ပြင်သစ်နိုင်ငံ Léon မြို့မှာ အခြေစိုက် Sanofi Pasteur ကာကွယ်ဆေးကုမ္ပဏီ
(Zawgyi/Unicode)
....................
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်ဖို့ Sanofi Pasteur ကုမ္ပဏီပြင်ဆင်
(Unicode)
တရုတ်နိုင်ငံမှာ စတင်ဖြစ်ပေါ်တဲ့ Coronavirus တိုက်ဖျက်နိုင်ရေးနဲ့ အဲဒီအတွက်ကာကွယ်ဆေး ထုတ်နိုင်ဖို့ ကမ္ဘာတဝှမ်းမှာရှိတဲ့ ဆေးပညာရှင်တွေ ကြိုးစားနေကြတာမှာ SARS အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေအတွက် ကာကွယ်ဆေးတွေ ထုတ်လုပ်ခဲ့ဘူးတဲ့ Sanofi Pasteur ကုမ္ပဏီကြီးကလည်း Coronavirus အတွက် ကာကွယ်ဆေး ထုတ်လုပ်ဖို့ စီစဉ်နေပြီလို့ ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီ Sanofi Pasteur ကုမ္ပဏီက မန်နေဂျာတဦးဖြစ်သူ မနှင်းပွင့်ဖြူကို ဆက်သွယ်မေးမြန်းပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
Coronavirus အတွက်ဆေး စမ်းသပ်မှု မျှော်လင့်ချက်ရှိနိုင်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။
Sanofi Pasteur ကာကွယ်ဆေးကုမ္ပဏီကြီးဟာ ပြင်သစ်နိုင်ငံ Léon မြို့မှာ အခြေစိုက်တာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံအတော်များများမှာလည်း ဌာနခွဲတွေ ဖွင့်လှစ်ထားတဲ့ နိုင်ငံတကာ ဆေးကုမ္ပဏီကြီးတခု ဖြစ်ပါတယ်။
အခု တရုတ်နိုင်ငံမှာ စတင် ဖြစ်ပေါ်တဲ့ Coronavirus ဟာလည်း အရင် နိုင်ငံတကာကို ကူးစက် ပြန့်နှံ့ခဲ့တဲ့ SARS လို အဆုပ်ရောင်ရောဂါနဲ့ လက္ခဏာ တူနေတာကြောင့် သူတို့ကုမ္ပဏီအနေနဲ့လည်း Coronavirus အတွက် ကာကွယ်ဆေး ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း ကုမ္ပဏီအကြီးအကဲ David Loew က ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ ကြေညာလိုက်တာပါ။
ကုမ္ပဏီအနေနဲ့ နှစ်စဉ်ဖြစ်နေကျ တုပ်ကွေးရောဂါ ကာကွယ်ဆေးတွေကို အမေရိကန်ဌာနခွဲကဘဲ အများဆုံး ထုတ်လုပ်နေတာဖြစ်တဲ့အတွက် အခု စမ်းသပ် ထုတ်လုပ်မယ့် Coronavirus ကာကွယ်ဆေးကိုလည်း အမေရိကန်အစိုးရရဲ့ ဇီဝဆေးပညာ အဆင့်မြင့် သုတေသနဌာန တခုဖြစ်တဲ့ BADAR (Biomedical Advanced Research and Development Authority) နဲ့ ပူးတွဲ့ လုပ်ဆောင်မှာဖြစ်တဲ့အတွက် အမေရိကန်မှာဘဲ Coronavirus ကာကွယ်ဆေးကို စမ်းသပ် ထုတ်လုပ်ဖြစ်ဖို့ များတယ်လို့ Sanofi Pasteur ကုမ္ပဏီရဲ့ Clinical Trial Operation မန်နေဂျာ မနှင်းပွင့်ဖြူက ပြောပါတယ်။
“US ဘက်က Team က lead လုပ်ဖို့များတယ်။ ဘာဖြစ်လို့လဲဆိုတော့ US Government နဲ့ တွဲလုပ်မယ်ဆိုတော့ ။ ဒါပေမယ့် စောသေးတယ် လုပ်တော့လုပ်မယ် ။ အရင်တုန်းကလည်း SARS နဲ့ ပတ်သက်ပြီးတော့ ဆေးကလည်း Sanofi ဘက်က ထုတ်တယ်ဆိုတော့ အဲဒီ အချက်အလက်တွေရှိတော့ ဒီ COVID19 နဲ့ ပတ်သက်တာက နီးစပ်တယ်ဆိုတော့ ကုမ္ပဏီ အနေနဲ့ ဆက်လုပ်ဖို့အတွက် အဆင်ပြေပြီးတော့ မြန်ဆန်မယ်ပေါ့နော်။ US မှာက ထုတ်လုပ်တာက များသောအားဖြင့် လူတို့ဘာတို့ Manufacturing လုပ်တာ BADAR က အမေရိကန်အစိုးရနဲ့ ဆိုတော့ US Team နဲ့ ပဲ လုပ်ဖို့များတယ်လို့ ထင်တယ်။ လောလောဆယ်အားလုံး information တွေ ကတော့ ကျမလုပ်တဲ့ Clinical Department မှာ project မရောက်လာသေးဘူး။ ရောက်လာမှာ အတိအကျ သိရမှာ။ ဒါကတော့ ထင်မြင်ချက်ကို ပြောတာပေါ့နော် တနေ့တုန်းက အလုပ်အတူတူ လုပ်တဲ့ တယောက်နဲ့ စကားပြောဖြစ်တော့ BADAR နဲ့ တွဲလုပ်တာက US Team နဲ့ လုပ်တာများတယ် ။ ဆိုတော့ US Team ကိုပဲ Lead လုပ်ခိုင်းဖို့ များတယ်။
