တပ္မေတာ္နဲ႔ KNU တို႔ ထပ္မံတိုက္ပြဲျဖစ္ပြား

(Zawgyi)⤵⤵⤵
တပ္မေတာ္နဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU တို႔ တပ္ပိုင္းဆိုင္ရာ ေဆြးေႏြးပြဲအၿပီး ရက္ပိုင္းအတြင္းမွာပဲ ကရင္ျပည္နယ္ ဖာပြန္ၿမိဳ႕နယ္ထဲမွာ ႏွစ္ဘက္တပ္ေတြ တိုက္ပြဲထပ္ျဖစ္ခဲ့ပါတယ္။

ဒီတိုက္ခိုက္မႈေတြဟာ ကရင္ျပည္နယ္အတြင္း တပ္မေတာ္ရဲ႕ နယ္ေျမ ခ်ဲ႕ထြင္မႈေတြေၾကာင့္ ျဖစ္ရတယ္လို႔ KNU ဘက္က စြပ္စြဲေနၿပီး ေဒသခံေတြ ေထာင္နဲ႔ခ်ီၿပီးေတာ့လည္း ထြက္ေျပးေနရတာပါ။

ဖာပြန္ၿမိဳ႕နယ္အတြင္းမွာ တပ္မေတာ္ ေျချမန္တပ္ရင္း (၄၀၆) နဲ႔ KNU တပ္မဟာ(၅) တို႔ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔လယ္ပိုင္းက တိုက္ပြဲျဖစ္ပြားခဲ့တာပါ။

ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ဦးေဆာင္တဲ့ တပ္မေတာ္ညႇိႏႈိင္းေရးအဖြဲ႕နဲ႔ ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ဒုတိယဥကၠ႒ ဦးေဆာင္တဲ့အဖြဲ႕တို႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံေဆြး‌ေႏြးၿပီး သုံးရက္အၾကာမွာပဲ တိုက္ပြဲျဖစ္ခဲ့တာပါ။

တပ္မေတာ္နဲ႔ တိုက္ပြဲျဖစ္ခဲ့တာ မွန္ကန္ေၾကာင္းနဲ႔ ဒီျဖစ္စဥ္ကို ႏွစ္ဘက္လုံးက အေသးစိတ္ေလ့လာ ျပန္တင္ျပဖို႔ အခ်ိန္တစ္ပတ္ေပးထားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက RFA ကို ေျပာပါတယ္။

“၂၂ ရက္ေန႔ညေန ေလးနာရီခြဲေလာက္မွာ KNU တပ္မဟာ(၅) နဲ႔ ၁၅ ေယာက္ေလာက္နဲ႔ ျဖစ္ခဲ့တာရွိတယ္။ တခ်ိဳ႕ေနရာေတြမွာ KNU ဘက္က အထင္လြဲေနတာေတြရွိတာေပါ့။ ဒီဘက္ကလည္း ညႇိႏႈိင္းတဲ့ဟာေတြ ရွိတာေပါ့။ ျဖစ္စဥ္အေသးစိတ္ကို အခ်ိန္တစ္ပတ္အတြင္း ျပန္ၿပီးတင္ဖို႔ ေျပာထားတယ္။”

ဒီျဖစ္စဥ္ေပၚ အေသးစိတ္ေလ့လာခ်က္ေတြ တင္ျပၿပီးရင္ ေအာက္ေျခအဆင့္ ႏွစ္ဘက္အဖြဲ႕ေတြ ထပ္ေတြ႕ၿပီး ေဆြးေႏြးႏိုင္တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

တပ္မေတာ္ စစ္ေၾကာင္းဘက္က လႈပ္ရွားမႈေတြနဲ႔ ပတ္သက္ၿပီး ေဒသခံတာဝန္ရွိသူေတြကို အသိေပး အေၾကာင္းၾကားတာမရွိသလို စည္းမ်ဥ္း စည္းကမ္းေတြကို ခ်ိဳးေဖာက္တာေၾကာင့္ တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ KNU က သတင္း ထုတ္ျပန္ထားပါတယ္။

တပ္မေတာ္ဘက္က လႈပ္ရွားေဆာင္႐ြက္မႈေတြဟာ တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္အရ အပစ္ရပ္နယ္ေျမအတြင္း နယ္ေျမစိုးမိုးမႈ လႈပ္ရွားတာ၊ ကင္းေထာက္တာ၊ အင္အားတိုးခ်ဲ႕တာ၊ မိုင္းေထာင္ တိုက္ခိုက္တာစတဲ့ အခ်က္ေတြကို ခ်ိဳးေဖာက္တာျဖစ္တယ္လို႔လည္း ေဖာ္ျပထားပါတယ္။

