YUPT က ေငြျပန္ေပးဖို႔ ရွယ္ယာရွင္ႏွစ္ရာေက်ာ္ ေတာင္းဆို

(Zawgyi)⤵⤵⤵
ရန္ကုန္ၿမိဳ႕ျပ အမ်ားျပည္သူ သယ္ယူပို႔ေဆာင္ေရး အမ်ားနဲ႔သက္ဆိုင္ေသာ YUPT ကုမၸဏီလီမိတက္ ရွယ္ယာရွင္ ႏွစ္ရာေက်ာ္က အစုရွယ္ယာေတြ ျပန္လည္ထုတ္ေပးဖို႔ ေတာင္းဆိုလိုက္ပါတယ္။

YUPT ကုမၸဏီလီမိတက္ ထည့္ဝင္ထားတဲ့ ရွယ္ယာရွင္ ၂၂၉ ဦးက သုံးႏွစ္ေလာက္အထိ အရင္ေရာ၊ အျမတ္ပါ မရရွိတာေၾကာင့္ ရွယ္ယာေတြ ျပန္လည္ထုတ္ေပးဖို႔ ရန္ကုန္အေျခစိုက္ သတင္းမီဒီယာေတြကို ဒီကေန႔ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ျပဳလုပ္တဲ့ YUPT ကုမၸဏီရဲ႕ ဒါ႐ိုက္တာ ေ႐ြးခ်ယ္တဲ့အခမ္းအနားမွာ ရွယ္ယာျပန္ထုတ္လိုသူေတြ သေဘာထားေပးဖို႔ ရွယ္ယာရွင္ ႏွစ္ရာေက်ာ္က ျပန္ထုတ္ဖို႔ အေၾကာင္းျပန္ခဲ့တယ္လို႔ ဆိုပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ လွ်ပ္စစ္ စက္မႈလက္မႈနဲ႔ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ေဒၚနီလာေက်ာ္က ရွယ္ယာေတြကို ျပန္လည္ဝယ္ယူမယ္လို႔ ေျပာၾကားခဲ့ေပမယ့္ လက္ရွိ သုံးလေက်ာ္ၾကာတဲ့အထိ တိက်တဲ့ အေျဖမရရွိေသးဘူးလို႔ ရွယ္ယာရွင္ ဦးထြန္းဦးက ေျပာပါတယ္။

YUPT ကုမၸဏီမွာ ရွယ္ယာရွင္ ၂၈၉ ဦးရွိၿပီး အဲဒီထဲက ၂၂၉ ဦးရဲ႕ ရွယ္ယာဟာ က်ပ္ ၄ ဘီလီယံေက်ာ္ရွိတယ္လို႔ ဆိုပါတယ္။

အခုလို ရွယ္ယာေတြ ျပန္လည္ထုတ္ယူလိုတာဟာ သုံးႏွစ္အတြင္း ကုမၸဏီ စီမံခန႔္ခြဲ အုပ္ခ်ဳပ္သူေတြရဲ႕ ပြင့္လင္းျမင္သာမႈရွိရွိ မလုပ္ေဆာင္ခဲ့တာေၾကာင့္လို႔ ရွယ္ယာရွင္တစ္ဦးျဖစ္တဲ့ ေဒၚျမင့္ျမင့္ခိုင္က ေျပာပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး သက္ဆိုင္ရာတာဝန္ရွိသူေတြအေနနဲ႔ ရွယ္ယာရွင္ေတြရဲ႕ ေတာင္းဆိုခ်က္ကို ေဆာင္႐ြက္ေပး မႈရွိ မရွိကို သီတင္း ၃ ပတ္ၾကာ ေစာင့္ၾကည့္သြားမွာျဖစ္ၿပီး ေဆာင္႐ြက္မေပးပါက တရားဥပေဒအရ တရားစြဲဆို သြားမယ္လို႔ ေျပာပါတယ္။

ကုမၸဏီအေနနဲ႔ ပြင့္လင္းျမင္သာမႈမရွိေၾကာင္း ေျပာဆိုခ်က္နဲ႔ ပတ္သက္ၿပီး ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕နဲ႔ YUPT တာဝန္ရွိသူေတြကို RFA က ေမးျမန္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူ။

