ဒ႐ုန္းနဲ႔ေထာက္လွမ္းတာ KNU တိုင္ေပမယ့္ ဆက္ေထာက္လွမ္းခံေနရ

Add caption
(Zawgyi)⤵⤵⤵
ကရင္ျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ JMC-S ကို ကန႔္ကြက္စာ ေပးပို႔ထားတဲ့ၾကားက ကရင္အမ်ိဳးသားအစည္းအ႐ုံး KNU ရဲ႕ တပ္စခန္းေတြကို တပ္မေတာ္က ဒ႐ုန္းယာဥ္ေတြနဲ႔ ထပ္မံလာေရာက္ေထာက္လွမ္းေနတာဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အဓိကက်တဲ့ ႏွစ္ဖက္ယုံၾကည္မႈကို ထိခိုက္ႏိုင္လို႔ တာဝန္ယူမႈရွိေအာင္ တုံ႔ျပန္သြားမယ္လို႔ KUN ဒုတိယဥကၠ႒ ပဒိုေစာကြယ္ထူးဝင္း က ေျပာပါတယ္။

ေကာင္းကင္ကေနၿပီးေတာ့ ဒ႐ုန္းယာဥ္ေတြနဲ႔ တပ္မေတာ္ကေန ေထာက္လွမ္းတာကို ကန႔္ကြက္တဲ့အေၾကာင္း ကရင္အမ်ိဳးသားအစည္းအ႐ုံး - KNU က ေျပာထားတဲ့ၾကားကပဲ ေနာက္တစ္ႀကိမ္ထပ္ၿပီးေတာ့ တပ္မေတာ္ ဘက္က လုပ္ေဆာင္ေနတယ္လို႔ KNU ဘက္ကေျပာလိုက္ပါတယ္။

တစ္ႏိုင္ငံလုံးပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ NCA မွာပါတဲ့ အခ်က္ေတြကို ခ်ိဳးေဖာက္တဲ့ လုပ္ရပ္မ်ိဳး တပ္မေတာ္ဘက္ကထပ္လုပ္ရင္ တာဝန္ယူေဆာင္႐ြက္လာေအာင္ တုံ႔ျပန္ဖို႔ပဲရွိတယ္လို႔ KNU ဒုတိယဥကၠ႒ ပဒိုေစာကြယ္ထူးဝင္းက ဆိုပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ တပ္မေတာ္ဘက္က ထပ္လုပ္ေဆာင္လို႔ဆိုၿပီး KNU တပ္မဟာ (၅) စခန္းဘက္က ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္(တပခ)ဆီကို ကန႔္ကြက္စာ ပို႔လိုက္တာပါ။

ကြန႔္ကြက္စာထဲမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ညေနပိုင္းအခ်ိန္ သူတို႔ဌာနခ်ဳပ္နား ေဒပူႏို႔ေက်း႐ြာက စာသင္ ေက်ာင္း၊ ေဆး႐ုံနဲ႔ ေဆးခန္းေတြကို ဒ႐ုန္းနဲ႔ လာေရာက္ေထာက္လွမ္းေနတယ္ဆိုတဲ့ အေၾကာင္းပါရွိတယ္လို႔ တပ္မဟာ (၅) ဥကၠ႒ရဲ႕ ေျပာဆိုခ်က္အေပၚကိုးကားၿပီး ကရင္သတင္းဌာနတစ္ခုက ေဖာ္ျပထားပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက လုံၿခဳံေရးအတြက္နဲ႔ ေဒသဖြံ႕ၿဖိဳးေရးအတြက္ လမ္းအူေၾကာင္းရွာတာကလြဲၿပီး KNU တပ္စခန္းေတြကို  ေထာက္လွမ္းစရာ အေၾကာင္းမရွိဘူးလို႔ ဇန္နဝါရီလ ၂၂ ရက္ေန႔က RFA ကိုေျဖဆိုထားဖူးပါတယ္။

