တပ္ရင္းမႉး အပါအဝင္ အရာရွိ စစ္သည္ ၃၀ ကို AA ဖမ္းထား

(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္က တိုက္ပြဲမွာ တပ္မေတာ္ တပ္ရင္းမႉးတစ္ဦး၊ တပ္ေဆးဗိုလ္ႀကီးတစ္ဦး အျခားအဆင့္ စစ္သည္ေတြကို အရွင္ဖမ္းမိထားတယ္လို႔ ရကၡိဳင့္တပ္ေတာ္ (AA) က ဒီေန႔ထုတ္ျပန္ထားပါတယ္။

ပလက္ဝၿမိဳ႕နယ္ ေက်ာက္သန္းျပင္ေက်း႐ြာအနီး ျဖစ္ပြားခဲ့တဲ့ မေန႔က တိုက္ပြဲမွာ တပ္မေတာ္သား ၂၀ကို လက္ရ ဖမ္းဆီးခဲ့ၿပီးေတာ့၊ ဒီေန႔ မတ္ ၁၁ ရက္ေန႔မွာ ေနာက္ထပ္ ၁၀ ေယာက္ဖမ္းမိတယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

"၉ ရက္ေန႔ညကစၿပီး တိုက္ပြဲအျပင္းအထန္ျဖစ္တာ ၁၀ ရက္ေန႔မနက္မွာ ခမရ ၇ တပ္ရင္းမႉး သက္ႏိုင္ဦးအပါအဝင္ အရာရွိအၾကပ္စစ္သည္ ၂၀ ဦးကို ဖမ္းဆီးရမိတယ္။ ဒီေန႔မွာလဲ ထပ္မံၿပီး ဗိုလ္ႀကီးတစ္ေယာက္ ေဆးတပ္က ဗိုလ္ႀကီးတစ္ေယာက္ အပါအဝင္ ေနာက္ထပ္ ၁၀ နီးပါး ထပ္ဖမ္းရမိတာရွိတယ္ မေန႔ကနဲ႔ဆို ၃၀ ဖမ္းဆီးရမိတာ ျဖစ္သြားၿပီ"

တပ္မ ၇၇ လက္ေအာက္ခံ ပဲခူးတိုင္းအေျခစိုက္ အမွတ္ ၇ ေျချမန္တပ္ရင္းရဲ႕  တပ္ရင္းမႉး ဗိုလ္မႉးသက္ႏိုင္ဦးနဲ႔ အျခားအဆင့္ စုစုေပါင္း တပ္မေတာ္သား ၃၀ ဝန္းက်င္ကို ဖမ္းဆီးမိခဲ့တာျဖစ္ၿပီး  အေလာင္း ၂၀ နဲ႔ လက္နက္ အေျမာက္အမ်ားလည္း သိမ္းဆည္းရရွိတယ္လို႔  AA က ေဖာ္ျပထားပါတယ္။ AA ဘက္ကလည္း အက်အဆုံးရွိတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေရးထားေပမယ့္ အေရအတြက္ကို ေဖာ္ျပထားျခင္း မရွိပါဘူး။

အရာရွိအဆင့္နဲ႔ တပ္မေတာ္သားေတြကို AA က ၂၀၁၉ ခုႏွစ္ တုန္းကလည္း အခုလို ဖမ္းဆီးရရွိဖူးတာေတြ ရွိပါတယ္။ AA လက္ထဲမွာ ထိန္းသိမ္းထားတဲ့ တပ္မေတာ္သား အေရအတြက္ဘယ္ေလာက္ရွိလဲဆိုတာကို လုံၿခဳံေရးအရ ထုတ္မေျပာႏိုင္ဘူးလို႔ ခိုင္သုခက ဆိုပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕  ဒုဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီ က သူ႔ခရီးသြားေနလို႔  ဒီသတင္းကို မသိေသးဘူးလို႔ RFA ကို ဒီမနက္မွာ ေျပာပါတယ္။

