး၊ ၂၀၁၉ မွာ ေျမာက္ဦးၿမိဳ႕က အိမ္ေထာင္သည္ လိုင္းခန္းထဲထိ ဝင္ေရာက္တိုက္ခိုက္ခဲ့တယ္လို႔ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ေျပာပါတယ္။

ေနာက္ပိုင္းမွာေတာ့ “အရပ္သားေတြေနထိုင္တဲ့ ရပ္႐ြာနဲ႔ ဘာသာေရးစခန္းေတြကို အကာအကြယ္ယူၿပီး တိုက္ခိုက္ခဲ့တယ္၊ တပ္မေတာ္ဘက္က ျပန္ပစ္တဲ့အခါ သာသနိကအေဆာက္အဦးေတြကို တပ္မေတာ္က တိုက္ခိုက္ သေယာင္ေယာင္၊ AA ဘက္က သတင္းထုတ္လႊင့္ခဲ့တယ္” လို႔လည္း ဗိုလ္ခ်ဳပ္-ထြန္းထြန္းညီက စြပ္စြဲသြားပါတယ္။

မီးဝေဒသဟာ အထက္ဘက္မွာ ခ်င္းျပည္နယ္ ပလက္ဝ အထိ၊ ေအာက္ဘက္မွာ ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ အထိ ေရလမ္းကေန သြားလို႔ရတာေၾကာင့္ အဲဒီေဒသကို ေအေအအဖြဲ႕က ေျခကုပ္ယူၿပီး အမာခံနယ္ေျမအျဖစ္ သုံးခ်င္ေနတယ္လို႔လည္း ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ဆိုပါတယ္။

ဒါ့ေၾကာင့္ တပ္မေတာ္ရဲ႕ မီးဝစခန္းကို ေအေအက အင္အားအလုံးအရင္းနဲ႔ ရက္ေပါင္း ၄၀ ၾကာ ပိတ္ဆို႔ တိုက္ခိုက္ၿပီး၊ တိုက္ပြဲအတြင္း ေဒသခံအရပ္သားေတြကို လူသားဒိုင္းအျဖစ္ အသုံးျပဳခဲ့တာလို႔ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီ က စြပ္စြဲသြားတာပါ။

ရကၡိဳင့္တပ္ေတာ္ ေျပာခြင့္ရ ခိုင္သုခကေတာ့ တပ္မေတာ္က သူတို႔ရဲ႕လုပ္ရပ္ကို AA အေပၚ အပစ္ပုံခ်တာ ျဖစ္တယ္လို႔ တုံ႔ျပန္ထားပါတယ္။

"ျမန္မာစစ္တပ္က သူတို႔ ေတာက္ေလွ်ာက္ က်ေနာ္တို႔ကို စြပ္စြဲလာတယ္ဗ်။ ၿမိဳ႕႐ြာေတြကို ကာဗာယူၿပီးေတာ့မွ AA က ပစ္တယ္တို႔ဘာတို႔ အဲလိုမ်ိဳးေျပာတယ္။ ဆိုေတာ့ ဒီ ခင္ဗ်ားတို႔လည္း ေတြ႕မွာေပါ့။ ခုခ်ိန္ထိ ဘယ္ၿမိဳ႕၊ ဘယ္႐ြာမွာမွ က်ေနာ္တို႔ ရကၡိဳင့္တပ္ေတာ္က စခန္းခ်ထားတာမရွိဘူး။ ျမန္မာစစ္တပ္ကသာလွ်င္ ၿမိဳ႕ထဲ ႐ြာထဲေတြမွာ၊ သာသနိက အ‌ေဆာက္အဦးေတြမွာ၊ စာသင္ေက်ာင္းေတြမွာ ဝင္ၿပီးေတာ့ သူတို႔ ေနရာယူ၊ စခန္းခ်ေနာ္၊ ျပည္သူေတြကို ညႇဥ္းပမ္းႏွိပ္စက္၊ မတရားလိုက္လံ သတ္ျဖတ္ အဲဒါမ်ိဳးေတြ ေတာက္ေလွ်ာက္ လုပ္ေနတာျဖစ္တယ္။ ဒီဟာေတြကေတာ့ ျမန္မာစစ္တပ္က သူတို႔ က်ဴးလြန္ထားတဲ့ စစ္ရာဇဝတ္မႈေတြကို ဖုံးကြယ္ဖို႔အတြက္ ဒီလို အေျခအျမစ္မရွိတာ က်ေနာ္တို႔ကို စြပ္စြဲေနတာျဖစ္တယ္ဗ်။ ဒါေၾကာင့္မို႔လို႔ ျမန္မာစစ္တပ္ဟာ သူတို႔ဘက္က တကယ္ယုံၾကည္ခ်က္ရွိတယ္ ဆိုလို႔ရွိရင္ သတင္းမီဒီယာေတြကို လြတ္လြတ္လပ္လပ္ သတင္းယူခြင့္ေပးလိုက္ပါေနာ္။"