ဇန္နဝါရီကုန္ပိုင္းကလည္း KNU တပ္မဟာ(၅) လက္ေအာက္ခံတပ္ေတြ လႈပ္ရွားတဲ့ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နဲ႔ ဖာပြန္ၿမိဳ႕အၾကားမွာ စကခ(၄)လက္ေအာက္ခံ ခမရ ၇၀၈ တပ္ရင္းမႉး ဒုတိယဗိုလ္မႉးႀကီး တစ္ေယာက္ ဆြဲမိုင္းနဲ႔တိုက္ခိုက္ခံရတာေၾကာင့္ က်ဆုံးခဲ့တာပါ။

အဲဒီကိစၥအတြက္ တပ္မေတာ္က JMC အပါအဝင္ KNU ဘက္ကို တရားဝင္ကန႔္ကြက္စာပို႔ထားပါတယ္။ KNU တပ္မဟာ(၅) ဘက္ကလည္း သူတို႔လုပ္တာမဟုတ္ဘူးလို႔ ျငင္းဆိုထားပါတယ္။ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္နဲ႔ KNU ဥကၠ႒ မူတူေစးဖိုးတို႔ဟာ တျခားတိုင္းရင္းသား လက္နက္ကိုင္ တပ္ဖြဲ႕ေတြထက္ နီးကပ္တဲ့ဆက္ဆံေရးရွိပါတယ္။ ဒါေပမဲ့ ၂၀၁၉ ေနာက္ပိုင္းနဲ႔ ၂၀၂၀ အေစာပိုင္းကာလေတြမွာ ေအာက္ေျခမွာရွိတဲ့ KNU နဲ႔ တပ္မေတာ္တပ္ရင္းတခ်ိဳ႕ၾကားမွာေတာ့ ဆက္ဆံေရးအဆင္မေျပပါဘူး။

ေဖေဖာ္ဝါရီ ၄ ရက္ေန႔မွာ KNU ဦးစီးၿပီးေတာ့ ေညာင္ေလးပင္ခ႐ိုင္၊ ေ႐ႊက်င္ၿမိဳ႕နယ္၊ သရက္ေခ်ာင္းမွာ NCA သေဘာတူညီခ်က္ေတြကို ေဒသခံလူထုအသိပညာေပးေဆြးေႏြးပြဲ က်င္းပဖို႔လုပ္ပါတယ္။ ဒါေပမဲ့ တပ္မေတာ္ တပ္ရင္း ခမရ(၁၂၄)  ေရွ႕တန္းစစ္ေျမျပင္ ေဘာကထာစခန္း တပ္ရင္းမႉး ဗိုလ္မႉးထြန္းထြန္းလင္းက လာေရာက္တားဆီးလို႔ ပြဲပ်က္သြားတယ္လို႔ ကရင္အေျခစိုက္ KIC သတင္းဌာနက ေဖာ္ျပထားပါတယ္။

ႏွစ္ဖက္တပ္ေတြ ရင္ဆိုင္ထားတဲ့ေနရာေတြမွာ အပစ္ရပ္နယ္ေျမ ေသခ်ာမသတ္မွတ္ရေသးလို႔ ဘယ္သူမွားတယ္ ဘယ္သူမွန္တယ္ ေျပာဖို႔ခက္တယ္လို႔ တစ္ႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ(JMC-U) ရဲ႕ အတြင္းေရးမႉးျဖစ္တဲ့ ခ်င္းအမ်ိဳးသားတပ္ဦး CNF အဖြဲ႕က ေဒါက္တာေ႐ႊခါးက RFA ကိုေျပာပါတယ္။

အပစ္ရပ္နယ္ေျမထဲမွာ ႏွစ္ဖက္တပ္ေတြအၾကား နယ္ေျမစိုးမိုးတာ၊ တပ္လႈပ္ရွားတာ၊ ကင္းေထာက္တာ၊ အင္အားတိုးခ်ဲ႕တာနဲ႔ လက္နက္ကိုင္တိုက္ခိုက္မႈေတြ၊ မိုင္းေထာင္တာေတြ၊ အၾကမ္းဖက္တိုက္ခိုက္မႈေတြ၊ ႐ုပ္ဝတၱဳပစၥည္းေတြကို ဖ်က္ဆီးတာနဲ႔ ထိုးစစ္ဆင္တာေတြကို ရပ္ဆိုင္းဖို႔  NCA စာခ်ဳပ္မွာ ေဖာ္ျပထားပါတယ္။

