NLD အစိုးရလက္ထက္ ကာလုံ မေခၚမႈ တပ္မေတာ္သား ကိုယ္စားလွယ္ ေဝဖန္

(Zawgyi)⤵⤵⤵
အန္အယ္ဒီ-အစိုးရလက္ထက္မွာ အ‌ေရးေပၚအေျခအေနေတြ ႀကဳံခဲ့ရေပမဲ့ “အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရး ေကာင္စီ-ကာလုံ” တစ္ႀကိမ္မွ မေခၚခဲ့တဲ့အေပၚ တပ္မေတာ္သားကိုယ္စားလွယ္တစ္ဦးက ျပည္ေထာင္စု လႊတ္ေတာ္မွာ ဒီကေန႔ ျပစ္တင္‌ေဝဖန္ခဲ့ပါတယ္။

NLD ပါတီဘက္ကေတာ့ ကာလုံရဲ႕ဖြဲ႕စည္းပုံဟာ တပ္မေတာ္ဘက္က ႏိုင္ငံေရးေဘာင္ခ်ဲ႕တာပဲလို႔ ေဝဖန္ပါတယ္။

အမ်ိဳးသားကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီ-ကာလုံရဲ႕လုပ္ပိုင္ခြင့္ကို တိုးျမႇင့္ဖို႔ တင္ျပထားတဲ့ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီရဲ႕ မူၾကမ္းကို တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ဒုတိယဗိုလ္မႉးႀကီး မိုးျမင့္ေအာင္က ေထာက္ခံ ေဆြးေႏြးခဲ့ၿပီး  လက္ရွိအန္အယ္ဒီအစိုးရလက္ထက္မွာ တိုင္းျပည္ဘယ္ေလာက္အေရးႀကီးႀကီး ကာလုံအစည္း အေဝး တစ္ႀကိမ္မွ မေခၚယူခဲ့ဘူးလို႔ ေျပာပါတယ္။

ရခိုင္အေရးနဲ႔ပတ္သက္လို႔ ICJ အမႈကို သြားေရာက္ေဆြးေႏြးရမဲ့ကိစၥမွာေတာင္ သမၼတက ကာလုံနဲ႔ညႇိဳႏႈိင္းတာမ်ိဳး မရွိခဲ့ဘူးလို႔ ဆိုပါတယ္။

"ျမန္မာႏိုင္ငံ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ရဲ႕ အစီရင္ခံစာမ်ား( ဒါ႐ူစပင္ရဲ႕ အစီရင္ခံစာမ်ား)၊ ရခိုင္ျပည္နယ္ အေရးကိစၥကို ICC မွ တရားစီရင္ေရးနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံရဲ႕ ရပ္တည္ခ်က္ကို ကုလသမဂၢအေထြ‌ေထြ ညီလာခံမွာ တင္ျပခဲ့တဲ့ကိစၥ၊ ICJ မွာ ျမန္မာႏိုင္ငံမွ တက္ေရာက္ရွင္းလင္းတဲ့ကိစၥ စတဲ့ ႏိုင္ငံအတြက္ အလြန္ အေရးပါတဲ့ကိစၥမ်ား မတိုင္ခင္မွာ ေကာင္စီနဲ႔ ညႇိဳႏႈိင္းေဆြးေႏြးသင့္ေသာ္လည္း လုပ္ေဆာင္မႈမရွိတာကိုလည္း ေတြ႕ရပါတယ္။"

ကာလုံနဲ႔ဆက္စပ္တဲ့ ပုဒ္မ ၂၁၃ မွာ “ႏိုင္ငံေတာ္ က်ဴးေက်ာ္တိုက္ခိုက္ခံရရင္ ဖြဲ႕စည္းပုံနဲ႔အညီ ျပဌာန္းထားတဲ့ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီနဲ႔ ညႇိဳႏႈိင္းၿပီး၊ စစ္ေရးအရ လိုအပ္သလိုေဆာင္႐ြက္ခြင့္ရွိတယ္” လို႔ ျပဌာန္း ထားေၾကာင္း ဒုဗိုလ္မႉးႀကီး မိုးျမင့္ေအာင္က ကိုးကားေဖၚျပသြားပါတယ္။

