လက္သည္မေပၚေသးတဲ့ မဲေဆာက္ၿမိဳ႕က KNU ေခါင္းေဆာင္ပဒိုမန္းရွာ လုပ္ႀကံမႈ

ကရင္အမ်ိဳးသား အစည္းအ႐ုံး ေကအန္ယူရဲ႕ အတြင္းေရးမႉးေဟာင္း ပဒိုမန္းရွာလန္းဖန္း

(Zawgyi)⤵⤵⤵
တိုက္တိုက္ဆိုင္ဆိုင္ပဲ အဲ့ဒီေန႔က ခ်စ္သူမ်ားေန႔၊ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔၊၂၀၀၈ ခုႏွစ္ျဖစ္ပါတယ္။ အဲ့ဒီရက္စြဲေၾကာင့္ ပိုၿပီးအမွတ္ရစရာ ျဖစ္ေစခဲ့ပါတယ္။ အဲ့ဒီေန႔ဟာ ထိုင္းႏိုင္ငံမဲေဆာက္ၿမိဳ႕မွာ ကရင္အမ်ိဳးသားအစည္းအ႐ုံး ေကအန္ယူရဲ႕ အတြင္းေရးမႉးေဟာင္း ပဒိုမန္းရွာလန္းဖန္း လုပ္ႀကံသတ္ျဖတ္ခံရတဲ့ေန႔ပဲ ျဖစ္ပါတယ္။

သူဟာ လက္မ႐ြံ႕ လူသတ္သမားႏွစ္ေယာက္ လက္ခ်က္နဲ႔ ထိုင္းႏိုင္ငံမဲေဆာက္ၿမိဳ႕က ေနအိမ္မွာ ပြဲခ်င္းၿပီးေသဆုံးခဲ့ပါတယ္။ ေသြးေအးေအးနဲ႔ အနီးကပ္ ပစ္သတ္ခံခဲ့ရတာပါ။

၂၀၀၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔က ဒီအျဖစ္အပ်က္ကို ျပန္ေတြးရင္ မေန႔တစ္ေန႔ကလိုပဲ ခံစားရတယ္လို႔ ပဒိုမန္းရွာ လုပ္ႀကံခံရတဲ့ေန႔က ေနအိမ္မွာ အတူရွိခဲ့တဲ့ သားျဖစ္သူ ေစာေစးေစး က ဘီဘီစီ ကိုေျပာပါတယ္။

အဲ့ဒီေန႔က အသီးအႏွံေတြအျပည့္ ထည့္ထားတဲ့ျခင္း ကိုင္ေဆာင္လာသူ လူတစ္ေယာက္က သူ႔အေဖာ္တစ္ေယာက္နဲ႔အတူ ပဒိုမန္းရွာအိမ္ကို လာပါတယ္။ ေန႔လည္ထမင္းစားၿပီး အနားယူေနတဲ့ ပဒိုမန္းရွာ ရွိတဲ့အိမ္အေပၚထပ္ကို တက္လာၿပီး "မဂၤလာပါ ဦးေလး" လို႔ ကရင္စကားနဲ႔ ႏႈတ္ဆက္ၿပီး ေသနတ္ထုတ္ၿပီး ဘယ္ဘက္ရင္အုံကို တစ္ခ်က္ပစ္ လိုက္ပါတယ္။

ထိုင္ေနရာ ကုလားထိုင္ေပၚကေန ပဒိုမန္းရွာ ၾကမ္းျပင္ကို လဲက်တဲ့အခ်ိန္မွာ ေနာက္ထပ္ ေသနတ္သမားတစ္ေယာက္ကလည္း ထပ္ၿပီး ပစ္ခတ္ခဲ့ပါတယ္။ ေသြးအိုင္ထဲမွာ လဲေလ်ာင္းက်ေနတဲ့ ပဒိုမန္းရွာဟာ ပြဲခ်င္းၿပီး ေသဆုံးခဲ့တယ္လို႔ သားျဖစ္သူ ေစာေစးေစး က ေျပာပါတယ္။