ဒါ့အျပင္ ႏွစ္ဖက္တပ္ေတြအခ်င္းခ်င္း ရန္မူတဲ့ပုံစံ ဒါမွမဟုတ္ ေစာ္ကားမႈျဖစ္ေစတဲ့ပုံစုံေတြကို တိုက္႐ိုက္ေသာ္ လည္းေကာင္း သြယ္ဝိုက္တဲ့နည္းနဲ႔ေသာ္လည္းေကာင္း မလုပ္ရလို႔ ပါဝင္ပါတယ္။

ႏိုင္ငံေရးနဲ႔စစ္ေရးကြၽမ္းက်င္သူ ဗကပ အဖြဲ႕ဝင္ေဟာင္း ဦးေမာင္ေမာင္စိုး ကေတာ့ ႏွစ္ဖက္ အျမန္ေတြ႕ဆုံညႇိႏႈိင္းမွ အဆင္ေျပမွာျဖစ္တယ္လို႔ သုံးသပ္ပါတယ္။

ဇန္နဝါရီလ ေနာက္ဆုံးအပတ္ေလာက္မွာ ကန႔္ကြက္စာေပးပို႔ထားခဲ့ေပမယ့္လည္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ တပ္မေတာ္ဘက္က ထပ္လုပ္လာတာပါ။

KNU အဖြဲ႕ဟာ NCA အပစ္ရပ္ လက္မွတ္ေရးထိုးတဲ့အဖြဲ႕ျဖစ္ေပမယ့္ နယ္ေျမကိစၥေတြ၊ တပ္ပိုင္းဆိုင္ရာ ေနရာခ်ထားေရးကိစၥေတြကို တပ္မေတာ္နဲ႔ ေသခ်ာမေဆြးေႏြးႏိုင္ေသးတာေၾကာင့္ ပစ္ခတ္မႈေတြ၊ နယ္ေျမေက်ာ္တယ္ဆိုၿပီး ကန႔္ကြက္တာေတြ မၾကာခဏဆိုသလို ျဖစ္ေလ့ရွိပါတယ္။

ဇန္နဝါရီလကုန္ပိုင္းမွာ တပ္ပိုင္းဆိုင္ရာကိစၥေတြေဆြးေႏြးဖို႔ KNU နဲ႔ တပ္မေတာ္ေခါင္းေဆာင္ေတြ သေဘာတူထားေပမယ့္ ႏွစ္ဘက္ေခါင္းေဆာင္ေတြ အစည္းအေဝးရွိလို႔ဆိုၿပီး ေ႐ႊ႕ဆိုင္းထားရပါတယ္။

ဒီလိုအခ်ိန္မွာပဲ တပ္မေတာ္ရဲ႕ ေကာင္းကင္က ေထာက္လွမ္းမႈေတြ တစ္ႀကိမ္မက KNU ဘက္ကို ျပဳလုပ္ေနတာပါ။

RFA Burmese
https://www.rfa.org
----------
(Unicode)⤵⤵⤵
ဒရုန်းနဲ့ထောက်လှမ်းတာ KNU တိုင်ပေမယ့် ဆက်ထောက်လှမ်းခံနေရ

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-S ကို ကန့်ကွက်စာ ပေးပို့ထားတဲ့ကြားက ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ တပ်စခန်းတွေကို တပ်မတော်က ဒရုန်းယာဉ်တွေနဲ့ ထပ်မံလာရောက်ထောက်လှမ်းနေတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိကကျတဲ့ နှစ်ဖက်ယုံကြည်မှုကို ထိခိုက်နိုင်လို့ တာဝန်ယူမှုရှိအောင် တုံ့ပြန်သွားမယ်လို့ KUN ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း က ပြောပါတယ်။