အခု မတ္လဆန္းပိုင္းကစလို႔ ပလက္ဝ ေအာက္ဘက္နဲ႔ ေက်ာက္ေတာ္ အထက္ဘက္ေနရာေတြမွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ ေန႔စဥ္ တိုက္ပြဲျဖစ္ေနတာပါ။

တိုက္ပြဲျပင္းထန္လာၿပီး စက္ေလွေတြ မထြက္ရဲေတာ့ဘဲ ရပ္နားထားရတာေၾကာင့္ ကုန္စည္စီးဆင္းမႈ ရပ္တန႔္ သြားတာ ရွစ္ရက္ေလာက္ ရွိေနပါၿပီ။

တိုက္ပြဲေတြ ျပင္းထန္ေနတာေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးရတဲ့ စစ္ေဘးဒုကၡသည္ေတြ အမ်ားအျပား ရွိလာပါတယ္။ စစ္ေဘးဒုကၡသည္ေတြကို ကူညီဖို႔ဆိုရင္ အဲဒီ‌ေဒသမွာ တိုက္ပြဲေတြ မရွိမွ ကူညီႏိုင္မယ္လို႔ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက ဆိုပါတယ္။

တိုက္ပြဲအေျခအေနနဲ႔ ပတ္သက္ၿပီး တပ္မေတာ္အေနနဲ႔ ဘယ္လို ဆက္လက္လုပ္ေဆာင္မလဲလို႔ RFA က ေမးျမန္းရာမွာေတာ့ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဥကၠ႒ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦး က Wait and See ( ေစာင့္ၾကည့္ပါ) လို႔သာ ခပ္တိုတို ျပန္လည္ေျဖၾကားပါတယ္။

"ရွင္းျပထားၿပီးျဖစ္ပါတယ္။ အဲေတာ့ အားလုံးလည္း သိၿပီးျဖစ္ပါတယ္။ က်ေနာ္တို႔ တပ္မေတာ္အေနနဲ႔ေတာ့ စကားေတြအမ်ားႀကီး မေျပာေတာ့ပါဘူး ။ Wait and See ေပါ့ ၊ ေစာင့္ၾကည့္လိုက္ပါ။"

Wait and See ဆိုတာ ဘာအဓိပၸာယ္လဲလို႔ RFA က ထပ္မံ ေမးျမန္းရာမွာေတာ့ ဗိုလ္ခ်ဳပ္ စိုးႏိုင္ဦး က တိုက္႐ိုက္ ျပန္လည္ေျဖၾကားတာမ်ိဳး၊ ထပ္မံရွင္းျပတာမ်ိဳး မရွိပါဘူး။

ၿပီးခဲ့တဲ့လက ျပဳလုပ္တဲ့ သတင္းစာရွင္းပြဲမွာေတာ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက “ဖိလစ္ပိုင္ေတာင္ပိုင္းက မာရာဝီၿမိဳ႕ကို သူပုန္ေတြ သိမ္းထားတဲ့အခါ၊ ဖိလစ္ပိုင္စစ္တပ္က ဘယ္လို အျပတ္ရွင္းခဲ့သလဲ သတင္းေထာက္ေတြ သိသလား” လို႔  ျပန္လည္ ေမးခြန္းထုတ္ၿပီး၊ တပ္မေတာ္က ေအေအကို အျပတ္ရွင္းမဲ့ ပုံစံမ်ိဳး ေျပာၾကားခဲ့ဖူးပါတယ္။