၂၀၀၈ ခုႏွစ္ ေဖေဖာ္ဝါရီ ၁၄ ရက္ေန႔ဟာ ကရင္လူမ်ိဳးေတြသာမက တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ၊ ျပည္ပေရာက္ ျမန္မာအတိုက္အခံေတြအတြက္ ဝမ္းနည္းစရာေန႔တစ္ေန႔ ျဖစ္ေစခဲ့ပါတယ္။ ကရင္အမ်ိဳးသားအစည္းအ႐ုံး ေကအန္ယူအဖြဲ႕အစည္းအတြက္လည္း အစားထိုးမရတဲ့ ဆုံးရႈံးမႈတစ္ခု ျဖစ္ခဲ့ရတယ္လို႔ ေကအန္ယူအပါအဝင္ တျခားတိုင္းရင္းသားအဖြဲ႕ေခါင္းေဆာင္ေတြက ေျပာပါတယ္။

"ဒါက ရန္သူေတြရဲ႕ လုပ္ႀကံမႈပါ။ ဒီအတြက္ ကရင္လူမ်ိဳးကို အသုံးခ်ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒါေတြသိပါတယ္။ ဒါေပမဲ့ ကရင္လူမ်ိဳးအခ်င္းခ်င္းမို႔လို႔ ကြၽန္ေတာ္တို႔က သူတို႔ကို အျပစ္မတင္ပါဘူး။ အမွန္တရားကို သိခ်င္လို႔ ကြၽန္ေတာ္တို႔ ေဖာ္ထုတ္ဖို႔လိုမယ္။ ဒါေပမဲ့ အျပစ္ေပး အေရးယူတာေတြ မလုပ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ရန္သူက သူတို႔ကိုအသုံးခ်ၿပီး ကြၽန္ေတာ့္အေဖကို လုပ္ႀကံသတ္ျဖတ္ခဲ့တာပါ" လို႔ ပဒိုမန္းရွာရဲ႕ သားျဖစ္သူ ေစာေစးေစး က ေျပာပါတယ္။

ဒီဆုံးရႈံးမႈဟာ ကရင္လူမ်ိဳးတို႔ရဲ႕ လက္နက္ကိုင္ေတာ္လွန္ေရးသမိုင္းမွာ ႀကီးမားတဲ့ ဆုံးရႈံးမႈေတြထဲက တစ္ခုအပါအဝင္ ျဖစ္တယ္လို႔ ကရင္ လက္နက္ကိုင္ေခါင္းေဆာင္ေတြက ေျပာပါတယ္။ ကရင္ေတာ္လွန္ေရးသမိုင္း တစ္ေလွ်ာက္မွာ အခ်င္းခ်င္းတိုက္ခိုက္မႈ၊ အျပန္အလွန္ သတ္ျဖတ္မႈေတြ အရင္ကတည္းက ရွိခဲ့တာပါ။

၁၉၉၄-၉၅ ခုႏွစ္မွာလည္း ဗုဒၶဘာသာဝင္ ကရင္ေတြ စုေပါင္းဖြဲ႕စည္းထားတဲ့ "ဒီမိုကရက္တစ္ တိုးတက္ေသာ ဗုဒၶဘာသာ ကရင္တပ္မေတာ္" ဆိုတဲ့နာမည္နဲ႔ မိခင္ ေကအန္ယူအဖြဲ႕အစည္းကေနခြဲထြက္ၿပီး ျမန္မာတပ္မေတာ္ရဲ႕ အကူအညီနဲ႔ မိခင္အဖြဲ႕ကို စစ္ဆင္ေရးလုပ္ခဲ့တဲ့အတြက္ ၁၉၉၅ ခုႏွစ္မွာ ေကအန္ယူရဲ႕ ဌာနခ်ဳပ္ေဟာင္းျဖစ္တဲ့ မာနယ္ပေလာ က်ဆုံးခဲ့တဲ့အျဖစ္အပ်က္ရွိခဲ့ပါတယ္။ အဲဒီတုံးကလည္း ကရင္စစ္သားေတြ အခ်င္းခ်င္း တိုက္ခိုက္ ေသေၾကခဲ့ရပါတယ္။ ေကအန္ယူ တပ္စခန္းေတြ၊ နယ္ေျမေတြလည္း ဆုံးရႈံးခဲ့ရပါတယ္။