"ကြၽန္ေတာ္မသိေသးဘူး ကြၽန္ေတာ္အခု ခရီးသြားေနတယ္"

မီးဝဗ်ဴဟာကုန္းကို ပဲခူးတိုင္း ဘုရားႀကီးအေျခစိုက္ ခမရ ၇ က စစ္ကူေပးဖို႔ မုန႔္သန္းျပင္ေက်း႐ြာ  အနီးမွာ ရဟတ္ယာဥ္ သုံးစီးနဲ႔ လာေရာက္ခ်ေပးတဲ့ စစ္သည္ေတြကို AA ဘက္က ျဖတ္ေတာက္ တိုက္ခိုက္ခဲ့တာလို႔  AA  ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။

AA က ဖမ္းဆီးလာတဲ့ တပ္မေတာ္သား ၃၀ ဝန္းက်င္ကို မီးဝ႐ြာနားက ျဖတ္ၿပီးေခၚေဆာင္သြားတာ ျမင္လိုက္တယ္လို႔ လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ႐ြာသားတစ္ဦးက RFA ကို ဒီေန႔ ေျပာပါတယ္။

"အားလုံးဆို ၃၀ ေလာက္ထင္ပါတယ္ ။လူေတြ အကုန္လုံးေတာ့ မျမင္ပါဘူးအႀကီး သုံးေယာက္ ၊ ႐ြာမွာ သူတို႔ဖမ္းဆီးရမိေတာ့ ေရာက္လာတာကို ျမင္လိုက္တာပါ"

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ထဲက မီးဝ၊ မုန႔္သန္းျပင္၊ ေက်ာက္တန္း၊ ပြီဝုန္း အစရွိတဲ့႐ြာနား တဝိုက္ တပ္မေတာ္နဲ႔ AA တို႔ အျပင္းအထန္ တိုက္ပြဲျဖစ္ပြားေနတာ တစ္လဝန္းက်င္ ရွိေနပါၿပီ။ တပ္မေတာ္ကလည္း အဲဒီ႐ြာနားတဝိုက္က ေတာတန္းေတြကို တိုက္ေလယာဥ္၊ ရဟတ္ယာဥ္နဲ႔ အေျမာက္ႀကီး ပစ္ကူသုံးၿပီး တိုက္ခိုက္ေနပါတယ္။

တိုက္ပြဲျပင္းထန္တဲ့ ေနရာတဝိုက္ တည္ရွိတဲ့ ေက်ာက္ေတာ္ၿမိဳ႕နယ္ထဲက ေက်ာ္ရွီျပင္႐ြာထဲကို ဒီေန႔ မတ္လ ၁၁ ရက္ေန႔မွာ လက္နက္ႀကီးက်ေပါက္ကြဲလို႔ ႐ြာသားတစ္ေယာက္ ေသဆုံးသြားၿပီးေတာ့၊ အိမ္ ငါး‌‌‌‌ေဆာင္လည္း မီးေလာင္သြားတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။

"ဒီေန႔ မနက္ ၂ နာရီေလာက္က ဘူးသီးေတာင္ဘက္ကေန လွမ္းပစ္တာ မိန္းကေလး တစ္ေယာက္ေသၿပီး အိမ္ ငါးလုံး မီးေလာင္သြားတယ္"

မေန႔တုန္းကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ ေအာင္သာယာ႐ြာထဲ လက္နက္ႀကီးက်လို႔ အမ်ိဳးသမီးတစ္ေယာက္ ေသဆုံးၿပီး၊ အရပ္သား ‌ေျခာက္ေယာက္ ဒဏ္ရာရသြားပါတယ္။

တိုက္ပြဲ ျပင္းထန္ခဲ့တဲ့ေနရာေတြကို တပ္မေတာ္က ဒီေန႔ အတြဲလိုက္ ပစ္ဒုံးလက္နက္ႀကီးေတြနဲ႔ ပစ္ခတ္လို႔ ေက်း႐ြာတခ်ိဳ႕ မီးေလာင္ေနတယ္လို႔ AA ရဲ႕ ဒီေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