YUPT ကုမၸဏီဟာ ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ YRTA ရဲ႕ လက္ေအာက္ခံ ကုမၸဏီတစ္ခုျဖစ္ပါတယ္။ ကုမၸဏီမွာ ရွယ္ယာရွင္ ၂၈၉ ဦးရဲ႕ ရင္းႏွီျမႇဳပ္ႏွံေငြ က်ပ္ ငါးဘီလီယံ ေက်ာ္ရွိတဲ့အျပင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕က က်ပ္ေငြ ၃၉ ဘီလီယံ ထည့္ဝင္ထားတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
YUPT က ငွေပြန်ပေးဖို့ ရှယ်ယာရှင်နှစ်ရာကျော် တောင်းဆို

ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနဲ့သက်ဆိုင်သော YUPT ကုမ္ပဏီလီမိတက် ရှယ်ယာရှင် နှစ်ရာကျော်က အစုရှယ်ယာတွေ ပြန်လည်ထုတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

YUPT ကုမ္ပဏီလီမိတက် ထည့်ဝင်ထားတဲ့ ရှယ်ယာရှင် ၂၂၉ ဦးက သုံးနှစ်လောက်အထိ အရင်ရော၊ အမြတ်ပါ မရရှိတာကြောင့် ရှယ်ယာတွေ ပြန်လည်ထုတ်ပေးဖို့ ရန်ကုန်အခြေစိုက် သတင်းမီဒီယာတွေကို ဒီကနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြုလုပ်တဲ့ YUPT ကုမ္ပဏီရဲ့ ဒါရိုက်တာ ရွေးချယ်တဲ့အခမ်းအနားမှာ ရှယ်ယာပြန်ထုတ်လိုသူတွေ သဘောထားပေးဖို့ ရှယ်ယာရှင် နှစ်ရာကျော်က ပြန်ထုတ်ဖို့ အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ် စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ရှယ်ယာတွေကို ပြန်လည်ဝယ်ယူမယ်လို့ ပြောကြားခဲ့ပေမယ့် လက်ရှိ သုံးလကျော်ကြာတဲ့အထိ တိကျတဲ့ အဖြေမရရှိသေးဘူးလို့ ရှယ်ယာရှင် ဦးထွန်းဦးက ပြောပါတယ်။

YUPT ကုမ္ပဏီမှာ ရှယ်ယာရှင် ၂၈၉ ဦးရှိပြီး အဲဒီထဲက ၂၂၉ ဦးရဲ့ ရှယ်ယာဟာ ကျပ် ၄ ဘီလီယံကျော်ရှိတယ်လို့ ဆိုပါတယ်။

အခုလို ရှယ်ယာတွေ ပြန်လည်ထုတ်ယူလိုတာဟာ သုံးနှစ်အတွင်း ကုမ္ပဏီ စီမံခန့်ခွဲ အုပ်ချုပ်သူတွေရဲ့ ပွင့်လင်းမြင်သာမှုရှိရှိ မလုပ်ဆောင်ခဲ့တာကြောင့်လို့ ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်ခိုင်က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ရှယ်ယာရှင်တွေရဲ့ တောင်းဆိုချက်ကို ဆောင်ရွက်ပေး မှုရှိ မရှိကို သီတင်း ၃ ပတ်ကြာ စောင့်ကြည့်သွားမှာဖြစ်ပြီး ဆောင်ရွက်မပေးပါက တရားဥပဒေအရ တရားစွဲဆို သွားမယ်လို့ ပြောပါတယ်။

ကုမ္ပဏီအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိကြောင်း ပြောဆိုချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ YUPT တာဝန်ရှိသူတွေကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူ။

YUPT ကုမ္ပဏီဟာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ကုမ္ပဏီမှာ ရှယ်ယာရှင် ၂၈၉ ဦးရဲ့ ရင်းနှီမြှုပ်နှံငွေ ကျပ် ငါးဘီလီယံ ကျော်ရှိတဲ့အပြင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကျပ်ငွေ ၃၉ ဘီလီယံ ထည့်ဝင်ထားတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
YUPT က ေငြျပန္ေပးဖို႔ ရွယ္ယာရွင္ႏွစ္ရာေက်ာ္ ေတာင္းဆို YUPT က ေငြျပန္ေပးဖို႔ ရွယ္ယာရွင္ႏွစ္ရာေက်ာ္ ေတာင္းဆို Reviewed by THITHTOOLWIN on 07:57 Rating: 5
Powered by Blogger.