သမၼတ Trump ရဲ႕ ဗီဇာကန္႔သတ္ခ်က္အေပၚ နယူးေယာက္ေရွ႕ေနရဲ႕အျမင္


(Zawgyi/Unicode)

အေမရိကန္ သမၼတ Donald Trump အစိုးရက ျပည္၀င္ခြင့္ ကန္႔သတ္တဲ့ႏိုင္ငံစာရင္းအသစ္ ေျခာက္ႏိုင္ငံမွာ ျမန္မာကို ထည့္သြင္းတဲ့အဓိကရည္ရြယ္ခ်က္က ႏိုင္ငံေရးအက်ဳိးစီးပြားအရျဖစ္တယ္လို႔ နယူးေရာက္က ျပည္၀င္ခြင့္ဗီဇာ အေရးကြ်မ္းက်င္သူ အေမရိကန္ေရွ႕ေနတဦးက ေ၀ဖန္လိုက္ပါတယ္။

ၿပီးခဲ့တဲ့ သတင္းပတ္က ထုတ္ျပန္လိုက္တဲ့ အေမရိကန္ျပည္၀င္ခြင့္ ကန္႔သတ္ခ်က္အရ လက္ရွိ Immigrant ဗီဇာေလ်ာက္ေနဆဲ ျမန္မာႏိုင္ငံသားတခ်ဳိ႕အေပၚမွာ တုိက္ရုိက္ ထိခိုက္မႈေတြ ရွိေနတယ္လို႔ ဗီြအိုေအကို ေျပာပါတယ္။ နယူးေရာက္ၿမိဳ႕က အေမရိကန္ေရွ႕ေန Nathan Waxman ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

သမၼတ Trump အစိုးရက အရင္ျပဌာန္းခဲ့တဲ့ ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္ခ်က္နဲ႔ ပတ္သက္လို႔ မြတ္ဆလင္ႏိုင္ငံေတြကိုပဲ ပစ္မွတ္ထား လုပ္ေဆာင္ခဲ့တယ္ဆိုတဲ့ ေ၀ဖန္ကန္႔ကြက္မႈေတြရွိခဲ့တာပါ။ ဒါေၾကာင့္ အခုတႀကိမ္ အသစ္ျပဌာန္းတဲ့အထဲမွာ မြတ္ဆလင္ႏိုင္ငံမဟုတ္တဲ့ ျပင္းထန္တဲ့ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈေတြရွိေနတဲ့ ျမန္မာနဲ႔ Belarus ႏွစ္ႏိုင္ငံကို ထည့္သြင္းလိုက္ျခင္းအားျဖင့္ မွ်တမႈရွိတယ္ ဆိုတာကို ျပဖို႔ ျဖစ္ႏိုင္ေၾကာင္း အေမရိကန္ေရွ႕ေန Nathan Waxman က သုံးသပ္ပါတယ္။

"ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္မႈထဲမွာ ျမန္မာကို ထည့္ရတဲ့အေၾကာင္းရင္းက မြတ္ဆလင္အမ်ားစုမဟုတ္တဲ့ႏိုင္ငံ ႏွစ္ခုေလာက္ကို ေရြးၿပီးထည့္လိုက္တာျဖစ္ပါတယ္။ အခုကန္႔သတ္ခံလိုက္ရတဲ့ ေျခာက္ႏိုင္ငံထဲမွာ Belarus ႏိုင္ငံဟာ ဆိုရင္ အရင္က ဆိုဗီယက္ျပည္ေထာင္စုေအာက္မွာ ရွိခဲ့တဲ့ႏိုင္ငံျဖစ္ၿပီး မူဆလင္မရွိသေလာက္ပါပဲ။ ျမန္မာႏိုင္ငံမွာဆိုရင္လည္း မူဆလင္လူဦးေရက ၅% သို႔မဟုတ္ ၁၀% ေလာက္ပဲရွိတာပါ။ ဒါေၾကာင့္ သမၼတ ထရမ့္အေနနဲ႔ မၾကားဘူး၊ သိမထားတဲ့ ျမန္မာနဲ႔ Belarus လိုႏိုင္ငံေတြကို ဆဲြထည့္လိုက္တာျဖစ္ပါတယ္။"

ၿပီးခဲ့တဲ့ သတင္းပတ္က ထုတ္ျပန္လိုက္တဲ့ သမၼတ Trump အစိုးရရဲ႕ ျပည္၀င္ခြင့္ဗီဇာ ကန္႔သတ္မႈ ႏိုင္ငံစာရင္းေၾကာင့္ လက္ရွိ သူလိုက္ပါ ေဆာင္ရြက္ေပးေနတဲ့ ျမန္မာႏိုင္ငံသားတခ်ဳိ႕ လက္ေတြ႔မွာကို အခက္အခဲရွိလာေနၿပီလို႔လည္း ေရွ႕ေန Waxman က ေျပာပါတယ္။