ပလက္ဝနဲ႔ မီးဝက တိုက္ပြဲအေၾကာင္း ဆက္ေျပာရာမွာေတာ့ ဗိုလ္ခ်ဳပ္ ထြန္းထြန္းညီက “လတ္တေလာ ေနာက္ဆုံးအေျခအေနအရ မီးဝနဲ႔ ပလက္ဝအၾကား ၁၈မိုင္ေလာက္မွာ၊ တပ္မေတာ္က နယ္ေျမ ဆက္သြယ္ေရး လမ္းေၾကာင္းေတြကို ပြင့္ေအာင္ လုပ္ေဆာင္ေနေၾကာင္း၊ ဆက္သြယ္ေရးလမ္းေၾကာင္းေတြကို ေအေအက ျဖတ္ေတာက္ေန‌ေၾကာင္း” ျဖည့္စြက္ေျပာၾကားသြားပါတယ္။

တပ္မ‌ေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႈး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက “လတ္တေလာ ထိတ္လန႔္ေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါနဲ႔ပတ္သက္ၿပီး တပ္မေတာ္က လိေမၼာ္ေရာင္၊ အနီေရာင္အဆင့္ သတိေပးခ်က္မ်ိဳးနဲ႔ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ ေဆးဝါးေတြ၊ လူနာတင္ယဥ္ေတြနဲ႔ ေရာဂါထိန္းခ်ဳပ္ေရးဆိုင္ရာ ပစၥည္းကိရိယာေတြကို အသင့္ျပင္ထားေၾကာင္း” ဒီကေန႔ သတင္းစာရွင္းပြဲမွာ ရွင္းလင္းေျပာၾကားသြားပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
မီးဝတိုက်ပွဲမှာ အရပ်သားတွေကို လူသားဒိုင်းအဖြစ် AA အသုံးပြုတယ်လို့ တပ်စွပ်စွဲ

ရက္ခိုင့်တပ်တော် AA ဟာ “Arakan Dream-2020” “ရခိုင်အိပ်မက်-၂၀၂၀” စီမံကိန်းကို အကောင်အထည်ဖော်ဖို့ အတွက်၊ ၂၀၁၈-ခုနှစ်ကစလို့ အကြမ်းဖက်လုပ်ရပ်တွေကို အဆက်မပြတ် ကျူးလွန်နေပြီး၊ မီးဝတိုက်ပွဲမှာ ဒေသခံအရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

ဒီကနေ့ မတ်လ ၂၂ ရက် နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းပွဲမှာ ဗိုလ်ချုပ် ထွန်းထွန်းညီ က အဲဒီလို စွပ်စွဲပြောကြားခဲ့တာ ဖြစ်ပါတယ်။

"အရပ်သားတွေကို အသုံးပြုပြီးတော့မှ ဟုတ်လား၊ ဝိုင်းဝန်းပြီးဖမ်းဆီးဖို့ ကြိုးစားတာတို့ စတဲ့ နည်းလမ်းတွေကို လူမဆန်တဲ့ နည်းလမ်းတွေပေါ့။ ဒီဟာတွေက ဥပဒေအရဆိုရင် လူသားဒိုင်းအဖြစ် အသုံးပြုပြီးတော့မှ ဆောင်ရွက်တာဖြစ်ပါတယ်။ အဲလိုဆောင်ရွက်တဲ့အချိန်မှာ ကျနော်တို့က ဘာဖြစ်လို့ ရက်တွေ ဒီလောက် ကြန့်ကြာတာလဲလို့ ပြောလို့ရှိရင် ဒါတွေကို တွက်ဆပြီးတော့ ချိန်ဆပြီးတော့မှ ဆောင်ရွက်နေရတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ ဒါကိုလည်း အားလုံးသိအောင် ဒီနေရာမှာ တင်ပြလိုပါတယ်။"

AA အဖွဲ့ဟာ “Arakan Dream-2020”ကို ဆောင်ရွက်ဖို့အတွက်၊ ၂၀၁၈ မှာ ရဲစခန်းတွေကို ဝင်တိုက်ခဲ့ပြီး၊ ၂၀၁၉ မှာ မြောက်ဦးမြို့က အိမ်ထောင်သည် လိုင်းခန်းထဲထိ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ပြောပါတယ်။

