ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ႏိုင္ငံတကာအေရးေပၚအေျခအေနအျဖစ္ WHO ေၾကညာ

ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ ၫြန္ၾကားေရးမႉးခ်ဳပ္ Tedros Adhanom
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံမွာ စတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ အဆုတ္ေရာင္ေရာဂါပိုး ကူးစက္ပ်ံ႕ပြားမႈကို ကမာၻလုံးဆိုင္ရာ ျပည္သူ႔က်န္းမာေရး အေရးေပၚ အေျခအေနအျဖစ္ WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္က ေၾကညာလိုက္ပါတယ္။

WHO ႐ုံးစိုက္ရာ ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ ဇန္နဝါရီလ ၃ဝ ရက္ မေန႔ကျပဳလုပ္တဲ့ ဒုတိယအႀကိမ္ အေရးေပၚေကာ္မတီ အစည္းအေဝးမွာ ေဒသစံေတာ္ခ်ိန္ေန႔လယ္ ၁ နာရီခြဲကေန ညေနခင္း ၆ နာရီခြဲအထိ ေဆြးေႏြးခဲ့ၾကၿပီးေနာက္ WHO ၫြန္ၾကားေရးမႉးခ်ဳပ္ တီဒ႐ို အက္ဒ္ဟမ္ႏြန္ (Tedros Adhanom) က အေရးေပၚအေျခအေနအျဖစ္ ေၾကညာခ်က္ ထုတ္ျပန္လိုက္တာပါ။

အေရးေပၚအေျခအေန ေၾကညာတာဟာ တ႐ုတ္ႏိုင္ငံမွာ ျဖစ္ပြားေနတဲ့ အေျခအေနေတြေၾကာင့္ မဟုတ္ဘဲ၊ တ႐ုတ္ႏိုင္ငံျပင္ပက  တျခားႏိုင္ငံေတြမွာပါ ျဖစ္ေနတဲ့ အေျခအေနေတြေၾကာင့္လို႔ Tedros Adhanom က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အေရးေပၚအေျခအေန ေၾကညာဖို႔ ဆုံးျဖတ္လိုက္ေပမယ့္၊ ေရာဂါပိုးပ်ံ႕ႏွံ႔ေနတဲ့ ေဒသေတြနဲ႔ ကုန္သြယ္ေရးနဲ႔ ဆက္သြယ္ေရး လုပ္ေဆာင္တာေတြကို တားဆီး ပိတ္ပင္မယ့္ ဆုံးျဖတ္ခ်က္ေတြေတာ့ မပါဝင္ဘဲ၊  WHO အေနနဲ႔ ေရာဂါပိုးကာကြယ္ေဆး ဖန္တီးႏိုင္ဖို႔အတြက္သာ အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။

မေန႔က ေဆြးေႏြးပြဲမွာ တ႐ုတ္က်န္းမာေရးဝန္ႀကီးဌာန ကိုယ္စားလွယ္ေတြက တ႐ုတ္ႏိုင္ငံတြင္းက ေနာက္ဆုံးအေျခအေနနဲ႔ ေဆာင္႐ြက္ထားမႈေတြကို အစီရင္ခံတင္ျပခဲ့ပါတယ္။ တ႐ုတ္တစ္ႏိုင္ငံလုံးမွာ ေရာဂါပိုးေတြ႕ရွိသူ ၇၇၁၁ ဦးနဲ႔ သံသယလူနာ ၁၂၁၆၇ ဦးရွိၿပီး၊  ေသဆုံးသူ ၁၇ဝ၊ ကုသေပ်ာက္ကင္းသူ ၁၂၄ ဦီး ရွိေၾကာင္း ေျပာပါတယ္။