မွတ္ခ်က္။  ။ ယခုသတင္းကို ဒီေန႔ ညေနဝန္းက်င္မွာ သတင္းအခ်က္အလက္သစ္မ်ား ထပ္မံျဖည့္စြက္ထားပါသည္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
တပ်ရင်းမှူး အပါအဝင် အရာရှိ စစ်သည် ၃၀ ကို AA ဖမ်းထား

ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲမှာ တပ်မတော် တပ်ရင်းမှူးတစ်ဦး၊ တပ်ဆေးဗိုလ်ကြီးတစ်ဦး အခြားအဆင့် စစ်သည်တွေကို အရှင်ဖမ်းမိထားတယ်လို့ ရက္ခိုင့်တပ်တော် (AA) က ဒီနေ့ထုတ်ပြန်ထားပါတယ်။

ပလက်ဝမြို့နယ် ကျောက်သန်းပြင်ကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ မနေ့က တိုက်ပွဲမှာ တပ်မတော်သား ၂၀ကို လက်ရ ဖမ်းဆီးခဲ့ပြီးတော့၊ ဒီနေ့ မတ် ၁၁ ရက်နေ့မှာ နောက်ထပ် ၁၀ ယောက်ဖမ်းမိတယ်လို့ ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

"၉ ရက်နေ့ညကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်တာ ၁၀ ရက်နေ့မနက်မှာ ခမရ ၇ တပ်ရင်းမှူး သက်နိုင်ဦးအပါအဝင် အရာရှိအကြပ်စစ်သည် ၂၀ ဦးကို ဖမ်းဆီးရမိတယ်။ ဒီနေ့မှာလဲ ထပ်မံပြီး ဗိုလ်ကြီးတစ်ယောက် ဆေးတပ်က ဗိုလ်ကြီးတစ်ယောက် အပါအဝင် နောက်ထပ် ၁၀ နီးပါး ထပ်ဖမ်းရမိတာရှိတယ် မနေ့ကနဲ့ဆို ၃၀ ဖမ်းဆီးရမိတာ ဖြစ်သွားပြီ"

တပ်မ ၇၇ လက်အောက်ခံ ပဲခူးတိုင်းအခြေစိုက် အမှတ် ၇ ခြေမြန်တပ်ရင်းရဲ့  တပ်ရင်းမှူး ဗိုလ်မှူးသက်နိုင်ဦးနဲ့ အခြားအဆင့် စုစုပေါင်း တပ်မတော်သား ၃၀ ဝန်းကျင်ကို ဖမ်းဆီးမိခဲ့တာဖြစ်ပြီး  အလောင်း ၂၀ နဲ့ လက်နက် အမြောက်အများလည်း သိမ်းဆည်းရရှိတယ်လို့  AA က ဖော်ပြထားပါတယ်။ AA ဘက်ကလည်း အကျအဆုံးရှိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးထားပေမယ့် အရေအတွက်ကို ဖော်ပြထားခြင်း မရှိပါဘူး။

အရာရှိအဆင့်နဲ့ တပ်မတော်သားတွေကို AA က ၂၀၁၉ ခုနှစ် တုန်းကလည်း အခုလို ဖမ်းဆီးရရှိဖူးတာတွေ ရှိပါတယ်။ AA လက်ထဲမှာ ထိန်းသိမ်းထားတဲ့ တပ်မတော်သား အရေအတွက်ဘယ်လောက်ရှိလဲဆိုတာကို လုံခြုံရေးအရ ထုတ်မပြောနိုင်ဘူးလို့ ခိုင်သုခက ဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့  ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီ က သူ့ခရီးသွားနေလို့  ဒီသတင်းကို မသိသေးဘူးလို့ RFA ကို ဒီမနက်မှာ ပြောပါတယ်။

"ကျွန်တော်မသိသေးဘူး ကျွန်တော်အခု ခရီးသွားနေတယ်"