ကောင်းကင်ကနေပြီးတော့ ဒရုန်းယာဉ်တွေနဲ့ တပ်မတော်ကနေ ထောက်လှမ်းတာကို ကန့်ကွက်တဲ့အကြောင်း ကရင်အမျိုးသားအစည်းအရုံး - KNU က ပြောထားတဲ့ကြားကပဲ နောက်တစ်ကြိမ်ထပ်ပြီးတော့ တပ်မတော် ဘက်က လုပ်ဆောင်နေတယ်လို့ KNU ဘက်ကပြောလိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာပါတဲ့ အချက်တွေကို ချိုးဖောက်တဲ့ လုပ်ရပ်မျိုး တပ်မတော်ဘက်ကထပ်လုပ်ရင် တာဝန်ယူဆောင်ရွက်လာအောင် တုံ့ပြန်ဖို့ပဲရှိတယ်လို့ KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ဘက်က ထပ်လုပ်ဆောင်လို့ဆိုပြီး KNU တပ်မဟာ (၅) စခန်းဘက်က တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ဆီကို ကန့်ကွက်စာ ပို့လိုက်တာပါ။

ကွန့်ကွက်စာထဲမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းအချိန် သူတို့ဌာနချုပ်နား ဒေပူနို့ကျေးရွာက စာသင် ကျောင်း၊ ဆေးရုံနဲ့ ဆေးခန်းတွေကို ဒရုန်းနဲ့ လာရောက်ထောက်လှမ်းနေတယ်ဆိုတဲ့ အကြောင်းပါရှိတယ်လို့ တပ်မဟာ (၅) ဥက္ကဋ္ဌရဲ့ ပြောဆိုချက်အပေါ်ကိုးကားပြီး ကရင်သတင်းဌာနတစ်ခုက ဖော်ပြထားပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက လုံခြုံရေးအတွက်နဲ့ ဒေသဖွံ့ဖြိုးရေးအတွက် လမ်းအူကြောင်းရှာတာကလွဲပြီး KNU တပ်စခန်းတွေကို  ထောက်လှမ်းစရာ အကြောင်းမရှိဘူးလို့ ဇန်နဝါရီလ ၂၂ ရက်နေ့က RFA ကိုဖြေဆိုထားဖူးပါတယ်။

ဇန်နဝါရီကုန်ပိုင်းကလည်း KNU တပ်မဟာ(၅) လက်အောက်ခံတပ်တွေ လှုပ်ရှားတဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နဲ့ ဖာပွန်မြို့အကြားမှာ စကခ(၄)လက်အောက်ခံ ခမရ ၇၀၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တစ်ယောက် ဆွဲမိုင်းနဲ့တိုက်ခိုက်ခံရတာကြောင့် ကျဆုံးခဲ့တာပါ။

အဲဒီကိစ္စအတွက် တပ်မတော်က JMC အပါအဝင် KNU ဘက်ကို တရားဝင်ကန့်ကွက်စာပို့ထားပါတယ်။ KNU တပ်မဟာ(၅) ဘက်ကလည်း သူတို့လုပ်တာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ KNU ဥက္ကဋ္ဌ မူတူစေးဖိုးတို့ဟာ တခြားတိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေထက် နီးကပ်တဲ့ဆက်ဆံရေးရှိပါတယ်။ ဒါပေမဲ့ ၂၀၁၉ နောက်ပိုင်းနဲ့ ၂၀၂၀ အစောပိုင်းကာလတွေမှာ အောက်ခြေမှာရှိတဲ့ KNU နဲ့ တပ်မတော်တပ်ရင်းတချို့ကြားမှာတော့ ဆက်ဆံရေးအဆင်မပြေပါဘူး။

ဖေဖော်ဝါရီ ၄ ရက်နေ့မှာ KNU ဦးစီးပြီးတော့ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ သရက်ချောင်းမှာ NCA သဘောတူညီချက်တွေကို ဒေသခံလူထုအသိပညာပေးဆွေးနွေးပွဲ ကျင်းပဖို့လုပ်ပါတယ်။ ဒါပေမဲ့ တပ်မတော် တပ်ရင်း ခမရ(၁၂၄)  ရှေ့တန်းစစ်မြေပြင် ဘောကထာစခန်း တပ်ရင်းမှူး ဗိုလ်မှူးထွန်းထွန်းလင်းက လာရောက်တားဆီးလို့ ပွဲပျက်သွားတယ်လို့ ကရင်အခြေစိုက် KIC သတင်းဌာနက ဖော်ပြထားပါတယ်။