KNU တပ္မဟာ ၅ ဆက္ဆံေရးတာဝန္ခံ ဒုဗိုလ္မႉးႀကီး အယ္ဒို ကေတာ့ တိုက္ပြဲကိစၥကို တိတိက်က် ရွင္းမျပပါဘူး။

“ဘာေၾကာင့္ျဖစ္တယ္ဆိုတာ မသိရေသးဘူး။ အဲဒီမွာ ဖုန္းလိုင္းမရွိလို႔ ဆက္သြယ္လို႔ မရေသးဘူး။ သတင္းအတိအက် မရတဲ့အခါ ကြၽန္ေတာ္က ေျပာရခက္တာေပါ့ေနာ္။ တစ္ဘက္နဲ႔ တစ္ဘက္ သိကၡာထိခိုက္ရင္လည္း မေကာင္းဘူးေပါ့။ သတင္းတိက်မရေတာ့ ကြၽန္ေတာ္လည္း မေျပာရဲဘူးေပါ့။”

လက္ရွိတပ္မေတာ္နဲ႔ KNU တို႔ ေဆြးေႏြးမႈဟာ ေဆြးေႏြးမႈပဲရွိေသးၿပီး ကတိကဝတ္အတည္ျပဳခ်က္ေတြ မရွိေသးတာေၾကာင့္ ျဖစ္တယ္လို႔ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC အဖြဲ႕ဝင္ သိကၡာေတာ္ရ ဆရာေတာ္ ေစာမက္သယူးေအးက ေျပာပါတယ္။

“ေဆြးေႏြးထားတာပဲရွိတယ္။ ဘာမွအတည္ျပဳခ်က္မရေသးဘူးေလ။ ေဆြးေႏြးပြဲက ႐ိုး႐ိုးစကားဝိုင္းအဆင့္ပဲရွိေသးတာကိုး။ ဘာမွ ကတိကဝတ္ေတြဘာေတြ မရွိေသးတဲ့အခါၾကေတာ့ အဲဒီလို ျဖစ္တတ္တဲ့ သေဘာေလးေတြေတာ့ ရွိမွာပါ။”

တိုင္းရင္းသားအေရး ေလ့လာသုံးသပ္သူ ဦးေမာင္ေမာင္စိုးကေတာ့ ႏွစ္ဘက္စလုံး သေဘာထားႀကီးဖို႔ လိုအပ္ၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို ႀကီးႀကီးမားမား ထိခိုက္မႈမရွိႏိုင္ေပမယ့္ ဂ႐ုစိုက္ဖို႔ေတာ့ လိုအပ္တယ္လို႔ ဆိုပါတယ္။

“ႏွစ္ဘက္စလုံး ေတြ႕ဆုံေဆြးေႏြးဖို႔နဲ႔ သေဘာထားႀကီးဖို႔လိုတယ္။ တစ္ဘက္ဘက္ကေန ကိုယ္ထင္ျမင္ယူဆခ်က္ေတြ မွန္တယ္ ဒါကိုမျဖစ္မေန အေကာင္အထည္ေဖာ္မယ္ ဆိုရင္ေတာ့ ျပႆနာကေတာ့ ေျဖရွင္းဖို႔ ခက္ခဲလိမ့္မယ္လို႔ ထင္ပါတယ္။ ဒါေပမဲ့ ေလာေလာဆယ္မွာ KNU နဲ႔ တျခားေဒသေတြ ပဋိကၡေတြ ျဖစ္ပြားတာမရွိဘူး။ ဒီတစ္ေနရာမွာပဲ ျဖစ္ပြားေနေသးတာေၾကာင့္ KNU နဲ႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ အမ်ားႀကီး ထိခိုက္မႈေတာ့မရွိႏိုင္ဘူးထင္ပါတယ္။ ဒါေပမဲ့ မီးပြားေလးျဖစ္တဲ့ အတြက္ေၾကာင့္ ဂ႐ုစိုက္ဖို႔ လိုအပ္မယ္လို႔ေတာ့ ထင္ပါတယ္။”

ကရင္ျပည္နယ္ ဖာပြန္ခ႐ိုင္မွာ တပ္မေတာ္ရဲ႕ ရိကၡာသယ္ေဆာင္ဖို႔ လမ္းေဖာက္လုပ္မႈနဲ႔ ပတ္သက္ၿပီး တပ္မေတာ္နဲ႔ KNU တို႔ ၂၀၁၉ ကတည္းက ပဋိပကၡျဖစ္ေနတာပါ။

