ရမ္းၿဗဲ NLD ဘ႑ာေရးမွဴး ဦးေဇယ်ာမင္းအား ဖမ္းဆီးထိန္းသိမ္းထားျခင္းမရွိဟု AA ျငင္းဆို

(Zawgyi)⤵⤵⤵
စစ္ေတြ၊ ေဖေဖာ္ဝါရီ ၉/ ၂၀၂၀

ရခုိင္ျပည္နယ္၊ ရမ္းၿဗဲျမိဳ႕နယ္မွ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ အလုပ္မႈေဆာင္အဖြဲ႕ဝင္ ဘ႑ာေရးမွဴး ဦးေဇယ်ာမင္းအား ဖမ္းဆီးေခၚေဆာင္ထားျခင္းမရွိဟု ရကၡိဳင့္တပ္ေတာ္(AA)က ျငင္းဆိုလုိက္သည္။

“ေသခ်ာတာကေတာ့ ဦးေဇယ်ာမင္းကို က်ေနာ္တို႔ဘက္က ထိန္းသိမ္းထားတာ လံုးဝမဟုတ္ဘူး။ က်ေနာ္တို႔လည္း ေအာက္ေျခကို ေမးၾကည့္ၿပီးၿပီ။ က်ေနာ္တို႔ဘက္က အဲလိုထိန္းသိမ္းတဲ့ ျဖစ္စဥ္မ်ိဳးမရွိဘူး”ဟု AA ၏ ျပန္ၾကားေရး တာဝန္ခံ ဦးခိုင္သုခက နိရဥၥရာသတင္းဌာနသို႔ ေျပာသည္။

ဦးေဇယ်ာမင္းအား ေဖေဖာ္ဝါရီလ ၈ ရက္ေန႔ ညေန ၆ နာရီခန္႔တြင္ ရမ္းၿဗဲျမိဳ႕နယ္ သနပ္ကုန္းေက်ာက္ေဆာင္ေက်းရြာ၌ AA တပ္ဖြဲ႔ဝင္ ၈ ဦးက ဖမ္းဆီးသြားျခင္းျဖစ္သည္ဟု အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာ မ်ိဳးညြန္႔က စြပ္စဲြေျပာဆုိျခင္းႏွင့္ပတ္သက္ၿပီး AA က ထိုသို႔ ျငင္းဆိုလိုက္ျခင္းျဖစ္သည္။

“လက္နက္ကိုင္အဖြဲ႔က ဖမ္းသြားတယ္ဆိုတိုင္း လက္နက္ကိုင္ထားတိုင္း ေအေအ လို႔ေျပာလို႔ေတာ့မရဘူး။ အခု ျမန္မာစစ္တပ္ေတြက ရခိုင္ျပည္ေနရာအႏွံ႔မွာ အရပ္ဝတ္ေတြနဲ႔သြားေနတဲ့ ဥစၥာအမ်ားႀကီးရွိတယ္” ဟု ဦးခုိင္သုခက ေျပာသည္။

ျမန္မာ့စစ္တပ္ဘက္က စစ္ဘက္ေထာက္လွမ္းေရးမ်ားကလည္း အရပ္ဘက္တြင္ အမ်ားႀကီးရွိေနေၾကာင္း၊ ရခုိင္ျပည္သူေတြၾကားထဲတြင္ ထင္ေယာင္ထင္မွား ျဖစ္ေအာင္ ျမန္မာစစ္တပ္ဘက္က ႀကိဳးပမ္းျခင္းလည္း ျဖစ္ႏိုင္ေၾကာင္း၊ ယင္းအျပင္ အျခားတစ္ဘက္တြင္ လက္ရွိ NLD အစိုးရႏွင့္ ရကၡိဳင့္တပ္ေတာ္(AA)တို႔ၾကားတြင္ ပိုၿပီးတင္းမာမႈျဖစ္လာေစရန္ ျမန္မာစစ္တပ္ဘက္က ဖန္တီးျခင္းမ်ိဳးလည္း ျဖစ္ႏိုင္ေၾကာင္း ေအေအ ေျပာခြင့္ရ ဦးခိုင္သုခ ေျပာသည္။