မေး။ ။ သူတို့ပြောတာ SARS တို့ MERS တို့နဲ့ အတော်လေး အလားသဏ္ဍာန်တူတယ်။ နောက်ပြီးတော့ Sanofi က အရင်က လည်း အဲဒါကို vaccine ထုတ်ဖူးတယ်ဆိုတော့ ပိုပြီးတော့ chance ပိုများတယ်။
ဖြေ။ ။ တချို့ အချက်လက်တွေရှိတယ်ဆိုတော့ it is not going to be starting from scratch . So we have some information , data and technology ပေါ့နော် Scientific background ရှိတော့ ပိုပြီးတော့ more manageable ပေါ့နော်။”
မူလကက အလားတူရောဂါအတွက် ကာကွယ်ဆေးထုတ်ဘူးတဲ့ အတွေ့အကြုံ ရှိထားတာကြောင့် Coronavirus ကာကွယ်ဆေးအတွက် စတင်လုပ်တဲ့အချိန်မှာ ပိုမြန်ကောင်း မြန်နိုင်ပေမယ့် နောက်ပိုင်း စမ်းမှုကာလတွေကတော့ ထုံးအတိုင်း လိုအပ်သလောက် အချိန်ယူရနိုင်တယ်လို့ ဆိုပါတယ်။
“အစပိုင်းမှာတော့ မြန်သွားမယ်ပေါ့နော် Clinical trial ကို run လုပ်တဲ့အခါကျရင်တော့ Clinical trial က သူ့ regulation အရတော့ အချိန်ကန့်သတ်တာတို့ ရှိမှာပေါ့နော်။ မြန်ဆန်ဖို့အတွက်ကတော့ it is all depend on the Government ။ ဆိုတော့ ဒီလိုမျိုးတခုခုကို မြန်မြန်ထုတ်ဖို့အတွက် မြန်မြန် review လုပ်ဖို့အတွက်က it is all depend on the FDA အပေါ်မှာ မူတည်တယ်။ How are they going to review it. ဒါကတော့ သူတို့ဘက်မှာပဲ ဆိုင်တယ်။ vaccine manufacture ကတော့ regulation အတိုင်းပဲ လိုက်ရမှာပဲ။ ဘယ်လို အဆင့်တွေ လုပ်ရမယ် ဘယ်လောက်ကြာမယ်ဆိုတာကတော့ သွားရမှာပဲ။ ဒါပေမယ့် Public Health နဲ့ ပတ်သက်ပြီးတော့ immediate need လိုတယ်ဆိုရင်တော့ Government Health Authorities တွေကတော့ they always try to make it exception to make it fast track ဖြစ်အောင်တော့ လုပ်မှာပေါ့နော်။”
Covid-19 လို့ တရားဝင်အမည်ပေးထားတဲ့ ဒီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်လုပ်နိုင်ဖို့ တရုတ်အစိုးရအပါအဝင် နိုင်ငံတကာ အစိုးရတွေ၊ ပုဂ္ဂလိကကုမ္ပဏီတွေက အချိန်လုပြီး အပြိုင်အဆိုင် ကြိုးစားနေကြတာပါ။ ဒါပေမယ့် ကာကွယ်ဆေးတို့ရဲ့ ထုံးစံရ ကာကွယ်ဆေးကို ထုပ်လိုက်နိုင်ပြီဆိုပေမယ့်လည်း အဲဒီဆေးကို တိရိစ္ဆာန်တွေနဲ့ ပထမအဆင့် စမ်းသပ်တာ၊ အဲဒီအဆင့် အောင်မြင်မှ လူတွေနဲ့ နောက်ဆုံးအဆင့် စမ်းသပ်တာ စသဖြင့် အဆင့်ဆင့်လုပ်ဆောင်ရလေ့ရှိတာကြောင့် ကာကွယ်ဆေးတမျိုး ထွက်နိုင်ဖို့ အနည်းဆုံး လနဲ့ချီ ကြာတတ်လေ့ရှိတယ်လို့ ကျွမ်းကျင် ပညာရှင်တွေက ပြောပါတယ်။
တရုတ်နိုင်ငံမှာ လက်ရှိ ထုတ်လုပ်နေတဲ့ Coronavirus ကာကွယ်ဆေးကိုတော့ နောက်ဆုံးအဆင့်ဖြစ်တဲ့ Clinical Trial လူနဲ့ စမ်းသပ်မှုတွေကို ဧပြီလ နှောင်းပိုင်းမှာ ပြုလုပ်နိုင်မယ်လို့ မျှော်လင့်ကြောင်း တရုတ်အစိုးရ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ကိုဇော်ဝင်းလှိုင်/ VOA (Burmese)
https://burmese.voanews.com
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်ဖို့ Sanofi Pasteur ကုမ္ပဏီပြင်ဆင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်ဖို့ Sanofi Pasteur ကုမ္ပဏီပြင်ဆင် Reviewed by THITHTOOLWIN on 11:23 Rating: 5
Powered by Blogger.