ဒါ့အျပင္ ၂၀၀၇ ခုႏွစ္တုံးကလည္း ေနာက္ထပ္ ကရင္လက္နက္ကိုင္အဖြဲ႕တစ္ဖြဲ႕ ျဖစ္တဲ့ KNU/KNLA ၿငိမ္းခ်မ္းေရး ေကာင္စီကလည္း မိခင္ ေကအန္ယူအဖြဲ႕ ကေန ခြဲထြက္ခဲ့ပါတယ္။ အဲ့ဒီေနာက္ပိုင္းမွာလည္း ေကအန္ယူ တပ္မဟာ ၇ နယ္ေျမေတြမွာ ခြဲထြက္အဖြဲ႕နဲ႔ ေကအန္ယူတပ္ဖြဲ႕ေတြ အၾကား တိုက္ပြဲေတြ ျဖစ္ခဲ့ပါတယ္။

"ကြၽန္ေတာ္တို႔ ကရင္လူမ်ိဳးေတြက ႏိုင္ငံေရးအသိပညာ နိမ့္က်ေနေသးလို႔ အခုလို အျပန္အလွန္ အခ်င္းခ်င္း လုပ္ႀကံသတ္ျဖတ္ၾကတာ ျဖစ္တယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။ ကရင္လူမ်ိဳး အခ်င္းခ်င္း ဒီလို လုပ္ႀကံ သတ္ျဖတ္တာက မျဖစ္သင့္ဘူးလို႔ ကြၽန္ေတာ္ျမင္ပါတယ္" လို႔ ပဒိုမန္းရွာရဲ႕ သားျဖစ္သူ ေစာေစးေစး က ေျပာပါတယ္။

ပဒိုမန္းရွာကို လုပ္ႀကံခဲ့သူေတြဟာ ထိုင္းႏိုင္ငံသား ပိုင္ဆိုင္တဲ့ ကားတစ္စီးနဲ႔အတူ ထိုင္းျမန္မာနယ္စပ္ကတဆင့္ မဲေဆာက္ၿမိဳ႕ကေန ထြက္ခြာသြားခဲ့ၾကပါတယ္။ ဒီသက္ေသ အေထာက္အထားေတြ၊ သဲလြန္စေတြ ရွိခဲ့ေပမဲ့ ပဒိုမန္းရွာ လုပ္ႀကံသတ္ျဖတ္ခံရမႈဟာ အေမ့ခံလို ျဖစ္ခဲ့ရပါတယ္။ ၁၂ ႏွစ္ ၾကာၿပီးျဖစ္တဲ့ ဒီလုပ္ႀကံသတ္ျဖတ္မႈအတြက္ တရားမွ်တမႈဟာ အခုခ်ိန္ထိ အရိပ္အေယာင္ မေတြ႕ရေသးဘဲ ျဖစ္ေနဆဲပါ။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
လက်သည်မပေါ်သေးတဲ့ မဲဆောက်မြို့က KNU ခေါင်းဆောင်ပဒိုမန်းရှာ လုပ်ကြံမှု
စောရန်နိုင် ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ မူပိုင် Phan Foundation
Image caption ကရင်အမျိုးသား အစည်းအရုံး ကေအန်ယူရဲ့ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလန်းဖန်း

တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီနေ့က ချစ်သူများနေ့၊ ဖေဖော်ဝါရီ ၁၄ ရက်နေ့၊၂၀၀၈ ခုနှစ်ဖြစ်ပါတယ်။ အဲ့ဒီရက်စွဲကြောင့် ပိုပြီးအမှတ်ရစရာ ဖြစ်စေခဲ့ပါတယ်။ အဲ့ဒီနေ့ဟာ ထိုင်းနိုင်ငံမဲဆောက်မြို့မှာ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူရဲ့ အတွင်းရေးမှူးဟောင်း ပဒိုမန်းရှာလန်းဖန်း လုပ်ကြံသတ်ဖြတ်ခံရတဲ့နေ့ပဲ ဖြစ်ပါတယ်။

