အားလုံးပါမယ္ဆုိရင္ NCA ထိုးဖုိ့ SSPP/SSA အသင့္ရွိေၾကာင္းထုတ္ျပန္

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၂၁၊၂၀၂၀

သွ်မ္းျပည္ တုိးတက္ေရးပါတီ သွ်မ္းျပည္တပ္မေတာ္ SSPP/SSA သည္ တႏိုင္ငံလံုး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူ စာခ်ဳပ္( NCA) ေရးထုိးရန္ အဆင္သင့္ျဖစ္ေနျပီျဖစ္ေၾကာင္း ေျပာဆုိလုိက္သည္။

ေဖေဖာ္ဝါရီ ၄ ရက္မွ ၁၈ ရက္ထိ SSPP/SSA ဗဟို ေကာ္မတီ အစည္းအေဝးတရပ္က်င္းပရာ NCA လက္မွတ္ေရးထိုးမည့္ ကိစၥပါ ေဆြးေႏြးဆံုးျဖတ္ခ်က္ ခ်ခဲ့သည္ ဟု သိရသည္။

အစည္းအေ၀းအျပီး ေဖေဖာ္ဝါရီ ၁၉ ရက္ေန႕တြင္ထုတ္ျပန္ခဲ့ေသာ SSPP/SSA ၏ ေၾကညာခ်က္တြင္လည္း SSPP/SSA အေနျဖင့္ NCA ျဖစ္ေပၚလာေရး ႀကိဳးပမ္းမႈ ျဖစ္စဥ္တြင္ အစ မွ အဆံုးထိ ပူးေပါင္း ပါဝင္ခဲ့သည္ ဟု ေဖာ္ျပထားသည္။

သွ်မ္းျပည္ တပ္မေတာ္သည္ FPNCC အဖြဲ႔ဝင္ အားလံုး ႏွင့္ အတူ NCA ျဖစ္စဥ္ ႏွင့္ ႏိုင္ငံေရး ျဖစ္စဥ္ မ်ားတြင္ ပူးေပါင္းပါဝင္ႏုိင္ရန္ အတြက္ အစိုးရ၊ တပ္မေတာ္ တို႔ႏွင့္ ေဆြးေႏြးၿပီး ဘဝတူ တုိင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းမ်ား၊ ႏုိင္ငံေရး ပါတီမ်ား၊ လူမႈအဖြဲ႔အစည္းမ်ားတို႔ ႏွင့္ ေဆြးေႏြးေဆာင္ရြက္သြားမည္ ဟုလည္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္

“ NCA လက္မွတ္ထိုးဖုိးက က်ေနာ္တုိ႔ အဖြဲ႔ေတြ NCA စၿပီးလုပ္ကတည္း က ပါဝင္ခဲ့ပါတယ္။ ဒါေပမယ့္ အားလံုး မပါရင္ က်ေနာ္တုိ႔ အဖြဲ႔က မထိုးေသးတာပါ။ ထုိးဖုိ႔ က ရွိပါတယ္။ NCA ထိုးဖို႔လည္း ျပင္ဆင္ထားၿပီးပါၿပီ” ဟု SSPP/SSA ေျပာခြင့္ရ ပုဂၢိဳလ္ ဗိုလ္မွဴး စိုင္းသန္းေအာင္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

NCA လက္မွတ္ေရးထိုးရာတြင္ တိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႔ အားလံုးပါဝင္လာရန္အတြက္ အဓိက ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႔ ႏွင့္ ေတြ႔ဆံုညိွႏႈိင္း အေျဖရွာသြားမည္ ဟု လည္း ဗိုလ္မွဴး စိုင္းသန္းေအာင္ က ေျပာသည္။

“ က်ေနာ္တုိ႔ေျမာက္ပိုင္း အဖြဲ႔ ေတြနဲ႔ ေတြ႔ၿပီး ညိွဖုိ႔ လုပ္ပါမယ္။ ဘယ္အခ်ိန္လုပ္မယ္ေတြ႔မယ္ဆုိေတာ့ မသိေသးဘူး။ က်ေနာ္တုိ႔ ေတြ႔ဆံုခဲ့ရင္ NCA ကိစၥ အေၾကာင္းေတြေျပာမယ္” ဟု ဗုိလ္မွဴး စိုင္းသန္းေအာင္ က ထပ္ေလာင္း ေျပာသည္။

FPNCC သည္ NCA မထုိးရေသးသည့္ တုိင္းရင္းသားလက္နက္ကိုင္မ်ား ဖြဲ႔ထားသည့္ မဟာမိတ္ အဖြဲ႔ျဖစ္သည္။