WHO တာဝန္ရွိသူေတြက တျခားႏိုင္ငံေတြကို ဗိုင္းရပ္စ္ပိုးေရာက္ရွိမႈ အေျခအေနနဲ႔ပတ္သက္လို႔ ရွင္းလင္းအစီရင္ခံရာမွာ ႏိုင္ငံေပါင္း ၁၈ ႏိုင္ငံမွာ ေရာဂါပိုးေတြ႕သူ ၈၂ ဦးရွိတဲ့ထဲက ၇ ဦးကလြဲလို႔ က်န္သူအားလုံးဟာ တ႐ုတ္ႏိုင္ငံကို ခရီးသြားခဲ့ၾကသူေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ႏိုင္ငံသုံးႏိုင္ငံမွာ လူအခ်င္းခ်င္းကေန ေရာဂါပိုးကူးစက္တာကို ေတြ႕ရၿပီး ေလာေလာဆယ္ ေသဆုံးသူ မရွိဘူးလို႔ သိရပါတယ္။

ပထမအႀကိမ္ အေရးေပၚေကာ္မတီ အစည္းအေဝးမွာ ႏွစ္ရက္ဆက္တိုက္ ေဆြးေႏြးခဲ့ၾကေပမယ့္ အျမင္ကြဲလြဲၾကၿပီး အေရးေပၚအေျခအေန သတ္မွတ္ဖို႔ အခ်ိန္မက်ေသးဘူးလို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္။ ဒါေပမယ့္ ေရာဂါပိုးကူးစက္သူ အေရအတြက္နဲ႔ ေရာဂါပိုးကူးစက္တဲ့ ႏိုင္ငံေတြ သိသိသာသာ မ်ားျပားလာတဲ့အတြက္ ဒုတိယအႀကိမ္ အေရးေပၚအစည္းအေဝး ေခၚယူၿပီး ေဆြးေႏြးဆုံးျဖတ္ခဲ့တာ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ပ်ံ႕ပြားမႈ သုေတသနျပဳေရးနဲ႔ ထိန္းခ်ဳပ္ေရးအတြက္ တ႐ုတ္အစိုးရ အဆင့္အျမင့္ဆုံး ေခါင္းေဆာင္ေတြကိုယ္တိုင္ ဦးေဆာင္ပါဝင္ခဲ့တဲ့အေပၚ ႀကိဳဆိုေၾကာင္း ေကာ္မတီဝင္ေတြက ေျပာပါတယ္။

တ႐ုတ္အေနနဲ႔ ဒီဗိုင္းရပ္စ္ပိုးကို အလ်င္အျမန္ ေလ့လာေဖာ္ထုတ္ႏိုင္ခဲ့ၿပီး သတင္းအခ်က္အလက္ ေဝမွ်ခဲ့တဲ့အတြက္ တျခားႏိုင္ငံေတြအတြက္ ေရာဂါ ခြဲျခားဆုံးျဖတ္ေရး ကာကြယ္ေရးလုပ္ငန္းေတြကို ျမန္ျမန္ဆန္ဆန္ ေဆာင္႐ြက္ႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။

ေနာက္ထပ္  တျခားႏိုင္ငံေတြကို ကူးစက္ပ်ံ႕ႏွံ႔ႏိုင္ေသးတဲ့အတြက္ ေရာဂါျဖစ္ပြားမႈ ေစာင့္ၾကည့္စစ္ေဆးတာ၊ ေရာဂါကုသမႈ စီမံခန႔္ခြဲတာ၊ အတူေနသူေတြကို က်န္းမာေရးစစ္ေဆးတာ၊ ႀကိဳတင္တားဆီးတာေတြ ဆက္လက္လုပ္ေဆာင္ၿပီး ေရာဂါထိန္းခ်ဳပ္ေရးအတြက္ ျပင္ဆင္ထားၾကဖို႔လည္း WHO  ရဲ႕ထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။ WHO က ျပဌာန္းထားတဲ့ ႏိုင္ငံတကာက်န္းမာေရးစည္းမ်ဥ္းေတြနဲ႔အညီ ႏိုင္ငံအားလုံး သတင္းအခ်က္အလက္ အျပည့္အစုံကို ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ကို ေပးပို႔ဖို႔ ဥပေဒေၾကာင္းအရ တာဝန္ရွိတယ္လို႔လည္း သတိေပးထားပါတယ္။