သူဟာ လက်မရွံ့ လူသတ်သမားနှစ်ယောက် လက်ချက်နဲ့ ထိုင်းနိုင်ငံမဲဆောက်မြို့က နေအိမ်မှာ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ သွေးအေးအေးနဲ့ အနီးကပ် ပစ်သတ်ခံခဲ့ရတာပါ။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ဒီအဖြစ်အပျက်ကို ပြန်တွေးရင် မနေ့တစ်နေ့ကလိုပဲ ခံစားရတယ်လို့ ပဒိုမန်းရှာ လုပ်ကြံခံရတဲ့နေ့က နေအိမ်မှာ အတူရှိခဲ့တဲ့ သားဖြစ်သူ စောစေးစေး က ဘီဘီစီ ကိုပြောပါတယ်။

အဲ့ဒီနေ့က အသီးအနှံတွေအပြည့် ထည့်ထားတဲ့ခြင်း ကိုင်ဆောင်လာသူ လူတစ်ယောက်က သူ့အဖော်တစ်ယောက်နဲ့အတူ ပဒိုမန်းရှာအိမ်ကို လာပါတယ်။ နေ့လည်ထမင်းစားပြီး အနားယူနေတဲ့ ပဒိုမန်းရှာ ရှိတဲ့အိမ်အပေါ်ထပ်ကို တက်လာပြီး "မင်္ဂလာပါ ဦးလေး" လို့ ကရင်စကားနဲ့ နှုတ်ဆက်ပြီး သေနတ်ထုတ်ပြီး ဘယ်ဘက်ရင်အုံကို တစ်ချက်ပစ် လိုက်ပါတယ်။

ထိုင်နေရာ ကုလားထိုင်ပေါ်ကနေ ပဒိုမန်းရှာ ကြမ်းပြင်ကို လဲကျတဲ့အချိန်မှာ နောက်ထပ် သေနတ်သမားတစ်ယောက်ကလည်း ထပ်ပြီး ပစ်ခတ်ခဲ့ပါတယ်။ သွေးအိုင်ထဲမှာ လဲလျောင်းကျနေတဲ့ ပဒိုမန်းရှာဟာ ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သားဖြစ်သူ စောစေးစေး က ပြောပါတယ်။

၂၀၀၈ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်နေ့ဟာ ကရင်လူမျိုးတွေသာမက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်ပရောက် မြန်မာအတိုက်အခံတွေအတွက် ဝမ်းနည်းစရာနေ့တစ်နေ့ ဖြစ်စေခဲ့ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူအဖွဲ့အစည်းအတွက်လည်း အစားထိုးမရတဲ့ ဆုံးရှုံးမှုတစ်ခု ဖြစ်ခဲ့ရတယ်လို့ ကေအန်ယူအပါအဝင် တခြားတိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေက ပြောပါတယ်။

"ဒါက ရန်သူတွေရဲ့ လုပ်ကြံမှုပါ။ ဒီအတွက် ကရင်လူမျိုးကို အသုံးချခဲ့တယ်။ ကျွန်တော်တို့ ဒါတွေသိပါတယ်။ ဒါပေမဲ့ ကရင်လူမျိုးအချင်းချင်းမို့လို့ ကျွန်တော်တို့က သူတို့ကို အပြစ်မတင်ပါဘူး။ အမှန်တရားကို သိချင်လို့ ကျွန်တော်တို့ ဖော်ထုတ်ဖို့လိုမယ်။ ဒါပေမဲ့ အပြစ်ပေး အရေးယူတာတွေ မလုပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရန်သူက သူတို့ကိုအသုံးချပြီး ကျွန်တော့်အဖေကို လုပ်ကြံသတ်ဖြတ်ခဲ့တာပါ" လို့ ပဒိုမန်းရှာရဲ့ သားဖြစ်သူ စောစေးစေး က ပြောပါတယ်။

ဒီဆုံးရှုံးမှုဟာ ကရင်လူမျိုးတို့ရဲ့ လက်နက်ကိုင်တော်လှန်ရေးသမိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေထဲက တစ်ခုအပါအဝင် ဖြစ်တယ်လို့ ကရင် လက်နက်ကိုင်ခေါင်းဆောင်တွေက ပြောပါတယ်။ ကရင်တော်လှန်ရေးသမိုင်း တစ်လျှောက်မှာ အချင်းချင်းတိုက်ခိုက်မှု၊ အပြန်အလှန် သတ်ဖြတ်မှုတွေ အရင်ကတည်းက ရှိခဲ့တာပါ။