"က်ေနာ္တို႔မွာ လက္ရွိ ရန္ကုန္ၿမိဳ႕က ကုမဏီအႀကီးအကဲ တဦး အေမရိကန္ျပည္ေထာင္စုကို EB1 ဗီဇာနဲ႔လာဖို႔ ေလ်ာက္ထားတဲ့ အစီအစဥ္ဟာလည္း သမၼတရဲ႕ ဒီျပဌာန္းခ်က္ေၾကာင့္ သက္ေရာက္မႈေတြရွိေနပါတယ္။"

EB1 ဗီဇာဟာ စီးပြားေရးလုပ္ငန္းအေပၚ အေျခခံၿပီးေလ်ာက္တဲ့ Immigrant ဗီဇာျဖစ္ၿပီး၊ ကုမၸဏီလုပ္ငန္းရွင္ႀကီးေတြ၊ ထူးခြ်န္တဲ့ ပညာရွင္ ပါေမာကၡေတြ၊ သုေတသီေတြ ဒီ ဗီဇာကုိ ေလွ်ာက္ထားႏုိင္ၿပီး အေမရိကန္မွာ ေရြ႕ေျပာင္း ေနထုိင္ႏုိင္တဲ့ ဗီဇာ အမ်ဳိးအစား ျဖစ္ပါတယ္။

အခု အသစ္ျပဌာန္းလုိက္တဲ့ ဗီဇာ ကန္႔သတ္မႈမွာ မိသားစု၀င္ေတြ ျပန္လည္စံုစည္းေရးအတြက္ ဗီဇာေလ်ာက္ရာမွာလည္း ထိခိုက္မႈေတြ ရွိလာမွာျဖစ္ပါတယ္။ ဒါေပမယ့္ ခိုင္မာတဲ့ အေၾကာင္းျပခ်က္ တခုခုကို ျပႏိုင္တယ္ဆိုရင္ မိသားစု၀င္ေတြ ေခၚႏိုင္ေရးအတြက္ အေမရိကန္လူ၀င္မႈ ႀကီးၾကပ္ေရးဘက္က ေျဖေလ်ာ့ စဥ္းစားေပးႏိုင္စရာအေၾကာင္းရွိတယ္လို႔ ေရွ႕ေန Waxman က ေျပာပါတယ္။

ေဖေဖၚ၀ါရီလ (၂၀) ရက္ေန႔ေနာက္ပိုင္းမွာ စတင္အက်ဳံး၀င္မယ့္ ဒီကန္႕သတ္ခ်က္မွာေတာ့ အေမရိကန္ကို ေက်ာင္းလာတက္မယ့္သူေတြ၊ အလည္လာမယ့္သူေတြ ပါ၀င္ျခင္းမရွိဘူးလို႕ဆိုပါတယ္။

....................

သမ္မတ Trump ရဲ့ ဗီဇာကန့်သတ်ချက်အပေါ် နယူးယောက်ရှေ့နေရဲ့အမြင်

(Unicode)

အမေရိကန် သမ္မတ Donald Trump အစိုးရက ပြည်ဝင်ခွင့် ကန့်သတ်တဲ့နိုင်ငံစာရင်းအသစ် ခြောက်နိုင်ငံမှာ မြန်မာကို ထည့်သွင်းတဲ့အဓိကရည်ရွယ်ချက်က နိုင်ငံရေးအကျိုးစီးပွားအရဖြစ်တယ်လို့ နယူးရောက်က ပြည်ဝင်ခွင့်ဗီဇာ အရေးကျွမ်းကျင်သူ အမေရိကန်ရှေ့နေတဦးက ဝေဖန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်က ထုတ်ပြန်လိုက်တဲ့ အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်ချက်အရ လက်ရှိ Immigrant ဗီဇာလျောက်နေဆဲ မြန်မာနိုင်ငံသားတချို့အပေါ်မှာ တိုက်ရိုက် ထိခိုက်မှုတွေ ရှိနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။ နယူးရောက်မြို့က အမေရိကန်ရှေ့နေ Nathan Waxman ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

သမ္မတ Trump အစိုးရက အရင်ပြဌာန်းခဲ့တဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်ချက်နဲ့ ပတ်သက်လို့ မွတ်ဆလင်နိုင်ငံတွေကိုပဲ ပစ်မှတ်ထား လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ဝေဖန်ကန့်ကွက်မှုတွေရှိခဲ့တာပါ။ ဒါကြောင့် အခုတကြိမ် အသစ်ပြဌာန်းတဲ့အထဲမှာ မွတ်ဆလင်နိုင်ငံမဟုတ်တဲ့ ပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတဲ့ မြန်မာနဲ့ Belarus နှစ်နိုင်ငံကို ထည့်သွင်းလိုက်ခြင်းအားဖြင့် မျှတမှုရှိတယ် ဆိုတာကို ပြဖို့ ဖြစ်နိုင်ကြောင်း အမေရိကန်ရှေ့နေ Nathan Waxman က သုံးသပ်ပါတယ်။

"ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှုထဲမှာ မြန်မာကို ထည့်ရတဲ့အကြောင်းရင်းက မွတ်ဆလင်အများစုမဟုတ်တဲ့နိုင်ငံ နှစ်ခုလောက်ကို ရွေးပြီးထည့်လိုက်တာဖြစ်ပါတယ်။ အခုကန့်သတ်ခံလိုက်ရတဲ့ ခြောက်နိုင်ငံထဲမှာ Belarus နိုင်ငံဟာ ဆိုရင် အရင်က ဆိုဗီယက်ပြည်ထောင်စုအောက်မှာ ရှိခဲ့တဲ့နိုင်ငံဖြစ်ပြီး မူဆလင်မရှိသလောက်ပါပဲ။ မြန်မာနိုင်ငံမှာဆိုရင်လည်း မူဆလင်လူဦးရေက ၅% သို့မဟုတ် ၁၀% လောက်ပဲရှိတာပါ။ ဒါကြောင့် သမ္မတ ထရမ့်အနေနဲ့ မကြားဘူး၊ သိမထားတဲ့ မြန်မာနဲ့ Belarus လိုနိုင်ငံတွေကို ဆွဲထည့်လိုက်တာဖြစ်ပါတယ်။"

ပြီးခဲ့တဲ့ သတင်းပတ်က ထုတ်ပြန်လိုက်တဲ့ သမ္မတ Trump အစိုးရရဲ့ ပြည်ဝင်ခွင့်ဗီဇာ ကန့်သတ်မှု နိုင်ငံစာရင်းကြောင့် လက်ရှိ သူလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ မြန်မာနိုင်ငံသားတချို့ လက်တွေ့မှာကို အခက်အခဲရှိလာနေပြီလို့လည်း ရှေ့နေ Waxman က ပြောပါတယ်။

"ကျနော်တို့မှာ လက်ရှိ ရန်ကုန်မြို့က ကုမဏီအကြီးအကဲ တဦး အမေရိကန်ပြည်ထောင်စုကို EB1 ဗီဇာနဲ့လာဖို့ လျောက်ထားတဲ့ အစီအစဉ်ဟာလည်း သမ္မတရဲ့ ဒီပြဌာန်းချက်ကြောင့် သက်ရောက်မှုတွေရှိနေပါတယ်။"

EB1 ဗီဇာဟာ စီးပွားရေးလုပ်ငန်းအပေါ် အခြေခံပြီးလျောက်တဲ့ Immigrant ဗီဇာဖြစ်ပြီး၊ ကုမ္ပဏီလုပ်ငန်းရှင်ကြီးတွေ၊ ထူးချွန်တဲ့ ပညာရှင် ပါမောက္ခတွေ၊ သုတေသီတွေ ဒီ ဗီဇာကို လျှောက်ထားနိုင်ပြီး အမေရိကန်မှာ ရွေ့ပြောင်း နေထိုင်နိုင်တဲ့ ဗီဇာ အမျိုးအစား ဖြစ်ပါတယ်။

အခု အသစ်ပြဌာန်းလိုက်တဲ့ ဗီဇာ ကန့်သတ်မှုမှာ မိသားစုဝင်တွေ ပြန်လည်စုံစည်းရေးအတွက် ဗီဇာလျောက်ရာမှာလည်း ထိခိုက်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ ဒါပေမယ့် ခိုင်မာတဲ့ အကြောင်းပြချက် တခုခုကို ပြနိုင်တယ်ဆိုရင် မိသားစုဝင်တွေ ခေါ်နိုင်ရေးအတွက် အမေရိကန်လူဝင်မှု ကြီးကြပ်ရေးဘက်က ဖြေလျော့ စဉ်းစားပေးနိုင်စရာအကြောင်းရှိတယ်လို့ ရှေ့နေ Waxman က ပြောပါတယ်။

ဖေဖေါ်ဝါရီလ (၂၀) ရက်နေ့နောက်ပိုင်းမှာ စတင်အကျုံးဝင်မယ့် ဒီကန့်သတ်ချက်မှာတော့ အမေရိကန်ကို ကျောင်းလာတက်မယ့်သူတွေ၊ အလည်လာမယ့်သူတွေ ပါဝင်ခြင်းမရှိဘူးလို့ဆိုပါတယ်။

အင္ၾကင္းႏုုိင္/ VOA (Burmese)
https://burmese.voanews.com
သမၼတ Trump ရဲ႕ ဗီဇာကန္႔သတ္ခ်က္အေပၚ နယူးေယာက္ေရွ႕ေနရဲ႕အျမင္ သမၼတ Trump ရဲ႕ ဗီဇာကန္႔သတ္ခ်က္အေပၚ နယူးေယာက္ေရွ႕ေနရဲ႕အျမင္ Reviewed by THITHTOOLWIN on 07:38 Rating: 5
Powered by Blogger.