ရခိုင္ျပည္ေျမာက္ပိုင္းမွာ ARSA အဖြဲ႕က က်ဴးေက်ာ္တိုက္ခိုက္ခဲ့မႈ၊ ျပင္ဦးလြင္ နည္းပညာတိုက္ခိုက္ခံရမႈေတြ ျဖစ္ခ်ိန္မွာလည္း၊ ႏိုင္ငံေတာ္သမၼတက ကာလုံ မေခၚခဲ့ဘူးလို႔လည္း သူက ေထာက္ျပပါတယ္။

ရခိုင္အေရးနဲ႔ပတ္သက္ၿပီး ေျဖရွင္းဖို႔၊ ကိုဖီအာနန္ဦးေဆာင္တဲ့ ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံေပးေကာ္မရွင္ကို ဖြဲ႕စည္းရာမွာလည္း ႏိုင္ငံေတာ္သမၼတက ကာလုံနဲ႔ ညႇိဳႏႈိင္းမူ မရွိခဲ့ဘူးလို႔လည္းဆိုပါတယ္။

ပုဒ္မ ၂၀၁( ခ) မွာ ပါတဲ့ ကာကြယ္ေရးနဲ႔ လုံၿခဳံေရးေကာင္စီရဲ႕ အခန္းက႑ကို ျမႇင့္တင္ဖို႔ ဒုဗိုလ္မႉးႀကီး မိုးျမင့္ေအာင္ က ေထာက္ခံေဆြးေႏြးခဲ့ေပမယ့္၊ ကာလုံရဲ႕ ဖြဲ႕စည္းပုံျဖစ္တဲ့ ပုဒ္မ ၂၀၁ (က) ကိုေတာ့ မူလ အတိုင္းထားရွိဖို႔ သူက အဆိုျပဳသြားပါတယ္။

ဒါေပမဲ့ အန္အယ္ဒီ လႊတ္ေတာ္အမတ္တစ္ဦးျဖစ္တဲ့ ေဒါက္တာ-‌ေဝၿဖိဳးက‌ေတာ့ လက္ရွိ ကာလုံရဲ႕ဖြဲ႕စည္းပုံမွာ တပ္မေတာ္ဘက္က ေျခာက္ဦး၊ အန္အယ္ဒီ-အရပ္သားအစိုးရဘက္က ငါးဦးသာ ပါတဲ့အတြက္၊ တပ္မေတာ္က ႏိုင္ငံေရးေဘာင္ခ်ဲ႕တာျဖစ္တယ္လို႔ ေထာက္ျပေဝဖန္သြားပါတယ္။

"ပုဒ္မခြဲ(စ)မွာ အနည္းဆုံးေကာင္စီဝင္ ငါးဦးက ေတာင္းဆိုရင္ အစည္းအေဝး ေခၚယူက်င္းပရမယ္ဆိုတဲ့အခ်က္က ကာလုံမွာ တပ္မေတာ္က ေျခာက္ဦးထိ ပါဝင္ေနတဲ့အေနအထားကို အားလုံးသိၾကမွာျဖစ္ပါတယ္။  ဒီအခ်က္က တပ္မေတာ္က ႏိုင္ငံေရးအခန္းက႑မွာ ပိုေဘာင္ခ်ဲ႕လာမယ့္ အေနအထားျဖစ္ေစပါတယ္ ။ အပိုဒ္ခြဲ (ဂ) ဥပေဒျပဳ ေရးနဲ႔ အုပ္ခ်ဳပ္ေရးက႑ အခ်င္းခ်င္း အျပန္အလွန္ထိန္းေက်ာင္းမႈမ်ား ယိုယြင္းလာသည့္အခါ လႊတ္ေတာ္မ်ားကို ဖ်က္သိမ္းရန္ သင့္ မသင့္ ႏိုင္ငံေတာ္သမၼတကို အႀကံေပးရမယ္ဆိုတဲ့အခ်က္နဲ႔ ပုဒ္မခြဲ (ဃ) ျပည္သူနဲ႔အမ်ိဳးသား လႊတ္ေတာ္မွာ ကိုယ္စားလွယ္ သုံးပုံတစ္ပုံအထက္ လစ္လပ္သြားရင္ လႊတ္ေတာ္ကို ဖ်က္သိမ္းဖို႔ သင့္ မသင့္ သမၼတကို အႀကံေပးရမယ္ဆိုတဲ့အခ်က္ေတြဟာ မူလ နဂိုထဲက ၂၅ ရာခိုင္ႏႈန္းရထားၿပီးတဲ့အျပင္ ပိုမိုသြယ္ဝိုက္ၿပီး ဥပေဒျပဳလႊတ္တာ္ကို အာဏာလႊမ္းမိုးတာျဖစ္ပါတယ္။"