အခု လတ္တေလာျဖစ္ပြားေနတဲ့ တိုက္ပြဲေတြေၾကာင့္ မုေၾတာ္ေဒသမွာ စစ္ေဘးဒုကၡသည္ ႏွစ္ေထာင္ေက်ာ္ ရွိေနၿပီလို႔ ကရင္အမ်ိဳးသမီးအစည္းအ႐ုံးက ထုတ္ျပန္ထားပါတယ္။ အဲဒီထဲမွာ ကေလးငယ္ ေလးရာေက်ာ္နဲ႔ အမ်ိဳးသမီး ရွစ္ရာေက်ာ္ပါဝင္ပါတယ္။

ဒီပဋိပကၡေတြဟာ ကရင္ျပည္နယ္အတြင္းမွာ တပ္မေတာ္က တပ္နယ္ေျမ တိုးခ်ဲ႕တာျဖစ္တယ္လို႔ KNU က စြပ္စြဲထားပါတယ္။

ဇန္နဝါရီကုန္ပိုင္းကဆိုရင္ KNU တပ္မဟာ ၅ လက္ေအာက္ခံတပ္ေတြ လႈပ္ရွားတဲ့ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နဲ႔ ဖာပြန္ၿမိဳ႕အၾကားမွာ ခမရ ၇၀၈ က တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး တစ္ေယာက္ ဆြဲမိုင္းနဲ႔ တိုက္ခိုက္ခံရလို႔ က်ဆုံးခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
တပ်မတော်နဲ့ KNU တို့ ထပ်မံတိုက်ပွဲဖြစ်ပွား

တပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တို့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲအပြီး ရက်ပိုင်းအတွင်းမှာပဲ ကရင်ပြည်နယ် ဖာပွန်မြို့နယ်ထဲမှာ နှစ်ဘက်တပ်တွေ တိုက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေဟာ ကရင်ပြည်နယ်အတွင်း တပ်မတော်ရဲ့ နယ်မြေ ချဲ့ထွင်မှုတွေကြောင့် ဖြစ်ရတယ်လို့ KNU ဘက်က စွပ်စွဲနေပြီး ဒေသခံတွေ ထောင်နဲ့ချီပြီးတော့လည်း ထွက်ပြေးနေရတာပါ။

ဖာပွန်မြို့နယ်အတွင်းမှာ တပ်မတော် ခြေမြန်တပ်ရင်း (၄၀၆) နဲ့ KNU တပ်မဟာ(၅) တို့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့လယ်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ဒုတိယဥက္ကဋ္ဌ ဦးဆောင်တဲ့အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံဆွေး‌နွေးပြီး သုံးရက်အကြာမှာပဲ တိုက်ပွဲဖြစ်ခဲ့တာပါ။

တပ်မတော်နဲ့ တိုက်ပွဲဖြစ်ခဲ့တာ မှန်ကန်ကြောင်းနဲ့ ဒီဖြစ်စဉ်ကို နှစ်ဘက်လုံးက အသေးစိတ်လေ့လာ ပြန်တင်ပြဖို့ အချိန်တစ်ပတ်ပေးထားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“၂၂ ရက်နေ့ညနေ လေးနာရီခွဲလောက်မှာ KNU တပ်မဟာ(၅) နဲ့ ၁၅ ယောက်လောက်နဲ့ ဖြစ်ခဲ့တာရှိတယ်။ တချို့နေရာတွေမှာ KNU ဘက်က အထင်လွဲနေတာတွေရှိတာပေါ့။ ဒီဘက်ကလည်း ညှိနှိုင်းတဲ့ဟာတွေ ရှိတာပေါ့။ ဖြစ်စဉ်အသေးစိတ်ကို အချိန်တစ်ပတ်အတွင်း ပြန်ပြီးတင်ဖို့ ပြောထားတယ်။”

ဒီဖြစ်စဉ်ပေါ် အသေးစိတ်လေ့လာချက်တွေ တင်ပြပြီးရင် အောက်ခြေအဆင့် နှစ်ဘက်အဖွဲ့တွေ ထပ်တွေ့ပြီး ဆွေးနွေးနိုင်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော် စစ်ကြောင်းဘက်က လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဒေသခံတာဝန်ရှိသူတွေကို အသိပေး အကြောင်းကြားတာမရှိသလို စည်းမျဉ်း စည်းကမ်းတွေကို ချိုးဖောက်တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ KNU က သတင်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်ဘက်က လှုပ်ရှားဆောင်ရွက်မှုတွေဟာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်အရ အပစ်ရပ်နယ်မြေအတွင်း နယ်မြေစိုးမိုးမှု လှုပ်ရှားတာ၊ ကင်းထောက်တာ၊ အင်အားတိုးချဲ့တာ၊ မိုင်းထောင် တိုက်ခိုက်တာစတဲ့ အချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

KNU တပ်မဟာ ၅ ဆက်ဆံရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး အယ်ဒို ကတော့ တိုက်ပွဲကိစ္စကို တိတိကျကျ ရှင်းမပြပါဘူး။