ထုိထဲတြင္ SSPP/SSA ၊ ကခ်င္ တပ္ဖြဲ႔ (KIA) ၊မိုင္းလား အဖြဲ႔ (NDAA) ၊ “ ဝ” တပ္ဖြဲ႔ (UWSA)၊ တအာင္း (ပေလာင္) တပ္ဖြဲ႔( TNLA) ၊ကိုးကန္႔ တပ္ဖြဲ႔ (MNDAA ) ႏွင့္ ရခုိင္ တပ္ဖြဲ႕ (AA) တုိ႔ ပါဝင္သည္။

Panglong(Burmese)
https://www.facebook.com/shannewsburmese/
--------
(Unicode)⤵⤵⤵
အားလုံးပါမယ်ဆိုရင် NCA ထိုးဖို့ SSPP/SSA အသင့်ရှိကြောင်းထုတ်ပြန်

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၂၁၊၂၀၂၀

သျှမ်းပြည် တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်( NCA) ရေးထိုးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၄ ရက်မှ ၁၈ ရက်ထိ SSPP/SSA ဗဟို ကော်မတီ အစည်းအဝေးတရပ်ကျင်းပရာ NCA လက်မှတ်ရေးထိုးမည့် ကိစ္စပါ ဆွေးနွေးဆုံးဖြတ်ချက် ချခဲ့သည် ဟု သိရသည်။

အစည်းအဝေးအပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သော SSPP/SSA ၏ ကြေညာချက်တွင်လည်း SSPP/SSA အနေဖြင့် NCA ဖြစ်ပေါ်လာရေး ကြိုးပမ်းမှု ဖြစ်စဉ်တွင် အစ မှ အဆုံးထိ ပူးပေါင်း ပါဝင်ခဲ့သည် ဟု ဖော်ပြထားသည်။

သျှမ်းပြည် တပ်မတော်သည် FPNCC အဖွဲ့ဝင် အားလုံး နှင့် အတူ NCA ဖြစ်စဉ် နှင့် နိုင်ငံရေး ဖြစ်စဉ် များတွင် ပူးပေါင်းပါဝင်နိုင်ရန် အတွက် အစိုးရ၊ တပ်မတော် တို့နှင့် ဆွေးနွေးပြီး ဘဝတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ လူမှုအဖွဲ့အစည်းများတို့ နှင့် ဆွေးနွေးဆောင်ရွက်သွားမည် ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်

“ NCA လက်မှတ်ထိုးဖိုးက ကျနော်တို့ အဖွဲ့တွေ NCA စပြီးလုပ်ကတည်း က ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် အားလုံး မပါရင် ကျနော်တို့ အဖွဲ့က မထိုးသေးတာပါ။ ထိုးဖို့ က ရှိပါတယ်။ NCA ထိုးဖို့လည်း ပြင်ဆင်ထားပြီးပါပြီ” ဟု SSPP/SSA ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းသန်းအောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ အားလုံးပါဝင်လာရန်အတွက် အဓိက မြောက်ပိုင်း မဟာမိတ် အဖွဲ့ နှင့် တွေ့ဆုံညှိနှိုင်း အဖြေရှာသွားမည် ဟု လည်း ဗိုလ်မှူး စိုင်းသန်းအောင် က ပြောသည်။

“ ကျနော်တို့မြောက်ပိုင်း အဖွဲ့ တွေနဲ့ တွေ့ပြီး ညှိဖို့ လုပ်ပါမယ်။ ဘယ်အချိန်လုပ်မယ်တွေ့မယ်ဆိုတော့ မသိသေးဘူး။ ကျနော်တို့ တွေ့ဆုံခဲ့ရင် NCA ကိစ္စ အကြောင်းတွေပြောမယ်” ဟု ဗိုလ်မှူး စိုင်းသန်းအောင် က ထပ်လောင်း ပြောသည်။

FPNCC သည် NCA မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်များ ဖွဲ့ထားသည့် မဟာမိတ် အဖွဲ့ဖြစ်သည်။

ထိုထဲတွင် SSPP/SSA ၊ ကချင် တပ်ဖွဲ့ (KIA) ၊မိုင်းလား အဖွဲ့ (NDAA) ၊ “ ဝ” တပ်ဖွဲ့ (UWSA)၊ တအာင်း (ပလောင်) တပ်ဖွဲ့( TNLA) ၊ကိုးကန့် တပ်ဖွဲ့ (MNDAA ) နှင့် ရခိုင် တပ်ဖွဲ့ (AA) တို့ ပါဝင်သည်။

Panglong(Burmese)
https://www.facebook.com/shannewsburmese/
အားလုံးပါမယ္ဆုိရင္ NCA ထိုးဖုိ့ SSPP/SSA အသင့္ရွိေၾကာင္းထုတ္ျပန္ အားလုံးပါမယ္ဆုိရင္ NCA ထိုးဖုိ့ SSPP/SSA အသင့္ရွိေၾကာင္းထုတ္ျပန္ Reviewed by THITHTOOLWIN on 01:35 Rating: 5
Powered by Blogger.