NLD ဦးေဆာင္တဲ့ ပူးေပါင္းေကာ္မတီက တင္သြင္းတဲ့မူၾကမ္းမွာေတာ့ ပုဒ္မ ၂၀၁ မွာ ကာလုံမွာပါဝင္တဲ့ နယ္စပ္ေရးရာဝန္ႀကီးကို အၿပီးထုတ္ပယ္ၿပီး ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ဒုဥကၠ႒ေတြကို အသစ္ထည့္သြင္းဖို႔ျဖစ္ပါတယ္။ ဒီအတြက္ အန္အယ္ဒီ-မူၾကမ္းအရဆိုရင္ ကာလုံမွာ တပ္ဘက္က ငါးဦးသာ က်န္ၿပီး အရပ္အသားအစိုးရဘက္က ခုႏွစ္ဦး၊ စုစု‌ေပါင္း ၁၂ ဦး ျဖစ္လာမွာပါ။

ဒီအခ်က္ကို တပ္မေတာ္သားကိုယ္စားလွယ္ေတြက လက္မခံပါဘူး။

ရခိုင္ျပည္နယ္မဲဆႏၵနယ္ အမွတ္ (၁၁) က အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚထုေမကေတာ့ ကာလုံ ဖြဲ႕စည္းပုံကို ျပင္ဆင္ခြင့္ရမယ္ဆိုရင္၊ ျပည္သူေတြ ေ႐ြးခ်ယ္တင္ေျမႇာက္တဲ့ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြ ပါဝင္ သင့္တယ္လို႔ ရခိုင္ျပည္နယ္အေျခအေနနဲ႔ ႏႈိင္းယွဥ္ၿပီး ေျပာပါတယ္။

"က်မတို႔သာ ေဆြးေႏြးမယ္ဆိုလို႔ရွိရင္ က်မတို႔ျပည္နယ္ေတြက ေ႐ြးခ်ယ္တဲ့ လႊတ္ေတာ္ဥကၠ႒ (သို႔မဟုတ္) ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ားလည္းပဲ ဒီကာလုံမွာပါဝင္ရမွာျဖစ္ပါတယ္။ ဥပမာ အမ်ားဆုံးေျပာၾကတဲ့ ဒီမွာက ဗဟိုခ်ဳပ္ကိုင္မႈနဲ႔ ေျဖရွင္းသမွ်ကာလပတ္လုံး ရခိုင္ကိစၥေတြက ရွင္းမွာမဟုတ္ဘူးဆိုေတာ့ ရခိုင္ျပည္သူ အမ်ားဆုံးက ေ႐ြးခ်ယ္လို႔ တင္ေျမႇာက္လိုက္တဲ့ ဝန္ႀကီးခ်ဳပ္သည္ ကာလုံမွာပါမွသာလွ်င္ ရခိုင္ျပည္နယ္ အေျခအေန၊ ေျမျပင္အေျခအေနကို သိမွာျဖစ္ပါတယ္။"