ယခုကိစၥႏွင့္ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ေျပာေရးဆိုျခင္းရွိသူ စစ္ဦးစီး ပထမတန္း ဗိုလ္မွဴးၾကီးဝင္းေဇာ္ဦးႏွင့္ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္း တို႔အား နိရဥၥရာသတင္းဌာနမွ ယေန႔ ေန႔လယ္ ၁ နာရီခြဲခန္႔က ဖုန္းျဖင့္ဆက္သြယ္ခဲ့ရာ ဖုန္းလက္ခံေျဖဆိုျခင္းမရွိသည့္အတြက္ တပ္ဘက္က တုံ႔ျပန္မႈအား တင္ျပေပးႏုိင္ျခင္းမရွိေသးပါ။

===================
(Unicode)⤵⤵⤵
ရမ်းဗြဲ NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းအား ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိဟု AA ငြင်းဆို

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၉/ ၂၀၂၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်မှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းအား ဖမ်းဆီးခေါ်ဆောင်ထားခြင်းမရှိဟု ရက္ခိုင့်တပ်တော်(AA)က ငြင်းဆိုလိုက်သည်။

“သေချာတာကတော့ ဦးဇေယျာမင်းကို ကျနော်တို့ဘက်က ထိန်းသိမ်းထားတာ လုံးဝမဟုတ်ဘူး။ ကျနော်တို့လည်း အောက်ခြေကို မေးကြည့်ပြီးပြီ။ ကျနော်တို့ဘက်က အဲလိုထိန်းသိမ်းတဲ့ ဖြစ်စဉ်မျိုးမရှိဘူး”ဟု AA ၏ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဦးဇေယျာမင်းအား ဖေဖော်ဝါရီလ ၈ ရက်နေ့ ညနေ ၆ နာရီခန့်တွင် ရမ်းဗြဲမြို့နယ် သနပ်ကုန်းကျောက်ဆောင်ကျေးရွာ၌ AA တပ်ဖွဲ့ဝင် ၈ ဦးက ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က စွပ်စွဲပြောဆိုခြင်းနှင့်ပတ်သက်ပြီး AA က ထိုသို့ ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

“လက်နက်ကိုင်အဖွဲ့က ဖမ်းသွားတယ်ဆိုတိုင်း လက်နက်ကိုင်ထားတိုင်း အေအေ လို့ပြောလို့တော့မရဘူး။ အခု မြန်မာစစ်တပ်တွေက ရခိုင်ပြည်နေရာအနှံ့မှာ အရပ်ဝတ်တွေနဲ့သွားနေတဲ့ ဥစ္စာအများကြီးရှိတယ်” ဟု ဦးခိုင်သုခက ပြောသည်။

မြန်မာ့စစ်တပ်ဘက်က စစ်ဘက်ထောက်လှမ်းရေးများကလည်း အရပ်ဘက်တွင် အများကြီးရှိနေကြောင်း၊ ရခိုင်ပြည်သူတွေကြားထဲတွင် ထင်ယောင်ထင်မှား ဖြစ်အောင် မြန်မာစစ်တပ်ဘက်က ကြိုးပမ်းခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ယင်းအပြင် အခြားတစ်ဘက်တွင် လက်ရှိ NLD အစိုးရနှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြားတွင် ပိုပြီးတင်းမာမှုဖြစ်လာစေရန် မြန်မာစစ်တပ်ဘက်က ဖန်တီးခြင်းမျိုးလည်း ဖြစ်နိုင်ကြောင်း အေအေ ပြောခွင့်ရ ဦးခိုင်သုခ ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခြင်းရှိသူ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်း တို့အား နိရဥ္စရာသတင်းဌာနမှ ယနေ့ နေ့လယ် ၁ နာရီခွဲခန့်က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖုန်းလက်ခံဖြေဆိုခြင်းမရှိသည့်အတွက် တပ်ဘက်က တုံ့ပြန်မှုအား တင်ပြပေးနိုင်ခြင်းမရှိသေးပါ။

သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info
ရမ္းၿဗဲ NLD ဘ႑ာေရးမွဴး ဦးေဇယ်ာမင္းအား ဖမ္းဆီးထိန္းသိမ္းထားျခင္းမရွိဟု AA ျငင္းဆို ရမ္းၿဗဲ NLD ဘ႑ာေရးမွဴး ဦးေဇယ်ာမင္းအား ဖမ္းဆီးထိန္းသိမ္းထားျခင္းမရွိဟု AA ျငင္းဆို Reviewed by THITHTOOLWIN on 23:28 Rating: 5
Powered by Blogger.