နှစ်ဖက်တပ်တွေ ရင်ဆိုင်ထားတဲ့နေရာတွေမှာ အပစ်ရပ်နယ်မြေ သေချာမသတ်မှတ်ရသေးလို့ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် ပြောဖို့ခက်တယ်လို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-U) ရဲ့ အတွင်းရေးမှူးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့က ဒေါက်တာရွှေခါးက RFA ကိုပြောပါတယ်။

အပစ်ရပ်နယ်မြေထဲမှာ နှစ်ဖက်တပ်တွေအကြား နယ်မြေစိုးမိုးတာ၊ တပ်လှုပ်ရှားတာ၊ ကင်းထောက်တာ၊ အင်အားတိုးချဲ့တာနဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ၊ မိုင်းထောင်တာတွေ၊ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ ရုပ်ဝတ္တုပစ္စည်းတွေကို ဖျက်ဆီးတာနဲ့ ထိုးစစ်ဆင်တာတွေကို ရပ်ဆိုင်းဖို့  NCA စာချုပ်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် နှစ်ဖက်တပ်တွေအချင်းချင်း ရန်မူတဲ့ပုံစံ ဒါမှမဟုတ် စော်ကားမှုဖြစ်စေတဲ့ပုံစုံတွေကို တိုက်ရိုက်သော် လည်းကောင်း သွယ်ဝိုက်တဲ့နည်းနဲ့သော်လည်းကောင်း မလုပ်ရလို့ ပါဝင်ပါတယ်။

နိုင်ငံရေးနဲ့စစ်ရေးကျွမ်းကျင်သူ ဗကပ အဖွဲ့ဝင်ဟောင်း ဦးမောင်မောင်စိုး ကတော့ နှစ်ဖက် အမြန်တွေ့ဆုံညှိနှိုင်းမှ အဆင်ပြေမှာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

ဇန်နဝါရီလ နောက်ဆုံးအပတ်လောက်မှာ ကန့်ကွက်စာပေးပို့ထားခဲ့ပေမယ့်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ဘက်က ထပ်လုပ်လာတာပါ။

KNU အဖွဲ့ဟာ NCA အပစ်ရပ် လက်မှတ်ရေးထိုးတဲ့အဖွဲ့ဖြစ်ပေမယ့် နယ်မြေကိစ္စတွေ၊ တပ်ပိုင်းဆိုင်ရာ နေရာချထားရေးကိစ္စတွေကို တပ်မတော်နဲ့ သေချာမဆွေးနွေးနိုင်သေးတာကြောင့် ပစ်ခတ်မှုတွေ၊ နယ်မြေကျော်တယ်ဆိုပြီး ကန့်ကွက်တာတွေ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။

ဇန်နဝါရီလကုန်ပိုင်းမှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေဆွေးနွေးဖို့ KNU နဲ့ တပ်မတော်ခေါင်းဆောင်တွေ သဘောတူထားပေမယ့် နှစ်ဘက်ခေါင်းဆောင်တွေ အစည်းအဝေးရှိလို့ဆိုပြီး ရွှေ့ဆိုင်းထားရပါတယ်။

ဒီလိုအချိန်မှာပဲ တပ်မတော်ရဲ့ ကောင်းကင်က ထောက်လှမ်းမှုတွေ တစ်ကြိမ်မက KNU ဘက်ကို ပြုလုပ်နေတာပါ။

RFA Burmese
https://www.rfa.org
ဒ႐ုန္းနဲ႔ေထာက္လွမ္းတာ KNU တိုင္ေပမယ့္ ဆက္ေထာက္လွမ္းခံေနရ ဒ႐ုန္းနဲ႔ေထာက္လွမ္းတာ KNU တိုင္ေပမယ့္ ဆက္ေထာက္လွမ္းခံေနရ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.