ဖြဲ႕စည္းပုံျပင္ဆင္ေရးနဲ႔ ပတ္သက္တဲ့ ဒီကေန႔ တတိယေျမာက္ေန႔ ေဆြးေႏြးပြဲမွာ တိုင္းရင္းသားေတြအတြက္ အေရးႀကီးတယ္လို႔ လူေျပာမ်ားေနတဲ့ ပုဒ္မ-၂၆၁ ကို ျပန္လည္ျပင္ဆင္ဖို႔ ႀကံ့ခိုင္ေရးပါတီက ဦးသိန္းထြန္း တင္သြင္းတဲ့ မူၾကမ္းအေပၚ ရခိုင္အမတ္ေတြက ေထာက္ခံေဆြးေႏြးသြားပါတယ္။

၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရး အေရးအႀကီးဆုံးပုဒ္မျဖစ္တဲ့ ပုဒ္မ-၄၃၆ ျပင္ဆင္ေရးအေပၚ အန္အယ္ဒီအမတ္ေတြက ေထာက္ခံေဆြးေႏြးတာလည္း ေတြ႕ရပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
NLD အစိုးရလက်ထက် ကာလုံ မခေါ်မှု တပ်မတော်သား ကိုယ်စားလှယ် ဝေဖန်

အန်အယ်ဒီ-အစိုးရလက်ထက်မှာ အ‌ရေးပေါ်အခြေအနေတွေ ကြုံခဲ့ရပေမဲ့ “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီ-ကာလုံ” တစ်ကြိမ်မှ မခေါ်ခဲ့တဲ့အပေါ် တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ပြစ်တင်‌ဝေဖန်ခဲ့ပါတယ်။

NLD ပါတီဘက်ကတော့ ကာလုံရဲ့ဖွဲ့စည်းပုံဟာ တပ်မတော်ဘက်က နိုင်ငံရေးဘောင်ချဲ့တာပဲလို့ ဝေဖန်ပါတယ်။

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ-ကာလုံရဲ့လုပ်ပိုင်ခွင့်ကို တိုးမြှင့်ဖို့ တင်ပြထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ မူကြမ်းကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး မိုးမြင့်အောင်က ထောက်ခံ ဆွေးနွေးခဲ့ပြီး  လက်ရှိအန်အယ်ဒီအစိုးရလက်ထက်မှာ တိုင်းပြည်ဘယ်လောက်အရေးကြီးကြီး ကာလုံအစည်း အဝေး တစ်ကြိမ်မှ မခေါ်ယူခဲ့ဘူးလို့ ပြောပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်လို့ ICJ အမှုကို သွားရောက်ဆွေးနွေးရမဲ့ကိစ္စမှာတောင် သမ္မတက ကာလုံနဲ့ညှိုနှိုင်းတာမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။

"မြန်မာနိုင်ငံ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာများ( ဒါရူစပင်ရဲ့ အစီရင်ခံစာများ)၊ ရခိုင်ပြည်နယ် အရေးကိစ္စကို ICC မှ တရားစီရင်ရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်ကို ကုလသမဂ္ဂအထွေ‌ထွေ ညီလာခံမှာ တင်ပြခဲ့တဲ့ကိစ္စ၊ ICJ မှာ မြန်မာနိုင်ငံမှ တက်ရောက်ရှင်းလင်းတဲ့ကိစ္စ စတဲ့ နိုင်ငံအတွက် အလွန် အရေးပါတဲ့ကိစ္စများ မတိုင်ခင်မှာ ကောင်စီနဲ့ ညှိုနှိုင်းဆွေးနွေးသင့်သော်လည်း လုပ်ဆောင်မှုမရှိတာကိုလည်း တွေ့ရပါတယ်။"

