တပ္မေတာ္ထံ လက္နက္ခ်သည့္ အဖြဲ႕ မိမိတို႔မဟုတ္ေၾကာင္း KIA ျငင္းဆို


(Zawgyi)⤵⤵⤵
ဇန္နဝါရီလ ၃၁ ရက္ ၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္း မုံးကိုးၿမိဳ႕တြင္ ျမန္မာ့တပ္မေတာ္ထံ လက္နက္ကိုင္တပ္ဖြဲ႕တဖြဲ႕မွ လက္နက္ခ်သည္ဟူသည့္သတင္းမွာ မိမိတို႔ကခ်င္လြတ္ေျမာက္ေရး တပ္မေတာ္ (KIA) အဖြ႕ဲဝင္မ်ား မဟုတ္ေၾကာင္း KIA ျပန္ၾကားေရးကေျပာဆိုလိုက္သည္။

ဇန္နဝါရီ ၃၀ ရက္ တြင္ သွ်မ္းျပည္ (ေျမာက္ပိုင္း) မုံးကိုးၿမိဳ႕နယ္ အတြင္း နယ္ေျမလုံၿခဳံေရး ေဆာင္႐ြက္ေနသည့္ တပ္မေတာ္ စခန္းသို႔ KIA အဖြဲ႕မွ ဗိုလ္ႀကီးအဆင့္ ရွိသူ (၃) ဦး အပါအဝင္ ၂၁ ဦးသည္ လက္နက္မ်ိဳးစုံ ၁၀လက္၊ က်ည္မ်ိဳးစုံ ၁၂၈ ေတာင့္၊ က်ည္အိမ္မ်ိဳးစုံ ၉ ခု ႏွင့္ အတူ ဥပေဒ ေဘာင္ အတြင္းသို႔ ဝင္ေရာက္ခဲ့ေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ေၾကျငာထားသည္။

ထို KIA အဖြ႕ဲဝင္ ၂၁ ဦး သည္ ဥပေဒေဘာင္ အတြင္း ၿငိမ္းခ်မ္းစြာ ေနထိုင္လိုျခင္း၊ ထာဝရ ၿငိမ္းခ်မ္းေရး ရရွိရန္ အမွန္တကယ္ ဆႏၵရွိလာျခင္း၊ တပ္မေတာ္၏ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ား အားယုံၾကည္ လက္ခံျခင္းတို႔ ေၾကာင့္ လက္နက္ကိုင္ လမ္းစဥ္အား စြန႔္လႊတ္ၿပီး ဥပေဒ ေဘာင္အတြင္းသို႔ဝင္ေရာက္လာခဲ့ျခင္းျဖစ္သည္ ဟု ထုတ္ေဖာ္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္ၿပီး KIA မွ သတင္းႏွင့္ ျပန္ၾကားေရး ဌာန ဗိုလ္မႉးႀကီး ေနာ္ဘူ က “ သတင္းမွန္ က ထုတ္ျပန္ထားတဲ့ KIA ၂၁ ေယာက္ အလင္းဝင္တယ္ဆိုတဲ့သတင္း လုံးဝ မမွန္ကန္ပါဘူး။ က်ေနာ္တို႔တပ္ဖြဲ႕ဝင္ေတြ မဟုတ္ပါဘူး ” ဟု သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးတြင္ ထုတ္ျပန္ထားသည့္ KIA တပ္သား ၂၁ ဦးသည္ KIA တပ္ဖြဲ႕ ႏွင့္ ဆက္စပ္မႈ လုံးဝမရွိေၾကာင္း၊ လုပ္ႀကံၿပီး သတင္းလႊင့္ထားေၾကာင္း ဗိုလ္မႉးႀကီး ေနာ္ဘူ က ေျပာသည္။

“ က်ေနာ္ သိရသေလာက္ေတာ့ မုံးကိုးမွာ ျပည္သူ႔စစ္ အသစ္ဖြဲ႕ခ်င္တဲ့ပုဂၢိဳလ္ တေယာက္ ရွိတယ္။ ျပည္သူ႔စစ္ ဖြဲ႕ရင္ တပ္သားအင္အား ၆၀ အနည္းဆုံးရွိရမယ္။ လူသစ္စုေဆာင္းေနတယ္လို႔ၾကားတယ္ ” ဟု ဗိုလ္မႉးႀကီး ေနာ္ဘူ က ရွင္းျပသည္။

မုံးကိုးၿမိဳ႕နယ္ အတြင္း KIA တပ္ရင္း ၃၆ လႈပ္ရွားေနေၾကာင္းလည္း သိရသည္။

မုံးကိုးၿမိဳ႕ တြင္ လြန္ခဲ့သည့္ ၂၀၁၆ ခုႏွစ္ အတြင္း KIA ႏွင့္ ျမန္မာ့တပ္မေတာ္ တို႔ တိုက္ပြဲျဖစ္ပြားကာ ေဒသခံျပည္သူမ်ားစြာ ထိခိုက္ေသဆုံးခဲ့ၿပီး၊ ဘုရားေက်ာင္းမ်ား၊ လူေနအိမ္မ်ားႏွင့္ စာသင္ေက်ာင္းမ်ား ပ်က္စီးခဲ့သည့္ေနရာ ျဖစ္သည္။
ထိုေနရာတဝိုက္တြင္ ျမန္မာ့တပ္မေတာ္၊ KIA တပ္ဖြဲ႕ ႏွင့္ ျပည္သူ႔စစ္မ်ား လႈပ္ရွားသည့္ေနရာ လည္းျဖစ္သည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------
(Unicode)⤵⤵⤵
တပ်မတော်ထံ လက်နက်ချသည့် အဖွဲ့ မိမိတို့မဟုတ်ကြောင်း KIA ငြင်းဆို