မီးဝဗျူဟာကုန်းကို ပဲခူးတိုင်း ဘုရားကြီးအခြေစိုက် ခမရ ၇ က စစ်ကူပေးဖို့ မုန့်သန်းပြင်ကျေးရွာ  အနီးမှာ ရဟတ်ယာဉ် သုံးစီးနဲ့ လာရောက်ချပေးတဲ့ စစ်သည်တွေကို AA ဘက်က ဖြတ်တောက် တိုက်ခိုက်ခဲ့တာလို့  AA  ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

AA က ဖမ်းဆီးလာတဲ့ တပ်မတော်သား ၃၀ ဝန်းကျင်ကို မီးဝရွာနားက ဖြတ်ပြီးခေါ်ဆောင်သွားတာ မြင်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက RFA ကို ဒီနေ့ ပြောပါတယ်။

"အားလုံးဆို ၃၀ လောက်ထင်ပါတယ် ။လူတွေ အကုန်လုံးတော့ မမြင်ပါဘူးအကြီး သုံးယောက် ၊ ရွာမှာ သူတို့ဖမ်းဆီးရမိတော့ ရောက်လာတာကို မြင်လိုက်တာပါ"

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲက မီးဝ၊ မုန့်သန်းပြင်၊ ကျောက်တန်း၊ ပွီဝုန်း အစရှိတဲ့ရွာနား တဝိုက် တပ်မတော်နဲ့ AA တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားနေတာ တစ်လဝန်းကျင် ရှိနေပါပြီ။ တပ်မတော်ကလည်း အဲဒီရွာနားတဝိုက်က တောတန်းတွေကို တိုက်လေယာဉ်၊ ရဟတ်ယာဉ်နဲ့ အမြောက်ကြီး ပစ်ကူသုံးပြီး တိုက်ခိုက်နေပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ နေရာတဝိုက် တည်ရှိတဲ့ ကျောက်တော်မြို့နယ်ထဲက ကျော်ရှီပြင်ရွာထဲကို ဒီနေ့ မတ်လ ၁၁ ရက်နေ့မှာ လက်နက်ကြီးကျပေါက်ကွဲလို့ ရွာသားတစ်ယောက် သေဆုံးသွားပြီးတော့၊ အိမ် ငါး‌‌‌‌ဆောင်လည်း မီးလောင်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဒီနေ့ မနက် ၂ နာရီလောက်က ဘူးသီးတောင်ဘက်ကနေ လှမ်းပစ်တာ မိန်းကလေး တစ်ယောက်သေပြီး အိမ် ငါးလုံး မီးလောင်သွားတယ်"

မနေ့တုန်းကလည်း ကျောက်တော်မြို့နယ် အောင်သာယာရွာထဲ လက်နက်ကြီးကျလို့ အမျိုးသမီးတစ်ယောက် သေဆုံးပြီး၊ အရပ်သား ‌ခြောက်ယောက် ဒဏ်ရာရသွားပါတယ်။

တိုက်ပွဲ ပြင်းထန်ခဲ့တဲ့နေရာတွေကို တပ်မတော်က ဒီနေ့ အတွဲလိုက် ပစ်ဒုံးလက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ကျေးရွာတချို့ မီးလောင်နေတယ်လို့ AA ရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်။  ။ ယခုသတင်းကို ဒီနေ့ ညနေဝန်းကျင်မှာ သတင်းအချက်အလက်သစ်များ ထပ်မံဖြည့်စွက်ထားပါသည်။

RFA Burmese
https://www.rfa.org
တပ္ရင္းမႉး အပါအဝင္ အရာရွိ စစ္သည္ ၃၀ ကို AA ဖမ္းထား တပ္ရင္းမႉး အပါအဝင္ အရာရွိ စစ္သည္ ၃၀ ကို AA ဖမ္းထား Reviewed by THITHTOOLWIN on 20:21 Rating: 5
Powered by Blogger.