ကာလုံနဲ့ဆက်စပ်တဲ့ ပုဒ်မ ၂၁၃ မှာ “နိုင်ငံတော် ကျူးကျော်တိုက်ခိုက်ခံရရင် ဖွဲ့စည်းပုံနဲ့အညီ ပြဌာန်းထားတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိုနှိုင်းပြီး၊ စစ်ရေးအရ လိုအပ်သလိုဆောင်ရွက်ခွင့်ရှိတယ်” လို့ ပြဌာန်း ထားကြောင်း ဒုဗိုလ်မှူးကြီး မိုးမြင့်အောင်က ကိုးကားဖေါ်ပြသွားပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ARSA အဖွဲ့က ကျူးကျော်တိုက်ခိုက်ခဲ့မှု၊ ပြင်ဦးလွင် နည်းပညာတိုက်ခိုက်ခံရမှုတွေ ဖြစ်ချိန်မှာလည်း၊ နိုင်ငံတော်သမ္မတက ကာလုံ မခေါ်ခဲ့ဘူးလို့လည်း သူက ထောက်ပြပါတယ်။

ရခိုင်အရေးနဲ့ပတ်သက်ပြီး ဖြေရှင်းဖို့၊ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းရာမှာလည်း နိုင်ငံတော်သမ္မတက ကာလုံနဲ့ ညှိုနှိုင်းမူ မရှိခဲ့ဘူးလို့လည်းဆိုပါတယ်။

ပုဒ်မ ၂၀၁( ခ) မှာ ပါတဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့ ဒုဗိုလ်မှူးကြီး မိုးမြင့်အောင် က ထောက်ခံဆွေးနွေးခဲ့ပေမယ့်၊ ကာလုံရဲ့ ဖွဲ့စည်းပုံဖြစ်တဲ့ ပုဒ်မ ၂၀၁ (က) ကိုတော့ မူလ အတိုင်းထားရှိဖို့ သူက အဆိုပြုသွားပါတယ်။

ဒါပေမဲ့ အန်အယ်ဒီ လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာ-‌ဝေဖြိုးက‌တော့ လက်ရှိ ကာလုံရဲ့ဖွဲ့စည်းပုံမှာ တပ်မတော်ဘက်က ခြောက်ဦး၊ အန်အယ်ဒီ-အရပ်သားအစိုးရဘက်က ငါးဦးသာ ပါတဲ့အတွက်၊ တပ်မတော်က နိုင်ငံရေးဘောင်ချဲ့တာဖြစ်တယ်လို့ ထောက်ပြဝေဖန်သွားပါတယ်။

"ပုဒ်မခွဲ(စ)မှာ အနည်းဆုံးကောင်စီဝင် ငါးဦးက တောင်းဆိုရင် အစည်းအဝေး ခေါ်ယူကျင်းပရမယ်ဆိုတဲ့အချက်က ကာလုံမှာ တပ်မတော်က ခြောက်ဦးထိ ပါဝင်နေတဲ့အနေအထားကို အားလုံးသိကြမှာဖြစ်ပါတယ်။  ဒီအချက်က တပ်မတော်က နိုင်ငံရေးအခန်းကဏ္ဍမှာ ပိုဘောင်ချဲ့လာမယ့် အနေအထားဖြစ်စေပါတယ် ။ အပိုဒ်ခွဲ (ဂ) ဥပဒေပြု ရေးနဲ့ အုပ်ချုပ်ရေးကဏ္ဍ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းမှုများ ယိုယွင်းလာသည့်အခါ လွှတ်တော်များကို ဖျက်သိမ်းရန် သင့် မသင့် နိုင်ငံတော်သမ္မတကို အကြံပေးရမယ်ဆိုတဲ့အချက်နဲ့ ပုဒ်မခွဲ (ဃ) ပြည်သူနဲ့အမျိုးသား လွှတ်တော်မှာ ကိုယ်စားလှယ် သုံးပုံတစ်ပုံအထက် လစ်လပ်သွားရင် လွှတ်တော်ကို ဖျက်သိမ်းဖို့ သင့် မသင့် သမ္မတကို အကြံပေးရမယ်ဆိုတဲ့အချက်တွေဟာ မူလ နဂိုထဲက ၂၅ ရာခိုင်နှုန်းရထားပြီးတဲ့အပြင် ပိုမိုသွယ်ဝိုက်ပြီး ဥပဒေပြုလွှတ်တာ်ကို အာဏာလွှမ်းမိုးတာဖြစ်ပါတယ်။"

