ရမ္းၿဗဲျမိဳ႕နယ္ NLD ဘ႑ာေရးမွဴး ဦးေဇယ်ာမင္းအား AA ဖမ္းဆီးသြားဟု NLD ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးညြန္႔အတည္ျပဳ

(Zawgyi)⤵⤵⤵
စစ္ေတြ၊ ေဖေဖာ္ဝါရီ ၉/၂၀၂၀

ရခုိင္ျပည္နယ္၊ ရမ္းၿဗဲၿမိဳ႕နယ္မွ အမ်ိဳးသားဒီမိုကေရဆီအဖြဲ႔ခ်ဳပ္(NLD)အလုပ္မႈေဆာင္အဖြဲ႕ဝင္ ဘ႑ာေရးမွဴး ဦးေဇယ်ာမင္းအား ရကၡိဳင့္တပ္ေတာ္(AA)က ဖမ္းဆီးေခၚေဆာင္သြားသည္ဟု NLD ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ဳိးညြန္႔က နိရဥၥရာသုိ႔ အတည္ျပဳေျပာၾကားသည္။

“မေန႔က ညေန ၆ နာရီေလာက္မွာ သနပ္ကုန္းေက်ာက္ေဆာင္ေက်းရြာမွာ သူ ေရာက္ေနတုန္းမွာ ေအေအ တပ္ဖြဲ႕ဝင္ ၈ ဦးက ေနၿပီးေတာ့ လာေရာက္ဖမ္းဆီးသြားတယ္ဆိုတာပဲ ေလာေလာဆယ္ေတာ့ သိထားပါတယ္။ အတည္ျပဳလို႔ရပါတယ္။”ဟု ေဒါက္တာမ်ဳိးညြန္႔က ယေန႔ နံနက္ ၁၁ နာရီခန္႔တြင္ ေျပာသည္။

ဦးေဇယ်ာမင္းအား AA က မည္သည့္အတြက္ေၾကာင့္ဖမ္းသြားသည္ကို မသိရေၾကာင္း၊ ရကၡိဳင့္တပ္ေတာ္(AA)က ေၾကညာခ်က္ထုတ္ၿပီးမွ သိရမည္ျဖစ္ေၾကာင္း ေဒါက္တာ မ်ိဳးညြန္႔က ေျပာသည္။

ထိုကိစၥႏွင့္ပတ္သက္ၿပီး နိရဥၥရာသတင္းဌာနမွ AA ၏ ျပန္ၾကားေရးတာဝန္ခံ ဦးခိုင္သုခသုိ႔ ဆက္သြယ္ေမးျမန္းေနဆဲျဖစ္သည္။
လက္နက္ကိုင္ ပဋိပကၡျဖစ္သည့္ နယ္ေျမတိုင္းတြင္ ျပည္သူမ်ားအတြက္ လံုၿခံဳေရး ျပႆနာရွိေၾကာင္း၊ လူထုၾကားထဲတြင္ စည္းရံုးသြားလာရသည့္ အမ်ိဳးသားဒီမိုကေရဆီအဖြဲ႔ခ်ဳပ္အပါအဝင္ ႏိုင္ငံေရးပါတီမ်ားမွ ပုဂၢိဳလ္မ်ားအေနျဖင့္ ေဒသတြင္းရွိ လက္နက္ကိုင္မ်ား၏ ဖမ္းဆီးထိန္းသိမ္းျခင္းခံရႏိုင္သည့္ အလားအလာ ရွိေနႏိုင္ေၾကာင္း ေဒါက္တာမ်ိဳးညြန္႔က ဆက္ေျပာသည္။

“က်ေနာ္တို႔က ႏိုင္ငံေရး သတိနဲ႔ သြားလာ လွဳပ္ရွားၾကဖို႔ ဒါပဲ က်ေနာ္တို႔ေျပာလို႔ရပါလိမ့္မယ္။ အဓိက ျပႆနာကေတာ့ ႏိုင္ငံေရးျပႆနာကို ႏိုင္ငံေရးနည္းနဲ႔ မေျဖရွင္းဘဲနဲ႔ လက္နက္နည္းနဲ႔ေျဖရွင္းတာဟာ အဓိက ျပႆနာလို႔ယူဆပါတယ္။ အဲဒီေတာ့ ႏိုင္ငံေရး နည္းနဲ႔ စားပြဲဝိုင္းမွာ ျပန္လည္ၿပီးေတာ့ ေျဖရွင္းဖို႔အတြက္ ဒါကေတာ့ ျပည္သူအားလံုးကလည္း ေတာင္းဆိုမယ္၊ ပူးေပါင္းပါဝင္မယ္ ဆိုရင္ေတာ့ ျပႆနာက ေျပလည္မယ္လို႔ က်ေနာ္တို႔ထင္ပါတယ္” ဟု ၄င္းက ေျပာသည္။