သျှမ်းသံတော်ဆင့် -နန်းဆိုင်နွမ်

ဇန်နဝါရီလ ၃၁ ရက် ၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း မုံးကိုးမြို့တွင် မြန်မာ့တပ်မတော်ထံ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ လက်နက်ချသည်ဟူသည့်သတင်းမှာ မိမိတို့ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွ့ဲဝင်များ မဟုတ်ကြောင်း KIA ပြန်ကြားရေးကပြောဆိုလိုက်သည်။

ဇန်နဝါရီ ၃၀ ရက် တွင် သျှမ်းပြည် (မြောက်ပိုင်း) မုံးကိုးမြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စခန်းသို့ KIA အဖွဲ့မှ ဗိုလ်ကြီးအဆင့် ရှိသူ (၃) ဦး အပါအဝင် ၂၁ ဦးသည် လက်နက်မျိုးစုံ ၁၀လက်၊ ကျည်မျိုးစုံ ၁၂၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၉ ခု နှင့် အတူ ဥပဒေ ဘောင် အတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ကြေငြာထားသည်။

ထို KIA အဖွ့ဲဝင် ၂၁ ဦး သည် ဥပဒေဘောင် အတွင်း ငြိမ်းချမ်းစွာ နေထိုင်လိုခြင်း၊ ထာဝရ ငြိမ်းချမ်းရေး ရရှိရန် အမှန်တကယ် ဆန္ဒရှိလာခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အားယုံကြည် လက်ခံခြင်းတို့ ကြောင့် လက်နက်ကိုင် လမ်းစဉ်အား စွန့်လွှတ်ပြီး ဥပဒေ ဘောင်အတွင်းသို့ဝင်ရောက်လာခဲ့ခြင်းဖြစ်သည် ဟု ထုတ်ဖော်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး KIA မှ သတင်းနှင့် ပြန်ကြားရေး ဌာန ဗိုလ်မှူးကြီး နော်ဘူ က “ သတင်းမှန် က ထုတ်ပြန်ထားတဲ့ KIA ၂၁ ယောက် အလင်းဝင်တယ်ဆိုတဲ့သတင်း လုံးဝ မမှန်ကန်ပါဘူး။ ကျနော်တို့တပ်ဖွဲ့ဝင်တွေ မဟုတ်ပါဘူး ” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတွင် ထုတ်ပြန်ထားသည့် KIA တပ်သား ၂၁ ဦးသည် KIA တပ်ဖွဲ့ နှင့် ဆက်စပ်မှု လုံးဝမရှိကြောင်း၊ လုပ်ကြံပြီး သတင်းလွှင့်ထားကြောင်း ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။

“ ကျနော် သိရသလောက်တော့ မုံးကိုးမှာ ပြည်သူ့စစ် အသစ်ဖွဲ့ချင်တဲ့ပုဂ္ဂိုလ် တယောက် ရှိတယ်။ ပြည်သူ့စစ် ဖွဲ့ရင် တပ်သားအင်အား ၆၀ အနည်းဆုံးရှိရမယ်။ လူသစ်စုဆောင်းနေတယ်လို့ကြားတယ် ” ဟု ဗိုလ်မှူးကြီး နော်ဘူ က ရှင်းပြသည်။

မုံးကိုးမြို့နယ် အတွင်း KIA တပ်ရင်း ၃၆ လှုပ်ရှားနေကြောင်းလည်း သိရသည်။

မုံးကိုးမြို့ တွင် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် အတွင်း KIA နှင့် မြန်မာ့တပ်မတော် တို့ တိုက်ပွဲဖြစ်ပွားကာ ဒေသခံပြည်သူများစွာ ထိခိုက်သေဆုံးခဲ့ပြီး၊ ဘုရားကျောင်းများ၊ လူနေအိမ်များနှင့် စာသင်ကျောင်းများ ပျက်စီးခဲ့သည့်နေရာ ဖြစ်သည်။
ထိုနေရာတဝိုက်တွင် မြန်မာ့တပ်မတော်၊ KIA တပ်ဖွဲ့ နှင့် ပြည်သူ့စစ်များ လှုပ်ရှားသည့်နေရာ လည်းဖြစ်သည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
တပ္မေတာ္ထံ လက္နက္ခ်သည့္ အဖြဲ႕ မိမိတို႔မဟုတ္ေၾကာင္း KIA ျငင္းဆို တပ္မေတာ္ထံ လက္နက္ခ်သည့္ အဖြဲ႕ မိမိတို႔မဟုတ္ေၾကာင္း KIA ျငင္းဆို Reviewed by THITHTOOLWIN on 00:03 Rating: 5
Powered by Blogger.