WHO ရဲ႕ ထုတ္ျပန္ခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံရတဲ့ ႏိုင္ငံေပါင္း ၁၈ ႏိုင္ငံရွိၿပီး၊  ကူးစက္ခံရသူ ၇၈ဝဝ ေက်ာ္ ရွိပါတယ္။

အခုသတင္းေရးသားေနခ်ိန္မွာေတာ့ ေရာဂါပိုး စတင္ျဖစ္ပြားတဲ့ တ႐ုတ္ႏိုင္ငံမွာ ကူးစက္ခံရသူ  ရွစ္ေထာင္ေက်ာ္နဲ႔ ေသဆုံးသူ ၁၇၁ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နိုင်ငံတကာအရေးပေါ်အခြေအနေအဖြစ် WHO ကြေညာ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ညွန်ကြားရေးမှူးချုပ် Tedros Adhanom
Photo: AFP

တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါပိုး ကူးစက်ပျံ့ပွားမှုကို ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

WHO ရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ဇန်နဝါရီလ ၃ဝ ရက် မနေ့ကပြုလုပ်တဲ့ ဒုတိယအကြိမ် အရေးပေါ်ကော်မတီ အစည်းအဝေးမှာ ဒေသစံတော်ချိန်နေ့လယ် ၁ နာရီခွဲကနေ ညနေခင်း ၆ နာရီခွဲအထိ ဆွေးနွေးခဲ့ကြပြီးနောက် WHO ညွန်ကြားရေးမှူးချုပ် တီဒရို အက်ဒ်ဟမ်နွန် (Tedros Adhanom) က အရေးပေါ်အခြေအနေအဖြစ် ကြေညာချက် ထုတ်ပြန်လိုက်တာပါ။

အရေးပေါ်အခြေအနေ ကြေညာတာဟာ တရုတ်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် မဟုတ်ဘဲ၊ တရုတ်နိုင်ငံပြင်ပက  တခြားနိုင်ငံတွေမှာပါ ဖြစ်နေတဲ့ အခြေအနေတွေကြောင့်လို့ Tedros Adhanom က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အရေးပေါ်အခြေအနေ ကြေညာဖို့ ဆုံးဖြတ်လိုက်ပေမယ့်၊ ရောဂါပိုးပျံ့နှံ့နေတဲ့ ဒေသတွေနဲ့ ကုန်သွယ်ရေးနဲ့ ဆက်သွယ်ရေး လုပ်ဆောင်တာတွေကို တားဆီး ပိတ်ပင်မယ့် ဆုံးဖြတ်ချက်တွေတော့ မပါဝင်ဘဲ၊  WHO အနေနဲ့ ရောဂါပိုးကာကွယ်ဆေး ဖန်တီးနိုင်ဖို့အတွက်သာ အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

မနေ့က ဆွေးနွေးပွဲမှာ တရုတ်ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားလှယ်တွေက တရုတ်နိုင်ငံတွင်းက နောက်ဆုံးအခြေအနေနဲ့ ဆောင်ရွက်ထားမှုတွေကို အစီရင်ခံတင်ပြခဲ့ပါတယ်။ တရုတ်တစ်နိုင်ငံလုံးမှာ ရောဂါပိုးတွေ့ရှိသူ ၇၇၁၁ ဦးနဲ့ သံသယလူနာ ၁၂၁၆၇ ဦးရှိပြီး၊  သေဆုံးသူ ၁၇ဝ၊ ကုသပျောက်ကင်းသူ ၁၂၄ ဦီး ရှိကြောင်း ပြောပါတယ်။