ၿပီးခဲ့သည့္ ၂ဝ၁၉ ခုႏွစ္ ဒီဇင္ဘာလ ၁၁ ရက္ေန႔ကလည္း ဘူးသီးေတာင္ျမိဳ႕နယ္ အမ်ိဳးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ဥကၠ႒ ဦးရဲသိန္းအား ရကၡိဳင့္တပ္ေတာ္(AA)က ဖမ္းဆီးေခၚေဆာင္သြားခဲ့သည္။ ယင္းေနာက္ ဦးရဲသိန္းသည္ ဒီဇင္ဘာလ ၂၅ ရက္ေန႔တြင္ တိုက္ပြဲအတြင္း လက္နက္ႀကီးထိမွန္ေသဆံုးသြားေၾကာင္း AA က ထုတ္ျပန္ခဲ့သည္။

====================
(Unicode)⤵⤵⤵
ရမ်းဗြဲမြို့နယ် NLD ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းအား AA ဖမ်းဆီးသွားဟု NLD ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်အတည်ပြု

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၉/၂၀၂၀

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မှ အမျိုးသားဒီမိုကရေဆီအဖွဲ့ချုပ်(NLD)အလုပ်မှုဆောင်အဖွဲ့ဝင် ဘဏ္ဍာရေးမှူး ဦးဇေယျာမင်းအား ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က နိရဥ္စရာသို့ အတည်ပြုပြောကြားသည်။

“မနေ့က ညနေ ၆ နာရီလောက်မှာ သနပ်ကုန်းကျောက်ဆောင်ကျေးရွာမှာ သူ ရောက်နေတုန်းမှာ အေအေ တပ်ဖွဲ့ဝင် ၈ ဦးက နေပြီးတော့ လာရောက်ဖမ်းဆီးသွားတယ်ဆိုတာပဲ လောလောဆယ်တော့ သိထားပါတယ်။ အတည်ပြုလို့ရပါတယ်။”ဟု ဒေါက်တာမျိုးညွန့်က ယနေ့ နံနက် ၁၁ နာရီခန့်တွင် ပြောသည်။

ဦးဇေယျာမင်းအား AA က မည်သည့်အတွက်ကြောင့်ဖမ်းသွားသည်ကို မသိရကြောင်း၊ ရက္ခိုင့်တပ်တော်(AA)က ကြေညာချက်ထုတ်ပြီးမှ သိရမည်ဖြစ်ကြောင်း ဒေါက်တာ မျိုးညွန့်က ပြောသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနမှ AA ၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခသို့ ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
လက်နက်ကိုင် ပဋိပက္ခဖြစ်သည့် နယ်မြေတိုင်းတွင် ပြည်သူများအတွက် လုံခြုံရေး ပြဿနာရှိကြောင်း၊ လူထုကြားထဲတွင် စည်းရုံးသွားလာရသည့် အမျိုးသားဒီမိုကရေဆီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများမှ ပုဂ္ဂိုလ်များအနေဖြင့် ဒေသတွင်းရှိ လက်နက်ကိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံရနိုင်သည့် အလားအလာ ရှိနေနိုင်ကြောင်း ဒေါက်တာမျိုးညွန့်က ဆက်ပြောသည်။

“ကျနော်တို့က နိုင်ငံရေး သတိနဲ့ သွားလာ လှုပ်ရှားကြဖို့ ဒါပဲ ကျနော်တို့ပြောလို့ရပါလိမ့်မယ်။ အဓိက ပြဿနာကတော့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲနဲ့ လက်နက်နည်းနဲ့ဖြေရှင်းတာဟာ အဓိက ပြဿနာလို့ယူဆပါတယ်။ အဲဒီတော့ နိုင်ငံရေး နည်းနဲ့ စားပွဲဝိုင်းမှာ ပြန်လည်ပြီးတော့ ဖြေရှင်းဖို့အတွက် ဒါကတော့ ပြည်သူအားလုံးကလည်း တောင်းဆိုမယ်၊ ပူးပေါင်းပါဝင်မယ် ဆိုရင်တော့ ပြဿနာက ပြေလည်မယ်လို့ ကျနော်တို့ထင်ပါတယ်” ဟု ၄င်းက ပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၉ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးရဲသိန်းအား ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ယင်းနောက် ဦးရဲသိန်းသည် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်သေဆုံးသွားကြောင်း AA က ထုတ်ပြန်ခဲ့သည်။

သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info
ရမ္းၿဗဲျမိဳ႕နယ္ NLD ဘ႑ာေရးမွဴး ဦးေဇယ်ာမင္းအား AA ဖမ္းဆီးသြားဟု NLD ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးညြန္႔အတည္ျပဳ ရမ္းၿဗဲျမိဳ႕နယ္ NLD ဘ႑ာေရးမွဴး ဦးေဇယ်ာမင္းအား AA ဖမ္းဆီးသြားဟု NLD ေျပာခြင့္ရသူ ေဒါက္တာမ်ိဳးညြန္႔အတည္ျပဳ Reviewed by THITHTOOLWIN on 23:26 Rating: 5
Powered by Blogger.