နောက်ပိုင်းမှာတော့ “အရပ်သားတွေနေထိုင်တဲ့ ရပ်ရွာနဲ့ ဘာသာရေးစခန်းတွေကို အကာအကွယ်ယူပြီး တိုက်ခိုက်ခဲ့တယ်၊ တပ်မတော်ဘက်က ပြန်ပစ်တဲ့အခါ သာသနိကအဆောက်အဦးတွေကို တပ်မတော်က တိုက်ခိုက် သယောင်ယောင်၊ AA ဘက်က သတင်းထုတ်လွှင့်ခဲ့တယ်” လို့လည်း ဗိုလ်ချုပ်-ထွန်းထွန်းညီက စွပ်စွဲသွားပါတယ်။

မီးဝဒေသဟာ အထက်ဘက်မှာ ချင်းပြည်နယ် ပလက်ဝ အထိ၊ အောက်ဘက်မှာ ရခိုင်ပြည်နယ် ကျောက်တော် အထိ ရေလမ်းကနေ သွားလို့ရတာကြောင့် အဲဒီဒေသကို အေအေအဖွဲ့က ခြေကုပ်ယူပြီး အမာခံနယ်မြေအဖြစ် သုံးချင်နေတယ်လို့လည်း ဗိုလ်ချုပ် ထွန်းထွန်းညီက ဆိုပါတယ်။

ဒါ့ကြောင့် တပ်မတော်ရဲ့ မီးဝစခန်းကို အေအေက အင်အားအလုံးအရင်းနဲ့ ရက်ပေါင်း ၄၀ ကြာ ပိတ်ဆို့ တိုက်ခိုက်ပြီး၊ တိုက်ပွဲအတွင်း ဒေသခံအရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တာလို့ ဗိုလ်ချုပ် ထွန်းထွန်းညီ က စွပ်စွဲသွားတာပါ။

ရက္ခိုင့်တပ်တော် ပြောခွင့်ရ ခိုင်သုခကတော့ တပ်မတော်က သူတို့ရဲ့လုပ်ရပ်ကို AA အပေါ် အပစ်ပုံချတာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

"မြန်မာစစ်တပ်က သူတို့ တောက်လျှောက် ကျနော်တို့ကို စွပ်စွဲလာတယ်ဗျ။ မြို့ရွာတွေကို ကာဗာယူပြီးတော့မှ AA က ပစ်တယ်တို့ဘာတို့ အဲလိုမျိုးပြောတယ်။ ဆိုတော့ ဒီ ခင်ဗျားတို့လည်း တွေ့မှာပေါ့။ ခုချိန်ထိ ဘယ်မြို့၊ ဘယ်ရွာမှာမှ ကျနော်တို့ ရက္ခိုင့်တပ်တော်က စခန်းချထားတာမရှိဘူး။ မြန်မာစစ်တပ်ကသာလျှင် မြို့ထဲ ရွာထဲတွေမှာ၊ သာသနိက အ‌ဆောက်အဦးတွေမှာ၊ စာသင်ကျောင်းတွေမှာ ဝင်ပြီးတော့ သူတို့ နေရာယူ၊ စခန်းချနော်၊ ပြည်သူတွေကို ညှဉ်းပမ်းနှိပ်စက်၊ မတရားလိုက်လံ သတ်ဖြတ် အဲဒါမျိုးတွေ တောက်လျှောက် လုပ်နေတာဖြစ်တယ်။ ဒီဟာတွေကတော့ မြန်မာစစ်တပ်က သူတို့ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် ဒီလို အခြေအမြစ်မရှိတာ ကျနော်တို့ကို စွပ်စွဲနေတာဖြစ်တယ်ဗျ။ ဒါကြောင့်မို့လို့ မြန်မာစစ်တပ်ဟာ သူတို့ဘက်က တကယ်ယုံကြည်ချက်ရှိတယ် ဆိုလို့ရှိရင် သတင်းမီဒီယာတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပေးလိုက်ပါနော်။"

အခု မတ်လဆန်းပိုင်းကစလို့ ပလက်ဝ အောက်ဘက်နဲ့ ကျောက်တော် အထက်ဘက်နေရာတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ နေ့စဉ် တိုက်ပွဲဖြစ်နေတာပါ။