    တပ်မတော်က သမ္မတ လက်အောက်မှာ ရှိလား - ဗိုလ်ချုပ်ကြီး စောဂျော်နီ

၁၉၉၄-၉၅ ခုနှစ်မှာလည်း ဗုဒ္ဓဘာသာဝင် ကရင်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ "ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော်" ဆိုတဲ့နာမည်နဲ့ မိခင် ကေအန်ယူအဖွဲ့အစည်းကနေခွဲထွက်ပြီး မြန်မာတပ်မတော်ရဲ့ အကူအညီနဲ့ မိခင်အဖွဲ့ကို စစ်ဆင်ရေးလုပ်ခဲ့တဲ့အတွက် ၁၉၉၅ ခုနှစ်မှာ ကေအန်ယူရဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့ မာနယ်ပလော ကျဆုံးခဲ့တဲ့အဖြစ်အပျက်ရှိခဲ့ပါတယ်။ အဲဒီတုံးကလည်း ကရင်စစ်သားတွေ အချင်းချင်း တိုက်ခိုက် သေကြေခဲ့ရပါတယ်။ ကေအန်ယူ တပ်စခန်းတွေ၊ နယ်မြေတွေလည်း ဆုံးရှုံးခဲ့ရပါတယ်။

ဒါ့အပြင် ၂၀၀၇ ခုနှစ်တုံးကလည်း နောက်ထပ် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီကလည်း မိခင် ကေအန်ယူအဖွဲ့ ကနေ ခွဲထွက်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ကေအန်ယူ တပ်မဟာ ၇ နယ်မြေတွေမှာ ခွဲထွက်အဖွဲ့နဲ့ ကေအန်ယူတပ်ဖွဲ့တွေ အကြား တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

"ကျွန်တော်တို့ ကရင်လူမျိုးတွေက နိုင်ငံရေးအသိပညာ နိမ့်ကျနေသေးလို့ အခုလို အပြန်အလှန် အချင်းချင်း လုပ်ကြံသတ်ဖြတ်ကြတာ ဖြစ်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကရင်လူမျိုး အချင်းချင်း ဒီလို လုပ်ကြံ သတ်ဖြတ်တာက မဖြစ်သင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်" လို့ ပဒိုမန်းရှာရဲ့ သားဖြစ်သူ စောစေးစေး က ပြောပါတယ်။

ပဒိုမန်းရှာကို လုပ်ကြံခဲ့သူတွေဟာ ထိုင်းနိုင်ငံသား ပိုင်ဆိုင်တဲ့ ကားတစ်စီးနဲ့အတူ ထိုင်းမြန်မာနယ်စပ်ကတဆင့် မဲဆောက်မြို့ကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ ဒီသက်သေ အထောက်အထားတွေ၊ သဲလွန်စတွေ ရှိခဲ့ပေမဲ့ ပဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရမှုဟာ အမေ့ခံလို ဖြစ်ခဲ့ရပါတယ်။ ၁၂ နှစ် ကြာပြီးဖြစ်တဲ့ ဒီလုပ်ကြံသတ်ဖြတ်မှုအတွက် တရားမျှတမှုဟာ အခုချိန်ထိ အရိပ်အယောင် မတွေ့ရသေးဘဲ ဖြစ်နေဆဲပါ။

BBC Burmese
https://www.bbc.com
လက္သည္မေပၚေသးတဲ့ မဲေဆာက္ၿမိဳ႕က KNU ေခါင္းေဆာင္ပဒိုမန္းရွာ လုပ္ႀကံမႈ လက္သည္မေပၚေသးတဲ့ မဲေဆာက္ၿမိဳ႕က KNU ေခါင္းေဆာင္ပဒိုမန္းရွာ လုပ္ႀကံမႈ Reviewed by THITHTOOLWIN on 22:33 Rating: 5
Powered by Blogger.