“ဘာကြောင့်ဖြစ်တယ်ဆိုတာ မသိရသေးဘူး။ အဲဒီမှာ ဖုန်းလိုင်းမရှိလို့ ဆက်သွယ်လို့ မရသေးဘူး။ သတင်းအတိအကျ မရတဲ့အခါ ကျွန်တော်က ပြောရခက်တာပေါ့နော်။ တစ်ဘက်နဲ့ တစ်ဘက် သိက္ခာထိခိုက်ရင်လည်း မကောင်းဘူးပေါ့။ သတင်းတိကျမရတော့ ကျွန်တော်လည်း မပြောရဲဘူးပေါ့။”

လက်ရှိတပ်မတော်နဲ့ KNU တို့ ဆွေးနွေးမှုဟာ ဆွေးနွေးမှုပဲရှိသေးပြီး ကတိကဝတ်အတည်ပြုချက်တွေ မရှိသေးတာကြောင့် ဖြစ်တယ်လို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC အဖွဲ့ဝင် သိက္ခာတော်ရ ဆရာတော် စောမက်သယူးအေးက ပြောပါတယ်။

“ဆွေးနွေးထားတာပဲရှိတယ်။ ဘာမှအတည်ပြုချက်မရသေးဘူးလေ။ ဆွေးနွေးပွဲက ရိုးရိုးစကားဝိုင်းအဆင့်ပဲရှိသေးတာကိုး။ ဘာမှ ကတိကဝတ်တွေဘာတွေ မရှိသေးတဲ့အခါကြတော့ အဲဒီလို ဖြစ်တတ်တဲ့ သဘောလေးတွေတော့ ရှိမှာပါ။”

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ နှစ်ဘက်စလုံး သဘောထားကြီးဖို့ လိုအပ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြီးကြီးမားမား ထိခိုက်မှုမရှိနိုင်ပေမယ့် ဂရုစိုက်ဖို့တော့ လိုအပ်တယ်လို့ ဆိုပါတယ်။

“နှစ်ဘက်စလုံး တွေ့ဆုံဆွေးနွေးဖို့နဲ့ သဘောထားကြီးဖို့လိုတယ်။ တစ်ဘက်ဘက်ကနေ ကိုယ်ထင်မြင်ယူဆချက်တွေ မှန်တယ် ဒါကိုမဖြစ်မနေ အကောင်အထည်ဖော်မယ် ဆိုရင်တော့ ပြဿနာကတော့ ဖြေရှင်းဖို့ ခက်ခဲလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာ KNU နဲ့ တခြားဒေသတွေ ပဋိက္ခတွေ ဖြစ်ပွားတာမရှိဘူး။ ဒီတစ်နေရာမှာပဲ ဖြစ်ပွားနေသေးတာကြောင့် KNU နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အများကြီး ထိခိုက်မှုတော့မရှိနိုင်ဘူးထင်ပါတယ်။ ဒါပေမဲ့ မီးပွားလေးဖြစ်တဲ့ အတွက်ကြောင့် ဂရုစိုက်ဖို့ လိုအပ်မယ်လို့တော့ ထင်ပါတယ်။”

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ တပ်မတော်ရဲ့ ရိက္ခာသယ်ဆောင်ဖို့ လမ်းဖောက်လုပ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ KNU တို့ ၂၀၁၉ ကတည်းက ပဋိပက္ခဖြစ်နေတာပါ။

အခု လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် မုတြော်ဒေသမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် ရှိနေပြီလို့ ကရင်အမျိုးသမီးအစည်းအရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ ကလေးငယ် လေးရာကျော်နဲ့ အမျိုးသမီး ရှစ်ရာကျော်ပါဝင်ပါတယ်။

ဒီပဋိပက္ခတွေဟာ ကရင်ပြည်နယ်အတွင်းမှာ တပ်မတော်က တပ်နယ်မြေ တိုးချဲ့တာဖြစ်တယ်လို့ KNU က စွပ်စွဲထားပါတယ်။

ဇန်နဝါရီကုန်ပိုင်းကဆိုရင် KNU တပ်မဟာ ၅ လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နဲ့ ဖာပွန်မြို့အကြားမှာ ခမရ ၇၀၈ က တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ယောက် ဆွဲမိုင်းနဲ့ တိုက်ခိုက်ခံရလို့ ကျဆုံးခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
တပ္မေတာ္နဲ႔ KNU တို႔ ထပ္မံတိုက္ပြဲျဖစ္ပြား တပ္မေတာ္နဲ႔ KNU တို႔ ထပ္မံတိုက္ပြဲျဖစ္ပြား Reviewed by THITHTOOLWIN on 09:17 Rating: 5
Powered by Blogger.