NLD ဦးဆောင်တဲ့ ပူးပေါင်းကော်မတီက တင်သွင်းတဲ့မူကြမ်းမှာတော့ ပုဒ်မ ၂၀၁ မှာ ကာလုံမှာပါဝင်တဲ့ နယ်စပ်ရေးရာဝန်ကြီးကို အပြီးထုတ်ပယ်ပြီး ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌတွေကို အသစ်ထည့်သွင်းဖို့ဖြစ်ပါတယ်။ ဒီအတွက် အန်အယ်ဒီ-မူကြမ်းအရဆိုရင် ကာလုံမှာ တပ်ဘက်က ငါးဦးသာ ကျန်ပြီး အရပ်အသားအစိုးရဘက်က ခုနှစ်ဦး၊ စုစု‌ပေါင်း ၁၂ ဦး ဖြစ်လာမှာပါ။

ဒီအချက်ကို တပ်မတော်သားကိုယ်စားလှယ်တွေက လက်မခံပါဘူး။

ရခိုင်ပြည်နယ်မဲဆန္ဒနယ် အမှတ် (၁၁) က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေကတော့ ကာလုံ ဖွဲ့စည်းပုံကို ပြင်ဆင်ခွင့်ရမယ်ဆိုရင်၊ ပြည်သူတွေ ရွေးချယ်တင်မြှောက်တဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေ ပါဝင် သင့်တယ်လို့ ရခိုင်ပြည်နယ်အခြေအနေနဲ့ နှိုင်းယှဉ်ပြီး ပြောပါတယ်။

"ကျမတို့သာ ဆွေးနွေးမယ်ဆိုလို့ရှိရင် ကျမတို့ပြည်နယ်တွေက ရွေးချယ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ်များလည်းပဲ ဒီကာလုံမှာပါဝင်ရမှာဖြစ်ပါတယ်။ ဥပမာ အများဆုံးပြောကြတဲ့ ဒီမှာက ဗဟိုချုပ်ကိုင်မှုနဲ့ ဖြေရှင်းသမျှကာလပတ်လုံး ရခိုင်ကိစ္စတွေက ရှင်းမှာမဟုတ်ဘူးဆိုတော့ ရခိုင်ပြည်သူ အများဆုံးက ရွေးချယ်လို့ တင်မြှောက်လိုက်တဲ့ ဝန်ကြီးချုပ်သည် ကာလုံမှာပါမှသာလျှင် ရခိုင်ပြည်နယ် အခြေအနေ၊ မြေပြင်အခြေအနေကို သိမှာဖြစ်ပါတယ်။"

ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ ဒီကနေ့ တတိယမြောက်နေ့ ဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေအတွက် အရေးကြီးတယ်လို့ လူပြောများနေတဲ့ ပုဒ်မ-၂၆၁ ကို ပြန်လည်ပြင်ဆင်ဖို့ ကြံ့ခိုင်ရေးပါတီက ဦးသိန်းထွန်း တင်သွင်းတဲ့ မူကြမ်းအပေါ် ရခိုင်အမတ်တွေက ထောက်ခံဆွေးနွေးသွားပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အရေးအကြီးဆုံးပုဒ်မဖြစ်တဲ့ ပုဒ်မ-၄၃၆ ပြင်ဆင်ရေးအပေါ် အန်အယ်ဒီအမတ်တွေက ထောက်ခံဆွေးနွေးတာလည်း တွေ့ရပါတယ်။

RFA Burmese
https://www.rfa.org
NLD အစိုးရလက္ထက္ ကာလုံ မေခၚမႈ တပ္မေတာ္သား ကိုယ္စားလွယ္ ေဝဖန္ NLD အစိုးရလက္ထက္ ကာလုံ မေခၚမႈ တပ္မေတာ္သား ကိုယ္စားလွယ္ ေဝဖန္ Reviewed by THITHTOOLWIN on 07:21 Rating: 5
Powered by Blogger.