WHO တာဝန်ရှိသူတွေက တခြားနိုင်ငံတွေကို ဗိုင်းရပ်စ်ပိုးရောက်ရှိမှု အခြေအနေနဲ့ပတ်သက်လို့ ရှင်းလင်းအစီရင်ခံရာမှာ နိုင်ငံပေါင်း ၁၈ နိုင်ငံမှာ ရောဂါပိုးတွေ့သူ ၈၂ ဦးရှိတဲ့ထဲက ၇ ဦးကလွဲလို့ ကျန်သူအားလုံးဟာ တရုတ်နိုင်ငံကို ခရီးသွားခဲ့ကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံသုံးနိုင်ငံမှာ လူအချင်းချင်းကနေ ရောဂါပိုးကူးစက်တာကို တွေ့ရပြီး လောလောဆယ် သေဆုံးသူ မရှိဘူးလို့ သိရပါတယ်။

ပထမအကြိမ် အရေးပေါ်ကော်မတီ အစည်းအဝေးမှာ နှစ်ရက်ဆက်တိုက် ဆွေးနွေးခဲ့ကြပေမယ့် အမြင်ကွဲလွဲကြပြီး အရေးပေါ်အခြေအနေ သတ်မှတ်ဖို့ အချိန်မကျသေးဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမယ့် ရောဂါပိုးကူးစက်သူ အရေအတွက်နဲ့ ရောဂါပိုးကူးစက်တဲ့ နိုင်ငံတွေ သိသိသာသာ များပြားလာတဲ့အတွက် ဒုတိယအကြိမ် အရေးပေါ်အစည်းအဝေး ခေါ်ယူပြီး ဆွေးနွေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့ပွားမှု သုတေသနပြုရေးနဲ့ ထိန်းချုပ်ရေးအတွက် တရုတ်အစိုးရ အဆင့်အမြင့်ဆုံး ခေါင်းဆောင်တွေကိုယ်တိုင် ဦးဆောင်ပါဝင်ခဲ့တဲ့အပေါ် ကြိုဆိုကြောင်း ကော်မတီဝင်တွေက ပြောပါတယ်။

တရုတ်အနေနဲ့ ဒီဗိုင်းရပ်စ်ပိုးကို အလျင်အမြန် လေ့လာဖော်ထုတ်နိုင်ခဲ့ပြီး သတင်းအချက်အလက် ဝေမျှခဲ့တဲ့အတွက် တခြားနိုင်ငံတွေအတွက် ရောဂါ ခွဲခြားဆုံးဖြတ်ရေး ကာကွယ်ရေးလုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ်  တခြားနိုင်ငံတွေကို ကူးစက်ပျံ့နှံ့နိုင်သေးတဲ့အတွက် ရောဂါဖြစ်ပွားမှု စောင့်ကြည့်စစ်ဆေးတာ၊ ရောဂါကုသမှု စီမံခန့်ခွဲတာ၊ အတူနေသူတွေကို ကျန်းမာရေးစစ်ဆေးတာ၊ ကြိုတင်တားဆီးတာတွေ ဆက်လက်လုပ်ဆောင်ပြီး ရောဂါထိန်းချုပ်ရေးအတွက် ပြင်ဆင်ထားကြဖို့လည်း WHO  ရဲ့ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။ WHO က ပြဌာန်းထားတဲ့ နိုင်ငံတကာကျန်းမာရေးစည်းမျဉ်းတွေနဲ့အညီ နိုင်ငံအားလုံး သတင်းအချက်အလက် အပြည့်အစုံကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်ကို ပေးပို့ဖို့ ဥပဒေကြောင်းအရ တာဝန်ရှိတယ်လို့လည်း သတိပေးထားပါတယ်။

WHO ရဲ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံရှိပြီး၊  ကူးစက်ခံရသူ ၇၈ဝဝ ကျော် ရှိပါတယ်။

အခုသတင်းရေးသားနေချိန်မှာတော့ ရောဂါပိုး စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံမှာ ကူးစက်ခံရသူ  ရှစ်ထောင်ကျော်နဲ့ သေဆုံးသူ ၁၇၁ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ႏိုင္ငံတကာအေရးေပၚအေျခအေနအျဖစ္ WHO ေၾကညာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ႏိုင္ငံတကာအေရးေပၚအေျခအေနအျဖစ္ WHO ေၾကညာ Reviewed by THITHTOOLWIN on 00:06 Rating: 5
Powered by Blogger.