တိုက်ပွဲပြင်းထန်လာပြီး စက်လှေတွေ မထွက်ရဲတော့ဘဲ ရပ်နားထားရတာကြောင့် ကုန်စည်စီးဆင်းမှု ရပ်တန့် သွားတာ ရှစ်ရက်လောက် ရှိနေပါပြီ။

တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည်တွေ အများအပြား ရှိလာပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို ကူညီဖို့ဆိုရင် အဲဒီ‌ဒေသမှာ တိုက်ပွဲတွေ မရှိမှ ကူညီနိုင်မယ်လို့ ဗိုလ်ချုပ် ထွန်းထွန်းညီက ဆိုပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဘယ်လို ဆက်လက်လုပ်ဆောင်မလဲလို့ RFA က မေးမြန်းရာမှာတော့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ် စိုးနိုင်ဦး က Wait and See ( စောင့်ကြည့်ပါ) လို့သာ ခပ်တိုတို ပြန်လည်ဖြေကြားပါတယ်။

"ရှင်းပြထားပြီးဖြစ်ပါတယ်။ အဲတော့ အားလုံးလည်း သိပြီးဖြစ်ပါတယ်။ ကျနော်တို့ တပ်မတော်အနေနဲ့တော့ စကားတွေအများကြီး မပြောတော့ပါဘူး ။ Wait and See ပေါ့ ၊ စောင့်ကြည့်လိုက်ပါ။"

Wait and See ဆိုတာ ဘာအဓိပ္ပာယ်လဲလို့ RFA က ထပ်မံ မေးမြန်းရာမှာတော့ ဗိုလ်ချုပ် စိုးနိုင်ဦး က တိုက်ရိုက် ပြန်လည်ဖြေကြားတာမျိုး၊ ထပ်မံရှင်းပြတာမျိုး မရှိပါဘူး။

ပြီးခဲ့တဲ့လက ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာတော့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ထွန်းထွန်းညီက “ဖိလစ်ပိုင်တောင်ပိုင်းက မာရာဝီမြို့ကို သူပုန်တွေ သိမ်းထားတဲ့အခါ၊ ဖိလစ်ပိုင်စစ်တပ်က ဘယ်လို အပြတ်ရှင်းခဲ့သလဲ သတင်းထောက်တွေ သိသလား” လို့  ပြန်လည် မေးခွန်းထုတ်ပြီး၊ တပ်မတော်က အေအေကို အပြတ်ရှင်းမဲ့ ပုံစံမျိုး ပြောကြားခဲ့ဖူးပါတယ်။

ပလက်ဝနဲ့ မီးဝက တိုက်ပွဲအကြောင်း ဆက်ပြောရာမှာတော့ ဗိုလ်ချုပ် ထွန်းထွန်းညီက “လတ်တလော နောက်ဆုံးအခြေအနေအရ မီးဝနဲ့ ပလက်ဝအကြား ၁၈မိုင်လောက်မှာ၊ တပ်မတော်က နယ်မြေ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ပွင့်အောင် လုပ်ဆောင်နေကြောင်း၊ ဆက်သွယ်ရေးလမ်းကြောင်းတွေကို အေအေက ဖြတ်တောက်နေ‌ကြောင်း” ဖြည့်စွက်ပြောကြားသွားပါတယ်။

တပ်မ‌တော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှုး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “လတ်တလော ထိတ်လန့်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ပတ်သက်ပြီး တပ်မတော်က လိမ္မော်ရောင်၊ အနီရောင်အဆင့် သတိပေးချက်မျိုးနဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ဆေးဝါးတွေ၊ လူနာတင်ယဉ်တွေနဲ့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းကိရိယာတွေကို အသင့်ပြင်ထားကြောင်း” ဒီကနေ့ သတင်းစာရှင်းပွဲမှာ ရှင်းလင်းပြောကြားသွားပါတယ်။

RFA Burmese
https://www.rfa.org
မီးဝတိုက္ပြဲမွာ အရပ္သားေတြကို လူသားဒိုင္းအျဖစ္ AA အသုံးျပဳတယ္လို႔ တပ္စြပ္စြဲ မီးဝတိုက္ပြဲမွာ အရပ္သားေတြကို လူသားဒိုင္းအျဖစ္ AA အသုံးျပဳတယ္လို႔ တပ္စြပ္စြဲ Reviewed by THITHTOOLWIN on 01:28 Rating: 5
Powered by Blogger.